ဖုန္းကို တစ္ခ်ိန္လံုး ပလပ္ထိုးထားတာ ဘက္ထရီ ပ်က္စီးေစတတ္ ပါသလား ? ? ? ဖုန္းကို မည္မွ် ၾကာၾကာ အားသြင္းသင့္ သလဲ ?

ဖုန္းကို တစ္ခ်ိန္လံုး ပလပ္ထိုးထားတာ ဘက္ထရီ ပ်က္စီးေစတတ္ ပါသလား ? ? ?
ဖုန္းကို မည္မွ် ၾကာၾကာ အားသြင္းသင့္ သလဲ ?

ဟူေသာ ေမးခြန္းသည္ မိုဘိုင္းဖုန္းမ်ား စေပၚ ကတည္းက လူသားေတြ ေမးလာ ၾကေသာ ေမးခြန္း ျဖစ္သည္။ ယခု ထိလည္း ေမးေနၾကဆဲ၊ ႐ႈပ္ေထြးေန ၾကဆဲလည္း ျဖစ္သည္။လူမ်ားစုႀကီးကား မနက္ ဖုန္းဘက္ထရီ အျပည့္နဲ႔ အျပင္ ထြက္သြားၿပီး ညအိမ္ျပန္ ေရာက္ရင္ အားကုန္ ေနသည့္ ဖုန္းကေလးေတြ ျပန္ပါလာ တတ္သည္။ ညအိပ္ရာ ၀င္ေတာ့ ဖုန္းကို ပလပ္ထိုး အားသြင္းၿပီး အိပ္လိုက္ ေတာ့သည္။ မနက္ႏိုး လာလွ်င္ လူလည္း အားျပည့္၊ ဖုန္းလည္း အားျပည့္ေန လိမ့္မည္။

ဖုန္းကို တစ္ညလံုး ပလပ္ထိုး အားသြင္း ထားတာ အႏၱရာယ္ မမ်ားဘူးလားဟု ေမးခ်င္ၾက လိမ္႔မည္။ သံုးေလး နာရီေလာက္ အားသြင္းလွ်င္ ဘက္ထရီ ျပည့္ၿပီ ျဖစ္ရာ အားျပည့္ ၿပီးေနာက္မွာပင္ တစ္ညလံုး ပလပ္ဆက္ ထိုးထားျခင္းျဖင့္ ဘက္ထရီေတြ ပူၿပီး ေပါက္ကြဲ ေစတတ္ သလား စိတ္ပူသူ မ်ားလည္း ရွိသည္။ ထိုသို႔ အားျပည့္ သြားၿပီးသည့္တိုင္ အၾကာႀကီး ပလပ္ ထိုးထားျခင္းေၾကာင့္ ဘက္ထရီ ပ်က္စီးေစ ႏုိင္သလား စိုးရိမ္သူ မ်ားလည္း ရွိသည္။

ဖုန္းဘက္ထရီနဲ႔ ပတ္သက္ၿပီး အႀကံေပးခ်က္ေတြ ကလည္း အမ်ဳိးမ်ဳိး ျဖစ္ေနသည္။ မယံုလွ်င္ အင္တာနက္ ေခါက္ၾကည့္ပါ။ တစ္ခုႏွင့္ တစ္ခု ဆန္႔က်င္ဖက္ ျဖစ္ေနေသာ အႀကံျပဳခ်က္ အမ်ားအျပား ကိုပါ ေတြ႕ရ လိမ္႔မည္။ ဘယ္ဟာ အမွန္ဘယ္ဟာ အမွား ခြဲျခားရ ခက္ေတာ့သည္။ အထက္ပါ အတိုင္း ဘက္ထရီ ျပႆနာ အေျဖရွာရင္း အေျဖ အမ်ဳိးမ်ဳိးၾကား မ်က္စိလည္ေနသူမ်ား အဖို႔ တစ္ကယ္တမ္း ကၽြမ္းက်င္သူနဲ႔ ေတြ႕ဆံု ေမးျမန္း ထားသည့္ ဘက္ထရီ ျပႆနာ အေျဖရွာနည္း မ်ားကို ေအာက္တြင္ တင္ျပသြား ပါမည္။

ေျဖၾကားေပးသူကား ဖုန္းအားသြင္း အပို ပစၥည္းမ်ား ထုတ္လုပ္ ေရာင္းခ် ေနသည့္ Farbe Technik ကုမၸဏီကို ထူေထာင္သူ ရွိန္းဘ႐ိုစကီ ျဖစ္သည္။

ဖုန္းကို တစ္ညလံုး ပလပ္ထိုးထားရင္ ဘာျဖစ္ႏုိင္လဲ။


တစ္ညလံုး ပလပ္ထိုးထား လို႔ေတာ့ ဖုန္းကို ႀကီးႀကီးမားမား ထိခိုက္ ပ်က္စီးစရာ အေၾကာင္း မရွိပါဘူး။ ေနာက္ထြက္ လာတဲ့ စမတ္ဖုန္းေတြက သိပ္ေကာင္းတယ္။ အားျပည့္သြားၿပီ ဆိုတာနဲ႔ ဓာတ္အား ၀င္ေန တာကို အလိုေလ်ာက္ ျဖတ္ခ် လိုက္တယ္။ အဲဒီလို ဆိုေတာ့ အားပိုသြင္းမိၿပီး ဖုန္းပူလာ တာမ်ဳိးလည္း မျဖစ္ေတာ့ဘူး။

ဟုတ္ေတာ့ ဟုတ္ပါၿပီ။ ဒါေပမဲ့ ဖုန္းကို တစ္ညလံုး ပလပ္ထိုး အားသြင္းထားရင္ ဘက္ထရီ သက္တမ္း တိုတတ္တယ္ ဆိုတာေကာ ဟုတ္လား။


Lithium-ion ဘက္ထရီေတြက အပူဒဏ္ ကိုေတာ႔ သိပ္မခံႏုိင္ဘူး။ ဖုန္းကို ကာဗာစြပ္ တာရင္ အပူမထြက္ တာေၾကာင့္ ဖုန္း ဟာ ပူလာတာမ်ဳိး ျဖစ္တတ္တယ္။ အဲဒီလိုမ်ဳိး ဘက္ထရီပူလာၿပီ ဆိုရင္ ဘက္ထရီ ဆဲလ္ေတြ ပ်က္စီး တတ္တယ္။ အဲဒီလို ပ်က္စီးရင္ ဘက္ထရီ အလုပ္လုပ္ႏုိင္စြမ္း က်ဆင္းၿပီး ဘက္ထရီ သက္တမ္း တိုတတ္တယ္။ ဒါေပမဲ့ ကာဗာ မစြပ္ဘဲ ပံုမွန္ အတိုင္းထားတဲ႔ ဖုန္းေတြ ကေတာ့ ပူလာ ရင္ေတာင္ အပူထြက္ ႏုိင္တဲ့ အတြက္ ဘက္ထရီ တအား ပူလာ တာမ်ဳိး ျဖစ္ခဲ့ ပါတယ္။ ဖုန္းကာဗာ စြပ္ထားတဲ့ လူေတြ အေနနဲ႔ ညအိပ္ရင္ ဖုန္းကို ပလပ္ထိုးအိပ္မယ္ ဆိုရင္ ကာဗာကို ျဖဳတ္ထား ဖို႔ေတာ့ အႀကံျပဳလို ပါတယ္။ ဒါမွ ဖုန္းပူလာ ရင္ေတာင္ အပူထြက္ႏုိင္တဲ႔ အတြက္ ဘက္ထရီ တအား ပူတက္လာ တာမ်ဳိး မျဖစ္ေတာ့ ဘူးေပါ့။

ဘယ္လိုမ်ဳိး အားသြင္းတာ အသင့္ေတာ္ဆံုး ျဖစ္မလဲ။


ဘက္ထရီကို (၅၀) ရာခိုင္ႏႈန္းနဲ႔ (၈၀) ရာခိုင္ႏႈန္းၾကားမွာ ပံုမွန္ေလးရွိ ေနေအာင္ ထိန္းၿပီး အားသြင္းေပး ထားတာ အေကာင္းဆံုးပဲ။ အဲဒီလို အားသြင္း ထားမယ္ ဆိုရင္ ဘက္ထရီထဲက အိုင္ယြန္း ေတြဟာ အၿမဲတမ္း ပံုမွန္ လည္ပတ္ အလုပ္လုပ္ ေနႏုိင္တဲ႔ အတြက္ က်န္းမာေရး ေကာင္းတယ္။ အားလံုး၀ ကုန္သြားရင္ အိုင္းယြန္းေတြ ဆက္အလုပ္ မလုပ္ႏုိင္ဘူး။ အဲဒီလိုပဲ အားအျပည့္ႀကီး စြတ္သြင္း လိုက္ရင္လည္း အိုင္းယြန္းေတြရဲ႕ ပံုမွန္ လုပ္ငန္း စဥ္ကို ေႏွာင္႔ယွက္ရာ ေရာက္တယ္။(၅၀) နဲ႔ (၈၀) ၾကားမွာ ရွိေနေအာင္ ထိန္းၿပီး အားသြင္းမယ္ဆိုရင္ အစြန္း ႏွစ္ဖက္လံုးက လြတ္တဲ့ အတြက္ ဘက္ထရီ ဟာ က်န္းမာတယ္။ ျဖစ္ႏုိင္ရင္ ဘက္ထရီကို (၅၀-၈၀) ၾကားမွာ ရွိေနေအာင္ တစ္ေန႔လံုး ထိန္းၿပီး သြင္းေပး သင္႔တယ္။ အၾကာႀကီး ပလပ္ထိုးထားဖို႔ မလို ဘူး။ (၅၀) ရာခိုင္ႏႈန္းေလာက္ ေရာက္လာၿပီဆို ခဏ ပလပ္ထိုးထားလိုက္။ (၈၀) ရာခိုင္ႏႈန္း ေလာက္ ေရာက္ၿပီဆို ျပန္ ျဖဳတ္ ထားလိုက္။ ျပန္ေလ်ာ႔ သြားၿပီဆို ခဏ ျပန္ထိုးလိုက္နဲ႔ လုပ္ေပးႏုိင္ ရင္ေတာ့ အေကာင္းဆံုးပဲ။ ဒါေပမဲ့ အဲဒီလို လုပ္ရတာ အလုပ္ေတာ့ ႐ႈပ္တယ္။ လူအေတာ္မ်ားမ်ား လုပ္ႏုိင္ဖို႔ မလြယ္ဘူး။ ဘက္ထရီ သက္တမ္း အရွည္ဆံုး ျဖစ္ခ်င္တယ္ ဆိုရင္ အလုပ္သင္႔ဆံုး နည္းလမ္းမို႔ လို႔သာ ေျပာျပတာပါ။ မလုပ္ႏုိင္တဲ့ လူေတြ အေနနဲ႔လည္း စိတ္ပ်က္ ေနစရာေတာ့ မလိုပါဘူး။

ဘက္ထရီ မပ်က္စီးေအာင္ ဘာေတြ ေဆာင္၊ ဘာေတြ ေရွာင္ရမလဲ။


ဘက္ထရီ အကုန္ေျပာင္ေအာင္ သံုးပစ္ၿပီး တဲ့ေနာက္ အကုန္ျပည့္တဲ့ထိ တစ္ေလွ်ာက္တည္း သြင္းပစ္ တာမ်ဳိးေတာ့ လံုး၀ ေရွာင္။ သုည ရာခိုင္ႏႈန္း ကေန တစ္ရာ ရာခိုင္ႏႈန္းထိ တစ္ခါတည္း သြင္းပစ္ တာမ်ဳိးဟာ ဖုန္းဘက္ထရီကို လည္ပင္း ညႇစ္တာပဲ။ ဘက္ထရီေတြဟာ အဲဒီလို သုညကေန တစ္ရာထိ ကို ဘယ္ႏွေခါက္သာ ခံႏုိင္တယ္ ဆိုတာ စထုတ္ ကတည္းက သတ္မွတ္ေပးထားတာ ရွိတယ္။ ကိုယ္က အဲဒီလို ဖုန္းဘက္ထရီကို လည္ပင္းမ်ားမ်ား ညွစ္ေလ သတ္မွတ္ႏႈန္း ျမန္ျမန္ ျပည့္ၿပီး ဘက္ထရီ ျမန္ျမန္ အသက္ထြက္ေလ ပါပဲ။ အဲဒီလို သုည ကေန တစ္ရာကို အားသြင္းမိတဲ့ အႀကိမ္ေတြမ်ား လာေလ ဘက္ထရီဟာ စြမ္းေဆာင္ရည္ က်ဆင္းလာ ေလပါပဲ။ ခဏေလးနဲ႔ အားကုန္ သြားတာ မ်ဳိးကေန လံုး၀ကို သံုးမရ ေတာ့တဲ့ထိ ျဖစ္သြားႏိုင္ ပါတယ္။

ဖုန္းဘက္ထရီ သက္တမ္း ၾကာၾကာခံေအာင္ ဘယ္လို အားသြင္း ပစၥည္းေတြ သံုးရမလဲ။


ဖုန္း၀ယ္ ကတည္းက တစ္ခါတည္း တြဲပါလာတဲ့ ေအာ္ရီဂ်င္နယ္ အားသြင္းႀကိဳးေတြ၊ အားသြင္းတံုးေတြကို သံုးတာ အေကာင္းဆံုးပဲ။ တစ္ကယ္လို႔ ေအာ္ရီဂ်ယ္နယ္ဟာ ပ်က္သြား ရင္လည္း ေအာ္ရီဂ်င္နယ္ ႀကိဳးေတြ၊ အားသြင္းတံုးေတြ ကိုပဲ ထပ္၀ယ္ သံုးတာ အေကာင္းဆံုးပဲ။ ေအာ္ရီဂ်င္နယ္ေတြ ေစ်းသိပ္ႀကီး ေနတာမ်ဳိးနဲ႔ တိုးလို႔ မ်က္ရည္က် ခ်င္ခ်င္ ျဖစ္လာ ရင္ေတာ့ ေစ်းလည္း သက္သာ စိတ္လည္း ခ်ရမွာ မ်ဳိးေတြကို ဒုတိယ အဆင့္ အေနနဲ႔ စဥ္းစား သင့္တယ္။ ကိုယ့္ ဖုန္းအမ်ဳိးအစားမွာ သံုးႏုိင္တဲ႔ အျခားတံဆိပ္နဲ႔ ဘက္ထရီေတြ၊ အားသြင္းႀကိဳး ေတြကို အရင္ဆံုးေရြး။ ၿပီးရင္ ပါကင္ ေတြမွာ ေရးထား တာေတြ လိုက္ဖတ္ၾကည့္။ စနစ္တက် စမ္းသပ္ ထုတ္လုပ္ ထားတဲ့ ပစၥည္း ဆိုရင္ ဘယ္လို စနစ္တက် စမ္းသပ္ ထုတ္လုပ္ ထားတယ္၊ စည္းမ်ဥ္း စည္းကမ္းနဲ႔ ဘယ္လို ညီၫြတ္တယ္၊ ဘယ္လို ေထာက္ခံခ်က္ ရထားတယ္ ဆိုတာေတြ ပါတယ္။ အဲဒီလုိ ဟာမ်ဳိးေတြက ေအာ္ရီဂ်င္နယ္ ေလာက္ နီးနီးလည္း စိတ္ခ်ရတယ္။ နာမည္ ရထားတဲ့ ပစၥည္းေတြကို ၀ယ္သံုး တာလည္း တစ္မ်ဳိး စိတ္ခ် ရတယ္။ နာမည္ ရထား ၿပီးသား ပစၥည္းေတြဟာ အရည္အေသြး ကိုလည္း ထိန္းၾကတယ္။ ကိုယ့္ဖုန္းနဲ႔ အားသြင္းႀကိဳးနဲ႔ ဓာတ္အား လက္ခံႏုိင္ပံုခ်င္း တူရဲ႕လားလဲ ေသခ်ာ စစ္ေဆးဖို႔ လိုတယ္။ ဖုန္းက ၀ပ္ဘယ္ေလာက္၊ အမ္ပီယာ ဘယ္ေလာက္ လက္ခံႏိုင္လဲ ေသခ်ာၾကည့္။ အားသြင္းႀကိဳး ကေရာ ၀ပ္ဘယ္ေလာက္၊ အမ္ပီယာ ဘယ္ေလာက္ ေပးႏုိင္ တာလဲ ေသခ်ာၾကည့္။ ႏွစ္ခု ကိုက္ညီတယ္ ဆိုမွ၀ယ္။ ဒါဆို ေအာ္ရီဂ်င္နယ္ မဟုတ္ရင္ေတာင္မွ ေတာ္ေတာ္ေလး စိတ္ခ်ရ ၿပီလို႔ သတ္မွတ္ ႏုိင္တယ္။

ေစ်းေပါတာေတြကို သတိထား။ ေစ်းေပါတဲ့ အားသြင္းႀကိဳးေတြ၊ အားသြင္းတံုး ေတြဟာ အရည္အေသြးလည္း ညံ့တာ မ်ားတယ္။ စံခ်ိန္စံညႊန္း မီေအာင္ မလုပ္ဘဲ၊ ပစၥည္းျဖစ္ ၿပီးေရာ ဆိုတာမ်ဳိး ထုတ္ထားတာမ်ဳိးနဲ႔ တိုးရင္ အႏၱရာယ္ပါ က်ေရာက္ ႏုိင္တယ္။ ဒါေပမဲ့ ေစ်းေပါတာေတြ ထဲမွာ တစ္ကယ္ ေကာင္းတဲ့ ဟာေလး ေတြလည္း ပါတတ္ ပါတယ္။ အမ်ားစု ကေတာ့ စိတ္မခ်ရ ပါဘူး။လန္ဒန္ မီးသတ္ဌာနက ထုတ္ျပန္ခ်က္ကို ၾကည့္ပါ။ အရည္အေသြး မမီတဲ့ အိုင္ဖုန္း အားသြင္းႀကိဳး အတုေတြေၾကာင့္ ဓာတ္လိုက္တာ၊ လက္မီးေလာင္တာ၊ အိမ္ပါ မီးေလာင္တာမ်ဳိး ေတြပါ ျဖစ္ပြားေနရ သတဲ့။ အားသြင္းႀကိဳး အသစ္ ၀ယ္လာၿပီး ၿပီဆိုရင္ တစ္ညေလာက္ ျဖစ္ျဖစ္ ပလပ္ထိုးထားၾကည့္ လိုက္ပါ။ ကိုယ္ကလည္း သတိေလး နဲ႔ေတာ႔ ေစာင္႔အိပ္ေပါ႔။ မနက္ ေရာက္တဲ႔ အခါ ဖုန္းလည္း တအား ပူတက္ေနတာမ်ဳိး မျဖစ္ဘူး၊ တစ္ျခား ျပႆနာလည္း မေပၚဘူးဆိုရင္ စိတ္ခ်ရတဲ့ ပစၥည္းလို႔ ေယဘုယ် သတ္မွတ္ ႏုိင္တယ္။

ဖုန္းဘက္ထရီအတြက္ အႏၱရာယ္ အကင္းဆံုး၊ အထိေရာက္ဆံုး ျဖစ္ေအာင္ မူရင္း အားသြင္းႀကိဳး၊ အားသြင္းတံုးေတြကိုသာ အသံုးျပဳပါ။ တစ္ျခား တံဆိပ္နဲ႔ ၀ယ္မည္ ဆိုပါက အာမခံခ်က္ ေသခ်ာေပးေသာ ပစၥည္းမ်ား ကိုသာ သံုးစြဲပါ။
  • -ဖုန္း အရမ္းမပူ ပါေစနဲ႔။ ညဘက္ ပလပ္ထိုး အားသြင္းၿပီး အိပ္မည္ ဆိုလွ်င္ ဖုန္း ကာဗာ ကိုေတာ့ ခၽြတ္ထားလိုက္ပါ။
  • -ဖုန္း ဘက္ထရီ အက်န္းမာဆံုး ျဖစ္ေစ လိုလွ်င္ ဘက္ထရီကို (၅၀-၈၀) ရာခိုင္ႏႈန္း ၾကား ရွိေနေအာင္ ထိန္းၿပီး အားသြင္းေပးပါ။
  • - ဘက္ထရီ လံုး၀ အားကုန္ၿပီး ပိတ္သြားသည္ အထိ မသံုးပါနဲ႔။ ဘက္ထရီ သုည ရာခိုင္ႏႈန္းမွ တစ္ရာ ရာခိုင္ႏႈန္းသို႔ ေတာက္ေလွ်ာက္ အားသြင္းျခင္းမ်ဳိး ကိုလည္း ေရွာင္ပါ။



နဂါးနီ ဗဟုသုတ ဘဏ္တိုက္

World Myanmar ကေန မၽွေဝပါသည္။

 


Image by Pexels from Pixabay

Unicode

ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ? ? ?

ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ?


ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ဝင်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။

ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုးထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။

ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။

ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။

ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။


တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ဝင်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။

ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။


Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထားတဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။

ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။


ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံး၀ ကုန်သွားရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုးလိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူအတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ်သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။

ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။


ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံး၀ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိ ကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။

ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။


ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။ စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ဝယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်းကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ဝပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ဝပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။

ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည်အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ဝယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ်ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။

ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ဝယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။

  • -ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
  • -ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
  • - ဘက်ထရီ လုံး၀ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။

 

နဂါးနီ ဗဟုသုတ ဘဏ်တိုက်

World Myanmar ကနေ မျှဝေပါသည်။

Post a Comment

0 Comments