Final Fantasy XIV -Free Company-

Free company ဆိုတာကတော့ FFXIV က Guild or Clan သဘောမျိုးပါဘဲ။ free company ရှိခြင်းရဲ့ အကျိုးကျေးဇူးတွေထဲကတစ်ခုကတော့ Company buff တွေကနေ Level တင်တဲ့သူတွေအတွက်ဆိုရင် DOH/DOL jobs တွေအတွက် XP ပေါင်းတဲ့ buff တွေ၊ Teleportation fees လျှော့ပေးတဲ့ buff တွေ၊ food duration ပေါင်းတဲ့ buff တွေ၊ Attribute ပေါင်းပေးတာ အစရှိတဲ့ buff တွေပါပဲ။
နောက်တစ်ခုကတော့ Raid/ mount farm/ treasure hunts တွေအတူတူလုပ်လို့ရတဲ့ Community/Friends တွေရလာနိုင်တာပါပဲ။

တကယ်လို့ FFXIV ကို တစ်ယောက်တည်းမဟုတ်ပဲ community တစ်ခုနဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ဆော့ချင်တယ်ဆိုရင်တော့ free company (FC) တစ်ခုရှိတာက ကိုယ့်အတွက်အများကြီး ပိုအဆင်ပြေနိုင်ပါတယ်။

အဲ့ဒီတော့ Free company တစ်ခု Join ချင်ရင် ဒါမှမဟုတ် ကိုယ်တိုင် တည်ထောင်ချင်ရင်ဘာတွေလိုအပ်မလဲ ဆိုတာတွေကို Rox ကပြောပြပေးသွားပါမယ်။

 

 

Free company ဘယ်လိုတည်ထောင်ရမလဲ?

Free company တစ်ခုကို စပြီး create လုပ်တော့မယ်ဆိုရင် player တစ်ယောက်က အနည်းဆုံး Level 25 ရှိရမှာဖြစ်ပြီး Grand company (MSQ:The Company You Keep) တစ်ခုခုကို join ပြီးသားဖြစ်ရပါမယ်။

နောက်တစ်ခုက ကိုယ်ပိုင် free company တစ်ခုလုပ်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၄နာရီအတွင်း အခြား free company ကနေ ထွက်ထားတာမျိုး မရှိရပါဘူး။

ဒါတွေအကုန်လုံးနဲ့ ကိုက်ညီပြီဆိုရင် Uldah/Limsa lominsa/Gridania မှာရှိတဲ့ ကိုယ် join ထားတဲ့ Grand company က OIC administrator ဆိုတဲ့ NPC ဆီကနေ free company စလုပ်ဖို့အတွက် Petition သွားယူရပါမယ်။

Petition ရပြီဆို ကိုယ့်ရဲ့ free company အတွက် နာမည်ရယ်၊ FC tag (ကိုယ့် fc member တွေရဲ့ နာမည်ဘေးမှာရှိမယ့် FC နာမည် အတိုကောက်) ကို ဖြည့်ပေးရပါမယ်။ နောက်တစ်ခုကတော့ တစ်ယောက်တည်း play တဲ့သူတွေအတွက် နည်းနည်းတိုင်ပတ်မှာပါ။

ဘာလဲဆိုတော့ player ၃ ယောက်ရဲ့ လက်မှတ်လိုတာပါ။ အဲ့တော့ ကိုယ့်မှာ FC မရှိတဲ့ သူငယ်ချင်း ၃ယောက်ရှိမှ ရမှာပါ။ မရှိရင်တော့ FC မရှိသေးတဲ့ player ၃ယောက်ကို ရွာရိုးကိုးပေါက် လိုက်ရှာပြီး လက်မှတ်ထိုးပေးဖို့ အကူညီလိုက်တောင်းရတော့မှာပါ။ 

Rox ဆိုရင် Rox ရဲ့ free company ကိုလုပ်တုန်းက အဲ့လိုလုပ်ခဲ့ရတာပါ။ အလွယ်ဆုံးကတော့ အခုမှစဆော့တဲ့ players တွေရှိမယ့်နေရာမျိုးတွေမှာသာ သွားရှာပြီး အကူအညီတောင်းတာမျိုးပေါ့။ ဟုတ်ပြီ။ လက်မှတ် ၃ ခုရပြီးပြီဆိုရင်တော့ ခုနက OIC administrator ဆီပြန်သွားပြီး form ကိုပြန်သွားပြီး form နဲ့အတူ Gil 15,000 ပေးလိုက်ပါ။

အဲ့တာဆိုရင်တော့ ကိုယ့်ရဲ့ကိုယ်ပိုင် FC တစ်ခုရသွားပါပြီ။

 


Free company ဘယ်လို join ရမလဲ?

FC တစ်ခု join မယ်ဆိုရင်တော့ join မယ့် FC က ကိုယ် play နေတဲ့ world မှာရှိတဲ့ FC ဖြစ်ရပါမယ်။
နောက်တစ်ခုက ကိုယ် join ချင်တဲ့ FC ကို application တင်ရင်တင် မတင်ရင် အဲ့ဒီ FC က FC invitation လုပ်ပေးဖို့ permission ရှိတဲ့သူတစ်ယောက်ယောက်ကို စကားသွားပြောပြီး ကိုယ့်ကို invite လုပ်ပေးဖို့ အကူညီတောင်းနိုင်ပါတယ်။

FC တစ်ခု join ဖို့ minimum level requirement မရှိပါဘူး။ ဒါပေမယ့် free trial version မဖြစ်ရပါဘူး။

ကဲ . . . . ဒါဆိုရင်တော့ Free company joinတာ create တာနဲ့ပတ်သတ်ပြီး သိသင့်တာတွေအကုန်စုံလင်သွားပါပြီ။

Enjoy your time in Eorzea with friends!

Free Company ကို ဝင်လိုပါက

1. မိမိ ဝင် Join လိုသော Free Company က member ကို ထောက်ပြီး Right click နှိပ်ပါ။ Menu တခု ပေါ်လာပါမည်။ ဒီအထဲက View Company Profile ကို နှိပ်ပါ။ 

2. Company Profile ပေါ်လာလျှင် Submit application ကိုနှိပ်ပါ။

 

3. Message တွင် ထို FC ထဲ ဝင်ချင်လိုသော အကြောင်းအရာ ရေးပါ။ ပြီးလျှင် Confirm ကို နှိပ်ပါ။

4. သင် ပို့လိုက်သော Application ကို သူတို့ လက်ခံလိုက်လျှင် သင်ဟာ ထို Free Company ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သွားပြီ ဖြစ်ပါတယ်။

ပို့လိုက်သော Application ကို ပြန် ရုတ်သိမ်းလိုလျှင်

1. ညာဘက်အောက်ထောင့်နားက Social ဆိုတဲ့ Icon ကိုနှိပ်ပါ။ ထိုအထဲက Free Company ကို နှိပ်ပါ။

2. Company Profile ဝင်းဒိုးက Withdraw Application ကို နှိပ်ပါ။

3. Yes ကို နှိပ်ပါ။

 
 

FC leader တွေအနေနဲ့ မိမိ FC ကို ပို့လာသော Application တွေကို လက်ခံလိုပါက

 
1. INFO အောက်က Company Profile ထဲက Edit Profile ကို နှိပ်ပါ။ Accept Application ကို အမှတ်ခြစ်ပြီး Confirm လုပ်ပေးနိုင်ပါတယ်။
 
 
2. Application ပို့ထားသောသူရဲ့ နာမည်ဟာ မိမိ Free Company ရဲ့ Member list မှာ ပေါ်လာမှာ ဖြစ်ပါတယ်။

3. Application ပို့ထားသော Player ရဲ့ နာမည်ကို Right click နှိပ်၊ ပေါ်လာတဲ့ Menu ငယ်ထဲက Approve သို့ Deny လုပ်နိုင်ပါတယ်။

-------------------------------

FC က မြောက်များစွာ ရှိပါတယ်။ ကျနော်တို့ မြန်မာ Fc တွေလည်း ရှိကြပါတယ်။ ကျနော် သိသလောက် ဖော်ပြပေးသွားပါမယ်။
ကိုယ်ဝင် Join လိုတဲ့ FC တွေ့ရင် comment မှာ ပြောထားရစ်လို့ ရပါတယ်။

မြန်မာတွေ အများဆုံး စုနေကြတဲ့ Elemental ဆာဗာ နှင့် Mana ဆာဗာက World တွေက FC တွေ ဖြစ်ပါတယ်။

Note : Free trial သမားတွေ ဝင်လို့ မရပါ။

Server - Mana
World - Hades
https://na.finalfantasyxiv.com/lodestone/freecompany/9229986698807564236/

Server - Elemental
World - Atomos
https://na.finalfantasyxiv.com/lodestone/freecompany/9232942186063061137/

Server - Elemental
World - Tonberry
https://na.finalfantasyxiv.com/lodestone/freecompany/9233505136016485474/

Server - Elemental
World - Tonberry
https://na.finalfantasyxiv.com/lodestone/freecompany/9233505136016360432/

Server - Elemental
World - Atomos
https://na.finalfantasyxiv.com/lodestone/freecompany/9232942186063067736/

--End--

Post a Comment

0 Comments