Gil အများကြီးရအောင် ဘယ်လိုရှာရလဲ? How to make gils
Final Fantasy XIV မှာက အခြေခံသုံးစွဲတဲ့အရာက gil ပဲလေ ။ တနေရာကနေ တနေရာကို သွားတာပဲ ဖြစ်ဖြစ်၊ အမြန်ဆုံးသွားဖို့ Teleport သုံးတာပဲ ဖြစ်ဖြစ် ခြေလျင်မဟုတ်ပဲ သွားမယ်ဆို gil ကတော့ မရှိမဖြစ်ကို သုံးနေရတာချည်းပဲ ။
Gil ပေးတဲ့နေရာကတော့ များတယ်။ world ထဲလျှောက်သွားပြီး အကောင်တွေ လိုက်သတ်တာကအစ gil ရနေတာကိုး။ ဒါပေမယ့် ပေးတာတွေက မစို့မပို့လေးတွေ။ ဒါဆိုရင် တကြိမ်တည်းနဲ့ gils များများရအောင် ဘယ်လိုရှာရမှာလဲ?
စာဖတ်မရလျှင် ဒီကိုနှိပ်ပါ Zawgyi version
အရင်ဦးဆုံး
Gil အများဆုံးရနိုင်တဲ့ နေရာတွေကို သိထားဖို့လိုပါတယ်။ Gil အများဆုံး ရနိုင်တဲ့ နေရာတွေက
  • Daily Roullete
  • Weekly Challenge logs
  • Treasure Maps
  • Retainer venture
  • Hunt
  • Market မှာ item တွေ ရောင်းခြင်း
Daily Roulette
ဒါကတော့ ပုံမှန် gil ဝင်တဲ့ နေရာပေါ့ ။ လုပ်ရ လွယ်တယ် ။ Daily Roulette မျိုးစုံကို တနေ့တခါ အကုန်လုပ်ရင် ပျမ်းမျှ gil ၁ သိန်း 100,000 gil လောက်ရတယ် ။ ပိုရချင်ရင် Adventure in need (.....) မှာပေါ်မယ့် job အလိုက် DR တွေ ဝင်ချယူပါ ။ အများအားဖြင့် Adventure in need မှာက tank ချည်းပဲ ပေါ်တတ်တော့ tank နဲ့ DR တွေ ဝင်ဖို့ အကြံပေးလိုပါတယ် ။ Daily bonus ယူပြီးရင်တောင်မှ Adventure in Need မှာပြတဲ့ job ကို လိုက်ပြီး DR ကို ဆက်လုပ်နိုင်ပါတယ် ။ Daily Bonus လောက်တော့ မများတော့ပေမယ့် gil နဲ့ exp တွေကတော့ ဆက်ရနေဦးမှာပါ ။ ဒါပေမယ့် Adventure in need မှာပြနေတဲ့ job နဲ့ ဝင်ထားဖို့တော့ လိုပါတယ် ။ Adventure in Need က အဓိကပေါ့ ။ တခါတလေမှာ ပထမဦးဆုံးသမားတွေ (first time clear) နဲ့ တွေ့ခဲ့လို့ရှိရင် Adventure in need bonus အပြင် အပိုဆုအနေနဲ့ gils, exp ထပ်ရတတ်ပါတယ် ။ အဲ့ဒါက difficulty အလိုက် ပေးပြီး အနည်းဆုံး 5K gils နှင့် အထက် ရှိပါတယ် ။
Dungeon, Trials, Raid တွေက ဇာတ်လမ်းအလိုက်ဆော့ရင်း ပွင့်လာတတ်တာမှန်ပေမယ့် 30% က Side Quest အနေနဲ့ ရှိနေလို့ အဲ့ဒါတွေ လိုက်ဖွင့်ပေးပါ ။ first time clear ဆိုရင် bonus ရတာ များမယ် ။ တကယ်လို့ အကုန်ပွင့်ပြီးသားဆိုရင်တော့ Patch က Dungeon တွေ ဝင်ဆော့နိုင်ပါတယ် ။ အဲ့ဒီ Dungeon တွေက gil ပေးတာ တခြား Dungeon ထက် ပိုများတယ် ။ ဥပမာ Keeper of Lake, Snowcloak, dungeon တွေဟာ ဆော့ရတာ တိုတောင်းပေမယ့် တကောင်သတ်တိုင်း ပေးတဲ့ gil က 300 အထက်မှာ ရှိနေတာ တွေ့ရပါတယ် ။ ပြီးတော့ Side quest dungeon တွေချည်းပဲ ရှိတဲ့ Daily Roulette: Expert Dungeon ကလည်း တနေ့တခါ ဝင်ရင် 100K gils လောက်ရတတ်ပါတယ် ။
Tip: gil မြန်မြန်နဲ့ များများရမယ့် နည်းလမ်းကတော့ tank class တစ်ခုယူပြီး အဲ့ဒီ class နဲ့ DR တွေကို အဆက်မပြတ် ဝင်ပစ်ပါ ။ တနေ့အတွင်း 1 mil အသာလေး ရနိုင်ပါတယ် ။ ဒါပေမယ့် အခေါက်တိုင်း Adventure in need (tank) ပြနေတုန်း ဝင် que ထားတာ ဖြစ်ရပါမယ် ။
Weekly Challenge
Weekly Challenge က တခုပြီးတိုင်းမှာ 1K gils ပေးပြီး chanllenge အကုန် အကုန်ပြီးအောင် လုပ်နိုင်လို့ရှိရင် 105K gils လောက်ရပါတယ် ။ ဒါက တစ်ပတ်မှာပေါ့ ။ weekly challenge မှာတော့ Fate ၅ ခု rating မြင့်မြင့်နဲ့ ပြီးအောင် ချခိုင်းတာတို့ ၊ ကိုယ့် companion နဲ့ အတူတူ အကောင် ၁၀၀ သတ်ခိုင်းတာတို့ စသဖြင့် အစုံကို လုပ်ခိုင်းပါတယ်။
Treasure Map
Level 40 ကအစ treasure map (treasure hunt) လုပ်လို့ရနေပါပြီ ။ treasure map ဟာ ပုံမှန်အားဖြင့် ၈ ယောက်နဲ့ လုပ်ရတာ ဖြစ်ပြီး တစ်ယောက်တည်းနိုင်ရင် တစ်ယောက်တည်းနဲ့လည်း လုပ်လို့ရပါတယ်။ အချိန်အနည်းငယ်ပဲ ပေးရပါတယ် ။ treasure Map စ လုပ်ကတည်းကကို gils တွေက စတင် ရနေပါပြီ ။ treasure map ကတော့ နည်းအားလုံးထဲမှာ တကြိမ်တည်းနဲ့ gil တနင့်တပိုးရတဲ့ နည်းပါ ။ ဒါပေမယ့် ကံကောင်းဖို့တော့ လိုပါတယ် ။
treasure hunt (treasure map) လုပ်နည်းကတော့ ပထမဦးဆုံး Timeworm ?????? လို့ရေးထားတဲ့ ပုလင်းပုံစံ item ကို ရှာရပါတယ် ။ market board မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ် ။ အဆိုပါ Timeworn ?????? ကို ဖောက်လိုက်ရင် ဘယ်နေရာလဲဆိုတာ အမျိုးအမည် မဖော်ပြထားတဲ့ တကွက်စာ မြေပုံသေးသေးလေးတစ်ခု ရလာပါတယ် ။ ထို မြေပုံရဲ့ ပုံ အနေအထားကိုကြည့်ပြီး မြေပုံထဲကနဲ့ တူတဲ့နေရာကို ကိုယ်ကလိုက်ရှာပြီး Dig လုပ်ရပါတယ် ။ Dig လုပ်လို့ မှန်သွားလို့ရှိရင် အကောင်တွေ အုပ်လိုက် ပေါ်လာပါတယ် ။ အဲ့ဒီအကောင်တွေ သတ်ပြီးတဲ့အခါမှာတော့ Portal ဝင်ပေါက်ကြီး ပေါ်လာပါတယ် ။ ဒီဝင်ပေါက်ထဲဝင်လိုက်တဲ့အခါ ရွေးချယ်စရာ ဝင်ပေါက် ၃ ပေါက်ရှိတဲ့ အခန်းထဲ ရောက်သွားပါတယ် ။ အခန်းရဲ့အလယ်မှာ သေတ္တာတစ်လုံး ရှိပါတယ် ။ သေတ္တာကို ဖွင့်လိုက်ရင် အကောင်တွေ အများကြီးထွက်လာပြီး ဒီအကောင်တွေ သတ်ပြီးရင် စောနက ပြောထားတဲ့ ဝင်ပေါက် ၃ ပေါက်ထဲက တစ်ပေါက်ကို ရွေးချယ်ဖွင့်ရပါတော့မယ် ။ မှန်သွားခဲ့လို့ရှိရင် နောက် တစ်ခန်းထဲရောက်သွားမှာ ဖြစ်တယ် ။ ဒီလိုပုံစံမျိုးနဲ့ အခန်း ၇ ခန်းရှိပြီး အခန်းတိုင်းမှာ မတူတဲ့ loots တွေ ရှိကြပါတယ် ။ သင့်ရွေးချယ်မှု မမှန်ခဲ့ရင်တော့ သင်နှင့် သင့်အဖွဲ့သားတွေဟာ အပြင်ပြန်ရောက်သွားပြီး ဝင်ပေါက်ဟာလည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ် ။
treasure map မှာ အမျိုးအစား အများကြီးရှိပေမယ့်လည်း တူညီတဲ့အချက်ကတော့ gil ၊exp ၊ loot(items) တွေပေးတာပဲ ဖြစ်ပါတယ် ။ အိုင်တမ်တွေကတော့ ကိုယ့် world ဈေးကွက်အခြေအနေနှင့် မိမိ ကံအခြေအနေ အပေါ် မူတည်နေပြီး ကိုယ်ကံကောင်းလျှင် ဈေးကွက်ထဲ 1,000,000 gils ပေါက်နေတဲ့ အိုင်တမ်ရနိုင်သလို ကံမကောင်းရင်တော့ သုံးစားမရတဲ့ 1gils တောင် မရတဲ့ အိုင်တမ်တွေလည်း ရနိုင်ပါတယ် ။
Retainer venture
Retainer တွေက ပိုက်ဆံ အပိုဝင်ငွေ ပုံမှန်ရနေမယ့် ငွေဝင်ပေါက်တွေပေါ့ ။ retainer က ပစ္စည်းတွေ သိုလှောင်သိမ်းဆည်းထားဖို့ ပစ္စည်းတွေ ဈေးကွက်ပေါ် တင်ရောင်းဖို့ သုံးတဲ့အပြင် retainer venture ဆိုတာ ရှိပါသေးတယ် ။ retainer ကို ခရီးထွက်ခိုင်းတာပေါ့ ။ venture က အမျိုးအစား များစွာ ရှိပါတယ် ။ exploration လုပ်ခိုင်းမလား? ဈေးကွက်မှာ တင်ရောင်းဖို့ item တစ်ခုတည်းကိုပဲ ရှာခိုင်းမလား? ဒီအတိုင်း အချိန် အနည်းငယ်ပဲ ပေးရတဲ့ exploration လုပ်ခိုင်းမလား? စသဖြင့် ရှိပါတယ် ။ ကိုယ်လိုရာ ခိုင်းလို့ရပါတယ် ။
ဒီလို venture လုပ်ခိုင်းပြီး ပြန်ရောက်လာလို့ရှိရင် gil အပြင် တခြား ထူးခြားတဲ့ item လေးတွေလည်း သယ်လာလေ့ရှိပါတယ် ။ တချို့ minion လေးတွေဆို retainer venture ကနေပဲ ရတတ်ပြီး ဈေးကွက်ပေါ် 1,000,000 ကျော် ဈေးပေါက်ပါတယ် ။ ဒါလည်း ကိုယ့်ကံအပေါ် မူတည်ပါတယ် ။ ပုံမှန်အားဖြင့်တော့ retainer ရဲ့ level class အပေါ်မူတည်ပြီး gil ရတာ 1K to over 10K ကွဲပြားသွားပါတယ် ။
Hunts
Hunt ကတော့ သူသတ်မှတ်ထားတဲ့ အကောင်တွေကို လိုက်သတ်ရတာ ဖြစ်ပါတယ် ။ အကောင်တွေကို အဆင့်အလိုက် B, A, S, SS နှင့် သတ်မှတ်ထားပြီး SS ကတော့ သတ်ရ အခက်ခဲဆုံးမို့ လူအုပ်ကြီးကြီး များများနဲ့ ချမှ သတ်နိုင်တာ ဖြစ်ပါတယ် ။ ခက်ရင် ခက်သလောက် reward အဖြစ် hunt seal, gil နှင့် exchangeable item တွေ ပမာဏ များများ ရပါတယ် ။ Hunt က level 50 ရောက်လို့ သက်ဆိုင်ရာ Grand Company မှာ Second Lieutenant rank ရောက်နေမှ Hunt က unlock ဖြစ်တာ ဖြစ်ပါတယ် ။
သက်ဆိုင်ရာ Grand Company မှာ Hunt unlock ပြီးလျှင် Daily Hunt, Weekly Hunt ကို အဲ့ဒီ Grand Company မှာပဲ ယူရတာ ဖြစ်ပါတယ် ။ ယူပြီးသား Hunt Marks တွေကို မိမိ inventory ရဲ့ Key Item ထဲမှာ ကြည့်နိုင်ပါတယ် ။
hunt မှာက daily hunt, weekly hunt ဆိုတာ ရှိပါတယ် ။ ပြီးတော့ A Realm Reborn Hunt, Heavensward Hunt, Stromblood Hunt, Shadowbringer Hunt ဆိုပြီး အမျိုးအစား ၄ မျိုး ခွဲထားပါတယ် ။ အကုန်လုံးမှာ Daily Hunt, Weekly Hunt ဆိုတာတွေ ရှိပါတယ် ။ Daily Hunt ကတော့ list လေးနဲ့ အကောင်တွေ ရှာသတ်ခိုင်းတာပါ ။ လွယ်ပါတယ် ။ list ပြီးအောင် လုပ်ခဲ့ရင် 5K gil, exp, hunt seal တွေ ရတယ် ။ weekly hunt ကတော့ တကောင်တည်း ။ သတ်ရလွယ်တယ် ။ gil 5000 နဲ့ hunt seal ပေးတယ် ။
ဒီတော့ Hunt အားလုံးက Daily Hunt အကုန်လုပ်မယ်၊ weekly hunt အကုန်လုပ်မယ်ဆိုရင် တပတ်ကို gil ၁၈ သိန်းလောက်က ပြေးမလွတ်ဘူး ။ အသာလေးရတယ် ။ ဒါက gil ချည်းသက်သက် ။ hunt seal နဲ့ item အရောင်းအဝယ် လုပ်တတ်ရင် လုပ်တတ်သလောက် gil အပိုက ထပ်ရဦးမှာပါ ။
နောက် Hunt train ဆိုတာ ရှိသေးတယ် ။ Player တယောက်ကနေ Rank A အကောင်တွေ ရှိနေတဲ့ နေရာတွေကို လိုက် မှတ်၊ စာရင်းပြုစု အစီအစဉ်ဆွဲထားပြီး လူတွေ သိအောင် ကြေညာ၊ အုပ်စုကြီးကြီးရအောင်စု၊ ပြီးတော့ အဲ့ဒီသူက ဦးဆောင်ပြီး ထိုအကောင်တွေကို တနေရာပြီး တနေရာ ရှာသတ်သွားတာပါ ။ Rank A အကောင်တွေက ထွက်ပေါ်ဖို့ ခဲယဉ်းပြီး map တခုမှာ ၂ ကောင်ပဲ ပေါ်တတ်ပါတယ် ။ သတ်ရလည်း အလွန်ခက်တယ် ။ ထို့အတူ reward လည်း ပိုကြီးတာပေါ့ ။ နောက်ဆုံးထွက် ShadowBringer ရဲ့ hunt train ကတော့ exchangeable item တွေအပြင် tomestone ၃ မျိုးလုံးပါ ရတာမို့ tomestone ရှာနေသူများအဖို့ လိုက်လုပ်သင့်ပါတယ် ။ Hunt train တခါလိုက်ရင် materia exchangeable item 6 ခု လောက်ရတတ်ပြီး မိမိ ရောင်းတတ်လျှင် မိမိ world ဈေးကွက် အခြေအနေအပေါ် မူတည်ပြီး အနည်းဆုံး Gil ၁ သိန်းကနေ ၂ သိန်းအထိ ရနိုင်ပါတယ် ။
Market မှာ item တွေ ရောင်းခြင်း
Market မှာ item တွေ တင်ရောင်းတာကတော့ retainer ကနေတဆင့် တင်ရောင်းရတာပါ ။ retainer တယောက်ကို item ၂၀ တင်ရောင်းခွင့် ပေးထားတယ် ။ default အားဖြင့် retainer ၂ ယောက် ခေါ်သုံးခွင့်ရှိတယ် ။ အပိုခေါ်ချင်ရင် $ ပေးရပါတယ် ။
ဈေးကွက်မှာ ဘာ item တွေ ရောင်းရလဲဆိုရင် ကိုယ်လက်ရှိ ဝင် ကစားနေတဲ့ world/ data center အပေါ် မူတည်ပါတယ် ။ ကျနော့် အတွေ့အကြုံအရ ပြောရရင် European datacentre, American datacentre တွေအကြောင်း သိပ်မသိပေမယ့် ဂျပန်ဒေတာစင်တာတွေက patch အသစ်ထွက်တဲ့အချိန်ကျရင် raid ကြတာ များတယ် ။ ဒီတော့ ilevel မြင့်တဲ့ food တွေ potion တွေ crafted gear item တွေ ရောင်းအားမြင့်သွားပါတယ် ။ raid အကုန် နိုင်ပြီးလောက်တဲ့အချိန် ကျရင် funiture တို့ fashion ထုတ်ဖို့အတွက် အင်္ကျီတွေ အရောင်းများလာတာ တွေ့ရပါတယ် ။ ဒါပေမယ့် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဈေးအတန်အသင့် (25,000 - 60,000 ဝန်းကျင်) နှင့် အမြဲ ရောင်းရတဲ့ item တွေကတော့ grade အမြင့်ဆုံး materia တွေပါ ။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ရောင်းထွက်ဖို့ ခက်ပြီး ဈေးအမြင့်ဆုံးရှိနေ တတ်တာက Trial (Primal) Extreme တွေကနေ ရတတ်တဲ့ item တွေပါပဲ ။ ဥပမာ Shinryu Extreme ကနေ ရတတ်တဲ့ Shinryu scale ဆိုလျှင် ဈေးကွက်မှာ တခုကို ၄ သန်းအထိ ဈေးပေါက်ပါတယ် ။
200-500 ဝန်းကျင်
> Dye (Soot black dye)
> Grade 1,2,3,4 materias
> Glamour Prism
Disciple of Hand/ Disciple of Land class တွေ ရှိသမားအဖို့
DOH, DOL class quest တွေ လုပ်တဲ့နေရာမှာ လိုအပ်တဲ့ item တွေလည်း လိုက်ရှာဖွေ၊ လိုက် craft ပြီး တင်ရောင်းလို့ ရပါတယ် ။ တော်တော်များများက အဲ့ဒီ class quest တွေ မြန်မြန်ပြီးချင်တဲ့အခါ စိတ်ရှုပ်မခံချင်တော့တဲ့အခါ ကိုယ်တိုင် လုပ်မနေတော့ပဲ လုပ်ပြီးသား item ကို ဒီအတိုင်း Marketboard ကနေ ဈေးဘယ်လောက် များများ ဝယ်လိုက်ကြတာ များပါတယ် ။ ကိုယ့်မှာ DOH, DOL class တွေလည်း ရှိပြီး ကိုယ်တိုင် လိုက်ရှာနိုင်၊ လိုက်လုပ်နိုင်ရင် လုပ်ပြီး ဈေးကွက်ပေါ် တင်ရောင်းနိုင်ပါတယ် ။
ပုံမှန်အားဖြင့် ilevel မြင့် Food ၊ ilevel မြင့် potion တွေ မကြာမကြာဆိုသလို ရောင်းထွက်ပါတယ် ။ ဒီတော့ culinary class နှင့် alchemist class ယူကစားနိုင်ပါတယ် ။ level 80 ရှိဖို့တော့ လိုပါတယ် ။
ဈေးမြင့်မြင့်နဲ့ ရပြီး ရောင်းထွက်ဖို့ နဲနဲ ကြာတာမျိုး လိုချင်ရင် crafted gear item တွေ ပရိဘောဂတွေ လုပ်လို့ရတဲ့ armorer, blacksmith, carpenter, goldsmith တွေ ယူကစားနိုင်ပါတယ် ။ ပြီးတော့ အလင်းရောင် တလက်လက် ထွက်နေတဲ့ weapon တွေ craft ပြီး ရောင်းလို့ရတယ် ။ အဲ့ဒါတွေလည်း ဈေးကောင်းရတယ် ။ ဒါပေမယ့် level 80 အထိ ရောက်နေဖို့ လိုပါတယ် ။
Crafter/Gatherer တွေအတွက် ကောင်းတာ တခုက Custom Delivery ဆိုတာ ရှိပါတယ် ။ အဲ့ဒါကနေလည်း တစ်ပတ်ကို gil ၂ သိန်းကျော် ရသလို crafter/gatherer exp တွေရတယ် ။ တကယ်လို့ level max ရောက်ခဲ့လျှင် gil ပိုရသလို exp အစား scrip တွေရပါတယ် ။
အချုပ်ပြောရရင်ဖြင့်
Crafter class ဆိုရင်
Funiture
Foods
Potions
Crafted gear
Glowy weapons
Sootblack dye
Glamour Prism
Gatherer Class ဆိုရင်
Shards, crystal, cluster
Timeworn Map bottle
DOL Class quest မှာ လိုအပ်တတ်တဲ့ item တွေ
Bunnies in Hydatos
 ဒါကတော့ Eureka ဆော့တတ်သူတွေ အတွက်ပါ ။ Eureka ကတော့ storyline နဲ့ side quest တခုဖြစ်ပြီး တစ်မျိုးထူးခြားတဲ့ပုံစံနဲ့ သီးခြားနေရာ တစ်ခုပါ ။ level 70 (Stromblood expansion) မှာမှ ရတာ ဖြစ်ပါတယ် ။ Bunnies in Hydatos ကတော့ အဲ့ဒီ Eureka ထဲက အရာပါ ။ 
treasure box ရှိရာ လမ်းပြပေးတဲ့ ယုန်ထွက်လာတဲ့ Fate ဆိုတာ ရှိပါတယ် ။ အဲ့ဒါကို လုပ်ပြီးရင် ယုန်တကောင်က treasure box နေရာ ပြဖို့ ကိုယ့်နောက်လိုက်လာပါတယ် ။ treasure box အမျိုးအစား ၃ မျိုး ရှိပါတယ် ။ ကိုယ့်ရဲ့ ကံအပေါ် မူတည်ပြီး treasure box က ရတဲ့ gil နှင့် item တွေ ကွဲပြားသွားပါတယ် ။ အနိမ့်ဆုံးအဆင့်မှာတောင် 10,000 gil ရပါတယ် ။
Tomestone ကို gil အဖြစ် ပြောင်းနည်း
Expansion ဘယ်လောက်ပဲ ထွက်ထွက်၊ patch ဘယ်လောက်ပဲ ထွက်ထွက်၊ နာမည် ဘယ်လောက်ပဲ ပြောင်းပါစေ မပြောင်းလဲပဲ ရှိနေတတ်တဲ့ Tomestone က ၃ မျိုးပဲ ရှိပါတယ် ။ ပထမ တစ်ခုက Allagan Tomestone of Poetic ။ ဒုတိယတစ်ခုနှင့် တတိယတစ်ခုကတော့ နာမည် အမြဲပြောင်းနေတတ်တာမို့ ကျနော်တော့ 2nd tomestone နှင့် highend tomestone လို့ ခေါ်လိုက်ပါမယ် ။ highend tomestone ကတော့ အပတ်စဉ် 450 အထိပဲ ရှာနိုင်ပြီး ilevel အမြင့်ဆုံးတွေ ဝယ်လို့ရတဲ့ အကန့်အသတ်နဲ့သာ ရရှိနိုင်တဲ့ currency ပေါ့ ။ 450 ရောက်သွားရင် ထပ်ရှာလို့ မရတော့ဘူး ။ ပြည့်သွားပြီလေ ။ 2nd tomestone ကတော့ highend ထက် ilevel ၂ ဆင့်လောက် နိမ့်တဲ့ armor, weapon နဲ့ တခြား craftable ပစ္စည်းတွေ ဝယ်လို့ရတဲ့ currency ။ poetic လိုမျိုး max limit 2000 ပေးထားပေမယ့် ကုန်သွားရင် ထပ် ပြန်ရှာလို့ရတယ် ။ limit ပြည့်သွားလို့ ရပ်ရတဲ့ အပတ်စဉ်ကန့်သတ်ချက် သူ့မှာ မရှိဘူး ။
Tomestone ကို gil အဖြစ်ပြောင်းတဲ့နည်းက လွယ်ပါတယ် ။ crafter item တွေ materia တွေကို tomestone နဲ့ ဝယ်ပြီး ဈေးကွက်ပေါ် တင်ရောင်းလိုက်တာပဲ ဖြစ်ပါတယ် ။ အများအားဖြင့်တော့ Poetic က အသုံးများလို့ gil အဖြစ်ပြောင်းတာ သိပ်မလုပ်ကြပါဘူး ။ 2nd tomestone ပဲ gil အဖြစ်ပြောင်းကြတာ တွေ့ရပါတယ် ။ သူက ရလွယ်သလို တခြားနေရာတွေမှာ သုံးတာနည်းလို့ အများအားဖြင့် full ဖြစ်ပြီး ဒီအတိုင်း neglect လုပ်ထားကြတာ များပါတယ် ။ 2nd tomestone နဲ့ဝယ်ရတဲ့ crafter item တွေဟာ ဈေးကွက်မှာ ပြန်ရောင်းရင် 2000 to 10,000 အထိ ရပြီး ဝယ်လိုအား အသင့်တင့် ရှိတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ် ။
Materia အမျိုးအစား
Combat class တွေအတွက် Materia နှင့် crafter/ gatherer class တွေအတွက် Materia ဆိုပြီး အမျိုးအစား ၂ မျိုး ခွဲခြားထားပါတယ် ။ ပြီးတော့ grade 1, 2, 3 ဆိုပြီး grade အမျိုးအစားတွေနဲ့လည်း ခွဲခြားထားပါသေးတယ် ။
Materia ဆိုတာကတော့ armor/ weapon တွေမှာ Stat အပို ပေါင်းပေးတဲ့အရာတွေပါ ။ Combat class တွေအတွက် သုံးရတဲ့ materia များစွာရှိပါတယ် ။ Intelligent +15 ပေါင်းပေးတဲ့ Materia တို့ Critical Hit +60 ပေါင်းပေးတဲ့ Materia တို့ စသဖြင့် အမျိုးအစား များစွာ ရှိပါတယ် ။ Materia တွေ ဘာလို့ ထည့်ကြလဲဆိုတော့ high end raid တွေ ဝင်ဆော့တဲ့အချိန် အောင်နိုင်ဖို့ ရာခိုင်နှုန်း များစေဖို့ပါပဲ ။ Job အလိုက် သူနဲ့သက်ဆိုင်တဲ့ Stat တွေ ပေါင်းပေးလိုက်တဲ့အခါ ဆော့ရ မြန်ပြီး ပိုကောင်းလာတယ် damage များများထွက်လာတာမို့လို့ပါပဲ ။
ထို့အတူ Crafter/Gatherer class တွေမှာလည်း သူတို့နဲ့ သက်ဆိုင်တဲ့ Materia တွေ ထည့်သုံးကြတယ် ။ ဥပမာ CP+6 ပေါင်းပေးတဲ့ materia တို့ GP +3 ပေါင်းပေးတဲ့ materia တို့ စသဖြင့် အမျိုးအစား အများကြီး ရှိပါတယ် ။ သူတို့လည်း ထည့်သုံးပေးရင် Crafter/Gatherer class တွေ ဆော့တဲ့နေရာမှာ ပိုလွယ်လာတယ် မြန်လာတယ် ။ ဒါပါပဲ ။
Data Center တိုင်းလိုလို
Materia တွေမှာ ဈေးအကောင်းဆုံးနဲ့ ရောင်းအားအကောင်းဆုံးကတော့ combat class တွေမှာ သုံးတဲ့ Critical +60 ပေါင်းပေးတဲ့ materia ၊ DirectHit +60 ပေါင်းပေးတဲ့ materia တွေပါပဲ ။
ဈေးအမြင့်ဆုံးနဲ့ ရောင်းအား အကောင်းဆုံးမှာ နံပတ် ၂ ချိတ်ထားတာကတော့ Crafter/Gatherer တွေမှာ သုံးရတဲ့ grade အမြင့်ဆုံး materia တွေပါပဲ ။ သာမန်အားဖြင့် Crafter/Gatherer တွေမှာ သုံးရတဲ့ materia တွေက ဘယ် grade မှာမဆို ဈေးနှုန်းက မြင့်ကြပါတယ် ။
Wondrous Tails
Wondrous Tails ကတော့ quest လိုပါပဲ ။ ယူထားပြီး ဆော့ရင်းနဲ့ အသုံးဝင်တဲ့အရာတွေ ရနေတဲ့ အရာပါ ။ Level 60 ရောက်နေပြီး Idllyshire ဆိုတဲ့ နေရာ သွားလို့ရနေပြီဆိုရင် Wondrous Tails ကို ယူလို့ရနေပါပြီ ။ အဲ့ဒီ quest က Idllyshire မှာ ရှိနေတာ ဖြစ်ပါတယ် ။
အပတ်စဉ် NPC မှာ သွားပြောရင် သူက စာအုပ်တစ်အုပ်ပေးတယ် ။ စာအုပ်ထဲမှာ ပြထားတဲ့ဟာတွေ တခု လုပ်ပြီးတိုင်း seal တခုရတယ် ။ seal ၄ ခု တန်းရင် ဘာ reward တွေ ရတယ်၊ seal ၄ ခုတန်းနေတဲ့ အတန်း ဘယ်နှတန်းရရင် ဘာ reward တွေ ရမယ် ဆိုတာ စာအုပ်ထဲမှာ ပြထားပြီးသား ။ ဒါပေမယ့် seal က ဘယ်နေရာကျမယ်ဆိုတာ အတိအကျ မပြဘူး ။ ကျပန်း ကျတာမို့ seal ၄ ခု တန်းဖို့ကိစ္စက ကိုယ့်ကံအပေါ် မူတည်ပါတယ် ။ ၄ ခုတန်းနေတဲ့ အတန်း ၃ တန်း ရဖို့ကတော့ အခက်ခဲဆုံးပေါ့ ။ seal အကုန် ပြည့်သွားရင် အဲ့ဒီ စာအုပ်ပေးတဲ့ NPC မှာပဲ စာအုပ်ကို ပြန်သွားပေးရပါတယ် ။ ဒီအခါ reward တွေ ရလာမှာ ဖြစ်ပါတယ် ။ တပတ်နဲ့ တပတ် ပေးတဲ့ reward တွေလည်း မတူကြပါဘူး ။ gil 10,000 အထုပ်တွေ အပြင် materia တွေနဲ့ လဲလို့ရတဲ့ အိုင်တမ်၊ Tomestone ၊ minion ၊ Timeworn Map တွေအပြင် တခြားအသုံးဝင် item တွေ ရတာမို့ တပတ်တခါ ယူပြီး လုပ်ထားသင့်ပါတယ် ။
FFXIV Companion app
FFXIV Companion app သုံးပါ ။ ဖုန်းထဲကနေ ကိုယ့် world ရဲ့ ဈေးကွက်အခြေအနေ၊ ပစ္စည်းဈေးနှုန်းတွေ ၊ ပစ္စည်းတစ်ခုရဲ့ ရောင်းရနှုန်း သမိုင်းကြောင်း စတာတွေ အမြဲ စစ်ဆေးလို့ရတာက အရမ်းကောင်းတဲ့ အချက်ပါ ။ ဒါကနေတဆင့် ကိုယ် ဘာအိုင်တမ်ရောင်းရင် ဈေးကောင်းရမလဲ၊ ဘာ အိုင်တမ်ဆို များများ ရောင်းရမှာလဲဆိုတာ လေ့လာ သိရှိနိုင်ပါတယ် ။
ဒါကတော့ ကျနော် လေ့လာမိသလောက် ရေးထားတာ ဖြစ်ပါတယ် ။ ဒီအချက်အလက်ပေါ် မူတည်ပြီး gil အများကြီး ရှာနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
Zawgyi
အရင်ဦးဆုံး
  • Daily Roullete
  • Weekly Challenge logs
  • Treasure Maps
  • Retainer venture
  • Hunt
Daily Roulette
Weekly Challenge
Treasure Map
Retainer venture
Hunts
200-500 ဝန်းကျင်
> Dye (Soot black dye)
> Grade 1,2,3,4 materias
> Glamour Prism
အချုပ်ပြောရရင်ဖြင့်
Crafter class ဆိုရင်
Funiture
Foods
Potions
Crafted gear
Glowy weapons
Sootblack dye
Glamour Prism
Gatherer Class ဆိုရင်
Timeworn Map bottle
Bunnies in Hydatos
Materia အမျိုးအစား
Wondrous Tails
FFXIV Companion app
Post a Comment
0 Comments