ကျွန်တော်နှင့် နားလည်ရန်ခက်သော ပုစ္ဆာများ


လူနာများထဲတွင် ဘယ်လိုလူနာကို ကြည့်ရတာ စိတ်အဆင်းရဲဆုံးနည်းဟု မေးလာပါအံ့။ ကလေး လူနာများဟုသာ မဆိုင်းမတွဖြေလိုက်ချင်သည်။ တချို့ သော ကလေးတွေဆို စဝင်လာကတည်းက ငိုလာလိုက်တာ အပြင်ပြန်ထွက်တဲ့အထိမရပ်။ နားကြပ်ထောက် နားထောင်တော့လည်း ငိုသံနှင့်ရောနှောနေသော အခါ အဆင်မပြေ။


" ဆရာ ကလေးက တစ်နေကုန် ငိုနေတာ အာ့ဘာဖြစ်တာလဲ"

" ငိုချင်လို့ နေမှာပေါ့ "

" ဟွင်"

history ပေးတာက ငိုသည်တစ်ခုထဲနှင့် ဘာရောဂါလဲ တန်းပြောရမည်မှာ မိမိကို စွန်းအထင်ကြီးနေသောကြောင့်လားပင်။ တချို့ သော ကလေးများမှာမူ လွန်စွာလိမ်မာကြလေ၏။ ခိုင်းသည့်အတိုင်း လိုက်လုပ်တတ်ကြသည်။ တချို့ မှာမူ ပြောမကောင်း ဆိုမကောင်းလေးများ။ တစ်ခါတုန်းက ကလေးတစ်ယောက်ဆိုလျှင် လုနာကုတင်ဘေးရှိတန်းပေါ်တွင် တင်ထားသော တွေ့ ကရာ ပစ္စည်းများဖြင့် ကောက်ပေါက်သေး၏။

" သားလေး ဦးဦး အာ့နားလာမယ်ညော်"

" မလာနဲ့"

" ဝှီး"

" ဒေါက်"

စင်ပေါ်ရှိ ဖယောင်းတိုင်နှင့် ကောက်ပေါက်လေရာ ဝူတန်ဂိုဏ်း၏ သိုင်းကွက်များထဲမှ မြင့်တုံနိမ့်တုံ တင်ပဆုံ အကွက်ဖြင့် ရှောင်ရှားလိုက်ရသည်။ တော်သေးသည်။ ဖယောင်းတိုင်မှာ နံရံသွားထိ၍။

" ဟဲ့ သားမလုပ်ရဘူးလေ "

" အမေလုပ်သူမှာလည်း ထိုသို့ သော လေသံဖြင့် ပက်ပက်စက်စက် ဟန့် တားလေရာ ဒေါက်တာပွခမျာ ကူရာကယ်ရာမဲ့လေတော့၏။

" ဟားဟား မလုပ်ပါနဲ့ကွ ဘာမှမလုပ်ဘူး ဒီနားကြပ်လေးနဲ့ပဲထောက်မှာ"

" မလာနဲ့ သွားး မေနိုးကြီး"

" ဝှီး"

" ခလွမ်"

ဤတစ်ခါလာသော လက်နက်ကိုမူ အော်မေ့ဂိုဏ်း၏ ဘယ်ယိမ်းညာယိမ်း မောင်ဘသိန်း သိုင်းကွက်ဖြင့် အောင်မြင်စွာ ရှောင်ရှားလိုက်ရပြန်လေသည်။ စိတ်ထဲမတော့ ဒီကလေးကို အမှုန့် ခြေ နေလှမ်း ပျားရည်နှင့် ရောတေကာ ဆေးလုံးလုံးပြီး ပရဆေးဆိုင်ပေါ်တင်ပြီးဖြစ်၏။ အပြင်မှာမူကား

" ဟာဟား သားသားက လက်တည့်တယ်ကွ မနာပါဘူး ခဏလေးပဲ စမ်းမှာ"

" ဝှီး"

" တိန်"

" အညွှမ့်"

ဒီတစ်ခေါက် လက်နက်ပုန်းကား သိုင်းကွက်တောင်ထုတ်ချိန်မရလိုက်ဘဲ နဖူးတည့်တည့် တိန်ကနဲ မှန်လေတော့၏။ ထိုနေ့ ကစပြီး ထိုစင်ပေါ်ဘာပစ္စည်းမှမထားတော့။

" မီးမီးရေ ဦးဦးကို ပါးစပ်လေးဟပြပါအုံး"

" အာ"

" ဟုတ်ပြီ အာ လို့ အကျယ်ကြီးအော်ပြ"

" "

" အော်ပြပါအုံး အာလို့ "

" "

" ဟွင် မအော်ပါလား မီးမီးရေ ကျီးကန်းလေးက ဘယ်လိုအော် အအလို့ အော် လိုက်ဆိုပါအုံး"

" "

" ကျီးကန်းလေးက ဘယ်လိုအော်"

" အအ လို့ အော်"

" အမလေး တော်ပါသေးရဲ့ "

သို့ သော် ယောက်ျားကြီးတစ်ယောက် လာပြသောအခါ ထိုအကျင့်ကစွဲနေသည်မို့ 

" ဟုတ်ပြီ ပါးစပ်ဟပါအုံး ကျီးကန်းလေးက ဘယ်လိုအော်"

" ခင်ညာ"

" ဟွင် ဟုတ်ပါပု မှားလို့  ပါးစပ်ဟ အော်ပါအုံး မအော်တတ်ပုလား အော်ပြပါအုံး ကျီးကန်းလေးက ဘယ်လိုအော်"

" ဝုတ်ဝုတ်"

" ငှယ် ဘယ့်နှာ ကျီးတစ်ပိုင်း ခွေးတစ်ပိုင်းကြီးပါလိမ့်"

လုပ်စားကိုင်စားရသည်မှာ မလွယ်လှ။ ထို့ အပြင်ဒေါက်တာပွတို့ လို ယောက်ျားဆရာဝန်များ အနေဖြင့် စမ်းသပ်ရန်ခက်ခဲသော ကိစ္စများရှိသည်။ ထိုအရာကား မိန်းမလူနာများ၏ အောက်ပိုင်းကိစ္စ။ တနည်းပြောရလျှင် အညစ်အကြေးစွန့် အင်္ဂါများတစ်ဝိုက်ရှိရောဂါများပင်။ ယောက်ျားအချင်းချင်းကျ

" ကဲ ခုတင်ပေါ်တက် လှန်စမ်း အဲ့ပုဆိုး မှန်းစမ်း"

ဆိုပြီး မာမာထန်ထန်ခိုင်း၍ ရသော်လည်း မိန်းကလေးလူနာများကိုမူ

" ကဲ လှန်လတ်ပါအူး"

ပြောမိပါက ပါးကျွတ်ကျွတ်ကျိုးမည့်ကိန်း။ မတော် facebook ပေါ်ပါ ပလူပျံသွားနိုင်သည်မို့  အတော်ခက်လှ၏။သို့ သော် သူတို့ခမျာ ရွေးချယ်စရာ ရှားပါးကြသည်ထင့်။ သမားဥပဓိရုပ်နှင့် လွန်စွာပြည့်စုံခန့် ညားလှသော ဒေါက်တာပွဆီသို့ သာ ရောက်လာကြကုန်တော့၏။

" ဆရာ သမီး နို့ ချောင်းပိတ်နာ "

" ဟေ ဟုတ်လား ပြစမ်း ဟွင် ဟုတ်ပါပု မပြနဲ့  ဆိုဒေါ့ဂါ မကြည့်ရင်လည်း မဖြစ်ဘူးထင်တယ် ပြသလိုလို မပြသလိုလိုလေး ပြစမ်း"

" ဆိုဒေါ့ဂါ ပြရမှာလား မပြရပုလား ဆရာ"

" ပြရင်လည်း ကြည့်လို့ မရသလို မပြရင်လည်း မြင်ရမှာမဟုတ်လေတော့ ပြခြင်း မပြခြင်းဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှတ်မထင် မထင်မှတ်ဘဲ"

" ဟွင် ကြာပါတယ် ဆရာ ဟော့ဒီမှာ ဝှစ်"

" ငှယ် "

ဆိုဒလိုပင်။ ယောက်ျားလေးများကတော့ ရှင်းသည်။

" ဆရာ ကျော် ဘောကျနာ"

" အိုက်စ် ပြဇမ်း"

" ဒီမှာပါ ဆရာ ဝှစ်"

" ဟင် ခင်ဗျာ့ဟာက တစ်ဖက်နိမ့် တစ်ဖက်မြင့် မခင်တင့် ပါလားကွယ်ရို့ "

" ကျော့် နာမည် သောင်းအေး ပါ ဆရာ မခင်တင့် မဟုတ်ပါပု"

" ဒါဆို တစ်ဖက်ကြီး တစ်ဖက်သေး ကိုသောင်းအေးပေါ့"

" ဆိုဘေမဲ့"

အဆိုပါ ကိုသောင်းအေး ကို တစ်ရက်ကုကြည့်သော်လည်း သိပ်မသက်သာ။ နောက်နေ့ ထပ်လာပြသောအခါ

" ဆရာ ကျော် မသက်သာပု"

" ဟုတ်လား ပြဇမ်း"

" ဝှစ်"

" ဟာ ခင်ဗျား အသားတွေပါ ဝါနေပါလား ကိုသောင်းအေး"

" ငှယ် ဟုတ်လား ဆရာ ကယ်ပါအုံး အသားဝါရင် သေတတ်တယ်ဆို "

" နေပါအုံးဗျ ကျနော်ဆရာဝန်ဖြစ်တဲ့ သက်တမ်းတစ်လျှောက်တော့ ဒီလိုကွက်ကွက်လေးဝါနေတာ မတွေ့ ဖူးဘူး ဒါ ရောဂါအသစ်ပဲနေမယ် ခင်ဗျား အာဖရိက တွေဘာတွေ ခရီးထွက်သေးလား"

" ငှယ် ဆိုက္ကားတောင် အငှားနင်းရတာပါ ဆရာရယ် အာဖရိက တိုက်အထိတော့ ဆိုက္ကားမနင်းဖူးဘူး အများဆုံးနင်းရ ဈဈေးအထိပေါ့ ဒါလည်းနင်းနေကျ လမ်းတွေပါ အာဖရိက ကို မျက်စိလည်လမ်းမှားပြီး နင်းစရာလည်း အကြောင်းမရှိပါပု"

" မသိဘူးလေ ရောဂါဆန်းတွေက အာဖရိက မှာဖြစ်တာများသကိုး"

" ဒါနဲ့ ကျနော် အသားဝါတာ ဘယ်နေရာမှာလဲ ဆရာ"

" ခင်ဗျာ့ ဘယ်ဘက် မုတ္တ တစ်လုံးထဲ ကွက်ဝါနေတာလေ "

" ဟာ ဖီ အာ့ ယောင်နေလို့ နနွင်းတွေ လိမ်းလာတာကို"

" အော် ဒလိုလား"

" ဆိုဒလို"

တစ်ချို့ သော အမျိုးသမီးကိစ္စတွေကိုတော့ လက်ရှောင်ကာ အိုဂျီဆီသို့ သာ သွားရန်ညွှန်ရ၏။တလောက abortion အမျိုးသမီးတစ်ယောက် အဖျားများတက်ကာ ဆေးခန်းသို့ ရောက်လာသည်။ လက်ထဲတွင်လည်း အာထရာဆောင်းအဖြေစာရွက်လေးကိုင်လို့ ။ ဖတ်ကြည့်လိုက်တော့ သန္ဓေသားလောင်းအပိုင်းအစများ သားအိမ်ထဲတွင်ကျန်ရှိနေသေးသည်။ ဒါမျိုးကိစ္စဆိုသည်မှာ ဆေးရုံမြန်မြန်ရောက် သားအိမ်ခြစ် မှ အဆင်ပြေနိုင်သည်မို့  ဆေးရုံသွားရန် တရားချရ၏။

" ဆိုတော့ကာ သားအိမ်ခြစ်ရမလား စုပ်ထုတ်ရမလားဆိုတာ အိုဂျီကပဲ ဆုံးဖြတ်ပေးလိမ့်မယ် ဒီတိုင်းထားလို့ ကတော့သွေးအဆိပ်သင့်ကုန်လိမ့်မယ်"

" ဆရာ ခြစ်ပေးလို့ မရဘူးလား"

" အေးကွယ် ငါပြောနေကျ စကားလိုပဲ ငါ့ဆီမှာ နင့်သားအိမ်ကိုခြစ်စရာဆိုလို့ ဇွန်းတောင်မရှိပုဟဲ့"

" ဒါဆို စုပ်ထုတ်ပေး"

" ဟာ ဖီ ဒါမျိုးက အအေးသောက်တဲ့ ပိုက်နဲ့စုပ်ထုတ်လို့ ရတယ်များ ထင်နာလား"

မနည်းကြိမ်းမောင်းခြိမ်းခြောက် ပြီးမှ ဆေးရုံသွားပါမည်ဟု ကတိပေးသွားတော့သည်။ မကြာခင် အသက် ၂၀ ခန့် ရှိလူငယ်တစ်ဦး ရောက်လာပြန်လေ၏။

" ဆရာ ဟွာလေ ဟိုဥစ္စာ"

" အွင်း ဘာပြောချင်လဲ ရဲရဲသာပြောချလိုက်"

" အဟီး ဟိုဟာဖြစ်နာ"

" အွင်း မဆိုးပါပု ပြောတာ ပြည့်စုံပါတယ် "

" မပြောတော့ပါပု ဆရာရယ် ကိစ္စက ဒီမှာပါ "

ဆိုပြီး ပုဆိုးလှန်ပြလေတော့သည်။

" ဟွင် ကန်စွန်းဥပြုတ်ကြီးလား"

" ဟမ့် မဟုတ်ပု ဆေးထိုးထားတာ"

" ခွီး ခက်တာပဲ အာ့လို ထိုးရတယ်လို့ ဘယ်သူက မြှောက်ပေးလိုက်သတုန်း"

" သူငယ်ချင်း အချင်းချင်းထိုးပေးကြတာ"

" အိုက်စ် ကြင်နာလတ်ကြတာညော်"

" အာ့ ခုဆီးသွားရတာ ခက်နေလို့ "

" မရပုညေး အာ့က ၂ခါပြန်ခွဲရမှာ ဆေးရုံသာဒိုးတော့"

" ဆိုဘေမဲ့"

" ပြောနေဘေမဲ့ ကိုယ်လုပ်ထားတာ ကိုယ်ပြန်ခံရတာပါညေးရာ"

ကဲ သွားပေအုံးတော့ ဆေးရုံကို နောက်တစ်ယောက်။

" ဆရာ ကျော့်ကို ကယ်ပါ ကျော့်ကိုကယ်ပါ"

" ဆိုဘေမဲ့ ဘာဖြစ်လာသလည်း ပြောပါအုံး"

" ကျော် ကိုယ်ဝန်ရှိနေလို့  ကျော့်ကိုကယ်ပါ"

" ဟွင် ဘာပြောလိုက်တာ"

" ကျော် ကိုယ်ဝန်ရှိနေလို့  ကျော့်ကို ကယ်ပေးပါ"

" ဟမ် ခင်ဗျားက ယောက်ျားလား"

" ကျားမှ ကျားအစစ်ကြီးပါ ဆရာ"

ကြည့်ရတာ အရက်ကြောင်ကြောင်နေသလား ဆိုက်ကိုလေလား။

" အရက်တွေဘာတွေသောက်သလား"

" အနံ့တောင်ခံလို့ မရပါဘူး ဆရာ"

" ဒါဆို ဒီကိုယ်ဝန် ဘူနဲ့ ရသတုန်း"

" အာ့ပြောတာ ကျော်လည်း ဘာမှမလုပ်ရပဲနဲ့  ဗိုက်ကြီးနေပြီ ကယ်ပါဆရာ"

" ကယ်ပါ ဆရာဆိုတော့ ကျနော့် ခင်ဗျားကို ယူခိုင်းနေတာလား ဖီ"

" ဟွင် အာ့လိုဟုတ်ပုလေ"

" ပြောပါအုံး ဘယ်လိုလုပ် ကိုယ်ဝန်ရနေမှန်းသိသတုန်း"

" ဒီလိုပါ ဆရာ တလောက မိန်းမက ရာသီမလာလို့ ဆီးစစ်ကျိမယ်ဆိုပြီး ဆီးစစ်တံဝယ်လာတယ် ဆရာ။ ဒါပေမယ့် မိန်းမက အာ့နေ့ မှာပဲ သွေးပြန်ပေါ်တော့ ဒီဆီးစစ်တံကြီးက ပိုနေတယ်။ ကျော်လည်း ပျင်းတာနဲ့ ကျော့်ရှုရှုးကို အာ့နဲ့ စစ်ကျိတာ ဘာများဖြစ်မလဲလေပေါ့။ အာ့မှာ ၂ကြောင်းကြီးမှ ထင်းနာပဲ ။ ကယ်ပါအုံးဆရာ ကျော် ဒီကလေးကို မယူချင်ဘူး။ ခလေးခမျာ ဘယ်သူ့ အဖေခေါ်ရမလဲ မသိ။ အဖေပေါ်လာပြန်ရင်လည်း ဟိုဘက်ကလည်း အဖေ ဒီဘက်ကလည်း အဖေနဲ့။ ကျော့်ဘာသာ အဖေပဲလုပ်ရမလား အမေပဲလုပ်ရမလား နဲ့  ရူးရပါပြီ"

" အော် ဒလိုလား"

" ဆိုဒလို"

" အာ့ ကိုယ်ဝန်ရှိတာ မဟုတ်ပါပု ရောဂါတစ်ခု ရှိတယ် အာ့ဖြစ်နာ နေမှာ"

" အမလေး တော်သေးတာပေါ့ ဘာရောဂါလဲ ဆရာ"

" ဝှေးစေ့ ကင်ဆာ"

" အညွှမ့်"

ကူးယူ ဖော်ပြသည် ။ All credit to Original Writer ကိုပွ

Post a Comment

0 Comments