Final Fantasy 14 Sub နဲ့ ဆော့သမားတွေ Playtime 15 ရက် အလကားရမဲ့ Bonus

Sub နဲ့ ဆော့သမားတွေ Playtime 15 ရက် အလကားရမဲ့ Bonus

Sub နဲ့ဆော့သမားတွေဟာ New world သို့ Preferred world တွေမှာ Character create လုပ်ပြီး ဆော့လို့ Level 30 ရောက်လို့ရှိရင် ဂိမ်းက Playtime 15 ရက် အပိုပေးပါတယ်။ ဒီတော့ လစဉ်ကြေး ရက် ၃၀ နဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ၄၅ ရက် ဆော့လို့ရသည်ပေါ့။ Bonus က Subscription အမျိုးအစား Standard ရော၊ Entry ပါ၂ မျိုးလုံးရပါတယ်။

ဒါပေမယ့် အဲ့ဒီ Bonus က အကောင့်တစ်ခုကို တစ်ကြိမ်သာ ပေးတာ ဖြစ်ပါတယ်။

Standard နဲ့ Entry ဘာကွာလဲဆိုတော့ ပေးရတဲ့ ပိုက်ဆံ၊ World တစ်ခုမှာ Create လုပ် ဆော့နိုင်မဲ့ Character အရေအတွက် ကွာပါတယ်။ Entry က ဈေးနည်း (12.99$ ကျသင့်) ပြီး World တစ်ခုမှာ Character တစ်ယောက်ပဲ (max: 8 Characters) Create လုပ်ကာ ဆော့နိုင်မယ်။ Standard ကတော့ 14.99$ ရှိပြီး World တစ်ခုမှာ Character ၈ ယောက် (max: 40 Characters) Create လုပ်ကာ ဆော့နိုင်မှာ ဖြစ်ပါတယ်။

ဘယ် World တွေက Preferred world တွေ ဖြစ်ကြလဲဆိုတာ Game launcher ရဲ့ Server Status မှာ ကြည့်နိုင်ပါတယ်။

သူငယ်ချင်းကြီး Shwe Lone ကို ကျေးဇူးတင်ပါတယ်။ သူပြောပြလို့ အဲ့ဒီ Bonus ရှိမှန်း သိရတာ။



Post a Comment

0 Comments