ဖူးစာရှင်

ကိုယ်ကိုယ်တိုင် သတိမထားမိခဲ့ တဲ့ ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ ကိုယ်နဲ့တစ်ဘ၀လုံး လက်တွဲသွားရမယ့်ချစ်သူ ရဲ့ စိတ်နေစိတ်ထား ဘယ်လိုမျိုးလဲ မသိချင်ကြဘူးလားး?? စိတ်ဝင်စားတယ် ဆို ဒီတွက်ကိန်းလေး တစ်ချက်လောက်တွက်ကြည့်ရအောင် … (^_^)

မခက်ပါဘူးး … စိတ်ဝင်စားစရာမေးခွန်းလေး ကိုးခု ဖြေရမှာပါ … မေးခွန်းတစ်ခုစီတိုင်းမှာ အဖြေလေးတွေရှိပါတယ် … မေးခွန်းတစ်ခုစီတိုင်းမှာ ကိုယ့်ရဲ့အဖြေလေးတွေကို မှတ်သားထားရမယ် အာလုံးဖြေပြီးမှ အဖြေတွေကို ပြန်ပေါင်းကြည့်ရမှာပါ … ကွက်တိမမှန်ခဲ့ ရင်တောင် ခဏတော့ စိတ်ပျော်ရွှင်သွားမယ်လို့ မျှော်လင့်ပါတယ် ။ တစ်ခုသတိထားရမှာက မေးခွန်းအောက်က အဖြေလေးတွေကို တစ်ခုဆိုတစ်ခု ပြတ်ပြတ်သားသားရွေးပေးဖို့ပါ … ကဲ … စမယ်နော် ヅ




Ready ??





Q1. သင်ဟာတောအုပ်ကြီး တစ်ခုကိုဖြတ်ပြီး ခရီးအရှည်ကြီးတစ်ခုထွက်ရမှာပါ ။ အဲဒီခရီးမှာ သင်နဲ့ အတူအဖော်အဖြစ်လိုက်ပါဖို့အတွက် သင်နှစ်သက်ရာ တိရစ္ဆာန်လေး တစ်ကောင် ခေါ်သွားရမှာပါ …
1.ခွေး
2.ကြောင်
3.ကျား
4.ခြင်္သေ့
5.ယုန်

Q2. သင်နှစ်သက်ရာအဖော်လေး တစ်ကောင် ခေါ်ပြီးပြီဆိုရင် ခရီးစထွက်ရပါပြီ ။ လာရင်းနဲ့ ခရီးလမ်းတစ်နေရာမှာ အရမ်းကိုတန်ဖိုးကြီးပြီး အရမ်းလှတဲ့ မွှေးပွရုပ်အကြီးကြီးတစ်ရုပ်ကို တွေ့ရပါလိမ့်မယ် ။ ဆက်ရမယ့်ခရီးအရှည်ကြီးကျန်ပါသေးတယ်။ မေးခွန်းလေးက …
1.အဲဒီအရုပ်ကြီးကို သင်နဲ့အတူတူယူသွားမလား
2.သယ်ရမှာ ခက်ခဲလို့ထားခဲ့မလား


Q3. တောလမ်းတစ်နေရာရောက်တော့ အရမ်းလှတဲ့ ပန်းရုံကြီးတစ်ရုံတွေ့ ပါလိမ့်မယ် ။ ပန်းလေး တစ်ခိုင် ရွေးခူးရမှာပါ …
1.နှင်းဆီပန်း
2.စံပယ်ပန်း
3.ခရေပန်း
4.သဇင်ပန်း
5.သစ်ခွပန်း


Q4. ဆက်လက်ခရီးထွက်လာရင်းနဲ့ သင်ရော သင့်အဖော်ရော ပြောမပြတတ်အောင် မောပန်းနေပါပြီ အဲဒီအချိန်မှာ ရေကြည်လေးတစ်ပေါက်ထဲသောက်ရမှာပါ … အဲဒီရေလေးတစ်ပေါက်ကို …
1.အမောပြေဖို့အတွက် သင်သောက်မလား
2.သင့်အဖော်ကို တိုက်လိုက်မလား


Q5. လမ်းဆက်လျောက်လာရင်းနဲ့ မြက်ရိုင်းတွေပေါက်နေတဲ့ မြက်ခင်းပြင်ကြီးတစ်ခု တွေ့ပါလိမ့်မယ် …မေးခွန်းလေးက
1.မြက်တွေရှင်းပြီးမှ လိုရာခရီးသွားမလား
2.ဒီအတိုင်းမရှင်းပဲ နင်းဖြတ်လျှောက်သွားမလား



Q6. မြက်ခင်းပြင်ကြီးကို ကျော်လာခဲ့ပြီဆိုရင် တံခါးတစ်ချပ်ကို တွေ့ရပါလိမ့်မယ် ။ အဲဒီတံခါးကို ဖွင့်ပြီးဝင်သွားရမှာပါ ။ မေးခွန်းလေးက တံခါးကနေ၀င်လာပြီးရင် …
1.တံခါးကို ဒီအတိုင်းဖွင့်ထားခဲ့မလား
2.စေ့ထားခဲ့မလား
3.လုံးဝပြန်ပိတ်ထားခဲ့မလား



Q7. တံခါးကနေကျော်လာခဲ့ပြီဆိုရင် စားပွဲလေးနှစ်လုံးတွေ့ပါမယ် ။ စားပွဲတစ်ခုရွေးထိုင်ရမှာပါ …
1.အ၀ိုင်းပုံစားပွဲ
2.လေးထောင့်ပုံစားပွဲ


Q8. ရွေးပြီးရင် စားပွဲပေါ်မှာခွက်သုံးခွက်ရှိပါမယ် … ခရီးပန်းလာတဲ့ သင်က သုံးခွက်ထဲက တစ်ခွက်ကို ရွေးသောက်ရမှာပါ … ။
1.ရေ
2.အချိုရည်
3.နွားနို့



Q9. ကဲ … နောက်ဆုံးမေးခွန်းလေးပါပဲ ။ အမောဖြေပြီးရင် သင်ကခရီးဆက်ထွက်ရမှာပါ ။ အဲမှာ သင်အဖော်နဲ့ မျိုးနွယ်တူအကောင်လေး တစ်ကောင်ရမှာပါ ။ သင့်အဖော်က အထီးလေးဆို အမလေး ရမှာပါ ။ သင့်အဖော်က အမလေးဆိုရင် တော့ အထီးလေးရမှာပါ ။ မေးခွန်းလေးက … သင့်အဖော်ရဲ့ မျိုးတူအကောင်လေးကို …
1.သင်တို့ နဲ့ အတူတူခေါ်သွားမလား
2.မခေါ်ပဲနဲ့ သင်တို့နှစ်ယောက်ပဲ ဆက်သွားမလားတဲ့


မေးခွန်းလေးတွေ ကုန်သွားပါပြီ ။ စုစုပေါင်းမေးခွန်း ကိုးခုပါ ။ အဖြေနံပါတ်လေးတွေ သေချာမှတ်ထားကြတယ်နော် … ။ အဲဒါ ဆိုရင်တော့ မေးခွန်းအဖြေလေးတွေရဲ့ ဖြေရှင်းချက်လေးတွေကို တိုက်စစ်ကြည့်လို့ရပါပြီ … ။

အဖြေကို ဒီမှာ စစ်ပါ => http://frosblaze.blogspot.com/2014/12/blog-post_69.html

Post a Comment

0 Comments