ပီယလက်စွပ်အကြောင်း


ပီယလက္စြပ္ အေၾကာင္းသည္ အလြန္လွ်ိဳ႕ဝွက္နက္နဲေသာ ေလာကီပညာရပ္ျဖစ္ပါသည္။ သို႔ေသာ္ ေအာက္လမ္းနည္းမဟုတ္ပါ။ အထက္လမ္းနည္း ျဖစ္ပါသည္။

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version
အထက္နည္းျဖင့္ ပီယသိဒၶိကို ရရွိေသာသူမ်ားသည္ ထိုတန္ခိုးကို အလြဲသံုးစားလုပ္ေလ့မရွိပါ။ သစၥာေစာင့္သိရိုေသစြာ ေစာင့္ထိန္းလွ်င္ အထြတ္အထိပ္တုိင္ေအာင္ ေပါက္ေျမာက္ေအာင္ပါသည္။ အလြဲသံုးစားျပဳမိပါက ဘဝတြင္သာ အရွက္တကြဲ အက်ိဳးနည္းစြာ နစ္နာဆံုးရံႈးမႈႀကီးႀကံဳရျခင္း၊ အာကာလမရဏ (သို႔မဟုတ္) ဥပေစၥတကကံျဖင့္ ေသေၾကပ်က္စီးရျခင္းမ်ိဳးျဖစ္ရံုမက၊ ေသဆံုးၿပီးေနာက္ အဝီစိငရဲသို႔ ေဇာက္ထိုးက်တတ္ေလသည္။

ပီယလက္စြပ္ကုိ အဂၢိရတ္ဆရာမ်ားသာျပဳလုပ္ႏုိင္ပါသည္။ ဖိုထိုးေသာဆရာမ်ားသာလုပ္၍ ရပါသည္။ အမွန္ကား ပီယလက္စြပ္သည္ ဓာတ္လံုးလက္စြပ္ပင္ျဖစ္ပါသည္။ ဓာတ္ဝိဇၨာမ်ားသာ သိပါသည္။ အဂၢိရတ္ေလာကမွ ဆင္းသက္လာေသာ စကားပံုတစ္ပုဒ္ကုိ လူအမ်ားသိၾကားဖူးမည္ ျဖစ္ပါသည္။

"သံေသတစ္ေဆြဝ၊ ျပဒါးေသ တစ္ေျပ (ျပည္) ဝ" ဟူ၏။

အမွန္က ဤဝါက်ႏွစ္ပုဒ္၏ ေရွ႕တြင္ ဝါက်တစ္ပုဒ္ ျမဳပ္ထားခ်က္ရွိခဲ့သည္။ ထိုဝါက်မွာ "သြတ္ေသ ဝိေယဝ" ဟူ၍ ျဖစ္ေလသည္။

အဂၢိရတ္သမားမ်ားသိၾကပါသည္။ သြတ္ကို ေသေအာင္ ဖိုထိုးႏုိင္သူမ်ား၊ သြတ္ဓါတ္လံုးရေအာင္ ထိုးႏုိင္သူမ်ား ခ်စ္ခင္သူဝေျပာေၾကာင္း သိၾကပါသည္။ သြတ္ဓါတ္လံုးလက္စြပ္ကုိပင္ ပီယလက္စြပ္ဟု ေခၚပါသည္။

ပီယလက္စြပ္မည္မွ်စြမ္းသလဲဟု မေမးႏွင့္။ လူအမ်ားမသိေသာ အဂၢိရတ္သမိုင္းတစ္ေလွ်ာက္တြင္ သြတ္ဓါတ္လံုး ပီယလက္စြပ္ေၾကာင့္ ခ်စ္သူ ဝုိင္းဝုိင္းလည္သည့္ ပုဂၢိဳလ္ထူးမ်ားအေၾကာင္း ကမၻာအရပ္ရပ္တြင္လည္း ရွိခဲ့သည္။ ျမန္မာျပည္တြင္လည္း ရွိခဲ့သည္။ ထိုပညာရပ္ကို ေလ့လာလုိက္စားသူမ်ားသာ အတြင္းက်က် သိၾကပါသည္။

ကမၻာ့အလွဘုရင္မႀကီး ကလီယိုပတၱရာတြင္ ပီယလက္စြပ္ရွိခဲ့သည္ဟု ထိုေလာကသားတို႔က ဆိုသည္။ ရုရွားျပည္ဇာဘုရင္၏ နန္းေတာ္တြင္းသုိ႔ ဝင္ေရာက္ ျခယ္လွယ္ခဲ့ေသာ ရပ္(စ္)ပ်ဳတင္ မည္မွ်စြံေၾကာင္း သိသူမ်ားသည္။ သူ႔တြင္ ပီယလက္စြပ္ရွိေၾကာင္း သိသူရွားေလသည္။ သူသည္ ပီယလက္စြပ္ရေသာ တန္ဖိုးကို အလြဲသံုးစားျပဳျခင္း၊ ကာေမသုမစၦာကံကို အႀကိမ္ႀကိမ္က်ဴးလြန္ျခင္း၊ သစၥာမဲ့ျခင္း စသည္တို႔ေၾကာင့္ ဥပေစၥဒကံထိုက္ကာ အေသဆိုးနဲ႔ေသခဲ့ရသည္။

ျမန္မာ့သမုိင္းတြင္ အလြန္ထင္ရွားေသာ ေလာကီပညာကို တစ္ဖက္ကမ္းခတ္ တတ္ကၽြမ္းသည့္ ရဟန္ႏွစ္ပါး ရွိခဲ့ဖူးသည္။ ဓမၼဓရ ႏွင့္ ဓမၼဥာဏတို႔မည္၏။ ေလာကီပညာ လုိက္စားသူတိုင္းက ထိုရဟန္းႏွစ္ပါးအနက္ ဓမၼဥာဏရဟန္းက ေလာကီပညာရပ္တြင္ သိသိသာသာ ပိုမိုလြန္ကဲေၾကာင္း သိၿပီးျဖစ္ပါသည္။ မြန္ဘုရင္ႀကီး ရာဇာဓိရာဇ္၏သမီးေတာ္ ရွင္ေစာပုကို အင္းဝဘုရင္ႏွင့္ လက္ဆက္ေပးခဲ့ရာ မိုးညွင္းမင္းတရား လက္ထက္တြင္ မိဖုရားဘဝ မေပ်ာ္ပိုက္ေၾကာင္း သတင္းပါးသျဖင့္ မိဖုရားရွင္ေစာပုကုိ အင္းဝနန္းေတာင္မွ ေခၚထုတ္၍ ဟံသာဝတီအေရာက္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း လူအမ်ားသိၿပီး ျဖစ္ပါသည္။

အင္းဝေနျပည္ေတာ္က ဘုရင့္မိဖုရားကို နန္းေတာ္တြင္းမွ ေခၚထုတ္ၿပီး ကင္းအထပ္ထပ္ကို ေက်ာ္ျဖတ္ကာ ဟံသာဝတီအေရာက္ ပို႔ေပးႏုိင္သည့္ စြမ္းေဆာင္ခ်က္ကို ေတြးၾကည့္ပါက တန္ခိုးရွင္မ်ားသာ လုပ္ႏုိင္ေၾကာင္း ျငင္းဆိုဖြယ္ရာမရွိၿပီ။ ဤမွ် တန္ခိုးႀကီးေသာ ဓမၼဓရႏွင့္ ဓမၼဥာဏတို႔ကို ရွင္ေစာပု မြန္ဘုရင္မ ျဖစ္လာေသာအခါ ခ်ီးေျမွာက္၍ သူေတာ္ေကာင္းျပဳေလသည္။ ထို႔ေနာက္ ထီးေမြနန္းေမြဆက္ခံေစရန္ ထိုရဟန္း ႏွစ္ပါးအနက္ တစ္ပါးကို ေရြးေလသည္။ ဆြမ္းအုပ္ႏွင့္ ေရြးသည္။ မဲစနစ္ျဖင့္ ေရြးသည္ဟု သာမာန္အဆိုရွိခဲ့သည္ကုိ ေလာကီပညာ ေလ့လာလိုက္စားသူတို႔က မယံုၾကည္ၾကေပ။ ခြက္ေပါက္ပညာ ေခါင္းဖံုးအုပ္ထားသည္ အရာဝတၱဳမွန္သမွ် ထြင္းေဖာက္ သိျမင္ႏုိင္ေသာ ေလာကီပညာ တတ္ကၽြမ္းသည့္ ထိုရဟန္းႏွစ္ပါးကို ဤနည္းျဖင့္ ေရြး၍မရေၾကာင္း ထိုရဟန္းႏွစ္ပါး၏ ေလာကီပညာတတ္ကၽြမ္းပံုအေၾကာင္း ဖတ္ဖူးၾကားဖူးသူတုိင္းသိပါသည္။

အမွန္စင္စစ္ ဓမၼဥာဏရဟန္းသည္ ေလာကီပညာရပ္တြင္ အမ်ားအားျဖင့္ ဓမၼဓရထက္ ပိုမိုတတ္ကၽြမ္းေသာ္လည္း ဓမၼဓရကား ဓါတ္လံုးအစြမ္းျဖင့္ ေအာင္ျမင္ထားေသာ ပီယလက္စြပ္ရွင္ ျဖစ္ခဲ့သည့္တစ္ခုတည္းေသာ အားသာခ်က္ေၾကာင့္ မြန္ဘုရင္မ ရွင္ေစာပု ကိုယ္တုိင္လည္း ပိုခ်စ္သည္။ သမီးေတာ္ကလည္း သူ႔ကိုမွ ပိုခ်စ္သည္။ ထို႔ေၾကာင့္ သူတို႔ပိုခ်စ္ေသာ ဓမၼဓရကိုသာ ေရြးခဲ့သည္။ ဓမၼဓရရဟန္းသည္ကား သစၥာရွိသည္။ ဘာသာ သာသနာေတာ္ကို ပို၍ နက္ရႈိင္းသည္။ သူ႔အား မြန္ဘုရင္မ ရွင္ေစာပုက ထီးနန္းေပးအပ္ေသာအခါ ဓမၼေစတီမင္းတြင္ေလသည္။ သာသနာျပဳမင္းတစ္ပါး ျဖစ္ေလသည္။

သြတ္ဓါတ္လံုးအေၾကာင္းႏွင့္ ပီယလက္စြပ္အေၾကာင္းေတာ့ ေရးျပမွျဖစ္ပါေတာ့မည္။ သို႔ေသာ္ အဂၢိရတ္ပညာဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ားကိုမူ လူအမ်ားသိရန္ လြယ္မည္မဟုတ္၍ မေဖာ္ျပေတာ့ပါ။ မီးေသြးတစ္တင္းက်ေအာင္ ဖိုထိုးၿပီးလွ်င္ တစ္လံုက်ပါသည္။ သြတ္ဓါတ္လံုးရေအာင္ လံုးေပါင္း ၈၄၀၀၀ ၏ ဆယ္ပံုတစ္ပံုျဖစ္ေသာ ၈၄၀၀ က်ေအာင္ အနည္းဆံုးထိုးရပါသည္။

ဖိုထိုးခန္း၏ မ်က္ႏွာက်က္တြင္ ပိတ္ျဖဴႏွင့္ အင္းကို အမိုးလုပ္ထားရပါသည္။ ေက်ာဘက္တြင္လည္း အင္းကို ပိတ္ျဖဴႏွင့္ ကပ္ထားရပါသည္။ ဖို၏တည့္တည့္နံရံတြင္လည္း ပိတ္ျဖဴႏွင့္ ထိုအင္းကို ကပ္ထားရပါသည္။

အင္းဆံကား ေအာက္ပါဂါထာပင္ ျဖစ္ပါသည္။


အထက္ပါ ရွင္သီဝလိ ဂါထာေတာ္ကို အလ်ား (၈)ကြက္ အနံ (၉)ကြက္ အင္းေဘာင္ခတ္၍ စည္းမ်ဥ္းအတိုင္း ပိတ္ျဖဴတြင္ အင္းခ်ရမည္။ အင္းဆံ စာလံုးသြင္းေသာအခါ လက္ဝဲမွ လက္ယာသို႔ အစဥ္အတိုင္း ေရးသြင္းရပါသည္။

အဆိုပါ အင္းခ်ထားေသာ ဂါထာကို ဖိုထိုးသြင္းေသာအခါ အာရံုသြင္း၍ ရြတ္ဖတ္ရမည္။ စ်ာန္သြင္း၍ ရြတ္ဖတ္ရင္း ဖုိဆြဲရပါမည္။

ဖုိေအာင္၍ သြတ္ဓါတ္စီးေသာ ဓါတ္လံုးကို လက္စြပ္ျပဳလုပ္ဝတ္ဆင္ျခင္းျဖင့္ ပီယလက္စြပ္ျဖစ္လာေလေတာ့သည္။

ထိုပီယလက္စြပ္ဆင္ျမန္းသူသည္ ဆန္႔က်င္ဘက္လိင္ကို ဆြဲေဆာင္ခ်စ္ခင္ေအာင္ ျပဳလုပ္ရန္ သက္သက္သာမက၊ အျခားအေရးႀကီးေသာ ကိစၥဟူသမွ်တြင္ အလိုရွိတုိင္း အသံုးျပဳႏုိင္ပါသည္။

  • ေစ်းေရာင္းေကာင္းေအာင္ စာသံုးသူခ်စ္ခင္လာေစရန္ ျပဳလုပ္ျခင္း။
  • စီးပြားေရးလုပ္ငန္းႀကီးမ်ား ပူးေပါင္းလုပ္ရန္ စီးပြားဖက္ကုိ စာခ်ဳပ္လက္မွတ္ထိုးေအာင္ ျပဳလုပ္ျခင္း။
  • ပါမစ္၊ လုိင္စင္၊ ဗီဇာ၊ ႏုိင္ငံကူး လက္မွတ္ စသည္မ်ား ေလွ်ာက္ထားစဥ္ ခြင့္ျပဳမိန္႔ခ်မွတ္ေပးသူကို ခ်စ္ခင္၍ ခြင့္ျပဳေစရန္ ျပဳလုပ္ျခင္း။
  • မိမိအလုပ္ရွင္သူသူေဌးက ခ်စ္ခင္၍ ရာထူးလစာ တိုးေပးေအာင္ ျပဳလုပ္ျခင္း။
  • စာေမးပြဲစစ္သူက ေအာင္မွတ္၊ ဂုဏ္ထူးမွတ္ေပးေအာင္ ျပဳလုပ္ျခင္း။
  • ရာထူးတိုးေပးေအာင္၊ ေနရာေကာင္းတြင္ တာဝန္က်ေအာင္ အထက္အရာရွိက ၾကည့္ရႈေစာင္မေအာင္ ျပဳလုပ္ျခင္း။
  • ႏုိင္ငံျခားသြားရေအာင္ ခြင့္ျပဳမည့္ တာဝန္ရွိပုဂၢိဳလ္က ခြင့္ျပဳေပးေအာင္ ျပဳလုပ္ျခင္း။

အစရွိေသာ ကိစၥမ်ားအတြက္ ပီယလက္စြပ္ပိုင္ရွင္က လုပ္ေပးႏုိင္သည့္ သူမ်ားထံမ်က္ႏွာခ်င္းဆိုင္ သြားေတြ႕ရန္ပင္ မလိုဘဲ။ တန္ခိုးႀကီးဘုရားေရွ႕၌ ငါးပါးသီလခံယူ၍ ထိုသူမ်ားကို အာရံုျပဳကာ ပီယလက္စြပ္ကို လက္ဖဝါးဘက္အတြင္းဘက္လွည့္ကာ ဓါတ္လံုးကို လက္မႏွင့္ပြတ္၍ ဂါထာရြတ္ရံုျဖင့္ လိုရာျပည့္ႏုိင္ပါသည္။

ပီယလက္စြပ္မွာ ရွားပါးေသာ လက္ဝတ္ရတနာျဖစ္ပါသည္။ ဤမွ်ရရွိရန္ခက္ေသာ ရတနာကို ေရးညႊန္းျပဆုိ၍ လက္ေတြ႕အလုပ္မျဖစ္ဟု ဆိုခ်င္သူမ်ားရွိပါမည္။

သို႔ေသာ္ ပီလက္စြပ္ျပဳလုပ္ေသာ ဂါထာကို လက္စြပ္ကဲ့သို႔သေဘာထားၿပီး ရြတ္ဆိုဆုေတာင္းပါက ပီယလက္စြပ္ရွိသူမ်ားထံမွ တန္ခိုးရွိန္ေဆာ္ အာႏုေဘာ္မ်ား ကူးလူးေရာက္ရွိလာၿပီး ပံ့ပိုးကူညီေပးပါလိမ့္မည္။ မည္သည့္စာအုပ္တြင္မွ် ေတြ႕ႏုိင္မည္မဟုတ္ေသာ ပီယလက္စြပ္ႏွင့္ ပီယလက္စြပ္အတြက္ ရြတ္ဆိုရေသာ ရွင္သီဝလိဂါထာေတာ္ကို ဓမၼဒါနအျဖစ္ ျဖန္႔ေဝလုိက္ပါသည္။ ဤ လွ်ိဳ႕ဝွက္နက္နဲေသာ ေလာကီပညာ ဂမၻီရနည္းနာကို အခ်ိန္တန္၍သာ ကုသိုလ္ အမွ်ေဝ ေပးလွဴလိုက္ျခင္းျဖစ္ရာ ယံုၾကည္ေလးနက္စြာျဖင့္ လုိက္နာ ေဆာင္ရြက္သူမ်ား အက်ိဳးမ်ားပါေစကုန္သတည္း။

သလႅာေမာင္ကုိဦး
၂၀၀၂ခုႏွစ္ထုတ္ ရတီ ေက်ာက္မ်က္ႏွင့္ လက္ဝတ္ရတနာမဂၢဇင္း မွ ကူးယူေဖာ္ျပသည္။

========================

Unicode

ပီယလက်စွပ် အကြောင်းသည် အလွန်လျှို့ဝှက်နက်နဲသော လောကီပညာရပ်ဖြစ်ပါသည်။ သို့သော် အောက်လမ်းနည်းမဟုတ်ပါ။ အထက်လမ်းနည်း ဖြစ်ပါသည် ။

အထက်နည်းဖြင့် ပီယသိဒ္ဓိကို ရရှိသောသူများသည် ထိုတန်ခိုးကို အလွဲသုံးစားလုပ်လေ့မရှိပါ။ သစ္စာစောင့်သိရိုသေစွာ စောင့်ထိန်းလျှင် အထွတ်အထိပ်တိုင်အောင် ပေါက်မြောက်အောင်ပါသည်။ အလွဲသုံးစားပြုမိပါက ဘဝတွင်သာ အရှက်တကွဲ အကျိုးနည်းစွာ နစ်နာဆုံးရှုံးမှုကြီးကြုံရခြင်း၊ အာကာလမရဏ (သို့မဟုတ်) ဥပစ္စေတကကံဖြင့် သေကြေပျက်စီးရခြင်းမျိုးဖြစ်ရုံမက၊ သေဆုံးပြီးနောက် အဝီစိငရဲသို့ ဇောက်ထိုးကျတတ်လေသည်။

ပီယလက်စွပ်ကို အဂ္ဂိရတ်ဆရာများသာပြုလုပ်နိုင်ပါသည်။ ဖိုထိုးသောဆရာများသာလုပ်၍ ရပါသည်။ အမှန်ကား ပီယလက်စွပ်သည် ဓာတ်လုံးလက်စွပ်ပင်ဖြစ်ပါသည်။ ဓာတ်ဝိဇ္ဇာများသာ သိပါသည်။ အဂ္ဂိရတ်လောကမှ ဆင်းသက်လာသော စကားပုံတစ်ပုဒ်ကို လူအများသိကြားဖူးမည် ဖြစ်ပါသည်။

"သံသေတစ်ဆွေဝ၊ ပြဒါးသေ တစ်ပြေ (ပြည်) ဝ" ဟူ၏။

အမှန်က ဤဝါကျနှစ်ပုဒ်၏ ရှေ့တွင် ဝါကျတစ်ပုဒ် မြုပ်ထားချက်ရှိခဲ့သည်။ ထိုဝါကျမှာ "သွတ်သေ ဝိယေဝ" ဟူ၍ ဖြစ်လေသည်။

အဂ္ဂိရတ်သမားများသိကြပါသည်။ သွတ်ကို သေအောင် ဖိုထိုးနိုင်သူများ၊ သွတ်ဓါတ်လုံးရအောင် ထိုးနိုင်သူများ ချစ်ခင်သူဝပြောကြောင်း သိကြပါသည်။ သွတ်ဓါတ်လုံးလက်စွပ်ကိုပင် ပီယလက်စွပ်ဟု ခေါ်ပါသည်။

ပီယလက်စွပ်မည်မျှစွမ်းသလဲဟု မမေးနှင့်။ လူအများမသိသော အဂ္ဂိရတ်သမိုင်းတစ်လျှောက်တွင် သွတ်ဓါတ်လုံး ပီယလက်စွပ်ကြောင့် ချစ်သူ ဝိုင်းဝိုင်းလည်သည့် ပုဂ္ဂိုလ်ထူးများအကြောင်း ကမ္ဘာအရပ်ရပ်တွင်လည်း ရှိခဲ့သည်။ မြန်မာပြည်တွင်လည်း ရှိခဲ့သည်။ ထိုပညာရပ်ကို လေ့လာလိုက်စားသူများသာ အတွင်းကျကျ သိကြပါသည်။

ကမ္ဘာ့အလှဘုရင်မကြီး ကလီယိုပတ္တရာတွင် ပီယလက်စွပ်ရှိခဲ့သည်ဟု ထိုလောကသားတို့က ဆိုသည်။ ရုရှားပြည်ဇာဘုရင်၏ နန်းတော်တွင်းသို့ ဝင်ရောက် ခြယ်လှယ်ခဲ့သော ရပ်(စ်)ပျုတင် မည်မျှစွံကြောင်း သိသူများသည်။ သူ့တွင် ပီယလက်စွပ်ရှိကြောင်း သိသူရှားလေသည်။ သူသည် ပီယလက်စွပ်ရသော တန်ဖိုးကို အလွဲသုံးစားပြုခြင်း၊ ကာမေသုမစ္ဆာကံကို အကြိမ်ကြိမ်ကျူးလွန်ခြင်း၊ သစ္စာမဲ့ခြင်း စသည်တို့ကြောင့် ဥပစ္စေဒကံထိုက်ကာ အသေဆိုးနဲ့သေခဲ့ရသည်။

မြန်မာ့သမိုင်းတွင် အလွန်ထင်ရှားသော လောကီပညာကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသည့် ရဟန်နှစ်ပါး ရှိခဲ့ဖူးသည်။ ဓမ္မဓရ နှင့် ဓမ္မဉာဏတို့မည်၏။ လောကီပညာ လိုက်စားသူတိုင်းက ထိုရဟန်းနှစ်ပါးအနက် ဓမ္မဉာဏရဟန်းက လောကီပညာရပ်တွင် သိသိသာသာ ပိုမိုလွန်ကဲကြောင်း သိပြီးဖြစ်ပါသည်။ မွန်ဘုရင်ကြီး ရာဇာဓိရာဇ်၏သမီးတော် ရှင်စောပုကို အင်းဝဘုရင်နှင့် လက်ဆက်ပေးခဲ့ရာ မိုးညှင်းမင်းတရား လက်ထက်တွင် မိဖုရားဘဝ မပျော်ပိုက်ကြောင်း သတင်းပါးသဖြင့် မိဖုရားရှင်စောပုကို အင်းဝနန်းတောင်မှ ခေါ်ထုတ်၍ ဟံသာဝတီအရောက် ပို့ဆောင်ပေးခဲ့ကြောင်း လူအများသိပြီး ဖြစ်ပါသည်။

အင်းဝနေပြည်တော်က ဘုရင့်မိဖုရားကို နန်းတော်တွင်းမှ ခေါ်ထုတ်ပြီး ကင်းအထပ်ထပ်ကို ကျော်ဖြတ်ကာ ဟံသာဝတီအရောက် ပို့ပေးနိုင်သည့် စွမ်းဆောင်ချက်ကို တွေးကြည့်ပါက တန်ခိုးရှင်များသာ လုပ်နိုင်ကြောင်း ငြင်းဆိုဖွယ်ရာမရှိပြီ။ ဤမျှ တန်ခိုးကြီးသော ဓမ္မဓရနှင့် ဓမ္မဉာဏတို့ကို ရှင်စောပု မွန်ဘုရင်မ ဖြစ်လာသောအခါ ချီးမြှောက်၍ သူတော်ကောင်းပြုလေသည်။ ထို့နောက် ထီးမွေနန်းမွေဆက်ခံစေရန် ထိုရဟန်း နှစ်ပါးအနက် တစ်ပါးကို ရွေးလေသည်။ ဆွမ်းအုပ်နှင့် ရွေးသည်။ မဲစနစ်ဖြင့် ရွေးသည်ဟု သာမာန်အဆိုရှိခဲ့သည်ကို လောကီပညာ လေ့လာလိုက်စားသူတို့က မယုံကြည်ကြပေ။ ခွက်ပေါက်ပညာ ခေါင်းဖုံးအုပ်ထားသည် အရာဝတ္တုမှန်သမျှ ထွင်းဖောက် သိမြင်နိုင်သော လောကီပညာ တတ်ကျွမ်းသည့် ထိုရဟန်းနှစ်ပါးကို ဤနည်းဖြင့် ရွေး၍မရကြောင်း ထိုရဟန်းနှစ်ပါး၏ လောကီပညာတတ်ကျွမ်းပုံအကြောင်း ဖတ်ဖူးကြားဖူးသူတိုင်းသိပါသည်။

အမှန်စင်စစ် ဓမ္မဉာဏရဟန်းသည် လောကီပညာရပ်တွင် အများအားဖြင့် ဓမ္မဓရထက် ပိုမိုတတ်ကျွမ်းသော်လည်း ဓမ္မဓရကား ဓါတ်လုံးအစွမ်းဖြင့် အောင်မြင်ထားသော ပီယလက်စွပ်ရှင် ဖြစ်ခဲ့သည့်တစ်ခုတည်းသော အားသာချက်ကြောင့် မွန်ဘုရင်မ ရှင်စောပု ကိုယ်တိုင်လည်း ပိုချစ်သည်။ သမီးတော်ကလည်း သူ့ကိုမှ ပိုချစ်သည်။ ထို့ကြောင့် သူတို့ပိုချစ်သော ဓမ္မဓရကိုသာ ရွေးခဲ့သည်။ ဓမ္မဓရရဟန်းသည်ကား သစ္စာရှိသည်။ ဘာသာ သာသနာတော်ကို ပို၍ နက်ရှိုင်းသည်။ သူ့အား မွန်ဘုရင်မ ရှင်စောပုက ထီးနန်းပေးအပ်သောအခါ ဓမ္မစေတီမင်းတွင်လေသည်။ သာသနာပြုမင်းတစ်ပါး ဖြစ်လေသည်။

သွတ်ဓါတ်လုံးအကြောင်းနှင့် ပီယလက်စွပ်အကြောင်းတော့ ရေးပြမှဖြစ်ပါတော့မည်။ သို့သော် အဂ္ဂိရတ်ပညာဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ လူအများသိရန် လွယ်မည်မဟုတ်၍ မဖော်ပြတော့ပါ။ မီးသွေးတစ်တင်းကျအောင် ဖိုထိုးပြီးလျှင် တစ်လုံကျပါသည်။ သွတ်ဓါတ်လုံးရအောင် လုံးပေါင်း ၈၄၀၀၀ ၏ ဆယ်ပုံတစ်ပုံဖြစ်သော ၈၄၀၀ ကျအောင် အနည်းဆုံးထိုးရပါသည်။

ဖိုထိုးခန်း၏ မျက်နှာကျက်တွင် ပိတ်ဖြူနှင့် အင်းကို အမိုးလုပ်ထားရပါသည်။ ကျောဘက်တွင်လည်း အင်းကို ပိတ်ဖြူနှင့် ကပ်ထားရပါသည်။ ဖို၏တည့်တည့်နံရံတွင်လည်း ပိတ်ဖြူနှင့် ထိုအင်းကို ကပ်ထားရပါသည်။

အင်းဆံကား အောက်ပါဂါထာပင် ဖြစ်ပါသည်။


အထက်ပါ ရှင်သီဝလိ ဂါထာတော်ကို အလျား (၈)ကွက် အနံ (၉)ကွက် အင်းဘောင်ခတ်၍ စည်းမျဉ်းအတိုင်း ပိတ်ဖြူတွင် အင်းချရမည်။ အင်းဆံ စာလုံးသွင်းသောအခါ လက်ဝဲမှ လက်ယာသို့ အစဉ်အတိုင်း ရေးသွင်းရပါသည်။

အဆိုပါ အင်းချထားသော ဂါထာကို ဖိုထိုးသွင်းသောအခါ အာရုံသွင်း၍ ရွတ်ဖတ်ရမည်။ စျာန်သွင်း၍ ရွတ်ဖတ်ရင်း ဖိုဆွဲရပါမည်။

ဖိုအောင်၍ သွတ်ဓါတ်စီးသော ဓါတ်လုံးကို လက်စွပ်ပြုလုပ်ဝတ်ဆင်ခြင်းဖြင့် ပီယလက်စွပ်ဖြစ်လာလေတော့သည်။

ထိုပီယလက်စွပ်ဆင်မြန်းသူသည် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ချစ်ခင်အောင် ပြုလုပ်ရန် သက်သက်သာမက၊ အခြားအရေးကြီးသော ကိစ္စဟူသမျှတွင် အလိုရှိတိုင်း အသုံးပြုနိုင်ပါသည်။

စျေးရောင်းကောင်းအောင် စာသုံးသူချစ်ခင်လာစေရန် ပြုလုပ်ခြင်း။
စီးပွားရေးလုပ်ငန်းကြီးများ ပူးပေါင်းလုပ်ရန် စီးပွားဖက်ကို စာချုပ်လက်မှတ်ထိုးအောင် ပြုလုပ်ခြင်း။
ပါမစ်၊ လိုင်စင်၊ ဗီဇာ၊ နိုင်ငံကူး လက်မှတ် စသည်များ လျှောက်ထားစဉ် ခွင့်ပြုမိန့်ချမှတ်ပေးသူကို ချစ်ခင်၍ ခွင့်ပြုစေရန် ပြုလုပ်ခြင်း။
မိမိအလုပ်ရှင်သူသူဌေးက ချစ်ခင်၍ ရာထူးလစာ တိုးပေးအောင် ပြုလုပ်ခြင်း။
စာမေးပွဲစစ်သူက အောင်မှတ်၊ ဂုဏ်ထူးမှတ်ပေးအောင် ပြုလုပ်ခြင်း။
ရာထူးတိုးပေးအောင်၊ နေရာကောင်းတွင် တာဝန်ကျအောင် အထက်အရာရှိက ကြည့်ရှုစောင်မအောင် ပြုလုပ်ခြင်း။
နိုင်ငံခြားသွားရအောင် ခွင့်ပြုမည့် တာဝန်ရှိပုဂ္ဂိုလ်က ခွင့်ပြုပေးအောင် ပြုလုပ်ခြင်း။

အစရှိသော ကိစ္စများအတွက် ပီယလက်စွပ်ပိုင်ရှင်က လုပ်ပေးနိုင်သည့် သူများထံမျက်နှာချင်းဆိုင် သွားတွေ့ရန်ပင် မလိုဘဲ။ တန်ခိုးကြီးဘုရားရှေ့၌ ငါးပါးသီလခံယူ၍ ထိုသူများကို အာရုံပြုကာ ပီယလက်စွပ်ကို လက်ဖဝါးဘက်အတွင်းဘက်လှည့်ကာ ဓါတ်လုံးကို လက်မနှင့်ပွတ်၍ ဂါထာရွတ်ရုံဖြင့် လိုရာပြည့်နိုင်ပါသည်။

ပီယလက်စွပ်မှာ ရှားပါးသော လက်ဝတ်ရတနာဖြစ်ပါသည်။ ဤမျှရရှိရန်ခက်သော ရတနာကို ရေးညွှန်းပြဆို၍ လက်တွေ့အလုပ်မဖြစ်ဟု ဆိုချင်သူများရှိပါမည်။

သို့သော် ပီလက်စွပ်ပြုလုပ်သော ဂါထာကို လက်စွပ်ကဲ့သို့သဘောထားပြီး ရွတ်ဆိုဆုတောင်းပါက ပီယလက်စွပ်ရှိသူများထံမှ တန်ခိုးရှိန်ဆော် အာနုဘော်များ ကူးလူးရောက်ရှိလာပြီး ပံ့ပိုးကူညီပေးပါလိမ့်မည်။ မည်သည့်စာအုပ်တွင်မျှ တွေ့နိုင်မည်မဟုတ်သော ပီယလက်စွပ်နှင့် ပီယလက်စွပ်အတွက် ရွတ်ဆိုရသော ရှင်သီဝလိဂါထာတော်ကို ဓမ္မဒါနအဖြစ် ဖြန့်ဝေလိုက်ပါသည်။ ဤ လျှို့ဝှက်နက်နဲသော လောကီပညာ ဂမ္ဘီရနည်းနာကို အချိန်တန်၍သာ ကုသိုလ် အမျှဝေ ပေးလှူလိုက်ခြင်းဖြစ်ရာ ယုံကြည်လေးနက်စွာဖြင့် လိုက်နာ ဆောင်ရွက်သူများ အကျိုးများပါစေကုန်သတည်း။

သလ္လာမောင်ကိုဦး
၂၀၀၂ခုနှစ်ထုတ် ရတီ ကျောက်မျက်နှင့် လက်ဝတ်ရတနာမဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။

Post a Comment

0 Comments