နားလည်အောင်ကြိုးစားရင်းပြုံးနေပါ့မည်


❤အချိန်ကြာလာတာနဲ့အမျှ ဘဝမှာ ကိုယ့်ကို နာကျင်စေတာ ၊ခက်ခဲစေတာ၊ စိတ်ပင်ပန်းစေတာ၊ မပျော်ရွှင်အောင် လုပ်နိုင်တာ ကိုယ်အမှန်တကယ် ချစ်ရခင်ရတဲ့သူတွေကပဲ အများဆုံးလုပ်နိုင်တယ်ဆိုတာ သိလိုက်ရတယ်။

❤ရေစက်ရှိလို့ ဆုံကြ ကြုံကြ ခင်မင်ကြရတယ်။

လူတိုင်းကို ကျွန်မ မခင်ပေမဲ့ ၊ကျွန်မ ခင်မင်နိုင်တဲ့ လူတစ်ချို့အပေါ်မှာတော့ ဖြူဖြူစင်စင်နဲ့ အရောင်မဆိုးတဲ့ ကြိုးတစ်ချောင်းနဲ့ ၊ ယုံကြည်အားကိုးခြင်းတွေနဲ့ တည်ဆောက်ထားခဲ့တယ်။

❤အရာအားလုံးမဟုတ်တောင် လူတချို့ရဲ့ စိတ်ခံစားမှု့လေးတွေ နားထောင်ပေးချင်တယ်။

အခက်အခဲရှိရင်လည်း ကူညီရိုင်းပင်းချင်တယ်။
ကျွန်မသည် သစ်ပင်တစ်ပင် ဖြစ်ခဲ့သော် လူတိုင်းကို အရိပ်ပေးလို့ အေးမြစေချင်ခဲ့ပါတယ်။
 ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင် ၊ ဝါးတစ်ချောင်း ဖြစ်ချင်ခဲ့တာပါ။
ထိုးချလို့ရိုက်နှက်မဲ့သူထဲ ကျွန်မ မပါခဲ့ပါဘူး။
သူမပြုံးပြလည်း ကိုယ်ပြုံးပြနိုင်အောင်တော့ ကျွန်မ ကြိုးစားလို့ နေခဲ့ပါတယ်။

❤ဘယ်သူတွေ ဘယ်လိုသတ်မှတ် သတ်မှတ် ကျွန်မသည် ကိုယ်ချစ်ခင်ရသော လူတိုင်းဆီက ထပ်တူကျတဲ့ ခင်မင်ခြင်းမျိုးကို မမျှော်လင့်ပေမဲ့လည်း မျှော်လင့်နေမိတယ်။ ရချင်မိတယ်။ လူဆိုတာ ခံစားတတ်တဲ့ နှလုံးသားနဲ့မို့ ခံစားမိပါတယ်။

❤လူတွေရဲ့ စိတ်ကို ကျွန်မ အများကြီး မဖတ်တတ် အကဲမခတ်တတ်သလို မရင့်ကျက်တဲ့ ကျွန်မစိတ်ကြောင့် အားငယ်စိတ်ကြောင့် လူအများကြီးကို မခင်မိပါဘူး။

ခင်မိတယ်ဆိုရင်လည်း ကျွန်မဆိုသူက ထိုလူနဲ့ ပက်သက်သမျှ အမှတ်တရတွေကို တန်ဖိုးထား သိမ်းထားရလွန်းလို့ ပြတိုက်တစ်ခုအနေနဲ့တောင် ဖွင့်ပြလို့ရပါတယ်။

လူတိုင်းမှာ သူ့အကြောင်းတရားနဲ့သူ ရှိတာ နားလည်လက်ခံပါတယ်။ ကိုယ့်ကို ချစ်ခင်သည်ဖြစ်စေ ၊ မချစ်ခင်သည်ဖြစ်စေ ကိုယ့်အကြောင်းတရားပဲ မှတ်ပါတယ်။

❤ခုတော့ ကျွန်မစိတ်လေး အေးချမ်းအောင် ရင့်ကျက်တည်ငြိမ်အောင် ကြိုးစားလို့နေထိုင်ပါတော့မယ်။ ဥပေက္ခာပြုလို့ နေနိုင်အောင် ကြိုးစားမယ်။ ကိုယ့်စိတ်တိုင်းကျနေမရတဲ့ ဖြစ်မရတဲ့ ဘဝအကြောင်းလေးကို နားလည်အောင်ကြိုးစားလို့ နေထိုင်ပါတော့မယ်။

ကျွန်မသည် လူတိုင်းရဲ့ ဘေးလွယ်အိတ် တစ်လုံးတော့ မဖြစ်လိုပါ။ မဖြစ်ချင်ပါ။

 #ထနောင်းထနောင်း
credit to ထနောင်းထနောင်း

Post a Comment

0 Comments