Facebook မှာ လှုပ်ရှားနေတဲ့ဓာတ်ပုံတွေကို ဘယ်လို တင်မလဲ


Video မျိုးမဟုတ်ပဲ မပြီးဆုံး မရပ်မနားပဲ လှုပ်ရှားနေတဲ့ပုံတွေဟာ GIF အမျိုးအစားတွေ ဖြစ်ကြပါတယ်။ အရွယ်အစားတော့ အမျိုးမျိုး ရှိကြပါတယ်။ size အားဖြင့်ဆိုရင် သာမာန်ပုံတွေထက် အနည်းငယ် များပါတယ်။ ဒါပေမယ့် video ထက်တော့ ပမာဏ နည်းပါတယ်။ အရင်က facebook မှာ gif အမျိုးအစား ဓာတ်ပုံတွေကို ပေးမတင်ပါဘူး။ သုံးခွင့်ပြုလိုက်တာ သိပ်မကြာသေးပါဘူး။

ဒီလို လှုပ်ရှားနေတဲ့ ပုံတွေကို add photo/ video ကနေ တိုက်ရိုက်တင်လို့မရပါဘူး။ အရင်ဦးဆုံး ကိုယ့်မှာ cloud storage တစ်ခု ရှိဖို့လိုပါတယ်။ ဥပမာ pcloud လိုမျိုး mediafire လိုမျိုး ပါ။ cloud storage မရှိရင် image hosting service တစ်ခုခု ရှိရပါမယ်။ ဥပမာ photobucket တို့ tinypic တို့လိုမျိုး။ ဒီလို online storage တွေမှာ gif image တွေ အရင်တင်ရပါမယ်။ ပြီးမှ facebook ဆီ share လုပ်လိုက်ရင် facebook မှာ ပုံအလယ်မှာ GIF ဆိုတဲ့ စာသားပေါ်လာမှာပါ။ ဒီ Gif ဆိုတဲ့ စကားလုံးကို နှိပ်လိုက်ရင် စက်ဝိုင်းလေး လည်သွားပါမယ်။ ခဏအကြာမှာတော့ ကိုယ်တင်လိုက်တဲ့ လှုပ်ရှားပုံရိပ်လေး လှုပ်ရှားလာတာကို တွေ့မြင်ရမှာပါ။

တခြား website တွေမှာ တင်ထားတဲ့ လှုပ်ရှားနေတဲ့ ပုံ Gif တွေ တင်လို့လဲရပါတယ်။ ပုံကို right click နှိပ် copy image url သို့မဟုတ် copy image location ရွေးနှိပ်ပြီး facebook ရဲ့ status မှာ paste လိုက်ပြီးတင်လိုက်ရုံပါပဲ။ paste လုပ်လိုက်ရင် website url (address) ပေါ်လာပါတယ်။ ဒီ address ကို ဖျက်ပြီး တင်လို့လဲ ရပါတယ်။ မဖျက်ပဲ ဒီအတိုင်း တင်လိုက်ရင်လည်း ရပါတယ်။ တခြား စာသားတွေ ထည့်လဲ ရပါတယ်။ ဒီ url address ထည့်လိုက်ရင် ဒါနဲ့ သက်ဆိုင်တဲ့ image preview ပေါ်လာပါလိမ့်မယ်။ ပြီး post နှိပ်လိုက်ရင် ပုံအလယ်မှာ GIF ဆိုတဲ့ စာသားနဲ့ ပေါ်လာပါလိမ့်မယ်။ ဖုန်းနဲ့ ဆိုရင်လဲ ဖုန်းရဲ့ browser ထဲမှာ ပုံကို သပ်သပ် ခွဲဖွင့်ပြီး ပုံကို ဖိနှိပ်ထားရင် menu ပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲမှာ copy image url ရှိပါတယ်။ နှိပ်ပြီးရင် facebook status မှာ တင်လိုက်ရင် လှုပ်ရှားဓာတ်ပုံ ရလာပါလိမ့်မယ်။

လှုပ်ရှားနေတဲ့ ဓာတ်ပုံတွေ ကြိုက်သလောက်တင်လို့ရပါတယ်။ ဒါပေမယ့် album ဖွဲ့ပြီး တင်လို့မရပါ။ Status ကနေပဲ တင်လို့ရမှာပါ။ ကိုယ့် device ထဲကနေ add photo/ video ကနေလဲ တင်လို့မရပါ။ Group တွေမှာ Page တွေမှာ တင်လို့ရပါတယ်။ ကိုယ့်ကိုကို ဓာတ်ပုံရိုက်ပြီး Gif image တွေ လဲ လုပ်လို့ရပါသေးတယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်သော နေ့ရက်ဖြစ်ပါစေ။

KSA

Post a Comment

0 Comments