Call of Duty: Black Ops Cold War Review

Activision ရဲ့ Call of Duty ဂိမ်းတွေထဲကမှ ဒပလော့ပါ Treyarch အစဉ်အဆက်တာဝန်ယူထားတဲ့ Black Ops စီးရီးဟာ ယခုနှစ်မှာတော့ Raven Software ကနေဦးဆောင်ရေးဆွဲပြီး Treyarch ကတော့အရံအဖြစ်ပါဝင်ကာ Black Ops Cold War ဆိုတဲ့အမည်နဲ့ထွက်ရှိလို့လာပါတယ်။

Original Writer, Soe Thu Aung
စာဖတ်မရလျှင် ဒီကိုနှိပ်ပါ Zawgyi version

နံပါတ်စဉ်နဲ့ကြည့်မယ်ဆိုရင် Black Ops Cold War ဟာ Black Ops စီးရီးအတွက် ၅ ခုမြောက်ဂိမ်းဖြစ်ပြီး ပထမဆုံးထွက်ခဲ့တဲ့ Black Ops (2010) ရဲ့ အဆက်ဖြစ်ပါတယ်။
ဒါ့အပြင် PS5, Xbox Sereis X|S မျိုးဆက်သစ်ဂိမ်းစက်တွေအတွက် cross gen Call of Duty ဂိမ်းလည်းဖြစ်ပါတယ်။
(ယခင် PS4, Xbox One တို့ရဲ့ cross gen Call of Duty ကတော့ Ghosts ပါ)

 

ဒုတိယကမ္ဘာစစ်ကြီးအပြီး US နဲ့ ဆိုဗီယက်တို့အကြား အင်အားလွန်ဆွဲမှုကို စစ်အေးတိုက်ပွဲဆိုပြီးခေါ်ဝေါ်သမုတ်ခဲ့ကြတဲ့ (1947-1991) ကာလအတွင်းကမှ အမှန်တကယ်ဖြစ်ပျက်ခဲ့သော အကြောင်းအရာတချို့အပေါ်အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့အတွက် ဂိမ်းအတွင်း အီရန်ပြန်ပေးဆွဲအရေးအခင်းတွေကအစ သမ္မတ္တရော်နယ်ရေဂင် (US 40th President) အထိမြင်တွေ့ရမှာဖြစ်ကာ Black Ops ပထမဂိမ်းရဲ့ အဓိက ဇာတ်ဆောင်တွေဖြစ်ကြတဲ့ Mason, Woods, Hudson တို့လည်းပြန်လည်ပါဝင်လာကြပါတယ်။

Timeline အရကြည့်မယ်ဆိုရင် ပထမဂိမ်းအဖြစ်အပျက်ပြီးနောက် ၁၃ နှစ်အကြာ (1981) တွင် ဇာတ်အိမ်တည်ထားပါတယ်။

*ယခု Call of Duty: Black Ops Cold War review အတွက် PC ဗားရှင်းဂိမ်းကုဒ် (Battlenet) ကိုလက်ဆောင်အဖြစ် ကိုစွမ်းရီဝင်း မှထောက်ပံ့ပေးထားပါတယ် ..
Man of AORUS RTX 3080 WaterForce ကြီးအားအထူးကျေးဇူးပါ။

မိမိအနေနဲ့ Call of Duty ဂိမ်းတွေကို ဇာတ်လမ်း Campaign Mode ကိုသာ အဓိကထားဆော့ကစားတာကြောင့် ယခု review အတွင်း online multiplayer ကို ချန်လှပ်ထားခဲ့ပါတယ်။

Story

(No spoiler include)

ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်ဒဏ်ကြောင့် နိုင်ငံပေါင်းစုံ စီးပွားရေး လူမှုရေး စတဲ့ထောင့်ပေါင်းစုံကနေ အလူးအလဲနလံပြန်ထူနေကြချိန်မှာ နောက်ထပ်ဒီလိုစစ်ကြီးမျိုး ထပ်မံကြုံတွေ့ရမှာကို အများက မလိုလားကြပါဘူး။

ကမ္ဘာစစ်တုန်းကလို စစ်ကြေညာပြီး တစ်ဖက်နဲ့တစ်ဖက် အပီအပြင် တိုက်ကြတာမျိုးရှောင်ကြပေမယ့် သူလျှိုလွတ်ပြီး တစ်ဖက်နဲ့တစ်ဖက်အကဲခတ်စောင့်ကြည့် တိုက်ပွဲငယ်လေးတွေဆင်နွဲနေကြတုန်းပါပဲ။
(ဒါကြောင့်မို့လည်း စစ်အေးကာလလို့ ခေါ်တွင်ခဲ့ကြတာပါ၊
စစ်အေးဆိုလို့ စစ်မဖြစ်တော့တာမဟုတ်ပါဘူး၊
စစ်မကြေညာတော့တာပဲရှိတာပါ)

အနောက်အုပ်စုရဲ့ အင်အားကြီး US နဲ့ ဆိုဗီယက်အရှေ့အုပ်စုအကြား နိုင်ငံရေးအင်အားလွန်ဆွဲပွဲတွေဖြစ်ပေါ်နေချိန် အမေရိကန် သမ္မတရော်နယ်ရေဂင်ဟာ အီရန်ပြန်ပေးဆွဲမှုပေါ်စုံစမ်းရန် စီအိုင်အေ မှ Adler, Woods, Mason တို့ကိုတာဝန်ပေးလိုက်ပါတယ်။

ထိုမစ်ရှင်မှတဆင့် Adler ဦးဆောင်တဲ့အဖွဲ့ဟာ ပါးစီးရပ်စ် (Perseus) အကြောင်းသိရှိခဲ့ပါတယ်။

ဆိုဗီယက်အုပ်စုမှ သူ (Perseus) ဟာ US အတွက် အဓိက ခြိမ်းခြောက်နိုင်သူဖြစ်ပြီး ဥရောပအနံှ့မှာရှိတဲ့ အမေရိကန်လုပ်အက်တမ်ဗုံးတွေကို တစ်ချိန်ထဲဖောက်ခွဲကာ US ကို ကမ္ဘာ့နိုင်ငံတွေအလယ် အထင်မှားဖြစ်အောင် လျှို့ဝှက်စွာလှုပ်ရှားနေသူဖြစ်ပါတယ်။

US သမ္မတမှ ပါးစီးရပ်စ်ကိုရှာဖွေနှိမ်နင်းရန် Black Operation အမိန့်ပေးခဲ့ပြီး Adler, Hudson တို့မှဦးဆောင်ကာ အဖွဲ့ဝင်များအဖြစ် Mason, Woods, Bell, Park စသူတို့မှ ဘာလင်၊ ဗီယက်နမ် (pun intended!) ခြေဆန့်လှုပ်ရှားကြပါတော့တယ်။

Call of Duty ဂိမ်းတွေဟာ ဇာတ်ကြောင်းဖွဲ့စည်းမှုဟာ သူ့ရဲ့ nemesis EA Battlefield ဂိမ်းတွေထက် အဆပေါင်းများစွာကောင်းပါတယ်၊
ကစားသူကို စိတ်ဝင်စားအောင်ဆွဲခေါ်နိုင်စွမ်းရှိပါတယ်။
(ဒီနေရာမှာ action adventure/ RPG စတဲ့ genre မတူတဲ့ ဂိမ်းတွေနဲ့တော့ သွားယှဉ်လို့တော့မရဘူးပေါ့)
Black Ops Cold War မှာ ကစားသူဟာ ဆုံးဖြတ်ချက်တစ်ချို့လည်းချရမှာဖြစ်ပြီး မိမိရွေးချယ်မှုအလိုက် ဇာတ်လမ်းရလဒ်တချို့လည်း ကွဲလွဲသွားမှာဖြစ်ပါတယ်။
Ending အနေနဲ့လည်း ၂ ခုပါဝင်ပါတယ်။
(သို့ပေမဲ့ တစ်ခုက non-canon ending ပါ၊
ိမိမိအနေနဲ့ ၂ ခုလုံး ဆော့ထားပြီးဖြစ်ပေမဲ့ spoiler ဖြစ်မှာကြောင့် ထည့်မရေးတော့ပါဘူး)

Black Ops ရဲ့ ဇာတ်လမ်း ဇာတ်အိမ်ဟာ Modern Warfare ဂိမ်းတွေလောက် strong မဖြစ်ပေမဲ့ လက်ခံလို့ရတဲ့အနေအထားမှာတော့ရှိနေပါတယ်။
FPS လိုဂိမ်းမျိုးအတွက် story 30℅ + gameplay 70℅ အဓိကထားလေ့ရှိတာကြောင့် ဒါက နားလည်ပေးလို့ရပါတယ်။

ဇာတ်လမ်းပြီးဆုံးရန် မိမိအနေနဲ့ normal difficulty မှာ ၄ နာရီကျော်သာအချိန်ယူခဲ့ရတဲ့အတွက် ဆော့ဖူးသမျှ Call of Duty ဂိမ်းတွေထဲမှာတော့ အတိုဆုံးလို့သတ်မှတ်ရမှာပါ။

Story Rating: 3/5


Gameplay

ဂိမ်းပလေးမှာ First-person shooter ဖြစ်တဲ့အတွက် အထွေအထူးဖော်ပြစရာတော့မရှိပါဘူး။
တိုးတက်လာတာတစ်ခုက ရန်သူကို human-shield အဖြစ်ပြုလုပ်ပြီး အကာအကွယ်ယူတာမျိုး၊
human-shield အဖြစ်ကနေ ဗုံးကပ်ပီး တွန်းထုတ်လိုက်တာမျိုး စတာတွေ ပြုလုပ်လို့ရလာပါတယ်။

သင်သာ အစဉ်အဆက် Call of Duty ဂိမ်းတွေကို နှစ်သက်ကစားလာတဲ့သူဆိုရင် Black Ops Cold War ဟာ သင့်ကို တူညီတဲ့ရသ ထပ်မံခံစားရစေအုံးမှာပါ။

Gameplay: 4/5


Graphics & Performance

COD ဂိမ်းတွေရဲ့ ပင်တိုင်ဂိမ်းအင်ဂျင် IW engine နဲ့ပဲရေးဆွဲထားတဲ့ Black Ops Cold War ဟာ သြချရလောက်အောင်တိုးတက်ကောင်းမွန်လာတာမျိုးမရှိခဲ့ပါဘူး။
character animation/facial texture detail တွေမှာ အနုစိတ်ပုံဖော်ထားပါတယ်၊
သို့သော်cross gen ဂိမ်းတစ်ခုဖြစ်တဲ့အတွက် PS4, Xbox One တို့ကိုချန်ထားလို့လည်းမရတော့ မြင်တွေ့ရသမျှရဲ့ ရာခိုင်နှုန်းတော်တော်များများက အရင်အတိုင်းပဲဆိုရမှာပါ။

i5-10600
GTX 1660
2x 8GB @2666MHz

Windows 10 (v20H2)
GeForce Driver (457.30)

တွင် 1080p (Raytracing OFF, Motion Blur OFF, Filmic SMAA T2X, the rest MAX)
ဖြင့် ၁၂ မိနစ်ခန့် (Fracture Jaw Mission) gameplay benchmark ပြုလုပ်ရာမှာ avg 68FPS ရရှိခဲ့ပါတယ်။
GPU 99℅
CPU 40℅ avg usage
ရှိခဲ့သည့်အတွက် CPU ပိုင်းမှာ
i3 10th Gen (သို့) i7 (7th Gen and below)
ရှိလျင်အဆင်ပြေပါတယ်။

System Ram အသုံးပြုမှုကတော့ Call of Duty ဂိမ်းတွေရဲ့ထုံးစံအတိုင်း 11GB ဝန်းကျင်ရှိခဲ့တဲ့အတွက် 8GB သမားများ upgrade ပြုလုပ်ဖို့ရာ recommend ပေးပါတယ်။

1080p medium 60FPS (no RT) အတွက်
i3 10th Gen
GTX 1650/1050 Ti/RX 570
8GB RAM

1080p high 60FPS (no RT) အတွက်
i5 8th Gen
GTX 1650 Super/1060/RX 580
16GB RAM

1080p max 60FPS (no RT) အတွက်
i7 8th Gen/i5 10th Gen
GTX 1660/RX 5600
16GB RAM

အနိမ့်ဆုံးရှိထားဖို့ရာလိုပါလိမ့်မယ်။

texture pop-up/glitch များမတွေ့ရှိခဲ့ရသလို optimization ပိုင်းမှာ ကောင်းမွန်ခဲ့တဲ့ဂိမ်းတစ်ခုပါ။

Graphics: 4/5
Performance: 4.5/5

ပြီးခဲ့တဲ့ Nov 12 ကမှ PC, PS5, PS4, Xbox Series X|S, Xbox One တို့အတွက်ထွက်ရှိလာခဲ့တဲ့ Black Ops Cold War ကို အရိုးရှင်းဆုံးမှတ်ချက်ပေးရရင် အစဉ်အလာမပျက်ထွက်လာတဲ့ ပုံစံခွက်ထဲက Call of Duty လို့ပဲပြောရမှာပါ။

ဒါက multiplayer ကိုစိတ်မဝင်စားတဲ့/စမ်းမကြည့်ရသေးတဲ့ မိမိအနေနဲ့ Campaign Mode တစ်ခုကိုပဲအခြေခံပြီးပြောခြင်းဖြစ်ပါတယ်။

သို့ပေမဲ့ covid pandemic အခက်အခဲကြားကနေ ထွက်ရှိပေးလာတာဖြစ်လို့ ရုပ်ရှင်တွေ ဂိမ်းတွေ delay ဖြစ်နေကြတဲ့အချိန်မှာ သင့်အတွက် လိုအပ်ချက်တစ်ခုကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
COD fan တွေနဲ့ မူလ Black Ops ရဲ့ ဇာတ်လမ်းအဆက်ကို ခံစားလိုသူတွေအတွက်လည်း လက်ခံနိုင်မဲ့ ဂိမ်းတစ်ခုလို့ညွှန်းဆိုရင်းနဲ့ review ကို အဆုံးသတ်လိုက်ပါတယ်။

(But warn u, don't expect too much!)

Original Writer, Soe Thu Aung


Zawgyi









Story

(No spoiler include)





ဆိုဗီယက်အုပ်စုမှ သူ (Perseus) ဟာ US အတွက် အဓိက ခြိမ်းခြောက်နိုင်သူဖြစ်ပြီး ဥရောပအနှံ့မှာရှိတဲ့ အမေရိကန်လုပ်အက်တမ်ဗုံးတွေကို တစ်ချိန်ထဲဖောက်ခွဲကာ US ကို ကမ္ဘာ့နိုင်ငံတွေအလယ် အထင်မှားဖြစ်အောင် လျှို့ဝှက်စွာလှုပ်ရှားနေသူဖြစ်ပါတယ်။





Story Rating: 3/5

Gameplay



Gameplay: 4/5


Graphics & Performance


i5-10600
GTX 1660
2x 8GB @2666MHz

Windows 10 (v20H2)
GeForce Driver (457.30)

GPU 99℅
CPU 40℅ avg usage
ရှိလျင်အဆင်ပြေပါတယ်။


i3 10th Gen
GTX 1650/1050 Ti/RX 570
8GB RAM

i5 8th Gen
16GB RAM

i7 8th Gen/i5 10th Gen
GTX 1660/RX 5600
16GB RAM



Graphics: 4/5
Performance: 4.5/5





Post a Comment

0 Comments