Free Trial သမားတွေ ဝင်ထားသင့်တဲ့ Novice Network

Free Trial player တွေအတွက် ကိုယ့်မြန်မာတွေနဲ့ မဟုတ်ပဲ နိုင်ငံတကာ player အများအပြားနဲ့ စကားစမြည်ပြောဖို့ မသိတာတွေ မေးမြန်းဖို့အတွက် အလွယ်ဆုံးနည်း ရှိပါတယ်။ 

အဲ့ဒါက Novice Network ဆိုတဲ့ chat channel (စကားဝိုင်း) ကို join လိုက်တာပါပဲ။

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

 

 

World တိုင်းမှာ Novice Network လိုင်းကိုယ်စီရှိကြပါတယ်။ အဲ့ဒီ Novice Network ထဲမှာ mentor player ပေါင်း ၁၀၀ ရှိပါတယ်။ ပြီးတော့ ရိုးရိုး player တွေ newbie player တွေ Free trial player တွေ အချိန်အကြာကြီး နားပြီး အခုမှ ပြန်ဆော့တဲ့ player အများကြီးနဲ့ ပုံမှန်အချိန်မှာဆို စုစုပေါင်း ပျမ်းမျှ 200 ကျော်လောက် (Max 512) ရှိတတ်ပါတယ်။ အဲ့ဒီ Novice Network မှာတော့ အချိန်တိုင်းလိုလို player တွေ အများကြီး active ဖြစ်ကြပါတယ်။ အဲ့လိုင်းထဲ ဝင်ထားရင် သိပ်အထီးမကျန်တော့ဘူးပေါ့။ စကားစမြည် ပြောလို့ရတယ်။ မေးမြန်းလို့ရတယ်။ ဂိမ်းနဲ့ ပတ်သက်တာတွေ ပြောကြတယ်။ တခါတလေ နိုင်ငံရေးတွေပါ ဆွေးနွေးနေကြသေး။ ပြောတဲ့ဘာသာစကားကတော့ အများအားဖြင့် အင်္ဂလိပ်လို ပြောကြပါတယ်။ တခါတလေလည်း ဖိလစ်ပိုင်လို ဗီယက်နမ်လို ပြင်သစ်လို ပြောတတ်ကြပါသေးတယ်။ ဒါပေမဲ့ မြင်ရခဲပါတယ်။ JP server မှာတော့ အင်္ဂလိပ်လို ပြောတဲ့ player များတဲ့ world က အင်္ဂလိပ်လို ပြောသမား များပါတယ်။ jp သီးသန့် world ဆိုရင်တော့ ဂျပန်လိုပဲ ပြောကြပါတယ်။

ဒါပေမဲ့ ထူးခြားတာက Elemental ဆာဗာမှာTonberry ဆိုတဲ့ World မှာတော့ သူ့ရဲ့ Novice Network က အင်္ဂလိပ်လို ပြောတဲ့ player တွေနဲ့ အတော်ကြီး လူစည်ကားပါတယ်။ အချိန်တိုင်းလိုလို စကားများလွန်းလို့ တချို့ player တွေဆို Novice Network ထဲကနေ ပြန်တောင် ထွက်ကုန်ကြပါတယ်။

အဲ့လို Novice Network ထဲ ဝင်ချင်ရင်တော့ Mentor တစ်ယောက်က ကိုယ့်ကို invite ပေးမှပဲ ရတာ ဖြစ်ပါတယ်။ Mentor က ဘယ်သူတွေလဲ? Mentor ကို ဘယ်လို ဆက်သွယ်ရမလဲ? သိဖို့ လိုက်ရှာနေရတာ ကြာတယ်။ ဒီတော့ လူအများဆုံးရှိရာနေရာသွားပြီး လူအုပ်အလယ်မှာ ရပ်၊ Say သို့ Shout ကနေ Someone Please add me to Novice Network. လို့သာ ရိုက်ထည့်ပြီး ပြောလိုက်ပါ။ အနီးအနားမှာ ရှိတဲ့လူတွေက ကိုယ့်စာမြင်ရရင် Novice Network ထဲ add ပေးနိုင်တဲ့သူဆို invite ပေးပါလိမ့်မယ်။ ဒီလိုလူတွေနဲ့ တွေ့ဖို့အတွက် စိတ် ရှည်ရပါမယ်။ 

Novice Network က Newbie player တွေအတွက် ရည်ရွယ်လုပ်ထားတာမို့ Mentor နဲ့ Newbie player ဖြစ်နေဆဲ သူ တွေကလွဲရင် ကျန်တဲ့သူတွေက ထွက်သွားပြီးရင် ပြန် join လို့ မရတော့ပါဘူး။ ဒါကြောင့် Novice Network ထဲမှာ အကစ်ခံရတာကလွဲလို့ ကြာကြာ နေလို့ရတာ Mentor တွေနဲ့ Free Trial တွေပဲ ရှိပါတယ်။ ကျန်တဲ့သူ (Newbie player တွေပါပဲ) MSQ မှာ post Stromblood ရောက်တာနဲ့ Novice Network ထဲကနေ အော်တိုထွက်သွားပါတယ်။ နောက်တခေါက် ပြန်လာချင်ရင် Mentor အဖြစ်နဲ့ ပြန်လာမှ ဒါမှမဟုတ် အချိန်အကြာကြီးမဆော့ပဲထားပြီးမှ ပြန်ဆော့တာမျိုး (Returner အနေ) နဲ့ ပြန်လာလို့ရပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမဆော့ပဲထားပြီး ပြန်ဆော့တာမျိုး (Returner အနေ) နဲ့လည်း ယာယီပါပဲ။ သူ့အချိန် ပြည့်သွားတဲ့အခါကျရင် Novice Network ကနေ အကစ်ခံရပါတယ်။

 

 

Novice Network က World ပြောင်းတာနဲ့ လိုက်ပြောင်းသွားပါတယ်။ ဥပမာ မိမိ မူလ World က Garuda ဖြစ်တယ်၊ Novice Network ထဲ ဝင်ထားတယ်၊ Garuda ကနေ Tonberry World ကို World visit နဲ့ သွားတယ်ဆိုရင် Tonberry ကို ရောက်တာနဲ့ Tonberry world ရဲ့ Novice Network ကို အော်တို join သွားပါတယ်။ ထို့အတူ တခြား World တွေရောက်ရင်လည်း ဒီပုံဒီအတိုင်း ဖြစ်မှာ ဖြစ်ပြီး မိမိမူလ Garuda ကို ပြန်လာရင် Garuda world ရဲ့ Novice Network ထဲ ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။

Free Trial player တွေအတွက် အကြံပေးချင်တာက တယောက်တည်း ဆော့ဖို့ပျင်းနေပြီး ကိုယ့်မြန်မာတွေနဲ့လည်း မချိတ်ဆက်မိဘူး၊ ENG လိုအပြော နဲနဲ ကျွမ်းကျင်တယ်ဆိုရင် Elemental ဆာဗာမှာ ဆော့ပါ။ အဲ့ဒီ ဆာဗာရဲ့ ဘယ် world မဆိုရပါတယ်။ ပြီးတော့ Novice Network ကို ဝင် join လိုက်ပါ။ ပြီးရင် World Visit နဲ့ Tonberry world မှာ လာ ဆော့ပါ။ 

Novice Network အကြောင်း အသေးစိတ် သိချင်ရင် ဒီမှာ ဝင်ဖတ်နိုင်ပါတယ်။

https://ffxiv.consolegameswiki.com/wiki/Mentor_System_and_Novice_Network

Zawgyi


Free Trial သမားေတြ ဝင္ထားသင့္တဲ့ Novice Network

Free Trial player ေတြအတြက္ ကိုယ့္ျမန္မာေတြနဲ႔ မဟုတ္ပဲ ႏိုင္ငံတကာ player အမ်ားအျပားနဲ႔ စကားစျမည္ေျပာဖို႔ မသိတာေတြ ေမးျမန္းဖို႔အတြက္ အလြယ္ဆုံးနည္း ရွိပါတယ္။ 

အဲ့ဒါက Novice Network ဆိုတဲ့ chat channel (စကားဝိုင္း) ကို join လိုက္တာပါပဲ။

 

 

World တိုင္းမွာ Novice Network လိုင္းကိုယ္စီရွိၾကပါတယ္။ အဲ့ဒီ Novice Network ထဲမွာ mentor player ေပါင္း ၁၀၀ ရွိပါတယ္။ ၿပီးေတာ့ ႐ိုး႐ိုး player ေတြ newbie player ေတြ Free trial player ေတြ အခ်ိန္အၾကာႀကီး နားၿပီး အခုမွ ျပန္ေဆာ့တဲ့ player အမ်ားႀကီးနဲ႔ ပုံမွန္အခ်ိန္မွာဆို စုစုေပါင္း ပ်မ္းမွ် 200 ေက်ာ္ေလာက္ (Max 512) ရွိတတ္ပါတယ္။ အဲ့ဒီ Novice Network မွာေတာ့ အခ်ိန္တိုင္းလိုလို player ေတြ အမ်ားႀကီး active ျဖစ္ၾကပါတယ္။ 

အဲ့လိုင္းထဲ ဝင္ထားရင္ သိပ္အထီးမက်န္ေတာ့ဘူးေပါ့။ စကားစျမည္ ေျပာလို႔ရတယ္။ ေမးျမန္းလို႔ရတယ္။ ဂိမ္းနဲ႔ ပတ္သက္တာေတြ ေျပာၾကတယ္။ တခါတေလ ႏိုင္ငံေရးေတြပါ ေဆြးေႏြးေနၾကေသး။ ေျပာတဲ့ဘာသာစကားကေတာ့ အမ်ားအားျဖင့္ အဂၤလိပ္လို ေျပာၾကပါတယ္။ တခါတေလလည္း ဖိလစ္ပိုင္လို ဗီယက္နမ္လို ျပင္သစ္လို ေျပာတတ္ၾကပါေသးတယ္။ ဒါေပမဲ့ ျမင္ရခဲပါတယ္။ JP server မွာေတာ့ အဂၤလိပ္လို ေျပာတဲ့ player မ်ားတဲ့ world က အဂၤလိပ္လို ေျပာသမား မ်ားပါတယ္။ jp သီးသန႔္ world ဆိုရင္ေတာ့ ဂ်ပန္လိုပဲ ေျပာၾကပါတယ္။

ဒါေပမဲ့ ထူးျခားတာက Elemental ဆာဗာမွာTonberry ဆိုတဲ့ World မွာေတာ့ သူ႔ရဲ႕ Novice Network က အဂၤလိပ္လို ေျပာတဲ့ player ေတြနဲ႔ အေတာ္ႀကီး လူစည္ကားပါတယ္။ အခ်ိန္တိုင္းလိုလို စကားမ်ားလြန္းလို႔ တခ်ိဳ႕ player ေတြဆို Novice Network ထဲကေန ျပန္ေတာင္ ထြက္ကုန္ၾကပါတယ္။

အဲ့လို Novice Network ထဲ ဝင္ခ်င္ရင္ေတာ့ Mentor တစ္ေယာက္က ကိုယ့္ကို invite ေပးမွပဲ ရတာ ျဖစ္ပါတယ္။ Mentor က ဘယ္သူေတြလဲ? Mentor ကို ဘယ္လို ဆက္သြယ္ရမလဲ? သိဖို႔ လိုက္ရွာေနရတာ ၾကာတယ္။ ဒီေတာ့ လူအမ်ားဆုံးရွိရာေနရာသြားၿပီး လူအုပ္အလယ္မွာ ရပ္၊ Say သို႔ Shout ကေန Someone Please add me to Novice Network. လို႔သာ ႐ိုက္ထည့္ၿပီး ေျပာလိုက္ပါ။ အနီးအနားမွာ ရွိတဲ့လူေတြက ကိုယ့္စာျမင္ရရင္ Novice Network ထဲ add ေပးႏိုင္တဲ့သူဆို invite ေပးပါလိမ့္မယ္။ ဒီလိုလူေတြနဲ႔ ေတြ႕ဖို႔အတြက္ စိတ္ ရွည္ရပါမယ္။ 

 

 

Novice Network က Newbie player ေတြအတြက္ ရည္႐ြယ္လုပ္ထားတာမို႔ Mentor နဲ႔ Newbie player ျဖစ္ေနဆဲ သူ ေတြကလြဲရင္ က်န္တဲ့သူေတြက ထြက္သြားၿပီးရင္ ျပန္ join လို႔ မရေတာ့ပါဘူး။ ဒါေၾကာင့္ Novice Network ထဲမွာ အကစ္ခံရတာကလြဲလို႔ ၾကာၾကာ ေနလို႔ရတာ Mentor ေတြနဲ႔ Free Trial ေတြပဲ ရွိပါတယ္။ က်န္တဲ့သူ (Newbie player ေတြပါပဲ) MSQ မွာ post Stromblood ေရာက္တာနဲ႔ Novice Network ထဲကေန ေအာ္တိုထြက္သြားပါတယ္။ ေနာက္တေခါက္ ျပန္လာခ်င္ရင္ Mentor အျဖစ္နဲ႔ ျပန္လာမွ ဒါမွမဟုတ္ အခ်ိန္အၾကာႀကီးမေဆာ့ပဲထားၿပီးမွ ျပန္ေဆာ့တာမ်ိဳး (Returner အေန) နဲ႔ ျပန္လာလို႔ရပါတယ္။ ဒါေပမဲ့ အခ်ိန္အၾကာႀကီးမေဆာ့ပဲထားၿပီး ျပန္ေဆာ့တာမ်ိဳး (Returner အေန) နဲ႔လည္း ယာယီပါပဲ။ သူ႔အခ်ိန္ ျပည့္သြားတဲ့အခါက်ရင္ Novice Network ကေန အကစ္ခံရပါတယ္။

Novice Network က World ေျပာင္းတာနဲ႔ လိုက္ေျပာင္းသြားပါတယ္။ ဥပမာ မိမိ မူလ World က Garuda ျဖစ္တယ္၊ Novice Network ထဲ ဝင္ထားတယ္၊ Garuda ကေန Tonberry World ကို World visit နဲ႔ သြားတယ္ဆိုရင္ Tonberry ကို ေရာက္တာနဲ႔ Tonberry world ရဲ႕ Novice Network ကို ေအာ္တို join သြားပါတယ္။ ထို႔အတူ တျခား World ေတြေရာက္ရင္လည္း ဒီပုံဒီအတိုင္း ျဖစ္မွာ ျဖစ္ၿပီး မိမိမူလ Garuda ကို ျပန္လာရင္ Garuda world ရဲ႕ Novice Network ထဲ ျပန္ေရာက္သြားမွာ ျဖစ္ပါတယ္။

Free Trial player ေတြအတြက္ အႀကံေပးခ်င္တာက တေယာက္တည္း ေဆာ့ဖို႔ပ်င္းေနၿပီး ကိုယ့္ျမန္မာေတြနဲ႔လည္း မခ်ိတ္ဆက္မိဘူး၊ ENG လိုအေျပာ နဲနဲ ကြၽမ္းက်င္တယ္ဆိုရင္ Elemental ဆာဗာမွာ ေဆာ့ပါ။ အဲ့ဒီ ဆာဗာရဲ႕ ဘယ္ world မဆိုရပါတယ္။ ၿပီးေတာ့ Novice Network ကို ဝင္ join လိုက္ပါ။ ၿပီးရင္ World Visit နဲ႔ Tonberry world မွာ လာ ေဆာ့ပါ။ 

Novice Network အေၾကာင္း အေသးစိတ္ သိခ်င္ရင္ ဒီမွာ ဝင္ဖတ္ႏိုင္ပါတယ္။ 

https://ffxiv.consolegameswiki.com/wiki/Mentor_System_and_Novice_Network

Post a Comment

0 Comments