Final Fantasy 14 မှာ Class ကနေ Job ကို ပြောင်းခြင်း

Class ကနေ Job ကို ပြောင်းခြင်း

Character စ Create တယ်။ Class ရွေးခိုင်းတယ်။ ပြီးတော့ World ထဲဝင်ဆော့ပါပြီ။ အချိန်တစ်ခုရောက်ရင် စယူခဲ့တဲ့ Class ကို Job အဖြစ်ပြောင်းပြီး ဆော့ဖို့မမေ့ပါနဲ့။

Class တွေဟာ Level 30 ရောက်ရင် နောက်တဆင့် Job ကို Unlock ပါတယ်။ အဲ့ဒါက class ကနေ Job ကိုပြောင်းတဲ့အချိန်ပဲ ဖြစ်တယ်။

ဘယ်ကနေ Unlock တာလဲ? 

Class quest တွေကနေပဲ Unlock သွားတာ ဖြစ်ပါတယ်။

Job ကို ဘာကြောင့်ပြောင်းရသလဲ? 

Class တွေရဲ့ Skill/Spell တွေဟာ Level 30 အထိပဲ ရှိတယ်။ ကျော်သွားရင် အသစ်ထပ်ရဖို့ မရှိတော့ဘူး။ Skill/Spell အသစ်တွေက Job မှာပဲ ရှိတော့တာမို့လို့။ Class အနေနဲ့ ဆက်သွားမယ်ဆိုရင်လည်း ရတယ်။ Level တော့ တက်နေမယ်။ ဒါပေမဲ့ Skill/Spell တွေက Lvl 30 စာပဲ ရှိမယ်။ ဒါကြောင့် လူတိုင်းဟာ Level 30 ရောက်ရင် Job အဖြစ် ပြောင်းဆော့ကြတာပဲ ဖြစ်တယ်။

Final Fantasy XIV: A Realm Reborn က Class တွေဟာ Job အဖြစ် ပြောင်းဖို့လိုပါတယ်။ Expansion တွေဖြစ်တဲ့ Heavensward ကအစ Stromblood, Shadowbringer အခုထွက်လာမဲ့ Endwalker အထိ Class ဆိုလို့မရှိတော့ပဲ Job အနေနဲ့သာ လာပါတော့တယ်။ ဒီတော့ သူတို့မှာ Class ကနေ Job ပြောင်းရတာမျိုးမရှိတော့ဘူး။ ဒီအတိုင်းယူဆော့ရုံပါပဲ။





Post a Comment

0 Comments