Final Fantasy 14 ရဲ့ reset time

မသိသေးတဲ့ သူတွေအတွက်

Weekly reset time = အပတ်တိုင်းရဲ့ အင်္ဂါနေ့ တိုင်း မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခွဲ
Daily reset time = မြန်မာစံတော်ချိန် ည ၉ နာရီခွဲ

ဂိမ်းထဲမှာ Hunt train စမဲ့အချိန်ကို Eorzea Time (ET) နဲ့ အသိပေး ပြောလေ့ရှိကြပါတယ်။ Disiple of Land class တွေဖြစ်ကြတဲ့ Miner, Botanist တို့ရဲ့ unspoiled တွေ တူးဖော်ဖို့ အချိန်ကိုလည်း Eorzea Time နဲ့ သုံးပြီး ဖော်ပြကြပါတယ်။ Fisher တွေအတွက် ထူးခြားတဲ့ငါးတွေ ဖမ်းမိဖို့ လိုအပ်တဲ့ ရာသီဥတု၊ အချိန်ကိုလည်း အဲ့ဒီ Eorzea Time နဲ့ပဲ ဖော်ပြကြပါတယ်။

Eorzea Time သိချင်ရင်တော့ မိမိ screen ပေါ်က ညာအပေါ်ထောင့်က အချိန်ပြထားတဲ့ နေရာကို နှိပ်ပါ။ Default အားဖြင့် LT နှင့် ပြနေတတ်ပါတယ်။ အဲ့ဒီနေရာကို တချက်နှိပ်တိုင်း ET, ST, LT စသဖြင့် တခုပြီးတခု ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်။ ၂ ခု သို့ ၃ ခုလုံး ယှဉ်တွဲ မြင်ချင်ရင်တော့ System > Character Configuration ထဲ သွားပြောင်းပေးရပါတယ်။

LT = Local Time (မိမိဒေသစံတော်ချိန်)
ST = Server Time (မိမိဆော့နေသည့် world တည်ရှိရာ ဆာဗာရဲ့ အချိန်)
ET = Eorzea Time (in game time)



Post a Comment

0 Comments