ကိုယ့်အတွက် ဒိုင်ယာရီရေးတယ်ဆိုတာ


ငါ့ရဲ့ နေ့စဉ် ဒိုင်ယာရီ ရေးတဲ့ အကျင့် စွဲမြဲသွားတာ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြယူရတယ်။ ကလေးမွေးပြီးမှ အဖေဆုံးသွားပြီး နောက်ပိုင်းမှ စွဲမြဲလာတဲ့ အလေ့အကျင့်တခု။
သူများတွေ ဒိုင်ယာရီရေးတယ်ဆိုတာ ဘယ်လိုနေလည်း မသိပေမဲ့

ကိုယ့်အတွက်က

ကလေးရဲ့ နေ့စဥ်မိုးသောက် အိပ်ချိန် နိုးချိန် ချီးပါချိန် ရေချိုးချိန် ထမင်းကျွေးချိန် မှတ်တယ်။
ကလေးချီးအနေအထား၊ ကလေးကျန်းမာရေးအခြေအနေ၊ တိုးတက်မှု အကုန်မှတ်တယ်။
ကိုယ် ဒီနေ့ ဘာလုပ်တယ်၊ ဘယ်နနာရီမှာ၊ ဖြစ်ပျက်ခဲ့တာကအစ ရေးတယ်။
ကိုယ်မြင်နေရတဲ့ ကိုယ့်အိမ်ကလူတွေရဲ့ တနေ့တာလုပ်ဆောင်မှုတွေလည်း ရေးတယ်။ (count your blessings each day ဆိုတဲ့ စကားလို)
တနေ့အတွင်း ဖြစ်ပျက်တဲ့ ကိုယ့် Emotion, Thought တွေချရေးတယ်။
စိတ်တိုရင် ဒိုင်ယာရီထဲ ပေါက်ကွဲပလိုက်တယ်။ ဝမ်းနည်းရင်လည်း စကားလုံးအဖြစ်ပြောင်းပြီး ဒိုင်ယာရီထဲ ချရေးလိုက်တယ်။ ပျော်ရင်လည်း ဒိုင်ယာရီထဲ ပျော်။

ဒိုင်ယာရီရေးတဲ့အကျင့် စလုပ်ကတည်းက ကိုယ့်မှာ တိုးတက်မှုတွေ ခံစားလာရတယ်။ Emotion တွေ ထိန်းလာနိုင်တာ တွေ့ရတယ်။ Time management ပိုကောင်းလာတယ်။ ကိုယ့် Version ကိုယ်မြင်လာရပြီး ဟာကွက်တွေ မြင်လာတယ်။ ဟာကွက်တွေ ဖြည့်ဖို့ ကြိုးစားရင်း တဖြည်းဖြည်းနဲ့ Inner self က Better version ဖြစ်လာသလို ခံစားလာရတယ်။ ဝမ်းသာပီတိ ဖြစ်လာတယ်။ ကျေနပ်မှုရှိလာတယ်။ ကျေးဇူးတင်တတ်လာတယ်။ ကိုယ့် ဝါသနာလေးတွေ အသစ်ပေါ်လာပြီး လုပ်ဖြစ်လာတော့ ဘဝမှာ နေရတာ ပိုပျော်လာတယ်။

တကယ်တော့ အဖေဆုံးတဲ့ ဝမ်းနည်းမှုတွေကို လျှော့ချနိုင်ဖို့ ဒိုင်ယာရီရေးတဲ့ အလေ့အကျင့် စလုပ်ဖြစ်ခဲ့တာ။ အသစ်တွေ ဝင်လာဖို့ အဟောင်းတွေ ထွက်ခွါပေးရတာ ဆိုတဲ့ စကားလို။

Post a Comment

0 Comments