Disable Right Click ကို ဘယ်လိုကျော်မလဲ



မန်ဘာတွေအင်တနက်ထဲမှာ Website တွေကြည့်တဲ့အခါ  ပုံတွေကို မြင်တော့သဘောကျလို့ Downloa လုပ်ချင်တဲ့အခါ တခါတလေ ကျွန်တော်တို့ တတွေက Right-Click လုပ်ပြီး. save image ဆိုပြီးလုပ်ကြတာ ............. တခါတလေ Right Click လုပ်ပီး website ထဲက တချို့ ခေါင်းစဉ်တွေကို open new tab လုပ်ကြတယ်

အဓိကပြောချင်တာက အဲဒီ Right Click ပါပဲ .......... တချို့ ဆိုဒ်တွေက Right Click လုပ်လို့ မရပါဘူး .....
Right click လုပ်တဲ့အခါ Turn off Right Click ဒါမှမဟုတ် Disabled Right click ဆိုပြီး Message ပေးတတ်ကြတယ်

ကဲအဲလို အတားအဆီးရှိလာရင် ဘယ်လိုကျော်မလဲ ဒီလိုလေးလုပ်ပေးပါ

-မိတ်ဆွေက ဘယ်သူမှမသုံးတဲ့ IE ကိုသုံးမယ်ဆိုရင်တော့
Tool ကိုသွားပါ (Alt+t) >Internet options>Security>click on Custom Level
အဆုံးနားလေးမှ Scripting Section ကိုရှာပါ တွေ့ ရင်တော့ Disable Active Scriptingလုပ်လိုက်ပါ
ပြီးရင် IE ကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ... အဲသည်အခါ Javascript and vbscript ကတော့ disable ဖြစ်သွားလေ့မယ်...

- မိတ်ဆွေက လူကြိုက်များတဲ့ Mozilar Firefox ကိုသာသုံးမယ်ဆိုရင်တော့...
Tool (Alt+t)>Option>Content> Enable Javascript ကို အမှတ်ခြစ်ထားတာ ဖြုတ်လိုက်ပါ ပြီးရင်
Click Ok ဒါဆိုရင်ရပြီး...


-တကယ်လို့ များမိတ်ဆွေက အခုခေတ်စားလူကြိုက်များပြီးရောတစ်ခုယူလာတဲ့ Google Chrome ကိုသာသုံးမယ်ဆိုရင်တော့

ညာဘက်ထိပ်နားက Wrench Icon ကို နှိပ် ပြီးရင် Option ကိုသွား... ပြီးရင် Under the hood tab အောက်ကိုရွေ့ 
content settingကိုသွားပါ Javascript နေရာမှာ Disable လုပပေးလိုက်ပါဗျာ..

(မှတ်ချက် ထို့ သို့ လုပ်ပြီးတဲ့အခါ အဲလိုRight Click ပိတ်ထားတဲ့ဆိုဒ်ကိုကြည့်နေအသုံးပြုတဲ့ချိန်သာလုပ်ပါ ကျန်ချိန်မှာ မူလအတိုင်းထားပါ ထို့ သို့ မူလအတိုင်းမထားပဲ ဆကသုံးပါက တချို့ ဆိုဒ်တွေမှာ ကြည့်ရပြုရအသုံးပြုရခက်မယ် ဖေ့ဘွတ်ဆိုရင်တော့ ပုံတွေတင်ရခက်နေပါလိမ့်မယ် ဒီတော့ Browser သုံးမယ်ဆိုအသုံးများတဲ့ Mozilar မှာ မူလအတိုင်း ထားပြီး သိပ်မသုံးတဲ့ IE မှာသာ ပြင်ထားပေးလိုက်ပါ တကယ်လို့ များထို သို့ ပိတ်ဆို့ ထားတဲ့ဆိုဒ်နဲ့ ကြုံတဲ့အခါ IE နဲ့ ပြောင်းသုံးပြီး လှုပ်ရှားလိုက်ရုံပေါ့ မဟုတ်ဘူးလား)

Enjoy It!!
Credit to Admin Cloudy!!
မြန်မာအိုင်တီ Group

Post a Comment

0 Comments