Mobius Final Fantasy ဒီ​နေ့ပဲ ထွက်​ရှိလာပါပြီ



Mobius Final Fantasy ဒီနေ့ ထွက်လာပါပြီ ။

Apk size = 38.8 MB
Data = 456.7 MB
Requires Android version = Minimum  [2.3] , Recommended  [4.0]

=======
Download Links
=======

Google Playstore => https://play.google.com/store/apps/details?id=com.square_enix.android_googleplay.mobiusff_ne&hl=en

APK => http://www.mediafire.com/download/0gtni1v9y2sd2wy/MOBIUS+FF.apk

Itunes => https://itunes.apple.com/tw/app/mobius-final-fantasy-traditional/id1091975300?mt=8


Game အ​ကြောင်း
=========

Free to play ဖြစ်တဲ့အပြင် Role Playing Game အမျိုးအစားဖြစ်တဲ့ ဒီ High Definition game ဟာ Japan မှာ 2015 June 4 ရက်နေ့ကမှ ထွက်ရှိထားတာဖြစ်ပြီး အခုဆို သက်တမ်း ၁ နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ Square Enix ရဲ့ အအောင်မြင်ဆုံး mobile phone game တစ်ခုလည်း ဖြစ်ပါတယ်။ 2015 Unity awards မှာ Best 3D Visual Experience ဆုစာရင်းဝင်ခဲ့ပါတယ်။ Japan ရဲ့ iTune's Best of 2015 လို့လည်း အမည်တွင်ခဲ့ပါတယ်။

Paramitia ခေါ်တဲ့ world မှာ chaos လို့ခေါ်တဲ့ armies က ဒီ world ကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ Main character ဖြစ်တဲ့ Wol ဟာ သူ့ world မဟုတ်တဲ့ ဒီ Paramitia မှာ မေ့မျောနေရာကနေ နိုးထလာခဲ့ပါတယ်။ သူ့နည်းတူ တခြားသူတွေလည်း ဒီ world ကို ရောက်နေပါတယ်။ ဒီလို လူတွေကြားထဲမှာမှ တယောက်သာလျှင် warriors of light ဖြစ်ပြီး Paramitia ရဲ့ အမှောင်ကြီးစိုးမှုမှ ကာကွယ်ပေးတဲ့သူ ဖြစ်မှာ ဖြစ်ပါတယ်။ ဒီလို Warriors of Light အဖြစ် ခံယူလိုက်တဲ့ Wol ဟာ မင်းသမီး Sarah Lotte Cornelia နှင့် Moogle နှင့် အတူ Paramitia ကို ဘယ်လို ကယ်တင်မလဲဆိုတာ ဇာတ်လမ်းသွားအတိုင်း ဆော့ရမှာ ဖြစ်ပါတယ်။


ဒီ game ထဲမှာ အလွန် sexy ကျတဲ့ Wol ဆိုတဲ့ male character ကနေ ဆော့ရမှာ ဖြစ်ပါတယ်။ system က တခြား smartphone game တွေလိုမျိုး screen ကို tap လုပ်ကာ ချရပြီး magic abilities တွေ stagger system တွေ elemental weakness point တွေ ပါပါတယ်။ Eidolons ဖြစ်တဲ့ Shiva, Onion Knight နဲ့ Fat chocobo တွေ summon လုပ်လို့ရပါတယ်။ player တွေဟာ သူတို့စိတ်ကြိုက် နာမည်ပေးကာ ဆော့လို့ရပါတယ်။ Job system တွေပါရှိပြီး Job အလိုက် character အကျီ င်္ လည်း ပြောင်းလဲသွားပါတယ်။ Cloud Strife တို့ Squall Leonhart တို့ စသဖြင့် အရင် Final Fantasy series တွေက main character တွေ ပါဝင်ပါတယ်။ map exploration တွေ ပါရှိပြီး leveling system တွေ ပါရှိပါတယ်။

Android နဲ့ IOS အတွက် ထွက်​လာတာ ဖြစ်ပါတယ် ။ Free to play Online game (app in purchase) ဖြစ်ပါတယ်။ Android ဆိုရင် 4.0 နှင့်အထက် IOS ဆိုရင် IOS 7 နှင့် အထက်မှ ဆော့နိုင်​မှာဖြစ်ပါတယ်။


Trailer


Post a Comment

0 Comments