ပြန်လည် အမှတ်ရခြင်း

ဆတ်ကနဲ နိုးလာတယ် ။ အိပ်ရာဘေးက တိုင်ကပ်နာရီကို ကြည့်တော့ ၇ နာရီ ထိုးဖို့ ၁၅ မိနစ်အလို။

ဟာ မဖြစ်ဘူး ကျောင်းနောက်ကျတော့မှာပဲ။

ကမန်းကတန်းထပြီး မျက်နှာသစ် သွားတိုက်ဖို့ အိမ်အောက် ဆင်းပြေးလာတယ်။ အိမ်အောက်ရောက်တော့ အမေက ထမင်းချိုင့်ထည့်ပေးပြီးလို့ ဈေးသွားပြီ။ အဖေကတော့ အပေါ်ထပ်မှာ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်နေတုန်း။ မျက်နှာသစ် သွားတိုက် အင်္ကျီ လဲပြီး ကြည့်လိုက်တော့ ၇ နာရီ ၁၀။

အချိန်ရသေးတယ်။ အိမ်သာ မြန်မြန်တက်လိုက်ဦးမှ မဟုတ်ရင် ကျောင်းမှာ ဒုက္ခအကြီးအကျယ် ရောက်ကုန်လိမ့်မယ်။

ကျောင်းက facilities တွေ မပြည့်စုံတော့ အိမ်သာကို သန့်ရှင်းအောင် မထားနိုင်။ ကျောင်းဆောင် ရှစ်ဆောင် ရှိ၏။ အဆောင်တိုင်း အိမ်သာရှိ၏။ သို့သော် အကုန်လုံးပျက်။ ဆရာ ဆရာမအဆောင်က အိမ်သာနှင့် ဟောခန်းဘေးက အိမ်သာ ဒီ၂ခုသာ ကောင်းတယ်။ သုံးဖို့ရေဆို အဝေးကြီးက ရေ ခပ်ရတယ်။ မိုးရာသီဆိုရင်တော့ စိတ်ပူစရာမလို။ နွေရာသီတစ်ခုပဲ စိတ်ညစ်ရတယ်။ ဒါကြောင့် ကျောင်းသွားပြီဆိုတာနဲ့ ရေမသောက်တော့ဘူး။ အတွေးတွေနဲ့ အိမ်သာတက်နေတုန်း အဖေ့ အော်သံ ကြားလိုက်တယ်။

မြန်မြန်လုပ် ဒီမှာ နင့် ကျောင်းကား လာနေပြီ။

ကားဆရာကိုလည်း လှမ်းပြောသံကြားရတယ်။ စုရပ်က ကိုယ့်အိမ်ရှေ့မှာ။

ကားဆရာဝေး ခန စောင့်ပေးနော်။

ကမန်းကတန်းထွက်ပြီး ကျောင်းလွယ်အိတ်နဲ့ ထီး ထမင်းချိုင့်ကိုယူ အပြေးအလွား ကားပေါ်တက်လိုက်တယ်။ ကားပေါ်ရောက်တော့ လွတ်တဲ့တနေရာ ဝင်ထိုင်ပြီး ဘေးကိုဝေ့ကြည့်တော့ သူငယ်ချင်းတွေ တွေ့ရတယ်။ တချို့က အိပ်ရေး မဝသေးတဲ့ရုပ်။ တချို့က တနေရာကို ငေးကြည့်နေတယ်။ ဝူးးး ဆိုပြီး ကားထွက်တဲ့အသံကြားတော့ ကားထဲမှာ ရှိတဲ့လူတွေ တော်တော်များများ အပြင်ဘက်ကို မျက်နှာမူလိုက်ကြတယ်။ ကျောင်းကားတွေက ကမ်းရိုးတန်းတလျှောက် ပြေးဆွဲနေတဲ့ ဒိုင်နာကားတွေ။ အတွင်းပိုင်းထိုင်တဲ့လူတော့ မီးခိုးတွေ မွန်ထူတော့တာပဲ။ ဒါကြောင့် အကုန်လုံးနီးပါး ခေါင်းအပြင်ဘက် လှည့်ထားရတယ်။

ကားက တအိအိနဲ့ စုရပ်တွေ တနေရာရပ်လိုက် ကျောင်းသားကျောင်းသူတွေ တက်လာလိုက် ကား ပြန်ထွက်လိုက်နဲ့ သွားရင်း ကျောင်းနဲ့ တဖြည်းဖြည်း နီးလာတယ်။ ကားက မလုံလောက်တော့ ကားတစီးမှာ လူတွေ အပြည့်အသိပ်။ ယောကျာ်းငယ်လေးတွေဆို ကားခေါင်မိုးပေါ် တက်ထိုင်ရတယ်။ ကားထဲမှာလည်း အလယ်မှာ ခုံပုကလေးတွေ ထိုး ထိုင်ကြရတယ်။ မနက်စောစော တယောက်ကိုတယောက် စကားမပြောပဲ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကျောင်းကို သွားကြတယ်။

ဘေးနှစ်ဘက် သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ ကတ္တရာလမ်းကလေးကနေ ညာဘက် ချိုးဝင်သွားတော့ ကျောင်းဆောင်တွေ မြင်ရပြီ။ ဂိတ်ပေါက်ဝ မရှိ။ ခြံစည်းရိုးမရှိ။ မြက်ပင် ခြုံပုတ်တွေ သစ်ပင်ကြီးတွေကြားက ကျောင်းဆောင် ခေါင်မိုးတွေ ဟိုတကွက် ဒီတကွက် မြင်ရပြီ။

ဟော ကျောင်းရောက်ပြီ ဆိုတာ သိလိုက်ရတယ်။

ကားပေါ်ကနေ အလျှိုလျှို ဆင်းကုန်ကြတယ်။ ကားပေါ်ကဆင်းတာနဲ့ အေးမြလတ်ဆတ်တဲ့လေ တဝ ရှုပစ်လိုက်တယ်။ လန်းဆန်းသွားပြီ။ ငှက်ကလေးတွေ အော်သံ ကြားနေရတယ်။ အရမ်း တိတ်ဆိတ်နေတဲ့အတွက်ကြောင့် ဟိုးအဝေးကြီးက စကားပြောသံတောင် ကြားရတယ်။ ကိုယ့်အခန်းရှိရာ ကျောင်းဆောင်ကို ဦးတည်လျှောက်လာတယ်။ တချို့ ကျောင်းဆောင်ကနေ ကျောင်းသား ကျောင်းသူလေးတွေ ထွက်လာတာတွေ့တယ်။ သူတို့က မနက်စာစားဖို့ ကန်တင်းရှိရာ သွားနေကြတာပဲ ဆိုတာတွေးမိတာနဲ့အတူ ဗိုက်က အော်သံကြားလိုက်ရပြီ။ အမေ့ ထမင်းချိုင့်က ဟင်းနံ့ကလည်း မွှေးနေတာပဲ။ ကားပေါ်ပါလာတဲ့ သူငယ်ချင်းတွေတော့ ကားပေါ်က ဆင်းတာနဲ့ ကင်တင်းဆီ တန်းသွားကြပြီ။ ဒါနဲ့ ကျောင်းခန်းထဲရောက်တော့ လွယ်အိတ်ချပြီး ထမင်းချိုင့်ဖွင့် အနည်းငယ်စားလိုက်တယ်။ စားပြီးမှ နေသာထိုင်သာ ရှိသွားတော့တယ်။ သူငယ်ချင်းတွေ အလာ စောင့်နေတုန်း ကျောင်းခန်းကြီးကို ဝေ့ကြည့်လိုက်တယ်။

ကျောင်းခန်းက တံခါးမရှိ။ ပြတင်းပေါက်တောင် အရွက်ရှိတဲ့ အပေါက်ကရှိ မရှိတဲ့အပေါက်ကို သစ်သားတန်းတဲ့ ကန့်လန့်ဖြတ် ပိတ်ထားတယ်။ စာရေးနေတဲ့ သစ်သားခုံတန်းက နှစ်ကြာပြီဖြစ်တဲ့အတွက် ယိုင်နဲ့နေပြီ။ ဆရာမတွေ ရေးနေတဲ့ ကျောက်သင်ပုန်းကြီးကလည်း တခြမ်းပဲ့။ ဖြူဖွေးနေပြီ။ စာသင်ခန်းကြမ်းပြင်က မြေကြီးသာသာ။ တချို့နေရာတွေမှာ အင်္ဂတေ တွေပဲ့ထွက်လျက်။ အရာရာက ဟောင်းနွမ်းပျက်စီးနေတဲ့ကြားက စာသင်နေရတယ်။ ပုံနှိပ်စာအုပ်တောင် အထက်က အယောက်စေ့ အပြည့်အဝ မချပေးနိုင်။ မဲနိုက်ယူရတယ်။ မရတဲ့သူတော့ အရင်နှစ်က အကိုကြီး အမကြီးဆီ ခနငှါးယူပေတော့ပဲ။ မဟုတ်ရင် တအုပ်လုံး မိတ္တူကူးပဲ။ အဲ့လို အဲ့လိုနဲ့ စာအုပ်တွေ စုံအောင် ဖနိတီးယူရတယ်။ အခုက ပထမနှစ်ဆိုတော့ နောင်လေးနှစ်တောင် ရှိသေးတယ်။ အခုမှသတိရတယ် ။ ထမိန်အောက်နား ကြည့်ဦးမှ။ အင်း ထင်တဲ့အတိုင်း မြက်သီးတွေ ကပ်နေပြန်ပြီ။

ထမိန်ကနေ မြက်သီးတွေ တခုချင်းဆီ ခွာနေတုန်း အဝေးက သူငယ်ချင်းတွေရဲ့ စကားပြောသံ ရယ်သံတွေ ကြားရတယ်။ သိပ်မကြာဘူး။ သူငယ်ချင်းတွေ စုံသွားပြီး စာသင်ခန်းတခုလုံး ဆူညံသွားတယ်။ ခနကြာတော့ ဆရာမ ဝင်လာတယ်။ survey နဲ့ ပတ်သက်တာတွေ သင်တော့တယ်။ ဆရာ ဆရာမတွေ တယောက်ဝင် တယောက်ထွက် စာသင်ရင်း တဖြည်းဖြည်းနဲ့ အချိန်က နေ့လည် ထမင်းစားချိန်ရောက်လာကော။ အတန်းလွတ်တော့ သူငယ်ချင်းအချို့ ကင်တင်း ဆင်းသွားကြတယ်။ ကျန်တဲ့ သူငယ်ချင်းတွေနဲ့အတူ ထမင်းချိုင့်တွေ ဖွင့်စားကြတယ်။ အိမ်က အမေကတော့ အမြဲတမ်း ကြက်ဥကြော်နဲ့ ပဲသီးလှော်၊ ထမင်းအပေါ်မှာ သရက်သီးသနပ်လေး ၂ဖတ်နဲ့ အနှစ်အနည်းငယ်။ တခါတရံ အပိုဆုအနေနှင့် အာလူးကြော်တို့ ငရုတ်သီးတို့ ပါတတ်တယ်။ ဘယ်လိုပဲ ထည့်ထည့် အကုန်စားကောင်းတယ်။ တခါမှ မငြီးငွေ့ဘူး။ အိမ်ဟင်းကိုး။ စကားတပြောပြောနဲ့ ဟင်းတွေ အပြန်အလှန် လဲစားရင်းနဲ့ နေ့လည်စာ စားပြီးသွားပြီ။ စားပြီးတာနဲ့အတူ မျက်လုံးက ငိုက်စင်းလာတော့မယ်။

မဖြစ်ဘူး အိပ်ငိုက်ပြေအောင် လမ်းထလျှောက်မှ။

အခန်းအပြင်ထွက် ဟိုလျှောက် ဒီလျှောက်။ အခန်းထဲဝင် တပတ်ပြီး တပတ် ပတ်လျှောက်နေမိတယ်။

ဟော အသံကြားရတယ်။ သူတို့တွေတောင် ပြန်လာပြီပဲ။

ခနအကြာတော့ သူငယ်ချင်းတွေ တော်တော်များများ အခန်းထဲ ပြန်ဝင်လာကြတယ်။ တချို့က ထမင်းချိုင့်တွေ နေရာတကျပြန်ထားနေတယ်။ တချို့က စာအုပ်တွေဖွင့်ပြီး ဟိုကြည့် ဒီကြည့်။ တချို့က အချင်းချင်း စကားပြောပြီး ရယ်နေကြတယ်။ စာရေးတဲ့သူကရေး မုန့်အချို စားတဲ့သူကစား သီချင်း အော်ဆိုတဲ့သူကဆို ရယ်စရာပြောတဲ့သူနဲ့ ရယ်တဲ့သူတွေနဲ့ စာသင်ခန်းတခုလုံး စည်ကားနေတယ်။

physic ဆရာမ ဝင်လာပြီ။ သေပြီ။ ငါတော့ ငိုက်တော့မှာပဲ။ နဂိုကတည်းက မရတရဆိုတော့ မဖြစ်ဘူး ဆရာမ သင်ချိန် ပြူးပြဲ သင်မှပဲ။

အိပ်မငိုက်အောင် ကြိုးစားနေရရင်းနဲ့ ဘာတွေ သင်သွားမှန်း မသိလိုက်။ ဘေးက သူငယ်ချင်းကိုမေးကြည့်တော့

နင်ငိုက်လွန်းလို့ ယိုင်နေတယ်။

ပြုံးစိစိနဲ့ ပြန်ပြောပြတယ်။ တတ်မနိုင်။ ဒီလိုအချိန်ဆို ထိန်းမနိုင် သိမ်းမရ။ စိတ်ထဲမှာလည်း အိမ်က အိပ်ရာပဲ မြင်မြင်နေတာ။ သို့ပေမယ့် ၂ ချိန်လောက်ဆို အငိုက်ပြေသွားပါပြီ။

ဒီလိုနဲ့ သင်ရင်း အချိန်တဖြည်းဖြည်း ကုန်လာတာနဲ့အတူ ကျွီ ဆိုတဲ့ ကားအသံကြားရလိုက်ရတယ်။

ဝါးးး ကျောင်းဆင်းချိန်နီးနေပြီ။ ပျော်လိုက်တာ။

ညနေ ကျောင်းဆင်းချိန် ရောက်လာတယ်။

ဟေးးး ကျောင်းဆင်းပြီကွ။

စာအုပ်ခဲတံတွေ လွယ်အိတ်ထဲ ကောက်ထည့် ထမင်းချိုင့်ဆွဲပီး အပြင်ပြေးထွက်လာတယ်။ မနက်က ကျောင်းကား လူချပေးတဲ့ နေရာမှာ ကျောင်းကားတွေ ရောက်နေကြပြီ။ ဒါပေမယ့် ကားက မစုံသေး။ မေးကြည့်တော့ မြို့သစ်လိုင်းက ကားတစ်စီး မရောက်သေးဘူးတဲ့။ စောင့်ရင်း ၄ နာရီက ခွဲတော့မယ်။ အိမ်ပြန်ချင်တယ်။ Drawing လည်းဆွဲရဦးမယ်။ ဂိမ်းလည်း ဆော့ချင်တယ်။ ကိုးရီးယားပွဲကလည်း ဇာတ်သိမ်းတော့မယ်ဆိုတော့ ကြည့်ကောင်းနေပြီ။ ဘာ....... အလုပ်တွေက များလှချည်လားဟ။

ခန လောက် အတွေးရပ်ပြီး ဘေးကို ဝေ့ကြည့်လိုက်တယ်။ GTC ကျောင်းသာ ဆိုတယ်။ ဆိုင်းဘုတ်မရှိ။ ကျောင်းဆောင်တွေက ကျိုးတိုးကျဲတဲ။ ကျောင်းထဲရောက်လို့ ဘယ်ဘက်ကွေ့လိုက်ရင် ဆရာ ဆရာမတွေ နေတဲ့ ကျောင်းဆောင် ရှိတယ်။ မျက်နှာချင်းဆိုင်။ ကျောင်းတစ်ခုလုံး ဘယ်နေရာပဲ ကြည့်ကြည့် သစ်ပင်ကြီးတွေချည်း။ ကျောင်းပေါက်ဝလို့ ယူဆရတဲ့ နေရာမှာ ကားလမ်းတူတဲ့ သူငယ်ချင်းတွေနဲ့ အတူတူ သွားရပ်စောင့်လိုက်တယ်။ ကားဆရာတွေက အုပ်စုလိုက် တနေရာမှာ စုပြီး စကားပြောနေကြတယ်။ ဆရာဆရာမတွေရော မလာသေးတဲ့ ကားကို စောင့်ရင်း အချင်းချင်း စကားပြောနေကြတယ်။ ကျောင်းသားကျောင်းသူတွေ ကြည့်လိုက်ရင် ကားလမ်းအလိုက် သက်ဆိုင်ရာ ကားနားမှာ အစုလေး အစုလေး ကိုယ်စီ စုပြီး ရပ်နေကြတယ်။ ကားတွေက အဆင်ပြေသလို ထိုးထားရတော့ ဟိုနားတစ်စီး ဒီနားတစ်စီး တချို့ကတော့ ၃ စီးလောက် ယှဉ်ရပ်ထားတယ်။ ယှဉ်ရပ်ထားတဲ့ ကားပေါ်မှာ ကျောင်းသားကျောင်းသူတွေ စကားပြောရင်း စနောက်ရင်း ရယ်နေကြတယ်။ ကားချင်း ယှဉ်ရပ်ထားတော့ ဟိုဘက်ကားနဲ့ ဒီဘက်ကားနဲ့ လှမ်းစကားပြော စနောက်နေကြတယ်။ မနက်ဖြန်အတွက် ဆွေးနွေးနေကြတယ်။ သူငယ်ချင်းက လှမ်းပြောတယ်။

ဟိတ် မနက်ဖြန် drawing ရှိတယ်နော်။ နှစ်ထပ်အိမ် ဆွဲပြီးပြီလား။ ငါတော့ တစ်ဝက်ပဲ ပြီးသေးတယ်။

အေး ငါရောပဲ။ ညကျရင် ဆွဲမလို့ လုပ်ထားတယ်။

မနက်ဖြန် ကျောင်း စောစောရောက်ရင် drawing အခန်းကို သွားပြီး ဆွဲကြစို့ အေ။

အေ အဲ့ဒါ ကောင်းသားပဲ။

ပြောရင်း သိပ်မကြာဘူး။ အဝေးက ကားသံ ကြားရပြီ။ ကားတစ်စီး ကျောင်းဆီကို မောင်းလာတယ်။ လမ်းက တောလမ်းမို့ ကားတစ်စီး မောင်းသွားတိုင်း ဖုန်မှုန့်တွေ လေမှာလွှင့်ကျန်ခဲ့တယ်။ အဝေးကကြည့်ရင် ပတ်ဝန်းကျင်တစ်ခုလုံး ဖြူဖွေးပြီး ကားဆိုလို့ အရိပ်လေးမျှသာ မြင်ရတော့တယ်။ နောက်ဆုံးကား ရောက်လာတော့ ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေ သက်ဆိုင်ရာ ကားတွေပေါ် တက်ကြတယ်။ ခနအကြာမှ ကားဆရာတွေ လည်း ကားပေါ်တက်လိုက်တယ်။

လူစုံပြီလားဟေ့။

ဆရာမ တစ်ယောက်ရဲ့ အော်သံ ကြားရတယ်။

စုံတယ် ချယ်။

ကားနောက်က ယောကျာ်းလေး တစ်ယောက်ရဲ့ အော်သံ။ ကားခေါင်းခန်းက ဆရာမက ကားဆရာကို တခုခု ပြောလိုက်တယ်။ ခန ကြာတော့ ကားထွက်တယ်။ ကားက တစီးပြီး တစီး ကျောင်းကနေ ထွက်ခွာလာတယ်။ ရှေ့နောက် တန်းစီပြီး ထွက်လာတာမို့ အဝေးက ကြည့်ရင် ရှင်လောင်း လှည့်နေတဲ့အတိုင်း။ ကား တန်းကြီး ဖြတ်သွားတော့ အနီးအနားက ကလေးတွေ အော်ဟစ်နှုတ်ဆက်ကြတယ်။ ကားခေါင်မိုးပေါ်ထိုင်နေတဲ့ ကျောင်းသားတွေကလည်း ပြန်နှုတ်ဆက်သံကို ကားထဲက ကြားရတယ်။ ရွှေဒူး ၊ စမ်းချောင်း စတဲ့ နေရာတွေ တဖြည်းဖြည်း ဖြတ်ကျော်ပြီး မြို့ထဲဝင်လာတော့ သက်ဆိုင်ရာလမ်းတွေထဲ ကားတွေ ကွေ့ဝင်ကုန်ကြလို့ ကားတန်းကြီးက တဖြည်းဖြည်းနဲ့ ကားတွေ နည်းကုန်လာတယ်။ စုရပ်တွေ့ရင် ကားရပ် အဲ့စုရပ်က ကျောင်းသားကျောင်းသူတွေ ဆင်းကြနဲ့ ကားမှာလည်း တဖြည်းဖြည်း လူနည်းလာလေပြီ။ ဒီလိုနဲ့ နောက်ဆုံးတော့ ကိုယ်အိမ်ရှေ့ ရောက်လာတော့တယ်။ ကားရပ်တော့ သူငယ်ချင်းတွေ ရယ်ပြ နှုတ်ဆက်ပြီး ကားပေါ်က ဆင်းလိုက်တယ်။

အိမ်ရောက်ပြီ။

QZ

ဆတ္ကနဲ ႏိုးလာတယ္ ။ အိပ္ရာေဘးက တိုင္ကပ္နာရီကို ၾကည့္ေတာ့ ၇ နာရီ ထိုးဖို႔ ၁၅ မိနစ္အလို။

ဟာ မျဖစ္ဘူး ေက်ာင္းေနာက္က်ေတာ့မွာပဲ။

ကမန္းကတန္းထၿပီး မ်က္ႏွာသစ္ သြားတိုက္ဖို႔ အိမ္ေအာက္ ဆင္းေျပးလာတယ္။ အိမ္ေအာက္ေရာက္ေတာ့ အေမက ထမင္းခ်ိဳင့္ထည့္ေပးၿပီးလို႔ ေစ်းသြားၿပီ။ အေဖကေတာ့ အေပၚထပ္မွာ က်န္းမာေရးေလ့က်င့္ခန္း လုပ္ေနတုန္း။ မ်က္ႏွာသစ္ သြားတိုက္ အက်ႌ လဲၿပီး ၾကည့္လိုက္ေတာ့ ၇ နာရီ ၁၀။

အခ်ိန္ရေသးတယ္။ အိမ္သာ ျမန္ျမန္တက္လိုက္ဦးမွ မဟုတ္ရင္ ေက်ာင္းမွာ ဒုကၡအႀကီးအက်ယ္ ေရာက္ကုန္လိမ့္မယ္။

ေက်ာင္းက facilities ေတြ မျပည့္စံုေတာ့ အိမ္သာကို သန္႔႐ွင္းေအာင္ မထားႏိုင္။ ေက်ာင္းေဆာင္ ႐ွစ္ေဆာင္ ႐ွိ၏။ အေဆာင္တိုင္း အိမ္သာ႐ွိ၏။ သို႔ေသာ္ အကုန္လံုးပ်က္။ ဆရာ ဆရာမအေဆာင္က အိမ္သာႏွင့္ ေဟာခန္းေဘးက အိမ္သာ ဒီ၂ခုသာ ေကာင္းတယ္။ သံုးဖို႔ေရဆို အေဝးႀကီးက ေရ ခပ္ရတယ္။ မိုးရာသီဆိုရင္ေတာ့ စိတ္ပူစရာမလို။ ေႏြရာသီတစ္ခုပဲ စိတ္ညစ္ရတယ္။ ဒါေၾကာင့္ ေက်ာင္းသြားၿပီဆိုတာနဲ႔ ေရမေသာက္ေတာ့ဘူး။ အေတြးေတြနဲ႔ အိမ္သာတက္ေနတုန္း အေဖ့ ေအာ္သံ ၾကားလိုက္တယ္။

ျမန္ျမန္လုပ္ ဒီမွာ နင့္ ေက်ာင္းကား လာေနၿပီ။

ကားဆရာကိုလည္း လွမ္းေျပာသံၾကားရတယ္။ စုရပ္က ကိုယ့္အိမ္ေ႐ွ႕မွာ။

ကားဆရာေဝး ခန ေစာင့္ေပးေနာ္။

ကမန္းကတန္းထြက္ၿပီး ေက်ာင္းလြယ္အိတ္နဲ႔ ထီး ထမင္းခ်ိဳင့္ကိုယူ အေျပးအလြား ကားေပၚတက္လိုက္တယ္။ ကားေပၚေရာက္ေတာ့ လြတ္တဲ့တေနရာ ဝင္ထိုင္ၿပီး ေဘးကိုေဝ့ၾကည့္ေတာ့ သူငယ္ခ်င္းေတြ ေတြ႔ရတယ္။ တခ်ိဳ႕က အိပ္ေရး မဝေသးတဲ့႐ုပ္။ တခ်ိဳ႕က တေနရာကို ေငးၾကည့္ေနတယ္။ ဝူးးး ဆိုၿပီး ကားထြက္တဲ့အသံၾကားေတာ့ ကားထဲမွာ ႐ွိတဲ့လူေတြ ေတာ္ေတာ္မ်ားမ်ား အျပင္ဘက္ကို မ်က္ႏွာမူလိုက္ၾကတယ္။ ေက်ာင္းကားေတြက ကမ္း႐ိုးတန္းတေလ်ွာက္ ေျပးဆြဲေနတဲ့ ဒိုင္နာကားေတြ။ အတြင္းပိုင္းထိုင္တဲ့လူေတာ့ မီးခိုးေတြ မြန္ထူေတာ့တာပဲ။ ဒါေၾကာင့္ အကုန္လံုးနီးပါး ေခါင္းအျပင္ဘက္ လွည့္ထားရတယ္။

ကားက တအိအိနဲ႔ စုရပ္ေတြ တေနရာရပ္လိုက္ ေက်ာင္းသားေက်ာင္းသူေတြ တက္လာလိုက္ ကား ျပန္ထြက္လိုက္နဲ႔ သြားရင္း ေက်ာင္းနဲ႔ တျဖည္းျဖည္း နီးလာတယ္။ ကားက မလံုေလာက္ေတာ့ ကားတစီးမွာ လူေတြ အျပည့္အသိပ္။ ေယာက်ာ္းငယ္ေလးေတြဆို ကားေခါင္မိုးေပၚ တက္ထိုင္ရတယ္။ ကားထဲမွာလည္း အလယ္မွာ ခံုုပုကေလးေတြ ထိုး ထိုင္ၾကရတယ္။ မနက္ေစာေစာ တေယာက္ကိုတေယာက္ စကားမေျပာပဲ တိတ္ဆိတ္ၿငိမ္သက္စြာနဲ႔ ေက်ာင္းကို သြားၾကတယ္။

ေဘးႏွစ္ဘက္ သစ္ပင္ေတြအံု႔ဆိုင္းေနတဲ့ ကတၱရာလမ္းကေလးကေန ညာဘက္ ခ်ိဳးဝင္သြားေတာ့ ေက်ာင္းေဆာင္ေတြ ျမင္ရၿပီ။ ဂိတ္ေပါက္ဝ မ႐ွိ။ ျခံစည္း႐ိုးမ႐ွိ။ ျမက္ပင္ ျခံဳပုတ္ေတြ သစ္ပင္ႀကီးေတြၾကားက ေက်ာင္းေဆာင္ ေခါင္မိုးေတြ ဟိုတကြက္ ဒီတကြက္ ျမင္ရျပီ။

ေဟာ ေက်ာင္းေရာက္ၿပီ ဆိုတာ သိလိုက္ရတယ္။

ကားေပၚကေန အလ်ိႈလ်ိႈ ဆင္းကုန္ၾကတယ္။ ကားေပၚကဆင္းတာနဲ႔ ေအးျမလတ္ဆတ္တဲ့ေလ တဝ ႐ႈပစ္လိုက္တယ္။ လန္းဆန္းသြားၿပီ။ ငွက္ကေလးေတြ ေအာ္သံ ၾကားေနရတယ္။ အရမ္း တိတ္ဆိတ္ေနတဲ့အတြက္ေၾကာင့္ ဟိုးအေဝးႀကီးက စကားေျပာသံေတာင္ ၾကားရတယ္။ ကိုယ့္အခန္း႐ွိရာ ေက်ာင္းေဆာင္ကို ဦးတည္ေလ်ွာက္လာတယ္။ တခ်ိဳ႕ ေက်ာင္းေဆာင္ကေန ေက်ာင္းသား ေက်ာင္းသူေလးေတြ ထြက္လာတာေတြ႔တယ္။ သူတို႔က မနက္စာစားဖို႔ ကန္တင္း႐ွိရာ သြားေနၾကတာပဲ ဆိုတာေတြးမိတာနဲ႔အတူ ဗိုက္က ေအာ္သံၾကားလိုက္ရၿပီ။ အေမ့ ထမင္းခ်ိဳင့္က ဟင္းနံ႔ကလည္း ေမႊးေနတာပဲ။ ကားေပၚပါလာတဲ့ သူငယ္ခ်င္းေတြေတာ့ ကားေပၚက ဆင္းတာနဲ႔ ကင္တင္းဆီ တန္းသြားၾကၿပီ။ ဒါနဲ႔ ေက်ာင္းခန္းထဲေရာက္ေတာ့ လြယ္အိတ္ခ်ၿပီး ထမင္းခ်ိဳင့္ဖြင့္ အနည္းငယ္စားလိုက္တယ္။ စားၿပီးမွ ေနသာထိုင္သာ ႐ွိသြားေတာ့တယ္။ သူငယ္ခ်င္းေတြ အလာ ေစာင့္ေနတုန္း ေက်ာင္းခန္းႀကီးကို ေဝ့ၾကည့္လိုက္တယ္။

ေက်ာင္းခန္းက တံခါးမ႐ွိ။ ျပတင္းေပါက္ေတာင္ အရြက္႐ွိတဲ့ အေပါက္က႐ွိ မ႐ွိတဲ့အေပါက္ကို သစ္သားတန္းတဲ့ ကန္႔လန္႔ျဖတ္ ပိတ္ထားတယ္။ စာေရးေနတဲ့ သစ္သားခံုတန္းက ႏွစ္ၾကာၿပီျဖစ္တဲ့အတြက္ ယိုင္နဲ႔ေနၿပီ။ ဆရာမေတြ ေရးေနတဲ့ ေက်ာက္သင္ပုန္းႀကီးကလည္း တျခမ္းပဲ့။ ျဖဴေဖြးေနၿပီ။ စာသင္ခန္းၾကမ္းျပင္က ေျမႀကီးသာသာ။ တခ်ိဳ႕ေနရာေတြမွာ အဂၤေတ ေတြပဲ့ထြက္လ်က္။ အရာရာက ေဟာင္းႏြမ္းပ်က္စီးေနတဲ့ၾကားက စာသင္ေနရတယ္။ ပံုႏွိပ္စာအုပ္ေတာင္ အထက္က အေယာက္ေစ့ အျပည့္အဝ မခ်ေပးႏိုင္။ မဲႏိုက္ယူရတယ္။ မရတဲ့သူေတာ့ အရင္ႏွစ္က အကိုႀကီး အမႀကီးဆီ ခနငွါးယူေပေတာ့ပဲ။ မဟုတ္ရင္ တအုပ္လံုး မိတၱဴကူးပဲ။ အဲ့လို အဲ့လိုနဲ႔ စာအုပ္ေတြ စံုေအာင္ ဖနိတီးယူရတယ္။ အခုက ပထမႏွစ္ဆိုေတာ့ ေနာင္ေလးႏွစ္ေတာင္ ႐ွိေသးတယ္။ အခုမွသတိရတယ္ ။ ထမိန္ေအာက္နား ၾကည့္ဦးမွ။ အင္း ထင္တဲ့အတိုင္း ျမက္သီးေတြ ကပ္ေနျပန္ၿပီ။

ထမိန္ကေန ျမက္သီးေတြ တခုခ်င္းဆီ ခြာေနတုန္း အေဝးက သူငယ္ခ်င္းေတြရဲ႕ စကားေျပာသံ ရယ္သံေတြ ၾကားရတယ္။ သိပ္မၾကာဘူး။ သူငယ္ခ်င္းေတြ စံုသြားၿပီး စာသင္ခန္းတခုလံုး ဆူညံသြားတယ္။ ခနၾကာေတာ့ ဆရာမ ဝင္လာတယ္။ survey နဲ႔ ပတ္သက္တာေတြ သင္ေတာ့တယ္။ ဆရာ ဆရာမေတြ တေယာက္ဝင္ တေယာက္ထြက္ စာသင္ရင္း တျဖည္းျဖည္းနဲ႔ အခ်ိန္က ေန႔လည္ ထမင္းစားခ်ိန္ေရာက္လာေကာ။ အတန္းလြတ္ေတာ့ သူငယ္ခ်င္းအခ်ိဳ႕ ကင္တင္း ဆင္းသြားၾကတယ္။ က်န္တဲ့ သူငယ္ခ်င္းေတြနဲ႔အတူ ထမင္းခ်ိဳင့္ေတြ ဖြင့္စားၾကတယ္။ အိမ္က အေမကေတာ့ အျမဲတမ္း ၾကက္ဥေၾကာ္နဲ႔ ပဲသီးေလွာ္၊ ထမင္းအေပၚမွာ သရက္သီးသနပ္ေလး ၂ဖတ္နဲ႔ အႏွစ္အနည္းငယ္။ တခါတရံ အပိုဆုအေနႏွင့္ အာလူးေၾကာ္တို႔ င႐ုတ္သီးတို႔ ပါတတ္တယ္။ ဘယ္လိုပဲ ထည့္ထည့္ အကုန္စားေကာင္းတယ္။ တခါမွ မၿငီးေငြ႔ဘူး။ အိမ္ဟင္းကိုး။ စကားတေျပာေျပာနဲ႔ ဟင္းေတြ အျပန္အလွန္ လဲစားရင္းနဲ႔ ေန႔လည္စာ စားၿပီးသြားၿပီ။ စားၿပီးတာနဲ႔အတူ မ်က္လံုးက ငိုက္စင္းလာေတာ့မယ္။

မျဖစ္ဘူး အိပ္ငိုက္ေျပေအာင္ လမ္းထေလ်ွာက္မွ။

အခန္းအျပင္ထြက္ ဟိုေလွ်ာက္ ဒီေလ်ွာက္။ အခန္းထဲဝင္ တပတ္ၿပီး တပတ္ ပတ္ေလ်ွာက္ေနမိတယ္။

ေဟာ အသံၾကားရတယ္။ သူတို႔ေတြေတာင္ ျပန္လာၿပီပဲ။

ခနအၾကာေတာ့ သူငယ္ခ်င္းေတြ ေတာ္ေတာ္မ်ားမ်ား အခန္းထဲ ျပန္ဝင္လာၾကတယ္။ တခ်ိဳ႕က ထမင္းခ်ိဳင့္ေတြ ေနရာတက်ျပန္ထားေနတယ္။ တခ်ိဳ႕က စာအုပ္ေတြဖြင့္ၿပီး ဟိုၾကည့္ ဒီၾကည့္။ တခ်ိဳ႕က အခ်င္းခ်င္း စကားေျပာၿပီး ရယ္ေနၾကတယ္။ စာေရးတဲ့သူကေရး မုန္႔အခ်ိဳ စားတဲ့သူကစား သီခ်င္း ေအာ္ဆိုတဲ့သူကဆို ရယ္စရာေျပာတဲ့သူနဲ႔ ရယ္တဲ့သူေတြနဲ႔ စာသင္ခန္းတခုလံုး စည္ကားေနတယ္။

physic ဆရာမ ဝင္လာၿပီ။ ေသၿပီ။ ငါေတာ့ ငိုက္ေတာ့မွာပဲ။ နဂိုကတည္းက မရတရဆိုေတာ့ မျဖစ္ဘူး ဆရာမ သင္ခ်ိန္ ျပဴးျပဲ သင္မွပဲ။

အိပ္မငိုက္ေအာင္ ႀကိဳးစားေနရရင္းနဲ႔ ဘာေတြ သင္သြားမွန္း မသိလိုက္။ ေဘးက သူငယ္ခ်င္းကိုေမးၾကည့္ေတာ့

နင္ငိုက္လြန္းလို႔ ယိုင္ေနတယ္။

ျပံဳးစိစိနဲ႔ ျပန္ေျပာျပတယ္။ တတ္မႏိုင္။ ဒီလိုအခ်ိန္ဆို ထိန္းမႏိုင္ သိမ္းမရ။ စိတ္ထဲမွာလည္း အိမ္က အိပ္ရာပဲ ျမင္ျမင္ေနတာ။ သို႔ေပမယ့္ ၂ ခ်ိန္ေလာက္ဆို အငိုက္ေျပသြားပါျပီ။

ဒီလိုနဲ႔ သင္ရင္း အခ်ိန္တျဖည္းျဖည္း ကုန္လာတာနဲ႔အတူ ကြၽီ ဆိုတဲ့ ကားအသံၾကားရလိုက္ရတယ္။

ဝါးးး ေက်ာင္းဆင္းခ်ိန္နီးေနၿပီ။ ေပ်ာ္လိုက္တာ။

ညေန ေက်ာင္းဆင္းခ်ိန္ ေရာက္လာတယ္။

ေဟးးး ေက်ာင္းဆင္းၿပီကြ။

စာအုပ္ခဲတံေတြ လြယ္အိတ္ထဲ ေကာက္ထည့္ ထမင္းခ်ိဳင့္ဆြဲပီး အျပင္ေျပးထြက္လာတယ္။ မနက္က ေက်ာင္းကား လူခ်ေပးတဲ့ ေနရာမွာ ေက်ာင္းကားေတြ ေရာက္ေနၾကၿပီ။ ဒါေပမယ့္ ကားက မစံုေသး။ ေမးၾကည့္ေတာ့ ၿမိဳ႕သစ္လိုင္းက ကားတစ္စီး မေရာက္ေသးဘူးတဲ့။ ေစာင့္ရင္း ၄ နာရီက ခြဲေတာ့မယ္။ အိမ္ျပန္ခ်င္တယ္။ Drawing လည္းဆြဲရဦးမယ္။ ဂိမ္းလည္း ေဆာ့ခ်င္တယ္။ ကိုးရီးယားပြဲကလည္း ဇာတ္သိမ္းေတာ့မယ္ဆိုေတာ့ ၾကည့္ေကာင္းေနၿပီ။ ဘာ....... အလုပ္ေတြက မ်ားလွခ်ည္လားဟ။

ခန ေလာက္ အေတြးရပ္ၿပီး ေဘးကို ေဝ့ၾကည့္လိုက္တယ္။ GTC ေက်ာင္းသာ ဆိုတယ္။ ဆိုင္းဘုတ္မ႐ွိ။ ေက်ာင္းေဆာင္ေတြက က်ိဳးတိုးက်ဲတဲ။ ေက်ာင္းထဲေရာက္လို႔ ဘယ္ဘက္ေကြ႔လိုက္ရင္ ဆရာ ဆရာမေတြ ေနတဲ့ ေက်ာင္းေဆာင္ ႐ွိတယ္။ မ်က္ႏွာခ်င္းဆိုင္။ ေက်ာင္းတစ္ခုလံုး ဘယ္ေနရာပဲ ၾကည့္ၾကည့္ သစ္ပင္ႀကီးေတြခ်ည္း။ ေက်ာင္းေပါက္ဝလို႔ ယူဆရတဲ့ ေနရာမွာ ကားလမ္းတူတဲ့ သူငယ္ခ်င္းေတြနဲ႔ အတူတူ သြားရပ္ေစာင့္လိုက္တယ္။ ကားဆရာေတြက အုပ္စုလိုက္ တေနရာမွာ စုၿပီး စကားေျပာေနၾကတယ္။ ဆရာဆရာမေတြေရာ မလာေသးတဲ့ ကားကို ေစာင့္ရင္း အခ်င္းခ်င္း စကားေျပာေနၾကတယ္။ ေက်ာင္းသားေက်ာင္းသူေတြ ၾကည့္လိုက္ရင္ ကားလမ္းအလိုက္ သက္ဆိုင္ရာ ကားနားမွာ အစုေလး အစုေလး ကိုယ္စီ စုၿပီး ရပ္ေနၾကတယ္။ ကားေတြက အဆင္ေျပသလို ထိုးထားရေတာ့ ဟိုနားတစ္စီး ဒီနားတစ္စီး တခ်ိဳ႕ကေတာ့ ၃ စီးေလာက္ ယွဥ္ရပ္ထားတယ္။ ယွဥ္ရပ္ထားတဲ့ ကားေပၚမွာ ေက်ာင္းသားေက်ာင္းသူေတြ စကားေျပာရင္း စေနာက္ရင္း ရယ္ေနၾကတယ္။ ကားခ်င္း ယွဥ္ရပ္ထားေတာ့ ဟိုဘက္ကားနဲ႔ ဒီဘက္ကားနဲ႔ လွမ္းစကားေျပာ စေနာက္ေနၾကတယ္။ မနက္ျဖန္အတြက္ ေဆြးေႏြးေနၾကတယ္။ သူငယ္ခ်င္းက လွမ္းေျပာတယ္။

ဟိတ္ မနက္ျဖန္ drawing ႐ွိတယ္ေနာ္။ ႏွစ္ထပ္အိမ္ ဆြဲၿပီးၿပီလား။ ငါေတာ့ တစ္ဝက္ပဲ ၿပီးေသးတယ္။

ေအး ငါေရာပဲ။ ညက်ရင္ ဆြဲမလို႔ လုပ္ထားတယ္။

မနက္ျဖန္ ေက်ာင္း ေစာေစာေရာက္ရင္ drawing အခန္းကို သြားၿပီး ဆြဲၾကစို႔ ေအ။

ေအ အဲ့ဒါ ေကာင္းသားပဲ။

ေျပာရင္း သိပ္မၾကာဘူး။ အေဝးက ကားသံ ၾကားရၿပီ။ ကားတစ္စီး ေက်ာင္းဆီကို ေမာင္းလာတယ္။ လမ္းက ေတာလမ္းမို႔ ကားတစ္စီး ေမာင္းသြားတိုင္း ဖုန္မႈန္႔ေတြ ေလမွာလႊင့္က်န္ခဲ့တယ္။ အေဝးကၾကည့္ရင္ ပတ္ဝန္းက်င္တစ္ခုလံုး ျဖဴေဖြးၿပီး ကားဆိုလို႔ အရိပ္ေလးမ်ွသာ ျမင္ရေတာ့တယ္။ ေနာက္ဆံုးကား ေရာက္လာေတာ့ ေက်ာင္းသူေက်ာင္းသားေတြ ဆရာဆရာမေတြ သက္ဆိုင္ရာ ကားေတြေပၚ တက္ၾကတယ္။ ခနအၾကာမွ ကားဆရာေတြ လည္း ကားေပၚတက္လိုက္တယ္။

လူစံုၿပီလားေဟ့။

ဆရာမ တစ္ေယာက္ရဲ႕ ေအာ္သံ ၾကားရတယ္။

စံုတယ္ ခ်ယ္။

ကားေနာက္က ေယာက်ာ္းေလး တစ္ေယာက္ရဲ႕ ေအာ္သံ။ ကားေခါင္းခန္းက ဆရာမက ကားဆရာကို တခုခု ေျပာလိုက္တယ္။ ခန ၾကာေတာ့ ကားထြက္တယ္။ ကားက တစီးၿပီး တစီး ေက်ာင္းကေန ထြက္ခြာလာတယ္။ ေ႐ွ႕ေနာက္ တန္းစီၿပီး ထြက္လာတာမုိ႔ အေဝးက ၾကည့္ရင္ ႐ွင္ေလာင္း လွည့္ေနတဲ့အတိုင္း။ ကား တန္းႀကီး ျဖတ္သြားေတာ့ အနီးအနားက ကေလးေတြ ေအာ္ဟစ္ႏႈတ္ဆက္ၾကတယ္။ ကားေခါင္မိုးေပၚထိုင္ေနတဲ့ ေက်ာင္းသားေတြကလည္း ျပန္ႏႈတ္ဆက္သံကို ကားထဲက ၾကားရတယ္။ ေရႊဒူး ၊ စမ္းေခ်ာင္း စတဲ့ ေနရာေတြ တျဖည္းျဖည္း ျဖတ္ေက်ာ္ၿပီး ၿမိဳ႕ထဲဝင္လာေတာ့ သက္ဆိုင္ရာလမ္းေတြထဲ ကားေတြ ေကြ႔ဝင္ကုန္ၾကလို႔ ကားတန္းႀကီးက တျဖည္းျဖည္းနဲ႔ ကားေတြ နည္းကုန္လာတယ္။ စုရပ္ေတြ႔ရင္ ကားရပ္ အဲ့စုရပ္က ေက်ာင္းသားေက်ာင္းသူေတြ ဆင္းၾကနဲ႔ ကားမွာလည္း တျဖည္းျဖည္း လူနည္းလာေလၿပီ။ ဒီလိုနဲ႔ ေနာက္ဆံုးေတာ့ ကိုယ္အိမ္ေ႐ွ႕ ေရာက္လာေတာ့တယ္။ ကားရပ္ေတာ့ သူငယ္ခ်င္းေတြ ရယ္ျပ ႏႈတ္ဆက္ၿပီး ကားေပၚက ဆင္းလိုက္တယ္။

အိမ္ေရာက္ၿပီ။

Post a Comment

0 Comments