Final Fantasy 14's Auto translate

Final Fantasy 14 မှာ ဘာသာစကားမတူကြတဲ့ Player အချင်းချင်း စကားပြောရာမှာ အဆင်ပြေလွယ်ကူစေဖို့ ထည့်ထားတဲ့ Auto translate ရှိပါတယ်။

Auto translate ရဲ့ ထူးခြားချက်က စာလုံး သို့ စာသားရဲ့ အစနှင့်အဆုံးမှာ နှစ်ဘက်မျှားခေါင်း အစိမ်း အနီနဲ့ ပိတ်ထားပါတယ်။


သူ့ကို ခေါ်ဖို့က Chat box မှာ Cursor ချပြီးနောက် pc မှာဆိုလျှင် Tab ကို နှိပ်၊ Playstation မှာဆိုလျှင် R1 နှိပ်ရပါတယ်။ နှိပ်လိုက်ရင် စာသားများစွာ ထွက်လာပြီး အဲ့အထဲ ကိုယ်လိုချင်တဲ့ စာသားကို ရွေးပေးရပါတယ်။ Auto translate ထဲက စာသားဟာ Jp player တွေဘက်မှာဆို ဂျပန်လို ပေါ်ပါတယ်။ ထို့အတူ ပြင်သစ်၊ ဒိန်းမတ် ပလေယာတို့ဘက်မှာဆို သူတို့သက်ဆိုင်ရာ ဘာသာစကားနဲ့ သွားပေါ်နေမှာ ဖြစ်ပါတယ်။


Post a Comment

0 Comments