Steam Summer Sale ကို June 23 ရက်နေ့က စလိမ့်မယ်လို့ သတင်းတွေ ထွက်



Valve က အတိအကျ မကြေညာသေးသော်လည်း Steam Summer Sale ကို June 23 ရက်နေ့က စလိမ့်မယ်လို့ သတင်းတွေ ထွက်လာနေပါတယ်။ ဒီသတင်း ပြောတဲ့သူက Reddit က user တစ်ဦးဖြစ်သူ MrFreemanBBQ ဖြစ်ပါတယ်။ သူက ဒီနှစ် summer sale အချိန်ကာလက June 23 ရက်နေ့ မနက် 9:45 ကနေ July 4 ရက် မနက် 10 နာရီအထိ ဖြစ်တယ်လို့ အတိအကျ ပြောနေပါတယ်။

သူကအရင် 2015 summer sale တုန်းကလည်း ဒီလိုပဲ အရင် ပြောပြီး Reddit network ပေါ် တင်ခဲ့ပါတယ်။ သူပြောပြီး သိပ်မကြာပါ။ သူပြောတဲ့ ရက်အတိုင်း အတိအကျကို Valve က Summer Sale စတင်ခဲ့ပါတယ်။ 2012 Summer Sale နဲ့ 2013 Holiday Sale တုန်းကလည်း သူပြောတာ မှန်ခဲ့ပါတယ်။ အခုတစ်ကြိမ်မှာလည်း မှန်မမှန်ကိုတော့ စောင့်ကြည့်ရဦးမှာပါ။

KSA

Original Link => http://www.polygon.com/2016/5/16/11682936/steam-summer-sale-2016-dates-leak

Post a Comment

0 Comments