Location Link

တခါတလေမှာ Chat box ထဲ "နေရာနာမည် ( ??, ??)" စာသားနဲ့ ပေါ်လာတာ မြင်ရပါလိမ့်မယ်။ ဥပမာပြရရင် Tempest (17.8, 13.8) လိုမျိုးပေါ့


မောက်စ်နဲ့ သွားထောက်ကြည့်မိတော့ နှိပ်ရတာ တွေ့ရတယ်။ နှိပ်ကြည့်မိတော့ Map ရဲ့ တနေရာကို အလံနီလေးနဲ့ ထောက်ပြထားတာ တွေ့ရတယ်။

Chat Box ထဲမယ် အဲ့လိုမျိုး ကိုယ်ပြချင်တဲ့ နေရာကို အတိအကျထောက်ပြလို့ ရအောင် ဘယ်လိုလုပ်ရလဲ?

  • ကိုယ်ရပ်နေတဲ့နေရာကို ထောက်ပြချင်ရင် Chat Box ထဲ <pos> လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။


  • မြေပုံပေါ် Map ပေါ် တနေရာရာကို ထောက်ပြချင်ရင် Map ပေါ် ကိုယ်ထောက်ပြချင်တဲ့ နေရာကို Ctrl နှိပ်ထားလျက်နဲ့ Right click နှိပ်ပြီး Enter တချက် ခေါက်လိုက်ရင် Chat box ထဲ <flag> ဆိုတဲ့စာသား ပေါ်လာပါလိမ့်မယ်။ Enter နောက်တချက် ထပ်ခေါက် ပါ။ (Ctrl + Right Click)

Location ကို Chat box ထဲပြတာက အတော် အသုံးဝင်ပါတယ်။ တခုခုပြချင်တာပဲ ဖြစ်ဖြစ် တနေရာမှာ စုခိုင်းတာ၊ လာခိုင်းတာပဲ ဖြစ်ဖြစ် နေရာအတိအကျသိရတော့ အသုံးဝင်ပါတယ်။ ပြီးတော့ Hunt အကောင်တွေရဲ့ နေရာပြချင်ရင်လည်း ဒီလို ပြကြလေ့ရှိပါတယ်။

-----Crd to Khay-----

အများအားဖြင့် hunt တို့ eureka တို့မှာအောက် macro အတိုင်း သုံးကြတာများပါတယ်

<t> <thpp> <pos>

အဲ့ဒါဆိုရင်တော့ တစ်ခါထဲနဲ့ target နာမည် နေရာနဲ့ HP ဘယ်လောက်ကျန်သေးလဲဆိုတာကို တစ်ခါထဲ ဖော်ပြပေးပါတယ်

<t> : လက်ရှိ မိမိ target လုပ်ထားတဲ့ Player, NPC, object နာမည်
<pos> : လက်ရှိ target လုပ်ထားတဲ့ Player, NPC, Object ရဲ့ location coordinate ( အကယ်လို့ target ထောက်မထားဘူးဆိုရင် မိမိရဲ့ location coordinate ကိုပို့ပေးပါတယ်)

<targethpp>, <thpp> : လက်ရှိ target လုပ်ထားတဲ့ Player, NPC, Object ရဲ့  ကျန်ရှိနေသေးတဲ့ HP ပမဏ

-----Crd to Khay-----

Post a Comment

0 Comments