Mi 4 အား အခြေခံကျကျသုံးစွဲကြည့်ခြင်း

အပိုင်း ( ၁ )

Mi 4 အသုံးပြုသူများအတွက် Facebook တွင် ဇော်ဂျီဖောင့်မြင်နိုင်ရန် လိုအပ်သည့် အခြေခံအချက်အလက်များ ( ဒီ့ထက်လွယ်ကူတဲ့နည်း ရှိပေမဲ့၊ google မှာမြန်မာလို အမှန်မြင်ပြီး၊ ဖောင့် ၂ မျိုးစလုံး သုံးလိုသူတို့တွက်သာ )

Mi 4မှာပါလာတဲ့ built in font ဟာမြန်မာယူနီကုဒ် ဖြစ်ပါတယ်။ ဒါကြောင့် google နဲ့သက်ဆိုင်တဲ့ apps မှန်သမျှ မြန်မာလိုအားလုံးမှန်ပါတယ်။ Facebook မှာ ဇော်ဂျီလိုမြင်ရဖို့အတွက် အသုံးပြုတဲ့နည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်ရှင်းပြမယ့်နည်းကတော့ System font ကိုဘာနဲ့မှမပြောင်း၊ အစားမထိုးပဲ၊ Fonter ကိုသာအသုံးပြုပြီး facebook တခုထဲကိုသာ ဖောင့်ပြောင်းကြည့်တဲ့နည်းဖြစ်ပါတယ်။ အတော်များများသိပြီးသားဖြစ်ပေမယ့် မသိသေးတဲ့သူတွေကိုသာရည်ရွယ်ပြီးရေးတဲ့ post ဖြစ်ပါတယ်။

Root အတွက် Stable rom

Chinese နဲ့ Global နှစ်မျိုး စလုံးအတွက် SuperSu.zipအသုံးပြုနိုင်ပါတယ်။ cwm recovery လိုပါတယ်။ အရင်ဆုံး cwm ကို updater ကနေ ဝင်ပြီး၊ ညာထိပ်ဆုံးက အစက် ၃ စက်ကိုနှိပ် Choose update package ကိုရွေးပါ။ Explorer မှာ cwm recovery ကိုတွေ့ရင်နှိပ်ပေးပါ။ install ပြီးရင် Reboot now စာတန်းပေါ်လာပါတယ်။ နှိပ်ပါ။ ဖုန်းပြန်ဖွင့်လာရင် Recovery mode ကိုအောက်ပါနည်းအတိုင်းသွားနိုင်ပါတယ်။

CWM recovery for Mi 4

https://my.pcloud.com/publink/show?code=cEwitalK

SuperSu.zip for Mi 4

https://my.pcloud.com/publink/show?code=CEwitalK

  • ၁။ updater app ရဲ့ညာထိပ်ကအစက် ၃ စက်ထဲမှာReboot to recovery now ကိုနှိပ်ပေးရင်ရောက်ပါတယ်။

  • ၂။ ဖုန်းပါဝါကိုအရင်ပိတ်ပါ။ ပြီးရင် power key + volume up တွဲနှိပ်ပေးရင်လဲရောက်ပါတယ်။

Recovery mode ကနေ install zip > choose zip from sdcard ကတဆင့် Supersu.zip ကိုနှိပ်ပေးလိုက်ပါ။ yes ရွေးပါ။ ပြီးရင် Reboot system now နှိပ်ပေးလိုက်ရင်တော့ Supersu app ဟာ ဖုန်းရဲ့ homescreen မှာပေါ်လာမှာဖြစ်ပါတယ်။ root တောင်းတဲ့ app တွေကို grant ပေးရင်ရပါပြီ။


၁။ Xposed installer 2.7.1

https://my.pcloud.com/publink/show?code=iIwitalK

ဒီဟာကိုအရင် install ပေးပါ။ Xposed ထဲဝင်ရင် သူ့ Framework စာမျက်နှာက အနီရောင်ပေါ်နေတာကိုမြင်မှာပါ။ Framework ထဲကိုဆက်ဝင်ကြည့်ပါ။ install / update ကိုတချက်နှိပ်ပါ။ Root မရှိတဲ့စာတန်းပေါ်လာပါလိမ့်မယ်။ dev rom သုံးထားတဲ့သူက ပြန်ထွက်ပြီး Security app ထဲသွားလိုက်ပါ။ permission ကနေ Root access ကတဆင့် Xposed ကို root access ရအောင် ၅ စက္ကန့် တစ်ကြိမ် (၅ ကြိမ် ) နှိပ်ပေးရင် ရပါပြီ။ Security app ကနေပြန်ထွက်ပြီး Xposed ရဲ့ Framework ထဲမှာ install /update ကိုပြန်နှိပ်ပါ။ ပေါ်လာတဲ့စာတန်းမှာ yes ရွေးပါ။ ဖုန်း Reboot ဖြစ်ပြီး တခါပြန်ဖွင့်လာပါတယ်။

Stable rom သုံးထားတဲ့သူကျတော့ install / update နှိပ်တဲ့အချိန်မှာ supersu က root access ပေးဖို့ တောင်းပါတယ်။ grant ပေးလိုက်ပြီး yes နဲ့ နှိပ်ပေးရင် ဖုနါး Reboot ဖြစ်ပြီးတခါပြနါဖွင့်လာပါတယ်။

၂။ Fonter pro 2.5

https://my.pcloud.com/publink/show?code=BUwitalK

Fonter pro ကို install ပြီးရင် Xposed ရဲ့ moduels ထဲဝင်ပြီး fonter ကိုဘေးနားကအကွက်မှာ on ပေးပါ။ back key နဲ့တချက်ပြန်ထွက်ပြီး Framework ထဲဝင်ပါ။ အောက်ဆုံးက Reboot ကိုနှိပ်ပေးပါ။ ဖုန်းပြန်ဖွင့်လာရင် အဆင်ပြေပါပြီ။

၃။ Fonter အသုံးပြုပုံကို အနည်းငယ်ရှင်းပြလိုပါတယ်။

Fonter pro ထဲဝင်ပြီး Myanmar font ကိုဒေါင်းရင်တချို့ မရပါဘူး။ ဒါကြောင့် လွယ်ကူတဲ့နည်းတခု ပြောပြပါမယ်။

Explorer မှာ fonter ဆိုတဲ့ folder မြင်ရရင် (မ မြင်ရလျင် Fonter app ကိုတကြိမ်ဖွင့်ပြီးဝင်ပါ။ ) fonter ထဲဝင်ပြီး fonts ဆိုတဲ့စာလုံးအသေးနဲ့ folder တခုလုပ်ပေးပါ။ ပြီးရင် အဲထဲကို ဇော်ဂျီ ttf ဖောင့်တွေကိုယူပြီးထည့်လိုက်ပါ။

Zawgyi font

https://my.pcloud.com/publink/show?code=3IwitalK

Fonter pro app ထဲဝင်ရင် Change app font ကိုနှိပ်ပါ။
Facebook ကိုရှာပါ။ ပြီးရင် ညာထိပ်ထောင့်က အတုံးကို on ပေးပါ။ Choose Font နှိပ်ရင် ခုနက ttf ဖောင့်ကိုမြင်မှာပါ။ ကြိုက်တဲ့ ttf ကိုရွေးပြီး Ok နှိပ်ပေးပါ။ ရပါပြီ။

စာရေးဖို့အဆင်ပြေဆုံး keyboard ကတော့ M3 keyboard ဖြစ်ပါတယ်။ Unicode လိုရိုက်ပြီး၊ အောက်ကပေါ်နေတဲ့ ဇော်ဂျီ ကိုနှိပ်ပေးရင် ဇော်ဂျီလို အမှန်ပေါ်လာပါတယ်။ ( play store တွင်ဒေါင်းယူပါ။ )

မှတ်ချက်။ ။ xposed disabler cwm.zip

https://my.pcloud.com/publink/show?code=IOwitalK

Xposed installer သုံးရင် xposed disabler cwm.zip ကိုဆောင်ထားဖို့လိုပါတယ်။ တခါတရံ ဖုန်း logo ရပ်နေတာမျိုး၊ ပြန်မဖွင့်လာတဲ့အချိန်မျိုးမှာ ဒီ zip ဖိုင်ကို Recovery mode ကနေ install zip > choose zip from sdcard ကတဆင့် flash ပေးရင် ဖုန်းပြန်ဖွင့်လာပါတယ်။ ဒါကြောင့် zip ဖိုင်ကို Explorer ရဲ့ folderအပြင်မှာ အဆင်သင့်ဆောင်ထားပါ။

Credit to တောင်ပေါ်သား
၃ရက် ၆လပိုင်း ၂၀၁၅
၁:၅၀ ညနေ

အပိုင်း ( ၂ )

Mi 4 များအတွက် Theme

Mi ရဲ့ theme တွေဟာလှပလွန်းသလို၊ အရေအတွက်လဲများပြားပါတယ်။ အခမဲ့ လဲရှိသလို၊ credit card ပေးချေပြီးမှ သုံးခွင့်ရနိုင်မယ့် theme တွေလဲရှိပါတယ်။
ရိုးရိုး အခမဲ့ theme တွေကိုအသုံးပြုနည်းအကြောင်း ဦးဆုံးပြောပြချင်ပါတယ်။ Mi ရဲ့ Theme တွေကို အသုံးပြုနိုင်ဖို့ Mi account ရှိဖို့လိုအပ်ပါတယ်။

Mi 4 မှာ mi a/c တခုပြုလုပ်ပုံကိုရှင်းပြပါ့မယ်။

Gmail a/c ရှိဖို့လိုပါတယ်။ google service သွင်းထားပြီးသားဖြစ်ရပါမယ်။

google apps တွေကို ဒီလင့်ကနေ apps တခုချင်းကို install ပြီးသုံးနိုင်ပါတယ်။ ( ၇ လကျော်သုံးထားပြီးသားမို့အဆင်ပြေပါတယ်။ )

https://my.pcloud.com/publink/show


ဂူးဂဲလ် apps သွင်းပြီးပြီဆိုရင်

Phone settings > ACCOUNTS > Add နေရာမှာ google ကို click ပါ။
Existing နှင့် New ဆိုပြီးတွေ့ ရမှာပါ။ ရှိထားပြီးသား တခုကိုသုံးလိုက Existing ၊ အသစ်တခုသုံးလိုကNew ကို click ပါ။
New ဖြင့် gmail a/c ဖွင့်ပြီးပြုလုပ်သည့်နည်းကိုပြောပြပါ့မယ်။

  • Phone settings > Add account > google ကိုနှိပ်လိုက်ပါ။
  • New ကို click ပြီးက နာမည်ရေးရန် First နှင့် Last တွင် ကြိုက်ရာ နာမည်ရေးပါ။ မြန်မာလိုလဲရပါတယ်။
  • > ကိုနှိပ်ပါ။
  • Email address တွင် english လို နာမည်တခုရေးပါ။
  • အသုံးပြုဖို့ အဆင်မပြေပါက > Touch for suggestions ဆိုသည့်စာတန်းပေါ်လာမှာပါ။ နှိပ်ပြီးကြိုက်တဲ့နာမည်ကိုရွေးပေးပါ။Try again ကိုနှိပ်ပါ။
  • Password နေရာပေါ်လာလျင် စာလုံးရေ ၈ လုံးနှင့်အထက်ရေးထည့်မှအဆင်ပြေမှာပါ။ ရေးပြီးလျင်> ကိုနှိပ်ပါ။
  • Set up recovery options နှင့် Not now စာတန်းပေါ်လာလျင် Not now ဖြင့်ကျော်ပါ။
  • Google services > Communication > နှိပ်ပါ။
  • Finish account >
  • I accept ကိုနှိပ်ပါ။ Saving account ပေါ်ပြီး
  • Type the text you see here တွင် ပေါ်သောစာအတိုင်းရေးဖြည့်ပါ။ > နှိပ်ပါ။
  • Saving account ပြီးလျင် google ၏ ငွေပေးချေမှု မြင်ရမယ်။ ကျော်ပါ။
  • Account sign in successful စာတန်းပေါ်လာပြီးလျင် > ကိုနှိပ်ပါ။Gmail account ဖွင့်ခြင်းပြီးပါပြီ။

Mi Account
     
  • Phone Settings > ACCOUNTS >Mi account ကိုနှိပ်ပါ။
  • Sign in နှင့် Create Mi account တွေ့မယ်။
  • Create Mi account ကိုနှိပ်ပါ။
  • Create mi account using other ways ကိုနှိပ်ပါ။
  • Create account using email ကိုနှိပ်ပါ။
  • Email address နှင့် password တွင် ခုနကဖွင့်ထားသော email ကိုသုံးပြီးရေးဖြည့်ပါ။
  • Creat an account ကိုနှိပ်ပါ။
  • Enter code ကွက်လပ်တွင် ပေါ်နေသောဘေးနားကစာအတိုင်းရေးဖြည့်ပါ။Ok နှိပ်ပါ။
  • Your account hasn't been activated ဆိုသည့်စာတန်းအောက်၌ ( Go to your ) ဆိုသည့်အစိမ်းရောင် စာတန်းကိုနှိပ်ပါ။
  • Browser ထဲသို့ရောက်သွားပြီးလျင် တရုတ်လိုစာပေါ်လာမယ်။
  • Browser ရဲ့အောက်ဆုံးနားမှာ English ဆိုတဲ့စာတွေ့ရင် နှိပ်လိုက်ပါ။ English လိုအကုန်ပေါ်လာမယ်။
  • Email / phone number / mi account ID နေရာမှာ
  • မိမိရဲ့ ခုနက email address ကိုရေးဖြည့်ပေးပါ။
  • Password တွင်လဲ ခုနက password ကိုရေးဖြည့်ပေးပါ။ပြီးလျင် Sign in ကိုနှိပ်ပါ။
  • Mi account sign out
            Email
            Phone
            Password ဆိုသည့်စာတန်းပေါ်လာလျင်ပြီးပါပြီ။
  • Phone settings > ACCOUNTS >Mi account သို့ပြန်ဝင်ကြည့်ပါ။ sign in နှိပ်ပါကအဆင်ပြေသွားပါပြီ။ Mi ID နံပါတ် လဲရသလို၊ မိမိဖုန်းနံပါတ်ကိုလဲ Activated ပြုလုပ်ပြီးသားဖြစ်သွားပြီဖြစ်သောကြောင့်အသုံးချ၍ရပါပြီ။


မှတ်ချက် ... Mi Account မှ Sign out လုပ်ချင်ရင် password ကိုမှန်အောင်ရေးထည့်မှ ရနိုင်ပါသောကြောင့် password ကိုမမေ့ရန် အရေးကြီးသည်။ မေ့သွားပါက forget password ဖြင့် email link ဖြင့်သာ ပြန်ချိန်း၍ အဆင်ပြေမည်။

Mi account ရပြီဆိုရင် Theme ထဲဝင်ပြီး အခမဲ့ themes တွေကို ဒေါင်းပြီးသုံးလို့ရသွားပါပြီ။ ဒါပေမဲ့ credit တွေကျတော့ ပိုလှပြီး၊ ပိုကောင်းပါတယ်။ credit card ပေးချေဖို့ အခက်အခဲမရှိသူတို့အတွက်ကျတော့ ပြသာနာမရှိပေမဲ့၊ မြန်မာလို၊ နေရာကနေ credit card အတွက်အခက်အခဲဖြစ်နေသူတို့အတွက် အခမဲ့ရယူနိုင်မယ့်နည်းလမ်းကိုပြောပြပါ့မယ်။

  • ၁။ Xposed installer 2.7.1
  • ၂။ Paid theme
  • ၃။ Theme authorization
  • ၄။ iFont

ဒီ ( ၄ ) မျိုးလိုအပ်ပါတယ်။

paid theme apk ဒေါင်းရန်

https://my.pcloud.com/publink/show?code=INwitalK

theme authorization apk ဒေါင်းယူရန်

https://my.pcloud.com/publink/show?code=03witalK

iFont 5.5.2 apk ဒေါင်းရန်

https://my.pcloud.com/publink/show?code=8GwitalK

Xposed installer အသုံးပြုနည်းကို အထက်မှာဖတ်ပြီးသားမို့ အကျယ်မရှင်းတော့ပါဘူး။
iFont က paid theme တွေကိုအသုံးပြုချိန်မှာ default ကိုပြန်မရောက်ဖို့အတွက် အထောက်အကူပေးတဲ့ ထောက်တိုင်လို့သတ်မှတ်လို့ရပါတယ်။ သူ့ကို install ပြီးရင် xposed ရဲ့ moduels မှာ on ပေးထားဖို့ပါပဲ။

Paid theme, Theme authorization နဲ့ iFont တွေကို install ပြီးရင် xposed ရဲ့ moduels မှာ on ပေးပြီး xposed ရဲ့ framework ကတဆင့် Reboot ကိုနှိပ်ပါ။ ဖုန်းပြန်ဖွင့်လာရင် Theme app ထဲဝင်ပြီး paid theme တွေကို အခမဲ့ free ရယူသုံးစွဲနိုင်ပါပြီ။

အပိုင်း ( ၃ )

Mi 4 အတွက် System 1 / 2 or Dual Switch အသုံးချနည်း

Mi 4 မှာမတူညီတဲ့ Rom တွေကို system 1 မှာ တမျိုး၊ 2 မှာ တမျိုး ထည့်သုံးနိုင်ပါတယ်။ ဥပမာ System 1 မှာက Stable rom or Lollipop Android 5.1 သုံးပြီး System 2 မှာက dev rom ကိုထည့်ပြီးသုံးလို့ရပါတယ်။
System 1 ကနေ 2 ကိုလဲ ၂ မိနစ်အတွင်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ System 1 ကို Lollipop ထည့်ပြီး System 2 ကို dev rom ထည့်သုံးတဲ့နည်းအကြောင်း ရှင်းပြပါ့မယ်။ လိုအပ်တဲ့ အချက်အလက်များနဲ့ ပြုလုပ်ပုံ အဆင့်ဆင့်ကိုတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Mi 4 C နဲ့စမ်းသပ်ထားတဲ့ ပုံကိုကြည့်ပြီး၊ ပုံထဲကအတိုင်းပြုလုပ်နိုင်ပါတယ်။

Flashing guide pictures ( Lollipop test with Mi 4 C ) နမူနာပုံအားဒေါင်းယူရန်

https://my.pcloud.com/publink/show


ပြုလုပ်ပုံအဆင့်ဆင့်နမူနာ စာအားဒေါင်းယူရန်

https://my.pcloud.com/publink/show?code=IbCitalK

MIUI Mi 3/ 4 Android Lollipop 5.1.1 Rom download link
http://en.miui.com/thread-96987-1-1.html

MIUI Mi 3/4 Gapps for Lollipop 5.1.1 download link

http://fitsnugly.euroskank.com/?rom=banks&device=gapps

MEGA download link

https://my.pcloud.com/publink/show?code=JbCitalK

SuperSu download link

https://my.pcloud.com/publink/show?code=JmCitalK

CWM Recovery cancro r8 for Mi 3 / 4 download link

https://my.pcloud.com/publink/show?code=t2l

Dualboot switch app for Mi 3 /4 download link

https://my.pcloud.com/publink/show?code=LbCitalK

Mi 4 Lollipop မှာ Facebook ကိုဇော်ဂျီလိုမြင်ချင်ရင်အောက်ပါအတိုင်းပြုလုပ်ပေးရင် အဆင်ပြေပါတယ်။ လိုအပ်တဲ့ အရာတွေကတော့

  • ၁။ Xposed installer 3.0
  • ၂။ Fonter
  • ၃။ Xposed arm zip ဖိုင် တို့ပဲဖြစ်ပါတယ်။

Xposed for Lollipop 5.1.1 download link

https://my.pcloud.com/publink/show?code=nmCitalK

Fonter for Lollipop 5.1.1 download link

https://my.pcloud.com/publink/show?code=MmCitalK

Xposed arm for 5.1.1 download link

https://my.pcloud.com/publink/show?code=XSCitalK

Guide for using Xposed on Lollipop 5.1.1

  • ၁။ Xposed installer 3.0 ကို install ပေးပါ။

  • ၂။ CWM recovery mode သို့ သွားပါ။ power off ပြီး power key + volume up တွဲဖိပေးရင်ရောက်သွားပါမယ်။

  • ၃။ install zip ကတဆင့် choose zip from sdcard ကနေ xposed arm 20150308 5.1.zip ကိုတစ်ချက်နှိပ်ပေးပါ။

  • ၄။ un trusted ဖိုင်ကို install မလားလို့မေးလာရင် yes နှိပ်ပေးပါ။

  • ၅။ install ပြီးရင် Reboot system now နှိပ်ပါ။ ဖုန်းပြန်ဖွင့်လာဖို့ အနည်းဆုံး မိနစ် ၂၀ ခန့်ကြာနိုင်ပါတယ်။

  • ၆။ ဖုန်းဖွင့်လာပြီးရင် Xposed moduel မှာ Fonter ကို on ပြီး reboot လုပ်ပေးပါ။

  • ၇။ Fonter နဲ့ Facebook ကိုကြိုက်ရာဖောင့်ထည့်သုံးနိုင်ပါပြီ။


Credit to တောင်ပေါ်သား , Myanmar Mi Fans Facebook Group
May 26 : 11: 40 am



Post a Comment

1 Comments

  1. MI 4 C ko lollipop htay chin lo bl lo load ya ma ll bl lo down ya ma ll pyaw pya pay pr lar?link lay pay pr lar download link?

    ReplyDelete