Final fantasy 14 ရဲ့ Gearset feature

မြို့ထဲသွားရင် တချို့ Character တွေ တရွှီးရွှီးနဲ့ အင်္ကျီ တစုံပြီးတစုံ ဖျပ်ကနဲ ဖျပ်ကနဲ လဲလဲ နေတာ တွေ့ရလိမ့်မယ်။ အဲ့ဒါ သူတို့ Gear set feature ကို သုံးနေလို့ပါ။ Class အလိုက် Gear Set တွေ လုပ်ထားတော့ Class တခုကနေ တခုကို ချိန်းတိုင်း Armor တွေ Weapon တွေ Soul stone တွေ ပြန်ထည့်စီနေစရာ မလိုတော့ဘူး။ 
ဥပမာ White Mage ကနေ Dragoon ကို ပြောင်းချင်ရင် Dragoon Gear set ကို နှိပ်လိုက်ရုံနဲ့ ဘာမှ ပြောင်းထည့်စရာမလိုတော့ပဲ ဖျပ်ကနဲ Class ပြောင်းသွားမှာ ဖြစ်ပါတယ်။




▫ဂိမ်းက Class/Job တခု Unlock ပြီးတိုင်း Gearset အသစ် Unlock သွားကြောင်း ပြောပြပါတယ်။
▫လက်ရှိ ဝတ်နေတဲ့ gearset ကို E ဆိုတဲ့ Indicator နဲ့ ပြထားပါတယ်။
▫Gearset အသစ် save လျှင် လက်ရှိ ဝတ်နေတဲ့ equipment ကို save မှတ်ပါတယ်။

Class တွေ Job တွေ ယူဆော့တာ များလာတဲ့အခါ ဆော့ရတာ အဆင်ပြေစေဖို့ Gear set feature ကို သုံးပါ။

https://na.finalfantasyxiv.com/uiguide/equipment/#category-equipment-gearset

Post a Comment

0 Comments