အမျိုးသမီးများအတွက် အဆင်ပြေလွယ်ကူစွာ သုံးစွဲနိုင်တဲ့ ချစ်စရာ calender

အမျိုးသမီးများအတွက် အဆင်ပြေလွယ်ကူစွာ သုံးစွဲနိုင်တဲ့ ချစ်စရာ calender တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...




ဒီ calender လေးကတော့ မိမိရဲ့ မိမိရဲ့ ရာသီစက်ဝန်းကြာချိန် စလာချိန်တို့ကို ရိုက်ထည့်ပေးထားရုံနဲ့ နောင်လာမယ့် ရာသီစက်ဝန်းကို အနီးစပ်ဆုံးဖြစ်အောင် မှန်းပေးပါလိမ့်မယ်....... 



ဒီ calender လေးမှာ တစ်နေ့တာ ဘာတွေ ဖြစ်လဲ. ဘယ်လို ခံစားနေရလဲ.. ဆိုတာတွေကို ချစ်စဖွယ် ရုပ်လေးများဖြင့် မှတ်သားထားနိုင်ပါတယ်.. 


ဓမ္မတာလာမယ့်ရက် နီးနေပြီဆိုရင် ဒီလို noti လေးတွေနဲ့ ပြပေးပါတယ်... အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်လဲ မည်သည့်ရက်မှာ ကလေးရနိုင်မလဲဆိုတာတွေကိုလဲ တွက်ချက်ပေးပါတယ်... 


မိန်းကလေး သဘာဝအရ ဓမ္မတာလာခါနီးနဲ့ လာနေဆဲ အချိန်တွေမှာ ကိုယ်အလေးချိန်တွေ တက်ပါတယ်..... ကိုယ်အလေးချိန်ဘယ်လောက်တက်သလဲ နောင် ဘယ်လောက်တက်နိုင်လဲဆိုတာတွေ ခန့်မှန်းပေးနိုင်ပါတယ်..




account လုပ်ပြီး မှတ်သားထားတာတွေကို online ပေါ်မှာ သိမ်းထားလို့ရပါတယ်... ဖုန်းပြောင်းတဲ့အခါကျရင် ဖုန်းအသစ်မှာ အဲဒီ app သွင်းပြီး online account နဲ့ ချိတ်ဆက်လိုက်တာနဲ့ အရင်က မှတ်သားထားတာတွေ အကုန်လုံး ပြန်ရပါလာလိမ့်မယ်...

Post a Comment

0 Comments