Facebook သုံးနေရာကနေ ရုတ်တရက် News feed မှာ ဘာမှ မပေါ်တော့ရင် စိတ်မပူပါနဲ့။ အဲ့ဒါ Facebook က တခုခု update လုပ်နေလို့ပါ။ နည်းနည်းစောင့်လိုက်ပါ။ ပြန်ရသွားပါလိမ့်မယ်။ Facebook က တခုခု update လုပ်နေရင် chat box သုံးမရတာတို့ ၊ သုံးနေရင်း ရုတ်တရက် log out ထွက်သွားပြီး ပြန်ဝင်မရတော့တာတို့ ၊ profile ထဲဝင် ကြည့်မရတော့တာတို့ ဖြစ်တတ်ပါတယ်။ အဲ့လိုတွေ ဖြစ်တာ version အသစ် အဟောင်းနဲ့ လုံးဝ မဆိုင်ပါ။
Facebook team က တခုခု upgrade လုပ်တာတို့ ပြုပြင်မှုတွေ လုပ်ဆောင်တဲ့အခါ account စဖွင့်တဲ့ အချိန်အလိုက် user account တွေကို ပြင်ပေးတတ်ပါတယ်။ အရင် ၂၀၁၃ တုန်းက facebook browser view တွေ ပြောင်းတာကို အဆင့်မြှင့်ခဲ့တုန်းက မြန်မာပြည်ကနေ အကောင့် ဖွင့်ခဲ့ခြင်း အတူတူတောင် ၂၀၁၀ ခုနှစ်က ဖွင့်ခဲ့တဲ့သူတွေက ၂၀၁၂ ကဖွင့်ခဲ့တဲ့သူတွေထက် တပတ်လောက် စော ရနေခဲ့ပါတယ်။ ဒီလို upgrade လုပ်နေတာနဲ့ကြုံရင် စောစောက ပြောခဲ့သလို news feed တွေတက်မလာတာတို့ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် facebook သုံးတာ ခဏရပ်လိုက်ပါ။ ဒီလို ပြင်ဆင်တာက user ရဲ့ data base အပေါ် မူတည်ပြီး ကြာချိန် ကွာသွားပါတယ်။ ဓာတ်ပုံ ဗွီဒီယို တွေ အတင်များတဲ့သူဆို ပိုကြာပါတယ်။ ဒါပေမယ့် အချိန်က သိပ်မကြာပါဘူး။ အလွန်ဆုံးရှိမှ ၁၀မိနစ် ၁၅မိနစ်လောက်ပဲ ကြာတာပါ။ ပြင်ဆင်မှုက နိုင်ငံအလိုက် စဖွင့်ချိန်အလိုက် နေရာအလိုက် လုပ်တာဆိုတော့ တချို့ဆို ညနက် မသုံးတဲ့အချိန်ကျမှ ကိုယ့်အလှည့်ကျလို့ Upgrade လာလုပ်သွားတာကို မသိလိုက်ရတာတွေ ရှိပါတယ်။
အကယ်၍ နေ့တဝက်လောက် မသုံးပဲ ထားထားတာတောင်မှ news feed လုံးဝ မတက်ဘူးဆိုရင် Application manager ကနေ Facebook app ကို clear cache ဒါမှမဟုတ် clear data လုပ်ပြီး facebook ထဲ ပြန်ဝင် ကြည့်ကြည့်ပါ။ facebook app version အရမ်းနိမ့်နေရင်လဲ ဒီလိုဖြစ်တတ်ပါတယ်။ facebook version မြှင့်ပြီး သုံးကြည့်ကြည့်ပါ။
ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
KSA
0 Comments