အမှောင်ထဲမှာ စာဖတ်ရင်

လက်နှိပ်ဓာတ်မီးနဲ့ စာအုပ်ကို ထိုးပြီး စာဖတ်တဲ့ ကလေးတွေကို မိဘတွေက 'မှောင်ထဲမှာ စာဖတ်ရင် မျက်စိ အားနည်းလိမ့်မယ်၊ မင်းတို့ အမြင်အာရုံ ပျက်စီးမယ်' ပြောလေ့ရှိပါတယ်၊ မျက်စိကို အာရုံ သိပ်စိုက်ရရင် ကလေးတစ်ယောက်ပဲ ဖြစ်ဖြစ်၊ အရွယ်ရောက်တဲ့ လူငယ်ပဲဖြစ်ဖြစ် မှောင်ထဲမှာ စာဖတ်ရင် နောက်ပိုင်းကာလတွေမှာ မျက်စိမှုန်လာနိုင်ပါတယ်။ အနီးမှုန် ရောဂါ သိပ်ဖြစ်တာကတော့ စာကို အများကြီးဖတ်ရတဲ့ သိပ္ပံပညာရှင်တွေ၊ ရှေ့နေတွေ၊ အယ်ဒီတာတွေနဲ့ ဆရာဝန်တွေပါ။

ဒါပေမယ့် နယူးယောက်တက္ကသိုလ် ဆေးပညာဌာနမှ ဒေါက်တာ ရောဘတ်ဆိုင်းကတ်ရဲ့ အလိုအရ အလင်းရောင်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မျက်စိ အားစိုက် ဖတ်ရှုရတဲ့ ကိစ္စက အန္တရာယ်ကင်းပါတယ်။ ပင်ပန်းနွမ်းလျမှုကိုတော့ ဖန်တီး ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် စာဖတ်သူရဲ့မျက်စိကို အနာတရ မဖြစ်စေနိုင်ပါလို့ ဆိုပါတယ်။

ကျွမ်းကျင်သူများကတော့ မှောင်ထဲမှာ စာဖတ်တာဟာ အန္တရာယ်ကင်းပါတယ်တဲ့။ မျက်စိတွေကို တစ်ချိန်လုံး အားစိုက်နေရလို့ မျက်စိမြင်နိုင်အား လျော့နိုင်တယ် ဆိုတာမျိုးတော့ မငြင်းနိုင်ပါ။ ကလေးငယ် စာအုပ်ကို ဖတ်ရာမှာ လက်တစ်ဖက်က လက်နှိပ်ဓာတ်မီးသုံးနေတာ တွေ့ရင် သဘာဝအလင်းရောင်မှာ ဖတ်ပါစေ။

Comments

Popular posts from this blog

Mi Phone အားလုံးအတွက် Zawgyi Font ထည့်နည်း ပေါင်းစုံ

Warriors Orochi 3 Ultimate -Mystic Weapons Guide-

ဟိုမရောက် ဒီမရောက် စာပေ

ကျန်းမာရေး အတွက် ဂရုစိုက်ရမည့် နာရီများ

All Mi phone model can use Myanmar Font and Root

Zapya for PC

ဖျက်သိမ်းခံခဲ့ရတဲ့ ဂိမ်းတွေရဲ့ အကြောင်း

ပီယလက်စွပ်အကြောင်း

ဖူးစာရှင်

Game ဘာဖြစ်လို့ computer မှာ မ run နိုင်ရတာလဲ