(Unicode) နောင်လာမယ့် နှစ်နှစ်အတွင်း cracked game တွေ ထွက်လာဖို့ မရှိကြောင်း 3DM group က ပြောဆို


3DM က game တွေကို piracy ဖောက်ပြီး free ဆော့ရအောင် လုပ်ပေးတဲ့ တရုတ်ပြည်က အကြီးဆုံး hacker အုပ်စု ဖြစ်ပါတယ်။

မြန်မာပြည်မှာက Original PC DVD တွေဝယ်ဖို့က delivery စနစ်၊ ဈေးကြီးတဲ့ ကုန်ကျစရိတ်၊ international shipping မှာ market တော်တော်များများမှာ မြန်မာနိုင်ငံအတွက် မပါတာကြောင့် မလွယ်ကူပါ။ သူများ နိုင်ငံတွေထက်စာရင် game တွေက ၂ဆလောက်ကို ဈေးကြီးနေပါတယ်။ ပြီးတော့ game တစ်ခု ဝယ်ပြီးလျှင် Digital အနေနဲ့ဆို game ကို download ဆွဲရပါတယ်။ ဒီအခါ game တစ်ခုတစ်ခုဆိုရင် size က 20 to 50GB ကျော်လောက် ရှိတတ်တာကြောင့် အဲ့ဒီ game ကို download ဆွဲဖို့ဆိုရင် လိုင်းကောင်း 1mb (or) 2mbs full speed internet လိုပါတယ်။ ငွေကြေးအနေအထားအရရော online စနစ် အဆင်မပြေမှုတွေကြောင့် game တွေကို တရားဝင် ဝယ်ယူ အားပေးချင်သော်လည်း မဝယ်နိုင်ကြတော့ 3DM တို့ Codex တို့ရဲ့ game တွေကို free ဆော့ရအောင် လုပ်ထားတဲ့ cracked game တွေကို အားထားနေရပါတယ်။

3DM အဖွဲ့က DRM (Digital Right Management) တစ်ခုဖြစ်တဲ့ Denuvo ဆိုတဲ့ နည်းစနစ်တစ်မျိုးသုံးထားသော လတ်တလော နာမည်ကြီးနေတဲ့ game ဖြစ်တဲ့ Just Cause 3 ကို crack လုပ်ရာတွင် မအောင်မြင်ကြောင်း ပြောဆိုလိုက်ပါတယ်။ Denuvo နည်းစနစ် သုံးထားတဲ့ game တွေ crack လုပ်ဖို့ရာ ခက်ခဲတာကြောင့် ဒီစနစ်ကို ဖောက်ထွင်းဖို့နည်းလမ်း ရှာတွေ့ဖို့က အချိန်ကြာမည် ဖြစ်တဲ့အတွက် နောင်လာမယ့် နှစ်နှစ်အတွင်း cracked game တွေ ထွက်လာဖို့ မဖြစ်နိုင်တော့ကြောင်း ခန့်မှန်း ပြောကြားလိုက်ပါတယ်။

Cracked game တွေ မထွက်တဲ့အတွက်ကြောင့် ဆော့ချင်လျှင် Steam တွင် ဒေါ်လာဖြင့် ဝယ်ရပါမယ်။ DRM စနစ်ကြောင့် cracked game တွေလို data file တွေ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့မရပါ။ ဒီ computer ကနေ game ဝယ်ထားလျှင် ဒီ computer မှာပဲ data ကို download လုပ်ပြီး ဆော့ရပါမယ်။ တစ်ခြား computer မှာ ဆော့ချင်လို့ ဒီ computer ကနေ data ကူးယူသွားပြီး တခြား computer မှာ သွင်း ဆော့လို့မရပါ။ ဒါပေမယ့် steam မှာ family share ဆိုပြီး စနစ်တစ်မျိုး ရှိပါတယ်။ ဒီစနစ်က game ကို ဝယ်ထားတဲ့ သူသာ မက တခြားသူတွေပါ ဝယ်စရာမလို အလကား ဆော့ရအောင် ပြုလုပ်ပေးပါတယ်။ ဒါပေမယ့် ဒီလို share တာက account ၅ ခု အထိပဲ share လို့ရပါတယ်။ ပြီးတော့ အမြဲတမ်း internet နဲ့ ချိတ်ပြီး online ဖြစ်နေမှ ရတာပါ။ Buy now ဆိုပြီး advertisement တွေ အမြဲ ပေါ်လာတတ်ပါတယ်။ ဒီလို share ရတာက game တိုင်း မရပါဘူး။ ဒီလို share ထားတဲ့ ၅ ယောက်က တစ်ပြိုင်နက်တည်း ဆော့လို့မရပါ။ share ထားတဲ့ account တွေ ထုတ်လိုက် ထည့်လိုက် လုပ်နေရင် Steam က Abuse လုပ်တယ်လို့ ထင်မှတ်သွားရင်တော့ share ထားတဲ့ game အပြင် တရားဝင် ဝယ်ထားတဲ့ တခြား game တွေပါ ဆော့လို့မရအောင် ban လိုက်တတ်ပါတယ်။
Denuvo စနစ်က ဈေးကြီးလွန်းတာကြောင့် game developer တွေ တော်တော်များများ မသုံးနိုင်ကြပါဘူး။ ဒီစနစ် သုံးထားတဲ့ game တွေဆို သာမာန်တွေထက် ဈေးများပါတယ်။ ဒါကြောင့် မဝယ်ခင်မှာ သေချာ စူးစမ်း လေ့လာ စမ်းသပ်ကြည့်ပြီးမှ ဝယ်ယူသင့်ပါကြောင်းးးးးးးးး

Reference - Steam, Torrentfreak, Gamespot

KSA

Post a Comment

0 Comments