ဘုရားရှင်လက်ထက်က ပြည့်တန်ဆာမလေး တစ်ယောက်အကြောင်း


မောင်လေးညီမလေးတို့ရေ ...... ပြည့်တန်ဆာမလေး တစ်ယောက်အကြောင်းပေါ့ .....
ဖတ်ပြီးရင်အောက်ကမေးခွန်းလေးလဲဖြေခဲ့နော်

★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါအုန်း သခင်မ နားကြားများလွဲ လေသလားကွယ် ။

>>> ဟုတ်ပါတယ် သခင်မ …သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်း နေ ပါတယ် ….
စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

★ ★ မဖြစ်နိုင်တာကွယ် … သခင်မဘဝမှာ အမျိုးသမီးကတွေ့ခွင့်တောင်း တယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …
တစ်လကြိုတင် ချိတ်ဆက် ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား ...။

>>> သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက် ပါသခင်မ … ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့နှစ်ကိုယ်ကြားပြောပါရစေတဲ့ ….

★ ★ ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခနစောင့်ဖို့ ပြောထားလိုက်နော် ….

> ★ < အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ ….

ကိုယ် ကို မှန်ရှေ့မှာတစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံ လေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ် …။

အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား ….


ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ ကျမ လောက်မလှပေမယ့် အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့နဲ့သက်တူရွယ်တူလောက်ရှိမယ့် မိန်းခလေး တစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခန်းနားပုံကို … စိတ်ဝင်တစားကြည့်ရင်း ကျမ ကို စောင့်နေတာ တွေ့လိုက်ရတယ် ….

★ ★ ကျမ သီရိမာ ပါ ….

သူကျမကို မော့ကြည့်ပြီး … ပစပ်အဟောင်းသားနဲ့ခနငေးမောသွားတယ် … ပြီးမှ သတိ ဝင်လာပြီး ….

★ ဒီလောက်လှပ ကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံး ဘွဲ့ကိုခံယူထားတာပဲ … ကျမတောင် ငေးမိ သွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူထေးကြီးရဲ့ ချွေးမပါရှင် …

★ ★ သြော် … နန္ဒသူထေး လေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဘူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ်ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ …

ဒီမယ် … ကျမပြောပြပါအုန်းမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူထေးသူကြွယ်တွေထဲမှာ … ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသော သူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့ သိမ်မွေ့တဲ့ … ပြုစုမှု အောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား …။

★ အင်း …. သူ သီရိမာနဲ့မတွေ့ဖူးတာ ကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမ ကပဲ သီရိမာ ဆီလာပြီး သီရိမာကလာဘို့အကူ အညီတောင်းရတော့ တာပေါ့ရှင် …. ။

★ ★ ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား ….

ကျမသိတာက ဂုဏ်သရေရှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦး လှည့်မှာသိတ်ကြောက်ကြတယ်လေ …။

★ ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူထေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားကို … သက်ဝင်ယုံကြည်မှုမရှိသေးဘူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံ သေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာဝနာကိုအားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် …

★ ★ ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ ….

★ ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမြစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ …

★ ★ အို … အမ ဥတ္တရာ … ကျမအမေ လဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံ လုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော သူလဲအိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ ဘူး ….

ခုလဲကြည့်လေ .. ကျမမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျမအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျမရဲ့ ပျိုမြစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား ….

သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် ….

★ ★ ကျမဘယ်လိုကူညီရမလဲ … ပြောလေ

★ ဆယ့်ငါးရက် တိတိ ကျမအိမ်မှာလာနေပြီး ကျမခင်ပွန်းကို … ခင်ပွန်းတစ်ယောက် လ ို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျမ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ် ….

★ ★ ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ် လို့ အမထင်လားဟင် ….

★ ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လားညီမလေးရယ် …. ပျိုမြစ်မှု နဲ့ … အလှ အပကို ကိုးကွယ်တဲ့ ယောကျ်ားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ … ။

★ ★ တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကား ကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီကို မြင်မိလို့ပါ ….။

★ ဝမ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက် ပါ့မယ် ….

★ ★ အို … ကိစ္စမရိုပါဘူးအမ … ကျမရထားနဲ့ပဲလာခဲ့ပါ့မယ် ….

အခန်း ( ၂ )

> ★< ကျမ ရဲ့ မြင်းဖြူ လေးကောင် ကတဲ့ ရထားလုံး နန္ဒ သူဌေးးလေး အိမ်ရှေ့ ရောက်တယ် ဆိုရင်ပဲ … ကျမနဲ့ အတူပါလာတဲ့ အလုပ်သမားတွေက .. ကျမကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာက အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျမကို သူ့ လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျမ သေတ္တာတွေကို သယ်သွားကြပါတယ် ….

သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် …

★ ညည်းတို့အရှင် … အခန်းတွင်းမှာလား …

>>> ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်း နဲ့ ကပ်လျှက် အခန်းမှာ ပြင်ထား ပါတယ် …. ။

★ အေး အေး မင်းတို့လွပ်လပ်စွာနေကြတော့ ….

သူကျမကိုလက်ဆွဲခေါ်လာပြီး … ကျမအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်း ရှေ့မှာ .. ရပ်ပြီး …

★ ခနတစ်ဖြုတ်နားအုန်းနော်ညီမလေး …. ခနနေ သူဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…။

> ★ < သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘဝအကြောင်းစဉ်းစားမိတယ် ….

ကျမရဲ့ မိခင်အမည်က သလ္လဝတီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ် မိန်းခလေး တစ်ယောက် သိပ်ချော သိပ်လှလို့ ( ၇ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်း ယူရပြီ ဆိုရင် …. ဒီမိန်းခလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် …

ဘုရင်ကိုယ်တိုင် …စံနန်း ဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုး ရာဇာ နဲ့ ဘုရင် ဘွဲ့ပေး ထားတဲ့ သူဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနား တွေကို ဦးစီး ရတယ် …

တစ်ပြည်ထောင်မင်းတွေကိုဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ်

ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသားက ကျမအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး )

ကျမရဲ့မိခင်ဟာ … အဘယ မင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောကျ်ားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီဝက လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် …

ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျမကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။

ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျမကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမား တော်ကြီးဇီဝက ဆိုပြီးူ ထင်ရှားခဲ့သလို … ကျမဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ် အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည် ရဲ့ အဓိကကျတဲ့ ဝန်ထမ်း တစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီး ပျိုတွေ ဟာ…. မဟာဆီမဟာ သွေး ပဲဖြစ်ရတယ် လေ ….

ကျမတတ်အပ်တဲ့တာဝန် …ဟုတ်လား …အဲ့တာတွေက ….
၁။အကမျိုးစုံ ကပြ သင်ပြတတ်ရတယ်
၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်ရတယ် …
၃။ အခါရာသီအလိုက် သင့်တော်တဲ့ဝတ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ်
၄။ ရုပ်နဲ့ လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ ကုတင် … ပန်းအလှပြင် ..စံအိမ်တော် ရှုမဝကျက်သရေနဲ့ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု
၇။ သေရည် သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျေျာ်ပုံအမျိုးမျိုးအတတ်
၉။ လေး မြှားကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ်
၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု
၁၁။ ပန်းချီ
၁၂။ အဝတ်အစား တို့ကိုကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု
၁၃။ ခလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ်
၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင် မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုငငံအတွက်သီတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် ….
၁၅။ ကွမ်းယာခြင်းအတတ်
၁၆။ အိမ်တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း …
၁၇။ လင်ယောကျ်ားနှစ်သက်ကျေနပ်အောင ်ပြုစုခြငး အတတ်နှင့်ပြန်လည် သင်ပြခြင်း အတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။
ဒါ့အပြင် မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက်ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆို ဖျော်ဖြေ ကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။
( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲ ပါတယ် …. တစ်နှစ်တစ်ကြိမ် နိင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်း သီကုံး ဖျော်ဖြေ ရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် )

ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့

ကျမအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေ ထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော် ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာ ထေရီမကြီးးး ဖြစ်နေပြီပေါ့ …

အင်း ..ကျမလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျမ ခြေထောက် လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေ ရဲ့ငွေ အား လုံး ကျမခြေထောက်အောက်ရောက်လာတာလေ ….

★ ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင် …

> ★ < သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …. ကျမရဲ့ကပ်လျှက် အခန်းထဲမှာ .. သူဌေးလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …

သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ငြားမွန်ရည်တယ် … အပူအ ပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံ ပုံပဲ …

ဥပတိရုပ် ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံး အားသန်ပုံပဲ ဆိုတာအကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ် လို ဖွယ် အဆင်း ရှိသူ လို့သတ်မှတ်ရမှာပါ…။

★ သီရိမာ …. ရောက်လာပါပြီ … အရှင့်သား ….

> ★ < သူကျမကို လှမ်းကြည့်လိုက်တယ် …ကျမလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်း သေပြီ … သူ့အကြည့်ကို ကျမရဲ့ရူပါရုံက သံလိုက်လို ဆွဲဆောင်သွားပြ ီ… မခွာ တော့ဘူး … သ ဥတ္တရာ ရှိနေတာ မသိတော့ဘူး …

★ ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေ အမှုလုပ်များ ကလဲ ရှင့်ကို .. ကျမနဲ့မခြား … ခစား ရိုသေကြပါလိမ့်မယ် ….

> ★ < ကိုယ့်ခင်ပွန်းလိုသဘောထား … ဒီစကားက ကျမကို ပီတိဖြစ်စေတယ် …

ကျမ ဥတ္တရာကိုခေါင်းညှိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံး ကြည့်နေ ရာက မခွာနိုင်သေးဘူး …။

ဥတ္တရာထွက်သွားပါတယ် … သူကျမကိုကြည့်နေတုန်း …. ကျမသူ့နားတိုး သွားလိုက် တယ် …

★ ★ ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင် …

★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ …

★ ★ ဘာလို့ …

★ ★ ★ နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များ မက်နေသလားလို့ ပါ … လှလိုက် တဲ့ သီရိမာရယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာ ကို … မတွေ့ခဲ့ရ
တာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ ...။

> ★ < ကျမလဲသူ့ကိုမြင်မြင်ချင်း စိတ်ဝင်စားမိတယ် … ဒီရက်တွေ သူ ကျမကို သူ့မျက်စိ အောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အဝတ်အစားကအစ သီရိမာ ဆင်မှ … ကျမတို့ ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျမကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုး ခစားကြတယ် … ကျမထင်တယ် .. သူကျမကိုလက်လွှတ်မခံတော့ဘူး … ကျမလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက် လိုပဲနေချင်လာတော့တယ် ….



ကျမတို့ … အချိန်တွေကိုမေ့နေကြတယ် …. သူက သူနဲ့ ကျမ စတွေ့တဲ့နေ့ကို သူနဲ့ ကျမရဲ့မင်္ဂလာအထိမ်းအမှတ်နေ့လို့သတ်မှတ်တယ် … သိပ်ပျော်နေခဲ့ကြတာ ..။

ဒီလိုနဲ့နန္ဒသူဌေးရင်ခွင်မှာ ကျမနေနေခဲ့တာ နှစ်ပတ်ပြည့်ခဲ့ပြီ ….

အင်း သမဏေ ဏ … သမဏော … ဂေါဏေ ဏ... ဂေါဏော တဲ့ …

ကိလေသာတပ်မက်သူနှင့် … တရားကျင့်သူ …
နေ့စဉ် ဗုဒ္ဓဝေယျာ ဝစ္စ နှင့် သီလမြဲသူ ဥတ္တရာနှင့် …. ကာမ ကို အလွန်အကြူးတပ်မက်သူ … နန္ဒ … စည်းဝါးမကိုက်နိုင်ပါဘူး ….

ကျမ နဲ့ နန္ဒ ကတော့ သံလိုက်နှင် သံကဲ့သို့ …. သိပ်လိုက်ဖက်တယ် …. ပြီးတော့ ကျမတို့နှစ်ယောက် မခွဲနိုင်တော့ဘူး … ကျမစိတ်ကို ကျမသိနေပြီ … ကျမ သူ့ကိုမခွဲနိုင် ဘူး ….

မနက်ဖြန်ဆယ့်ငါးရက်ပြည့်မြောက်ပြီ …. လင်သားကင်းမဲ့သောအိမ်သို့ပြန်ရတော့မည် … ငါဒီအိမ်ကိုသိပ်စက်ဆုတ်တယ် ….

အကယ်၍ ဥတ္တရာသေပြီး … ငါသာ နန္ဒ ဇနီးဖြစ် ခဲ့သော် … ကျမဆက်၍မတွေးချင်တော့ … ကျမစိတ်ထဲမှာပြင်းပြနေတာ … ကျမသာနန္ဒရဲ့ ဇနီးမယား … ဒီအိမ်ကြီးရဲ့သခင်မ …

နန္ဒ သလွန်တက်ကထပြီး … ပြူတင်းပေါက်မှာ သွားရပ်နေတာ တွေ့ရတယ် … ကျမက နန္ဒ မှီဝဲတဲ့ ရသာယနဆေးအတွက် ထောပတ် ပိသာလောက်ကို ..ကြေးအိုးနဲ့ကျိုနေတယ် … ထောပတ်တွေပွက်ပွက်ဆူနေပြီ …

ကျမ နန္ဒကို တစ်ချက်လှမ်းကြည့်လိုက်တယ် … သူပြူတင်းပေါက်ကနေ … အောက်ကို ငုံ့ ကြည့် ပီး …. ခေါင်းတညှိမ့်ညှိမ့်နဲ့ ပြုံးပြီး အခန်းထဲပြန်လှည့်ဝင်လာတယ် …

ဟင် …သူဘာကြည့်တာလဲ … ဘာလို့ပြုံးတာလဲ … ကျမအပြေးအလွှား ပြူတင်းနားကို သွားကြည့်လိုက်တယ် …

ချွေးသံ တရွှဲရွှဲ နဲ့ ဗုဒ္ဓနဲ့ သံဃာတွေအတွက် ဆွမ်းချက်နေတဲ့ … ဥတ္တရာပါလား

တောက် … ဒီမိန်းမ …

ဟားးးး …. တရားကိုပဲနှစ်သက်တဲ့ မိန်းမမှာ ဘာလို့ အဖိုးတန်လင်ယောကျ်ားရှိရတာလဲ … ငါ့လို .. ပညာတတ် အရာရာပြည့်စုံပြီး လင်သားကို မကုန်ခမ်းနိုင်တဲ့ … သာယာမှု ပေးတတ် သူ မှာ ကျတော့ ဘာလို့ လင်သားမရှိရတာလဲ …

ကျမ သူမကို စူးစူးရဲရဲ ကြည့်နေချိန်မှာ … သူမကလဲ အမှတ်တမဲ့ … မော့အကြည့် … ကျမကိုလဲတွေ့ရော … လှမ်းပြီး ပြုံးပြတယ် ….

ကြည်လင် သန့်ရှင်းတဲ့အပြုံး … ကျမဒေါသကိုဆွစေတဲ့ အပြုံး … ငါ့လောက်မချော တဲ့မိန်း မမှာ … ဘာလို့ဒီလို စွဲမက်ဖွယ် ဖြူစင်အပြစ်ကင်းတဲ့ အပြုံး ရှိနေရတာလဲ ….

သင်းက .. ငါ့ကို ခုထိ အနိုင်ယူနေတုန်းပါလားးး …

ကျမဘာမှစဉ်းစားမနေတော့ဘူး … မီးဖိုပေါ်က ကျိုက်ကျိုက်ဆူနေတဲ့ ထောပတ်ဆီပူအိုး ကို … သတိထား မ လာပြီး … ဥတ္တရာခေါင်းပေါ် လောင်းချလိုက် ပါတော့တယ် …

>>> အမလေး … ဘယ့်နှယ် လုပ်လိုက်တာတုန်း …

>>> သခင်မကို ကယ်ကြပါအုန်း …..

ဝိုင်းအော်ကြသော အသံနှင့်အတူ … ယောကျ်ားမိန်းမများ တဝုန်းဝုန်း အပေါ်ထပ်သို့ ပြေး တက်လာ ကြပြီး … ကျမကို ဆွဲထုတ် ရိုက်နှက်ကြပါတော့တယ် …

သူ့အခန်း ခနပြန်သွားတဲ့နန္ဒလဲ ပြေးထွက်လာပြီး …

★ ★ ★ ဟဲ့ ဟဲ့ သီရိမာကို မင်းတို့ဘယ်လိုပြုနေကြတာတုန်း … ဆိုပြီးတားတယ် …

>>> မဟုတ်ဘူး အရှင့်သား … သူသခင်မကို ..ထောပတ် ဆီပူရေတွေနဲ့လောင်းချတယ် အရှင့်သား ….

★ ★ ★ ဟင် … ဥတ္တရာ … ငါ့ရဲ့ဥတ္တရာ … သေရှာပြီလား …

> ★ < နန္ဒ အပူတပြင်း ပြေးဆင်းသွားတယ် …. ကျမသိသွားပြီ … ကျမရဲ့ဘဝအမှန် …
ငါကားအခစားး …. ရိုင်းရိုင်းပြောရရင် ကြေးစား …. ဥတ္တရာက နန္ဒရဲ့ ကြင်သူသက်ထား … ဇနီးမယား ….

ထာဝရမယားဖြစ်လို၍ ပြုမှား မိသည့်တိုင်အောင် နန္ဒ၏ မေတ္တာစစ်ကား … ငါ့အပေါ်မှာ မဟုတ် … ဥတ္တရာ အပေါ်မှာသာ ရှိတာငါသိရပြီ …

ဝိုင်းဝန်းရိုက်နှက်နေတာကို နာမှန်းမသိတော့ဘူး … ရှက်ခြင်း .. ပူလောင်ခြင်း … ဝမ်းနဲခြင်း … ယူကျုံးမရဖြစ်ခြင်း ရောထွေးနေခဲ့တယ် … ဒီအချိန်မှာပဲ …

ဟဲ့ … ဟဲ့ … ငါ့ကျေးဇူးရှင် ခင်ပွန်းမကို အန္တရာယ် မပြုကြနဲ့ ရပ်ကြတော့ တော်တော့ ဆိုပြီး ကျမကိုယ်ပေါ်မှာလှဲချအုတ်မိုးပြီး … ဝင်ကာတဲ့ ဥတ္တရာကိုတွေ့လိုက်ရလျှင်ပဲ … ကျမလန့်လွန်းလို့ ကြက်သေသေသွားခဲ့တယ် ….

ထောပတ်ရေတေ ွတစ်ကိုယ်လုံးရွှဲရွှဲစိုနေပါ လျှက် … ထိုအပူဟာ သူ့မေတ္တာဓါတ်ကို မကျော်လွှားနိုင်ကြောင်း … မျက်စိနဲ့ တပ်အပ်မြင်တွေ့လိုက်ရတယ် ….

★ သူမတော်တဆပြုမိတာဖြစ်မှာပါကွယ် …

>>> မဟုတ်ဘူးအရှင်မ .. သူကျကျနနလောင်းလိုက်တာ … ကျမသေသေချာတွေ့လိုက်တယ် ….

★ ကဲ ..တော်ပါပြီ …ထားလိုက်ပါတော့ … ငါ့မှာမှအန္တရာယ်မဖြစ်ပဲကွယ် … စိတ်မဆိုးကြပါနဲ့ … သူဟာ သခင်မတို့ကျေးဇူးရှင်လေ … သူသာ အရှင့်သားကို လာမပြုစုမစောင့် ရှောက ်ရင် .. သခင်မတို့လဲ … ဝိတက် .. ဝိစာရ ရှင်းရှင်းနဲ့ ဗုဒ္ဓကို ဆွမ်းလုပ်ကျွေး နိုင်မှာမဟုတ်ဘူးလေ … ကြည့်စမ်းပါအုန်း … သူ့ခမျာဒါဏ်ရာတွေတောင်ရနေရှာပြီ … မင်းတို့အားလုံး သူ့ကို တောင်းပန် လိုက်ကြ ….

သူကိုယ်တိုင် ပျာပျာသလဲ ဆေးလိမ်းပေးရှာတယ် …. နန္ဒကတော့ ကျမကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး အပါးက လှည့်ထွက် သွားတယ် ….

★ ★ ကျမ မှားပါပြီအမရယ် … အမက တစ်ကယ့် သူတော်ကောင်းပါ …

★ မငိုပါနဲ့ ညီမရယ် … မငိုပါနဲ့ … ပုထုဇဉ်ဆိုတာ … ရာဂပွားသလောက် မှားကြတာ ပဲလေ …

★ ★ ကျမတိုခွင့်လွှတ်တာ … အမကို သိပ်အံ့သြမိတယ် …. ကျမကို မမုန်းဘူးလားဟင် …။

★ ညီမလေးကိုမုန်းလိုက်ရင် …. ထောပတ်ပူတွေဟာ တစ်ကိုယ်လုံးကို … လောင်မြိုက်တော မှာပေါ့ … ကြည့်ပါလား … ညည်းလေးအမ ဘာမ မှ မဖြစ်တာ …။
ဒါဟာ အမက ညီမကိုမမုန်း ဘူဆိုတဲ့ အထင်ရှားဆုံးသက်သေပါပဲညီမလေးရယ် ….

ကျမသူ့ကိုဖက်ပြီး အားရပါးရငိုလိုက်တယ် ….

အခန်း ( ၃ )

အဲ့ဒီနေ့ကပဲ … ဥတ္တရာရဲ့ အကူအညီနဲ့ … ကျမအိမ်ကိုပြန်ခဲ့တယ် … ဗုဒ္ဓနဲ့ရဟန်း ၅၀၀ အတွက် ဆွမ်း ဆွမ်းဟင်းတို့ကို … တစ်ညလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ် ….

နောက်တစ်နေ့မှာ … ကျမပိုင်တဲ့ မြင့်ဖြူလေးကောင် ကတဲ့ ရထားလုံးပေါ်မှာ ဆွမ်းဟင်း အပြည့်နဲ့ … ဥတ္တရာအိမ်ကို ဒုတိယအကြိမ် … ရောက်လာခဲ့တယ် ….

ပထမတစ်ကြိမ်က … လျှပ်ပေါ်လော်လီသောစိတ်ဖြင့် …ကိုယ်တွင် လှသထက်လှအောင် … မာနဆောင်လာပြီး …

တခုတစ်ကြိမ်လာရာမှာတော့ …ကျိုးနွံအောက်ကျို့သော စိတ် … တစ်ညလုံးပင်ပန်း ထား သော်လည်း …. ဝင်ဝါမှုမရှိ ပကာသနမဆန်သောအဝတ်တို့နှင့် …

ဖြူစင် တက်ကြွသော အပြုံးကိုဆောင်လျှက် ….. ဆွမ်းအုတ်ကို ခြေလျှင်သယ်လာသော ကျမကို … လမ်းသွားလမ်းလာများမြင်ပြီး … ပီတိသောမနသ ဖြစ်နေကြပါတယ် …

ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အချိန်မှာ … လူအားလုံးက ဖခင် လို့ ခေါ်ရတဲ့အကြောင်းရင်းကို သိခဲ့ရတယ် ….

ဗုဒ္ဓ ကိုဒီနေ့ဒီရက်ထိ မဖူးတွေ့ပဲနေခဲ့တာ … ကျမကိုယ်ကျမ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိပါဘူး … မိသီရိမာ ….

လှလိုက်တဲ့သီရိမာရယ် …လှလိုက်တာ … ဒီနေ့ဒီရက်ထိ …သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ …. ။

မိန်းမယုတ် …. ။ (( ပြန်ကြားယောင်ပြီး ကျမကိုယ်ကျမ ကျိန်ဆဲမိ ပါပြီ )))

ဆွမ်းဘုန်းပေးပြီးနောက် …. ဗုဒ္ဓက ကျမကို ဂရုဏာ အပြည့်ပါတဲ့ အပြုံးနဲ့ လှမ်းကြည့် ပါတယ် … ကျမက

★ ★ ဖခင် … ယမန်နေ့က .. ကျမဟာ … ကျမရဲ့ကျေးဇူးရှင် … ဥတ္တရာကို မပြုကောင်း မပြု အပ သောအရာ … ထောပတ်ဆီပူလောင်းပြီးသေကြောင်းကြံခဲ့ပါတယ် … သူတော် ကောင်း ကိုစော်ကားမိတဲ့အတွက် … ကြီးစွာသော အပြစ်မှ လွတ်မြောက်ချင်တဲ့အတွက် …. ကြီးစွာသော နောင်တတရားနှင့်အတူ … အဖ ဘုရားရှင် ရှေ့မှောက် ရောက်လာခဲ့ ပါတယ် ….

★ ★ ★ ★ ချစ်သမီး …. သူတော်ကောင်းကိုပစ်မှားလျှင် … ကြီးစွာသော အပြစ်ရှိသည်ဟု မှတ်လေ လော့ …. ။

ချစ်သမီး … ချစ်သမီးတဲ့ … ဘဝမှာ တစ်ခါမှမကြားဖူးခဲ့တဲ့ … လောကမှာ ကျမကို ဒီလို ခေါ်မယ့်သူ မရှိဘူးထင်ထားတာ …. မရှိဖူးတဲ့ ဖခင်ဆိုသူ ဆီက ကြား ချင်ဆုံးစကား …. ဗုဒ္ဓက ချစ်သမီးတဲ့ … ကျမမျက်ရည်တွေကျလာပါတယ် … ။

★ ★ ★ ★ ချစ်သမီးဥတ္တရာ … ထောပတ်ဆီပူရည ်နှင့် လောင်းသောအခါ အသို့ရှိသနည်း ….

★ တပည့်တော်သည် …သီရိမာကျေးဇူးကြောင့် …ဒါနကိုပြုခွင့်ရပေသည် … သီလကို ဆောက်တည်ခွင့် ရပေသည်… ဗုဒ္ဓကို ဖူးတွေ့ဆွမ်းလုပ်ကျွေးခွင့်ရပေသည် …. သီရိမာ ကားကျေးဇူးရှင်ပေတကားဟု … လွန်စွာချစ်ကြည်သော မေတ္တာ ဓါတ်ဖြင့် ခံနေ ပါသည် ဘုရား ။

★ ★ ★ ★ သာဓု သာဓု သာဓု ဥတ္တရာ … အမျက်စောင်းမာန်ကြီးသူကို …. အမျက်မရှိခြင်းဖြင့်အောင်နိုင်ရာ၏ …။

သူတော်မဟုတ် အကျင့်ယုတ်သူကို ….
သူတော်အကျင့်ဖြင့်အောင်နိုင်ရာ၏

ဝန်တိုစဉ်းလဲ … စေးနဲသူကို ….
စွန့်ကြဲပေးကမ်း …. လှူဒါန်းခြင်းဖြင့်အောင်နိုင်ရာ၏ ….

ချွတ်လွဲဖောက်ပြန် … မမှန်စကားဆိုသူကို …
သစ္စာစကားဖြင့်အောင်နိုင်ရာ၏ ….

> ★ < ကျမ မျက်ရည်တွင်တွင် စီးကျသည်အထိ ပီတိဖြစ်ခဲ့ရသည် …. သည်မျှသော တရား အစုလေးဖြင့် ကျမစိတ်ကိုချက်ချင်းသိလိုက်ရသည် …

အယူအဆအလွဲများ … သို့လောသို့လော တွေဝေမှုများ …. အရေခွံ ကွာကျခဲ့သည် …
ဓမ္မအရသာကွန့်မြူးလျှက် … ပီတိဖြင့် ပေါ့ပါးကြည်လျှက်ရှိနေခဲ့သည်။

သံဝေဂတရား ချက်ချင်း ၇ရှိလိုက်သည် … စိတ်သည် … ဝါဂွမ်းနှယ် ပေါ့ပါး ကြည်လင် သွားခဲ့ရသည် …

အိမ်ယာသည် ၎င်း … ဥစ္စာသည် ၎င်း … ကျမ၏ရူပကာယသည်၎င်း … အစရှိသော တပ်မက်မှု အားလုံးတို့သည် …. ကျမစိတ်ထဲမှ အပြီးတိုင် စင်ကြယ်သွားခဲ့သည် ….

သာဓု သာဓု သာဓု ချစ်သမီး သီရိမာ …. သင်ချစ်သမီးကား … အရိယာမဂ် ..အယဉ် အဆင့်သို့ … ဆိုက်ရောက်ခိုဝင်ပြီး ဖြစ်ပေပြီ ….။

လောက၏ဖခင် ဗုဒ္ဓ၏ စကားသည် … အမ ဥတ္တရာတို့ တိုက်ကြီးတစ်ခုလုံး သိမ့်သိမ့် တုန်သွား သည်ဟု … ကျမထင်လိုက်မိသည် … ကျမမျက်ရည်တွေကား ရွဲရွှဲစိုလျှက်ပင် ….။

ကဲရှင် သလ္လဝတီဟာ အဘယ မင်းသားနဲ့အကြောင်းပါပြီး သားတော်ဇီဝကကိုမွေးခဲ့ပါတယ်တဲ့
ဒါဆို အမ္ဗပါလီဟာ ဗိမ္မိသာရနဲ့အကြောင်းပါပြီး သားတော်လေးတစ်ပါးဖွားမြင်ခဲ့တယ် ...သူလဲ နာမည်ကြီး ရဟန္တာပဲ အဲ့တာဘယ်သူလဲရှင်

ချမ်းမြေ့ကြပါစေရှင် .....
Credit to Uploader 
 

Zawgyi


ဘုရားရွင္လက္ထက္က ျပည့္တန္ဆာမေလး တစ္ေယာက္အေၾကာင္း

 
ေမာင္ေလးညီမေလးတို႕ေရ ...... ျပည့္တန္ဆာမေလး တစ္ေယာက္အေၾကာင္းေပါ့ .....
ဖတ္ျပီးရင္ေအာက္ကေမးခြန္းေလးလဲေျဖခဲ႕ေနာ္

★ ★ ဘယ္လို … ဘယ္လို …. ျပန္ေျပာစမ္းပါအုန္း သခင္မ နားၾကားမ်ားလြဲ ေလသလားကြယ္ ။

>>> ဟုတ္ပါတယ္ သခင္မ …သခင္မကို အမ်ိဳးသမီးတစ္ေယာက္က ေတြ႕ခြင့္ေတာင္း ေန ပါတယ္ ….

★ ★ မျဖစ္နိဳင္တာကြယ္ … သခင္မဘ၀မွာ အမ်ိဳးသမီးကေတြ႕ခြင့္ေတာင္း တယ္ဆိုတာ မျဖစ္နိင္တာပဲ … သူက ဘယ္သူလဲ … ဘာကိစၥတဲ့တုန္း …
တစ္လၾကိဳတင္ ခ်ိတ္ဆက္ ထားျခင္း မရွိရင္သခင္မ ဘယ္သူ႕မွ မေတြ႕တာ သူမသိ ဘူးလား ...။

>>> သိပ္က်က္သေရရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ ပါသခင္မ … ကိုယ္ေရးကိုယ္တာ ကိစၥေၾကာင့္ သခင္မကိုပဲေတြ႕ပါရေစ … သခင္မနဲ႕နွစ္ကိုယ္ၾကားေျပာပါရေစတဲ့ ….

★ ★ ဘုရားဘုရား … ဟုတ္ရဲ႕လားကြယ္ … ကဲကဲ … ထားပါေတာ့ သူ႕ကိုေဖ်ာ္ရည္နဲ႕ ဧည့္ခံ ထားလိုက္ပါကြယ္ … သခင္မလာခဲ့မယ္ ခနေစာင့္ဖို႕ ေျပာထားလိုက္ေနာ္ ….

> ★ < အင္း …. က်မလိုျပည့္တန္ဆာတစ္ေယာက္ကို …. အမ်ိဳးသမီးတစ္ေယာက္က … ေတြ႕ခြင့္ ေတာင္းတယ္ ဆိုပါလား ထူးဆန္လိုက္တာ ….

ကိုယ္ ကို မွန္ေရွ႕မွာတစ္ခ်က္ လွည့္ပတ္ၾကည့္လိုက္တယ္ …. ျပီးေတာ့ အေပၚရံု ေလးကို အသာအယာ ျခံဳျပီး …. ဧည့္ခန္းမဆီကိုထြက္လာခဲ့တယ္ …။

အိုး … မ်က္နွာေလးက က်က္သေရရွိသလို ေအးခ်မ္းလွပါလား ….


ဧည့္ခန္း စႏၵကူးေညာင္ေစာင္းမွာ ထိုင္ေနတဲ့ က်မ ေလာက္မလွေပမယ့္ အျပစ္ကင္းစင္တဲ့ မ်က္နွာေလးနဲ႕ က်က္သေရရွိေနတဲ့ က်မနဲ႕နဲ႕သက္တူ၇ြယ္တူေလာက္ရွိမယ့္ မိန္းခေလး တစ္ေယာက္ … က်မဧည့္ခန္း အျပင္အဆင္ခန္းနားပံုကို … စိတ္၀င္တစားၾကည့္ရင္း က်မ ကို ေစာင့္ေနတာ ေတြ႕လိုက္ရတယ္ ….

★ ★ က်မ သီရိမာ ပါ ….

သူက်မကို ေမာ့ၾကည့္ျပီး … ပစပ္အေဟာင္းသားနဲ႕ခနေငးေမာသြားတယ္ … ျပီးမွ သတိ ၀င္လာျပီး ….

★ ဒီေလာက္လွပ ေက်ာ့ရွင္းျပီး က်က္သေရရွိလွတာ …. သီရိမာပဲျဖစ္မွာေပါ့ … နိဳင္ငံေတာ္ရဲ႕ အေခ်ာဆံုး အလွဆံုး က်က္သေရအရွိဆံုး ဘြဲ႕ကိုခံယူထားတာပဲ … က်မေတာင္ ေငးမိ သြားရတယ္ …. က်မက ဥတၱရာပါ …. သုမန သူေထးၾကီးရဲ႕ ေခၽြးမပါရွင္ …

★ ★ ေၾသာ္ … နႏၵသူေထး ေလးရဲ႕ ၾကင္ယာကိုး …. နာမည္ကို ၾကားဘူးတာၾကာပါပေကာ ရွင္ … သိပ္ေတာ္ျပီး ခင္ပြန္းကိုသိပ္္ဂရုစိုက္တဲ့ …. မိန္းမျမတ္ေလးတဲ့ … က်မယံုသြားျပီ …

ဒီမယ္ … က်မေျပာျပပါအုန္းမယ္ …. ဒီနိဳင္ငံရဲ႕မင္းမ်ိဳးမင္းႏြယ္ သူေထးသူၾကြယ္ေတြထဲမွာ … က်မဆီကို ေရာက္မလာတဲ့ တစ္ဦးတည္းေသာ သူကိုျပပါဆိုရင္ေလ …. ရွင့္ရဲ႕နဴးညံ့ သိမ္ေမြ႕တဲ့ … ျပဳစုမွဳ ေအာက္က ရွင့္ခင္ပြန္းပဲရွင္ သိရဲ႕လား …။

★ အင္း …. သူ သီရိမာနဲ႕မေတြ႕ဖူးတာ ေၾကာင့္ သီရိမာဆီမလာတာေၾကာင့္ က်မမွာ … အခက္ေတြေတြ႕ျပီး ေနာက္ဆံုး … က်မ ကပဲ သီရိမာ ဆီလာျပီး သီရိမာကလာဘို႕အကူ အညီေတာင္းရေတာ့ တာေပါ့ရွင္ …. ။

★ ★ ဟင္ … ဘယ္လို … က်မဒီေန႕ဘာျဖစ္တယ္မသိဘူးရွင္ … ထူးဆန္းတာေတြနဲ႕ပဲ ၾကံဳေတြ႕ ေနရတယ္ … တခုခုမွားေနသလားပဲ … က်မအထင္ … အမက က်မကို ရွင့္ခင္ပြန္းနဲ႕ ေတြ႕ေစခ်င္သလားပဲ …. ဟုတ္လား ….

က်မသိတာက ဂုဏ္သေရ၇ွိအမ်ိဳးသမီးေတြက … သူတို႕ ခင္ပြန္းေတြကို … က်မဆီေျခဦး လွည့္မွာသိတ္ေၾကာက္ၾကတယ္ေလ …။

★ ေျပာရမွာေတာ့အားနာပါတယ္ သီရိမာ …. က်မဖခင္ သုမနသူေထးနဲ႕ က်မခင္ပြန္းဟာ … ဗုဒၶရဲ႕တရားကို … သက္၀င္ယံုၾကည္မွဳမရွိေသးဘူးေလ … ဗုဒၶရဲ႕ အဆံုးအမကို လက္မခံ ေသးဘူး … က်မကေတာ့ က်မ မိဘေတြလို ဒါန သီလ ဘာ၀နာကိုအားကိုးျပဳျပီးေနတယ္ … ဒါေပမယ့္ ရွင္သိလား သီရိမာ … က်မေလ သူနဲ႕အေၾကာင္းပါျပီးကတည္းကစလို႕ … က်မ ကိုေလ ဥပုသ္ေလးေတာင္ေစာင့္ခြင့္မေပးပဲ …ေန႕စဥ္သူ႕ကိုပဲ ျပဳစုေစတယ္ …

★ ★ ခစ္ခစ္ … အမခင္ပြန္းက အမကို သိပ္ခ်စ္တာေပါ့ ….

★ ဒါခ်စ္တာလို႕ေခၚလား သီရိမာ …. ပ်ိဳျမစ္မွဳေတြကုန္သြားခ်ိန္ေရာ …. အဆင္းလွတုန္း … အရြယ္နဳပ်ိဳတုန္း က်န္းမာသန္စြမ္းတုန္းေတာ့ … ခ်စ္တာေပါ့ …

★ ★ အို … အမ ဥတၱရာ … က်မအေမ လဲဒီလိုပဲ သိလား … ဘုရင္မင္းျမတ္ကအစ တစ္နိဳင္ငံ လံုး အနမ္းခံရတဲ့ ပန္းကေလး … ေဟာ သူလဲအိုမင္းေရာ … ဘယ္သူမွ အေရးမလုပ္ေတာ့ ဘူး ….

ခုလဲၾကည့္ေလ .. က်မမပါရင္ … ဘုရင္မင္းၾကီး ဘာပြဲမွလုပ္လို႕မရဘူး …. ဘယ္သံတမန္ ဧည့္သည္မွ ေတြ႕လိုမရဘူး … က်မအားတဲ့ရက္ကို သူညွိျပီးစီစဥ္ရတာ …. ေျပာျပစမ္းပါ အမဥတၱရာ … က်မရဲ႕ ပ်ိဳျမစ္ျခင္းကဘယ္ေလာက္ထိခံမလဲ … ေနာက္ ငါးနွစ္လား … ေနာက္ဆယ္နွစ္လား ….

သူမက က်မတို ညီမငယ္ေလး တစ္ေယာက္ လို ျမတ္နိဳးစြာ ျပံဳးၾကည့္ေနတယ္ ….

★ ★ က်မဘယ္လိုကူညီရမလဲ … ေျပာေလ

★ ဆယ့္ငါးရက္ တိတိ က်မအိမ္မွာလာေနျပီး က်မခင္ပြန္းကို … ခင္ပြန္းတစ္ေယာက္ လ ို ျပဳစုေပးပါညီမရယ္ … ဗုဒၶနဲ႕ သံဃာေတာ္ေတြကို … က်မ ဆြမ္းဖိတ္လုပ္ေကၽြးခ်င္တယ္ … သီလေဆာက္တည္ခ်င္တယ္ … ဆယ့္ငါးရက္ထဲပါ …. က်သင့္ေငြကို ခုထဲကေပးခဲ့ပါ့မယ္ ညီမရယ္ ….

★ ★ ဆယ့္ငါးရက္ေတာင္ … မ်ားလွပါလား … ျပီးေတာ့ အမခင္ပြန္းက က်မျပဳစုလုပ္ေကၽြးတာ နွစ္သက္မယ္ လို႕ အမထင္လားဟင္ ….

★ ငါ့ညီမေလာက္လွတာ … ရာဇျဂိဳဟ္မွာ ရွိလို႕လားညီမေလးရယ္ …. ပ်ိဳျမစ္မွဳ နဲ႕ … အလွ အပကို ကိုးကြယ္တဲ့ ေယာက်္ားတစ္ေယာက္က … ေလာကမွာ အလွဆံုးလို႕ ေျပာလို႕ရတဲ့ ညီမကို မနွစ္သက္ဘူးဆိုရင္ .. က်ိန္းေသျပီ … သူဟာေယာဂီပဲ … အမခင္ပြန္းအေၾကာင္း အမသိပါတယ္ညီမငယ္ … သူမင္းနဲ႕ေတြ႕တာေနာက္က်တယ္ေတာင္ထင္မွာ … ။

★ ★ တစ္ကယ္ဆို က်မ ဒါမ်ိဳး ရက္ရွည္ ျပဳစုရတာလက္မခံခ်င္ဘူး … အားလံုးကို ေန႕ပိုင္း နာရီပိုင္း ေလာက္ပဲျပဳစုရတာ .. ဒါေပမယ့္ …ခင္ပြန္းအတြက္ … ဇနီးကိုယ္တိုင္ လာတယ္ ဆိုေတာ့ က်မလက္ခံလိုက္ပါ့မယ္ … ျပီးေတာ့ဗုဒၶအတြက္ ဆိုတဲ့စကား ကိုၾကားရေတာ့ က်မတို႕အႏြယ္ ရဟႏၱာမၾကီး အမၺပါလီကို ျမင္မိလို႕ပါ ….။

★ ၀မ္းသာလိုက္တာ ညီမငယ္ … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက္ျဖန္ ရထား လႊတ္လိုက္ ပါ့မယ္ ….

★ ★ အို … ကိစၥမရိုပါဘူးအမ … က်မရထားနဲ႕ပဲလာခဲ့ပါ့မယ္ ….

အခန္း ( ၂ )

> ★< က်မ ရဲ႕ ျမင္းျဖဴ ေလးေကာင္ ကတဲ့ ရထားလံုး နႏၵ သူေဌးးေလး အိမ္ေရွ႕ ေရာက္တယ္ ဆိုရင္ပဲ … က်မနဲ႕ အတူပါလာတဲ႕ အလုပ္သမားေတြက .. က်မကို တံခါးဖြင့္ေပးခ်ိန္မွာ … ဥတၱရာက အိမ္ထဲက ျပံဳးရႊင္စြာေျပးထြက္လာျပီး …. ရထားေပၚကဆင္းမယ့္က်မကို သူ႕ လက္နွစ္ဖက္နဲ႕ ဆီးၾကိဳ ေဖးမပါတယ္ … အသင့္ေစာင့္ေနတဲ့သူ႕အေျခြရံေတြက … က်မ ေသတၱာေတြကို သယ္သြားၾကပါတယ္ ….

သူက်မလက္ကို ဆြဲျပီး ခမ္းနားလွတဲ့ ေဂဟာၾကီးအေပၚတက္လာခဲ့တယ္ …. ေလွခါးထိပ္ နွစ္ဖက္မွာ မိန္းမပ်ိဳနွစ္ေယာက္စီက က်မတို႕ကိုအရိုအေသေပးၾကတယ္ …

★ ညည္းတို႕အရွင္ … အခန္းတြင္းမွာလား …

>>> ဟုတ္ကဲ့ပါသခင္မ … ဧည့္သည္အတြက္ သခင့္အခန္း နဲ႕ ကပ္လွ်က္ အခန္းမွာ ျပင္ထား ပါတယ္ …. ။

★ ေအး ေအး မင္းတို႕လြပ္လပ္စြာေနၾကေတာ့ ….

သူက်မကိုလက္ဆြဲေခၚလာျပီး … က်မအတြက္ျပင္ထားတဲ့အခန္း လို႕ထင္ရတဲ့အခန္း ေရွ႕မွာ .. ရပ္ျပီး …

★ ခနတစ္ျဖဳတ္နားအုန္းေနာ္ညီမေလး …. ခနေန သူေဌးမင္းနဲ႕ေတြ႕ဖို႕ အမလာေခၚမယ္…။

> ★ < သလြန္ေပၚမွာထိုင္ရင္း ..က်မဘ၀အေၾကာင္းစဥ္းစားမိတယ္ ….

က်မရဲ႕ မိခင္အမည္က သလႅ၀တီ …. ဗိမၼိသာရမင္းၾကီးရဲ႕ အမတ္ခ်ဳပ္ၾကီးရဲ႕ သမီး … ေ၀သာလီ ဂဏ နိဳင္ငံေတြရဲ႕ဥပေဒအရ … နိဳင္ငံတစ္နိဳင္ငံက … ျမင့္ျမတ္တဲ့မ်ိဳးႏြယ္ မိန္းခေလး တစ္ေယာက္ သိပ္ေခ်ာ သိပ္လွလို႕ ( ၇ ) ျပည္ေထာင္မင္းေတြ လာေတာင္းရမ္း ယူရျပီ ဆိုရင္ …. ဒီမိန္းခေလးကို … နိဳင္ငံေတာ္ရဲ႕သမီး … ျမင့္ျမတ္သူအားလံုးပိုင္သူ … ဆိုတဲ့ဘြဲ႕ေပးရတယ္ …

ဘုရင္ကိုယ္တိုင္ …စံနန္း ဥယ်ာဥ္ ေဆာက္ေပးရတယ္ … မင္းစိုး ရာဇာ နဲ႕ ဘုရင္ ဘြဲ႕ေပး ထားတဲ့ သူေဌးေတြကို … ျပဳစုရတယ္ …. မင္းခမ္း မင္းနား ေတြကို ဦးစီး ရတယ္ …

တစ္ျပည္ေထာင္မင္းေတြကိုဧည့္ခံရတယ္ …. စစ္မက္အေရး အရိပ္အျမြက္ရွိရင္ …မာယာနဲ႕ ညွိနွိဳင္းရတယ္ … သတင္းနွိဳက္ရတယ္

ဒီလိုဘြဲ႕ေပးလိုက္တဲ့အခ်ိန္မွာ … က်မမိခင္ရဲ႕ခ်စ္သူ အဘယ မင္းသားက က်မအေမကို နွစ္ခ်ီျပီး ငွားခဲ့တယ္ ( ဥပေဒကိုမွ မလြန္ဆန္နိဳင္ပဲကိုး )

က်မရဲ႕မိခင္ဟာ … အဘယ မင္းသားနဲ႕ အေၾကာင္းျပဳစံုမက္ျပီး … သားေလးတစ္ေယာက္ ဖြားျမင္ခဲ့တယ္ …. သားေယာက်္ားေလး ဂုဏ္မငယ္ရေအာင္ … အဘယဘုရင္ကိုယ္တိုင္ နန္းတြင္းေခၚယူ သူ႕ရင္ေသြးေလးကို ဇီ၀က လို႕မွည့္ျပီး … နန္းတြင္းမွာထားခဲ့တယ္ …

က်မကိုေမြးဖြားခဲ့တဲ့အခါမွာေတာ့ … မေအတူတဲ့အျပင္ ..မေအထက္ေတာင္နဴးညံ့လွပလို႕ ….က်မကို မိခင္ရဲ႕အရိုက္အရာကို ဆက္ခံေစခဲ့တယ္ … ။

က်မမိခင္ၾကီးကြယ္လြန္တဲ့အခါ … က်မကိုသိပ္ခ်စ္တဲ့ က်မရဲ႕ အကိုၾကီး ဟာ … သမား ေတာ္ၾကီးဇီ၀က ဆိုျပီးူ ထင္ရွားခဲ့သလို … က်မဟာလဲ …. ရာဇျဂိဳဟ္ရဲ႕ ရုပ္ အဆင္း အဂၤါ ၾကန္အင္လကၡဏာ … ပညာ … အျဖာျဖာနဲ႕ျပည့္စံုတဲ့ …. မင္းအသိအမွတ္ျပဳ … တိုင္းျပည္ ရဲ႕ အဓိကက်တဲ႕ ၀န္ထမ္း တစ္ဦးျဖစ္လာတာေပါ့ …. ဒီလိုနိဳင္ငံ့ သမီး ပ်ိဳေတြ ဟာ…. မဟာဆီမဟာ ေသြး ပဲျဖစ္ရတယ္ ေလ ….

က်မတတ္အပ္တဲ့တာ၀န္ …ဟုတ္လား …အဲ့တာေတြက ….
၁။အကမ်ိဳးစံု ကျပ သင္ျပတတ္ရတယ္
၂။ တူရိယာပစၥည္းမ်ိဳးစံု…တီးတတ္ရတယ္ …
၃။ အခါရာသီအလိုက္ သင့္ေတာ္တဲ့၀တ္စားဆင္ယင္မွဳ ကိုယ္တုိင္ေရာ… မင္းအခမ္းနားအတြက္ေရာ…ဘုရင္ကိုပါ…ဆင္ျမန္းနိဳင္ရတယ္
၄။ ရုပ္နဲ႕ လိုက္တဲ့ ျခယ္သျပင္ဆင္မွဳ
၅။ အိပ္ယာ ကုတင္ … ပန္းအလွျပင္ ..စံအိမ္ေတာ္ ရွဳမ၀က်က္သေရနဲ႕ျပည့္စံုေအာင္ ျပင္ဆင္မွဳ
၆။ လူအမ်ိဳးမ်ိဳး… နွစ္သက္ေပ်ာ္ရႊင္ေအာင္ျပဳစုမွဳ
၇။ ေသရည္ ေသရက္ အမ်ိဳးမ်ိဳး ေရာစပ္ရာမွာလိမ္မာမွဳ
၈။ ကာမေမြ႕ေလ််ာ္ပံုအမ်ိဳးမ်ိဳးအတတ္
၉။ ေလး ျမွားက်ည္..ဒါဏ္ရာခြဲစိတ္ကုသေပးရတဲ့အတတ္
၁၀။ အခ်က္အျပဳတ္ကၽြမ္းက်င္လိမ္မာမွဳ
၁၁။ ပန္းခ်ီ
၁၂။ အ၀တ္အစား တို႕ကိုကိုယ္တိုင္စံျပခ်ဳပ္လုပ္တတ္မွဳ
၁၃။ ခေလးသူငယ္တို႕အား ေစာင့္ေရွာက္မွဳအတတ္
၁၄။ ဘာသာမ်ိဳးစံုကိုေရးနိဳင္ဖတ္နိဳင္ျပီး …တိုင္းတစ္ပါးမွ ဘုရင္ မင္းသား စသည္ သံတမန္မ်ားကိုျပဳစုစဥ္ …နိဳငငံအတြက္သီတင္းအခ်က္အလက္မ်ားကို … နွိဳက္ယူစံုစမ္းျခင္းအတတ္ ….
၁၅။ ကြမ္းယာျခင္းအတတ္
၁၆။ အိမ္္တြင္းပရိေဘာဂနွစ္သက္ဖြယ္ထားသိုျခင္း …
၁၇။ လင္ေယာက်္ားနွစ္သက္ေက်နပ္ေအာင ္ျပဳစုျခငး အတတ္နွင့္ျပန္လည္ သင္ျပျခင္း အတတ္
၁၈။ နိဳ႕ ေထာပတ္ .. မလိုင္ …ဒိန္ခဲ စသည္တို႕ကိုကိုယ္တိုင္စီရင္ျခင္းအတတ္…။
ဒါ့အျပင္ မင္းမွဳထမ္းတို႕ကိုလဲနိဳင္ငံေတာ္တြက္ၾကိဳးစားခ်င္စိတ္ရွိေအာင္သီခ်င္းစပ္ဆို ေဖ်ာ္ေျဖ ကျပျခင္း … ရဲစိတ္ ရဲမာန္ျပည့္၀ေအာင္ သီခ်င္းမ်ားစပ္ေဖ်ာ္ေျဖေပးျခင္း …ဒါေတြ တတ္ရတာေပါ့ …။
( ျပည္သူေတြက ဘုရင္ကို ေတြ႕ရခဲသလို က်မကိုလဲ ေတြ႕ခဲ ပါတယ္ …. တစ္နွစ္တစ္ၾကိမ္ နိင္ငံသူနိဳင္ငံသားေတြ မင္းမွဳထမ္း ရဲမက္ေတြကို သီခ်င္း သီကံုး ေဖ်ာ္ေျဖ ရတယ္ ျပည္သူ ေတြကလဲက်မကို သိတ္ျမတ္နိဳးတယ္ )

ဒါေၾကာင့္ နိဳင္ငံေတာ္ကေခ်သည္ဆိုတာ …. နိဳင္ငံဂုဏ္ေဆာင္ ပညာရွိ … မင္းမ်ိဳးႏြယ္ ဆိုပါေတာ့

က်မအေမနဲ႕ ေခတ္ျပိဳင္ အမၺပါလီဆိုတဲ့ ေ၀သာလီက ကေခ်သည္ ဆိုရင္ေလ … မူးၾကီး မတ္ၾကီးေတြ ထက္ေတာင္ ပညာသာလြန္တဲ့အျပင္ … ေဟာ .. အခုဆိုရင္ ေလ ... ဗုဒၶရဲ႕ သမီးေတာ္ ဘုရင္ေတာင္ဦးခိုက္ရတဲ့ ရဟႏၱာ ေထရီမၾကီးးး ျဖစ္ေနျပီေပါ့ …

အင္း ..က်မလဲတစ္ေန႕ေန႕မွာဗုဒၶကို …ယံုၾကည္သူျဖစ္မလားမသိဘူး …ဒါေပမယ့္ … က်မ ကေတာ့ လက္ရွိက်မရဲ႕ပ်ိဳျမစ္နဳနယ္မွဳကို …. သိပ္သေဘာက်တယ္ …. က်မ ေျခေထာက္ ေလးတစ္ခ်က္ခတ္လိုက္တာနဲ႕ …. ဘုရင္ကအစ ..မင္းေဆြစိုးမ်ိဳး သူေဌးေတြ ရဲ႕ေငြ အား လံုး က်မေျခေထာက္ေအာက္ေရာက္လာတာေလ ….

★ ေဒါက္ ေဒါက္ … ညီမေရ ..သူေဌးမင္းနဲ႕ေတြ႕ရေအာင္ …

> ★ < သူ႕ေနာက္ကေန … ခပ္ယို႕ယို႕လိုက္သြားလိုက္တယ္ …. က်မရဲ႕ကပ္လွ်က္ အခန္းထဲမွာ .. သူေဌးေလးကို .. သလြန္ေညာင္ေစာင္းေပၚ ထိုင္ေနတာေတြ႕ရတယ္ …

သူ … ေသရည္ကို ေရႊခြက္နဲ႕ေသာက္ေနတုန္းအခ်ိန္ … ခန္႕ျငားမြန္ရည္တယ္ … အပူအ ပင္ အေၾကာင့္အက် … စိတ္ေသာကကို … သူ႕စိတ္ထဲအေရာက္မခံ ပံုပဲ …

ဥပတိရုပ္ ေကာင္းသလို … ဥတၱရာေျပာသလိုပဲ … ကာမသုခလႅိကာနဳေယာဂ … က်င့္သံုး အားသန္ပံုပဲ ဆိုတာအကဲခတ္လို႕ရတယ္ … ဘယ္လိုပဲဆိုဆို … သေဘာထားေျဖာင့္စင္းျပီး နွစ္ လို ဖြယ္ အဆင္း ရွိသူ လို႕သတ္မွတ္ရမွာပါ…။

★ သီရိမာ …. ေရာက္လာပါျပီ … အရွင့္သား ….

> ★ < သူက်မကို လွမ္းၾကည့္လိုက္တယ္ …က်မလဲသူ႕ကို စိုက္ၾကည့္လိုက္တဲ့အခ်ိန္မွာ … က်ိန္း ေသျပီ … သူ႕အၾကည့္ကို က်မရဲ႕ရူပါရံုက သံလိုက္လို ဆြဲေဆာင္သြားျပ ီ… မခြာ ေတာ့ဘူး … သ ဥတၱရာ ရွိေနတာ မသိေတာ့ဘူး …

★ ကဲ … သီရိမာ … ကိုယ့္အိမ္ … ကိုယ့္ခင္ပြန္းလိုသေဘာထား … ေပ်ာ္ေပ်ာ္ေနေနာ္ … အိမ္ေစ အမွဳလုပ္မ်ား ကလဲ ရွင့္ကို .. က်မနဲ႕မျခား … ခစား ရိုေသၾကပါလိမ့္မယ္ ….

> ★ < ကိုယ့္ခင္ပြန္းလိုသေဘာထား … ဒီစကားက က်မကို ပီတိျဖစ္ေစတယ္ …

က်မ ဥတၱရာကိုေခါင္းညွိမ့္ျပလိုက္တယ္ … နႏၵကေတာ့ က်မကိုေျခဆံုးေခါင္းဆံုး ၾကည့္ေန ရာက မခြာနိဳင္ေသးဘူး …။

ဥတၱရာထြက္သြားပါတယ္ … သူက်မကိုၾကည့္ေနတုန္း …. က်မသူ႕နားတိုး သြားလိုက္ တယ္ …

★ ★ ဘာစကားမွမေျပာေတာ့ဘူးလား … သီရိမာကိုအလိုမရွိဘူးလားဟင္ …

★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ္ပါဘူး … ျဗဳန္းကနဲဆိုေတာ့ေလ … အံ့ၾသသြားလို႕ပါ …

★ ★ ဘာလို႕ …

★ ★ ★ နတ္သမီးတစ္ပါး က်ဳပ္ေရွ႕ေရာက္လာတယ္လို႕ … အိမ္မက္မ်ား မက္ေနသလားလို႕ ပါ … လွလိုက္ တဲ႕ သီရိမာ၇ယ္ … လွလိုက္တာ … ဒီေန႕ဒီရက္ထိ … သီရိမာ ကို … မေတြ႕ခဲ့ရ
တာ … သြားမရွာခဲ့တာကိုေတာ့ .. ကိုယ့္ကိုကိုယ္ … ခြင့္မလႊတ္နိဳင္ေအာင္ပါပဲ ...။

> ★ < က်မလဲသူ႕ကိုျမင္ျမင္ခ်င္း စိတ္၀င္စားမိတယ္ … ဒီရက္ေတြ သူ က်မကို သူ႕မ်က္စိ ေအာက္က အေပ်ာက္မခံဘူး … ေနာက္ဆံုး အစားအေသာက္ကိုေတာင္ သီရိမာ ..ျပင္ဆင္ေပးမွ … အ၀တ္အစားကအစ သီရိမာ ဆင္မွ … က်မတို႕ ကမာၻမွာ .. ဥတၱရာ မရွိေတာ့ဘူး … ေက်းကၽြန္ေတြကလဲ က်မကို … အိမ္ၾကီးသခင္ … သူေဌးကေတာ္ၾကီးလို ..ရုိက်ိဳး ခစားၾကတယ္ … က်မထင္တယ္ .. သူက်မကိုလက္လႊတ္မခံေတာ့ဘူး … က်မလဲ အိမ္ေထာင္ရွင္မိန္းမတစ္ေယာက္ လိုပဲေနခ်င္လာေတာ့တယ္ ….



က်မတို႕ … အခ်ိန္ေတြကိုေမ့ေနၾကတယ္ …. သူက သူနဲ႕ က်မ စေတြ႕တဲ့ေန႕ကို သူနဲ႕ က်မရဲ႕မဂၤလာအထိမ္းအမွတ္ေန႕လို႕သတ္မွတ္တယ္ … သိပ္ေပ်ာ္ေနခဲ့ၾကတာ ..။

ဒီလိုနဲ႕နႏၵသူေဌးရင္ခြင္မွာ က်မေနေနခဲ့တာ နွစ္ပတ္ျပည့္ခဲ့ျပီ ….

အင္း သမေဏ ဏ … သမေဏာ … ေဂါေဏ ဏ... ေဂါေဏာ တဲ့ …

ကိေလသာတပ္မက္သူနွင့္ … တရားက်င့္သူ …
ေန႕စဥ္ ဗုဒၶေ၀ယ်ာ ၀စၥ နွင့္ သီလျမဲသူ ဥတၱရာနွင့္ …. ကာမ ကို အလြန္အၾကဴးတပ္မက္သူ … နႏၵ … စည္း၀ါးမကိုက္နိဳင္ပါဘူး ….

က်မ နဲ႕ နႏၵ ကေတာ့ သံလိုက္နွင္ သံကဲ့သို႕ …. သိပ္လိုက္ဖက္တယ္ …. ျပီးေတာ့ က်မတို႕နွစ္ေယာက္ မခြဲနိဳင္ေတာ့ဘူး … က်မစိတ္ကို က်မသိေနျပီ … က်မ သူ႕ကိုမခြဲနိဳင္ ဘူး ….

မနက္ျဖန္ဆယ့္ငါးရက္ျပည့္ေျမာက္ျပီ …. လင္သားကင္းမဲ့ေသာအိမ္သို႕ျပန္ရေတာ့မည္ … ငါဒီအိမ္ကိုသိပ္စက္ဆုတ္တယ္ ….

အကယ္၍ ဥတၱရာေသျပီး … ငါသာ နႏၵ ဇနီးျဖစ္ ခဲ့ေသာ္ … က်မဆက္၍မေတြးခ်င္ေတာ့ … က်မစိတ္ထဲမွာျပင္းျပေနတာ … က်မသာနႏၵရဲ႕ ဇနီးမယား … ဒီအိမ္ၾကီးရဲ႕သခင္မ …

နႏၵ သလြန္တက္ကထျပီး … ျပဴတင္းေပါက္မွာ သြားရပ္ေနတာ ေတြ႕ရတယ္ … က်မက နႏၵ မွီ၀ဲတဲ့ ရသာယနေဆးအတြက္ ေထာပတ္ ပိသာေလာက္ကို ..ေၾကးအိုးနဲ႕က်ိဳေနတယ္ … ေထာပတ္ေတြပြက္ပြက္ဆူေနျပီ …

က်မ နႏၵကို တစ္ခ်က္လွမ္းၾကည့္လိုက္တယ္ … သူျပဴတင္းေပါက္ကေန … ေအာက္ကို ငံု႕ ၾကည့္ ပီး …. ေခါင္းတညွိမ့္ညွိမ့္နဲ႕ ျပံဳးျပီး အခန္းထဲျပန္လွည့္၀င္လာတယ္ …

ဟင္ …သူဘာၾကည့္တာလဲ … ဘာလို႕ျပံဳးတာလဲ … က်မအေျပးအလႊား ျပဴတင္းနားကို သြားၾကည့္လိုက္တယ္ …

ေခၽြးသံ တရႊဲရႊဲ နဲ႕ ဗုဒၶနဲ႕ သံဃာေတြအတြက္ ဆြမ္းခ်က္ေနတဲ့ … ဥတၱရာပါလား

ေတာက္ … ဒီမိန္းမ …

ဟားးးး …. တရားကိုပဲနွစ္သက္တဲ့ မိန္းမမွာ ဘာလို႕ အဖိုးတန္လင္ေယာက်္ားရွိရတာလဲ … ငါ့လို .. ပညာတတ္ အရာရာျပည့္စံုျပီး လင္သားကို မကုန္ခမ္းနိဳင္တဲ့ … သာယာမွဳ ေပးတတ္ သူ မွာ က်ေတာ့ ဘာလို႕ လင္သားမရွိရတာလဲ …

က်မ သူမကို စူးစူးရဲရဲ ၾကည့္ေနခ်ိန္မွာ … သူမကလဲ အမွတ္တမဲ့ … ေမာ့အၾကည့္ … က်မကိုလဲေတြ႕ေရာ … လွမ္းျပီး ျပံဳးျပတယ္ ….

ၾကည္လင္ သန္႕ရွင္းတဲ့အျပံဳး … က်မေဒါသကိုဆြေစတဲ့ အျပံဳး … ငါ့ေလာက္မေခ်ာ တဲ့မိန္း မမွာ … ဘာလို႕ဒီလို စြဲမက္ဖြယ္ ျဖဴစင္အျပစ္ကင္းတဲ့ အျပံဳး ရွိေနရတာလဲ ….

သင္းက .. ငါ့ကို ခုထိ အနိဳင္ယူေနတုန္းပါလားးး …

က်မဘာမွစဥ္းစားမေနေတာ့ဘူး … မီးဖိုေပၚက က်ိဳက္က်ိဳက္ဆူေနတဲ့ ေထာပတ္ဆီပူအိုး ကို … သတိထား မ လာျပီး … ဥတၱရာေခါင္းေပၚ ေလာင္းခ်လိုက္ ပါေတာ့တယ္ …

>>> အမေလး … ဘယ့္နွယ္ လုပ္လိုက္တာတုန္း …

>>> သခင္မကို ကယ္ၾကပါအုန္း …..

၀ိုင္းေအာ္ၾကေသာ အသံနွင့္အတူ … ေယာက်္ားမိန္းမမ်ား တ၀ုန္း၀ုန္း အေပၚထပ္သို႕ ေျပး တက္လာ ၾကျပီး … က်မကို ဆြဲထုတ္ ရိုက္နွက္္ၾကပါေတာ့တယ္ …

သူ႕အခန္း ခနျပန္သြားတဲ့နႏၵလဲ ေျပးထြက္လာျပီး …

★ ★ ★ ဟဲ့ ဟဲ့ သီရိမာကို မင္းတို႕ဘယ္လိုျပဳေနၾကတာတုန္း … ဆိုျပီးတားတယ္ …

>>> မဟုတ္ဘူး အရွင့္သား … သူသခင္မကို ..ေထာပတ္ ဆီပူေရေတြနဲ႕ေလာင္းခ်တယ္ အရွင့္သား ….

★ ★ ★ ဟင္ … ဥတၱရာ … ငါ့ရဲ႕ဥတၱရာ … ေသရွာျပီလား …

> ★ < နႏၵ အပူတျပင္း ေျပးဆင္းသြားတယ္ …. က်မသိသြားျပီ … က်မရဲ႕ဘ၀အမွန္ …
ငါကားအခစားး …. ရိုင္းရိုင္းေျပာရရင္ ေၾကးစား …. ဥတၱရာက နႏၵရဲ႕ ၾကင္သူသက္ထား … ဇနီးမယား ….

ထာ၀ရမယားျဖစ္လို၍ ျပဳမွား မိသည့္တိုင္ေအာင္ နႏၵ၏ ေမတၱာစစ္ကား … ငါ့အေပၚမွာ မဟုတ္ … ဥတၱရာ အေပၚမွာသာ ရွိတာငါသိရျပီ …

၀ိုင္း၀န္းရိုက္နွက္ေနတာကို နာမွန္းမသိေတာ့ဘူး … ရွက္ျခင္း .. ပူေလာင္ျခင္း … ၀မ္းနဲျခင္း … ယူက်ံဳးမရျဖစ္ျခင္း ေရာေထြးေနခဲ့တယ္ … ဒီအခ်ိန္မွာပဲ …

ဟဲ့ … ဟဲ့ … ငါ့ေက်းဇူးရွင္ ခင္ပြန္းမကို အႏၱရာယ္ မျပဳၾကနဲ႕ ရပ္ၾကေတာ့ ေတာ္ေတာ့ ဆိုျပီး က်မကိုယ္ေပၚမွာလွဲခ်အုတ္မိုးျပီး … ၀င္ကာတဲ့ ဥတၱရာကိုေတြ႕လိုက္ရလွ်င္ပဲ … က်မလန္႕လြန္းလို႕ ၾကက္ေသေသသြားခဲ့တယ္ ….

ေထာပတ္ေရေတ ြတစ္ကိုယ္လံုးရႊဲရႊဲစိုေနပါ လွ်က္ … ထိုအပူဟာ သူ႕ေမတၱာဓါတ္ကို မေက်ာ္လႊားနိဳင္ေၾကာင္း … မ်က္စိနဲ႕ တပ္အပ္ျမင္ေတြ႕လိုက္ရတယ္ ….

★ သူမေတာ္တဆျပဳမိတာျဖစ္မွာပါကြယ္ …

>>> မဟုတ္ဘူးအရွင္မ .. သူက်က်နနေလာင္းလိုက္တာ … က်မေသေသခ်ာေတြ႕လိုက္တယ္ ….

★ ကဲ ..ေတာ္ပါျပီ …ထားလိုက္ပါေတာ့ … ငါ့မွာမွအႏၱရာယ္မျဖစ္ပဲကြယ္ … စိတ္မဆိုးၾကပါနဲ႕ … သူဟာ သခင္မတို႕ေက်းဇူးရွင္ေလ … သူသာ အရွင့္သားကို လာမျပဳစုမေစာင့္ ေရွာက ္ရင္ .. သခင္မတို႕လဲ … ၀ိတက္ .. ၀ိစာရ ရွင္းရွင္းနဲ႕ ဗုဒၶကို ဆြမ္းလုပ္ေကၽြး နိဳင္မွာမဟုတ္ဘူးေလ … ၾကည့္စမ္းပါအုန္း … သူ႕ခမ်ာဒါဏ္ရာေတြေတာင္ရေနရွာျပီ … မင္းတို႕အားလံုး သူ႕ကို ေတာင္းပန္ လိုက္ၾက ….

သူကိုယ္တိုင္ ပ်ာပ်ာသလဲ ေဆးလိမ္းေပးရွာတယ္ …. နႏၵကေတာ့ က်မကို စူးစူး၀ါး၀ါး တစ္ခ်က္ၾကည့္ျပီး အပါးက လွည့္ထြက္ သြားတယ္ ….

★ ★ က်မ မွားပါျပီအမရယ္ … အမက တစ္ကယ့္ သူေတာ္ေကာင္းပါ …

★ မငိုပါနဲ႕ ညီမရယ္ … မငုိပါနဲ႕ … ပုထုဇဥ္ဆိုတာ … ရာဂပြားသေလာက္ မွားၾကတာ ပဲေလ …

★ ★ က်မတိုခြင့္လႊတ္တာ … အမကို သိပ္အံ့ၾသမိတယ္ …. က်မကို မမုန္းဘူးလားဟင္ …။

★ ညီမေလးကိုမုန္းလိုက္ရင္ …. ေထာပတ္ပူေတြဟာ တစ္ကိုယ္လံုးကို … ေလာင္ျမိဳက္ေတာ မွာေပါ့ … ၾကည့္ပါလား … ညည္းေလးအမ ဘာမ မွ မျဖစ္တာ …။
ဒါဟာ အမက ညီမကိုမမုန္း ဘူဆိုတဲ့ အထင္ရွားဆံုးသက္ေသပါပဲညီမေလးရယ္ ….

က်မသူ႕ကိုဖက္ျပီး အားရပါးရငိုလိုက္တယ္ ….

အခန္း ( ၃ )

အဲ့ဒီေန႕ကပဲ … ဥတၱရာရဲ႕ အကူအညီနဲ႕ … က်မအိမ္ကိုျပန္ခဲ့တယ္ … ဗုဒၶနဲ႕ရဟန္း ၅၀၀ အတြက္ ဆြမ္း ဆြမ္းဟင္းတို႕ကို … တစ္ညလံုးကိုယ္တိုင္ခ်က္ျပဳတ္ခဲ့တယ္ ….

ေနာက္တစ္ေန႕မွာ … က်မပိုင္တဲ့ ျမင့္ျဖဴေလးေကာင္ ကတဲ့ ရထားလံုးေပၚမွာ ဆြမ္းဟင္း အျပည့္နဲ႕ … ဥတၱရာအိမ္ကို ဒုတိယအၾကိမ္ … ေရာက္လာခဲ့တယ္ ….

ပထမတစ္ၾကိမ္က … လွ်ပ္ေပၚေလာ္လီေသာစိတ္ျဖင့္ …ကိုယ္တြင္ လွသထက္လွေအာင္ … မာနေဆာင္လာျပီး …

တခုတစ္ၾကိမ္လာရာမွာေတာ့ …က်ိဳးႏြံေအာက္က်ိဳ႕ေသာ စိတ္ … တစ္ညလံုးပင္ပန္း ထား ေသာ္လည္း …. ၀င္၀ါမွဳမရွိ ပကာသနမဆန္ေသာအ၀တ္တို႕နွင့္ …

ျဖဴစင္ တက္ၾကြေသာ အျပံဳးကိုေဆာင္လွ်က္ ….. ဆြမ္းအုတ္ကို ေျခလွ်င္သယ္လာေသာ က်မကို … လမ္းသြားလမ္းလာမ်ားျမင္ျပီး … ပီတိေသာမနသ ျဖစ္ေနၾကပါတယ္ …

ဗုဒၶကိုေတြ႕လိုက္ရတဲ့အခ်ိန္မွာ … လူအားလံုးက ဖခင္ လို႕ ေခၚရတဲ့အေၾကာင္းရင္းကို သိခဲ့ရတယ္ ….

ဗုဒၶ ကိုဒီေန႕ဒီရက္ထိ မဖူးေတြ႕ပဲေနခဲ့တာ … က်မကိုယ္က်မ ခြင့္လႊတ္နိဳင္စရာ အေၾကာင္း မရွိပါဘူး … မိသီရိမာ ….

လွလိုက္တဲ့သီရိမာရယ္ …လွလိုက္တာ … ဒီေန႕ဒီရက္ထိ …သီရိမာကို … မေတြ႕ခဲ့ရတာ … သြားမရွာခဲ့တာကိုေတာ့ .. ကိုယ့္ကိုကိုယ္ … ခြင့္မလႊတ္နိဳင္ေအာင္ပါပဲ …. ။

မိန္းမယုတ္ …. ။ (( ျပန္ၾကားေယာင္ျပီး က်မကိုယ္က်မ က်ိန္ဆဲမိ ပါျပီ )))

ဆြမ္းဘုန္းေပးျပီးေနာက္ …. ဗုဒၶက က်မကို ဂရုဏာ အျပည့္ပါတဲ့ အျပံဳးနဲ႕ လွမ္းၾကည့္ ပါတယ္ … က်မက

★ ★ ဖခင္ … ယမန္ေန႕က .. က်မဟာ … က်မရဲ႕ေက်းဇူးရွင္ … ဥတၱရာကို မျပဳေကာင္း မျပဳ အပ ေသာအရာ … ေထာပတ္ဆီပူေလာင္းျပီးေသေၾကာင္းၾကံခဲ့ပါတယ္ … သူေတာ္ ေကာင္း ကိုေစာ္ကားမိတဲ့အတြက္ … ၾကီးစြာေသာ အျပစ္မွ လြတ္ေျမာက္ခ်င္တဲ့အတြက္ …. ၾကီးစြာေသာ ေနာင္တတရားနွင့္အတူ … အဖ ဘုရားရွင္ ေရွ႕ေမွာက္ ေရာက္လာခဲ့ ပါတယ္ ….

★ ★ ★ ★ ခ်စ္သမီး …. သူေတာ္ေကာင္းကိုပစ္မွားလွ်င္ … ၾကီးစြာေသာ အျပစ္ရွိသည္ဟု မွတ္ေလ ေလာ့ …. ။

ခ်စ္သမီး … ခ်စ္သမီးတဲ့ … ဘ၀မွာ တစ္ခါမွမၾကားဖူးခဲ့တဲ့ … ေလာကမွာ က်မကို ဒီလို ေခၚမယ့္သူ မရွိဘူးထင္ထားတာ …. မရွိဖူးတဲ့ ဖခင္ဆိုသူ ဆီက ၾကား ခ်င္ဆံုးစကား …. ဗုဒၶက ခ်စ္သမီးတဲ့ … က်မမ်က္ရည္ေတြက်လာပါတယ္ … ။

★ ★ ★ ★ ခ်စ္သမီးဥတၱရာ … ေထာပတ္ဆီပူရည ္နွင့္ ေလာင္းေသာအခါ အသို႕ရွိသနည္း ….

★ တပည့္ေတာ္သည္ …သီရိမာေက်းဇူးေၾကာင့္ …ဒါနကိုျပဳခြင့္ရေပသည္ … သီလကို ေဆာက္တည္ခြင့္ ရေပသည္… ဗုဒၶကို ဖူးေတြ႕ဆြမ္းလုပ္ေကၽြးခြင့္ရေပသည္ …. သီရိမာ ကားေက်းဇူးရွင္ေပတကားဟု … လြန္စြာခ်စ္ၾကည္ေသာ ေမတၱာ ဓါတ္ျဖင့္ ခံေန ပါသည္ ဘုရား ။

★ ★ ★ ★ သာဓု သာဓု သာဓု ဥတၱရာ … အမ်က္ေစာင္းမာန္ၾကီးသူကို …. အမ်က္မရွိျခင္းျဖင့္ေအာင္နိဳင္ရာ၏ …။

သူေတာ္မဟုတ္ အက်င့္ယုတ္သူကို ….
သူေတာ္အက်င့္ျဖင့္ေအာင္နိဳင္ရာ၏

၀န္တိုစဥ္းလဲ … ေစးနဲသူကို ….
စြန္႕ၾကဲေပးကမ္း …. လွဴဒါန္းျခင္းျဖင့္ေအာင္နိဳင္ရာ၏ ….

ခၽြတ္လြဲေဖာက္ျပန္ … မမွန္စကားဆိုသူကို …
သစၥာစကားျဖင့္ေအာင္နိဳင္ရာ၏ ….

> ★ < က်မ မ်က္ရည္တြင္တြင္ စီးက်သည္အထိ ပီတိျဖစ္ခဲ့ရသည္ …. သည္မွ်ေသာ တရား အစုေလးျဖင့္ က်မစိတ္ကိုခ်က္ခ်င္းသိလိုက္ရသည္ …

အယူအဆအလြဲမ်ား … သို႕ေလာသို႕ေလာ ေတြေ၀မွဳမ်ား …. အေရခြံ ကြာက်ခဲ့သည္ …
ဓမၼအရသာကြန္႕ျမဴးလွ်က္ … ပီတိျဖင့္ ေပါ့ပါးၾကည္လွ်က္ရွိေနခဲ့သည္။

သံေ၀ဂတရား ခ်က္ခ်င္း ၇ရွိလိုက္သည္ … စိတ္သည္ … ၀ါဂြမ္းနွယ္ ေပါ့ပါး ၾကည္လင္ သြားခဲ့ရသည္ …

အိမ္ယာသည္ ၄င္း … ဥစၥာသည္ ၄င္း … က်မ၏ရူပကာယသည္၄င္း … အစရွိေသာ တပ္မက္မွဳ အားလံုးတို႕သည္ …. က်မစိတ္ထဲမွ အျပီးတိုင္ စင္ၾကယ္သြားခဲ့သည္ ….

သာဓု သာဓု သာဓု ခ်စ္သမီး သီရိမာ …. သင္ခ်စ္သမီးကား … အရိယာမဂ္ ..အယဥ္ အဆင့္သို႕ … ဆိုက္ေရာက္ခို၀င္ျပီး ျဖစ္ေပျပီ ….။

ေလာက၏ဖခင္ ဗုဒၶ၏ စကားသည္ … အမ ဥတၱရာတို႕ တိုက္ၾကီးတစ္ခုလံုး သိမ့္သိမ့္ တုန္သြား သည္ဟု … က်မထင္လိုက္မိသည္ … က်မမ်က္ရည္ေတြကား ရြဲရႊဲစိုလွ်က္ပင္ ….။

ကဲရွင္ သလႅ၀တီဟာ အဘယ မင္းသားနဲ႕အေၾကာင္းပါျပီး သားေတာ္ဇီ၀ကကိုေမြးခဲ့ပါတယ္တဲ့
ဒါဆို အမၺပါလီဟာ ဗိမၼိသာရနဲ႕အေၾကာင္းပါျပီး သားေတာ္ေလးတစ္ပါးဖြားျမင္ခဲ့တယ္ ...သူလဲ နာမည္ၾကီး ရဟႏၱာပဲ အဲ့တာဘယ္သူလဲရွင္

ခ်မ္းေျမ့ၾကပါေစရွင္ .....
Credit to Uploader

Post a Comment

0 Comments