Professional ဆိုတာ



Professional ဆိုတာ မိမိ တတ်သိသော ပညာ နှင့် အသက်မွေးသူ ဖြစ်ပြီး မိမိ အလုပ်အပေါ် စိတ်ဝင်စားမှု အပြည့်ရှိကာ စိတ်ရောကိုယ်ပါ အားထည့်လုပ်ပြီး တန်ဖိုး၊ စံ၊ ယုံကြည်ချက်များကို မည့်သည့်အခါမှ အလျှော့မပေးဘဲ မည်သည့် အလုပ်ပဲလုပ်လုပ် ထူးထူး ချွန်ချွန် ဆောင်ရွက်လိုသူကို ခေါ်ပါသည်။

Professional တစ်ဦးမှာ အရည်အချင်း (၁၀) မျိုးရှိရာ ၄င်းတို့မှာ

၁။ စွမ်းဆောင်ရည်ရှိသူ၊ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

၂။ ယုံကြည် အားကိုးထိုက်သူဖြစ်ရမည်။

၃။ အမှန်တရား ကို အမြဲပြောဆိုတတ်ပြီး ဖြစ်ပေါ်နေသည့် အခြေအနေများကို မညှာမတာ ဝေဖန် ဆန်းစစ် နိုင်သူ ဖြစ်ရမည်။

၎။ ရှေ့၊ နောက် ညီသော သိက္ခာ၊ သမာဓိ ကို ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။

၅။ လူတိုင်းကို လေးလေးစားစား ဆက်ဆံပြောဆို နိုင်သူဖြစ်ရမည်။

၆။ မိမိ၏ အရည်အသွေးကို အမြဲတမ်း တိုးမြင့်အောင် ကြိုးစားနေသူ ဖြစ်ရမည်။

၇။ အကောင်းကို အမြဲကြည့်တတ်သူ၊ စဉ်းစားတတ်သူ၊ ပေါ်ပေါက်လာသည့် ပြဿ မှန်သမျှကို ဖြေရှင်းနိုင်သူ ဖြစ်ရမည်။

၈။ အများကို ကူညီတတ်သူဖြစ်ပြီး လိုအပ်သည့်အခါ သွန်သင်ပြသူ ဖြစ်ရမည်။

၉။ ကိုယ်ရေးကိုယ်တာ ကိစ္စကို အလုပ်တွင်းသို့ ယူလာခြင်းမရှိဘဲ အလုပ်အပေါ် အာရုံ အပြည့်ရှိသူ ဖြစ်ရမည်။

၁၀။ အခြားသူများ ပြောသမျှကို နားထောင်နိုင်သူဖြစ်ပြီး သူတို့၏ အကြံဥာဏ်ကို နားထောင်တတ်သူ ဖြစ်ရမည်။


Professional တစ်ဦးဖြစ်ဖို့ လိုက်နာဆောင်ရွက်ရမည့် အဆင့် (၆) ဆင့် ရှိသေးရာ ၄င်းတို့မှာ

၁။ မိမိ လုပ်ဖော်ကိုင်ဖက်များကို လေးစားပြီး အောင်မြင်မှု ရသည့်အခါ အသိအမှတ် ပြုတတ်ရမည်။

၂။ အလုပ်လုပ်ရာတွင် ရင့်ကျက်မှု ရှိပြီး မိမိအမှားကို တာဝန်ခံရဲသူ၊ ဌာနတွင် ပဋိပက္ခ များနှင့် မပတ်သက်ဘဲ ကင်းကင်းနေနိုင်သူ၊ ရုံးတွင် ကိုယ်ရေးကိုယ်တာ မဆွေးနွေးဘဲ အလုပ်ကို အနှောင့်အယှက်ပြုနိုင်သော အရာများကို ပြေလျော့နိုင်သူ ဖြစ်ရမည်။

၃။ ဝတ်စားဆင်ယင်မှု ကို သတိထားပြီး မိမိအပေါ် ယုံကြည်စိတ်ချမှုကို အမြဲတမ်း မြင့်တင် ထားသူဖြစ်ရမည်။

၎။ အချိန်ကို ကျကျနန စီမံတတ်သူဖြစ်ပြီး မိမိတာဝန်ယူ ရသည့်အလုပ်များကို စနစ်တကျ စီိမံ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

၅။ မိမိ၏ ပညာရပ်ဆိုင်ရာတွင် တစ်ဘက်ကန်းခတ်အောင် ထူးချွှန်ဖို့ လိုအပ်ပြီး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ တက်ရောက်ကာ ဘာသာရပ် ဆိုင်ရာ တိုးတက် ပြောင်းလဲမှုများကို မျက်ခြေမပြတ်အောင် ဆောင်ရွက်နေရမည်။

၆။ ပြောဟန်ဆိုဟန် များသည် ပညာရှင် ပီသစွာ ဆောင်ရွက်နိုင်သူဖြစ်ရမည်။

အထက်ပါ အချက်များကို လေ့လာဖတ်ရှုခြင်းအားဖြင့် မည်သည့်အလုပ်တွင်ဖြစ်စေ Professional တစ်ဦး ဖြစ်ဖို့ လိုအပ်သော အရည်အချင်းများမှာ ကျယ်ပြန့်ပြီး မိမိတွင် ရှိအောင် လုပ်ရန်မှာ အချိန်ယူ အရှိန်ယူကာ ကြိုးစားအားထုတ် ရမည်သာဖြစ်သည်။

Credit – ရဲမြင့်(စွန့်ဦးတီထွင်)
Credit. TrueMan

Post a Comment

0 Comments