"ဖူးစာရှင်" post မှ အဖြေများ

မေးခွန်းများ => http://frosblaze.blogspot.com/2014/12/blog-post_25.html

စုစုပေါင်းမေးခွန်း ကိုးခုပါ ။ အဖြေနံပါတ်လေးတွေ သေချာမှတ်ထားကြတယ်နော် … ။ အဲဒါ ဆိုရင်တော့ မေးခွန်းအဖြေလေးတွေရဲ့ ဖြေရှင်းချက်လေးတွေကို တိုက်စစ်ကြည့်လို့ရပါပြီ … ။



Q1 ရဲ့ အဖြေလေးတွေပါ ။


No.1 ခွေး ကို ရွေးချယ်သူကတော့ … သင့်ဘ၀တစ်လျှောက်လုံးလက်တွဲရမယ့်ချစ်သူက သင့်အပေါ်မှာ သင်ထင်ထားတာထက်ပိုပြီး သင့်ကို ချစ်မြတ်နိုးသူပါတဲ့ … ။ အချိန်တိုင်းသင့်အနားမှာ ရှိနေပြီး သင့်တစ်ယောက်တည်းကိုသာ ချစ်ပြီး သေသည့်အထိ သစ္စာရှိနေမယ့် ချစ်သူမျိုးပါတဲ့ … ။

No.2 ကြောင် ကို ရွေးချယ်သူကတော့ … သင့်ချစ်သူဟာ အမြဲသန့်သန့်ရှင်းရှင်းနေထိုင်တတ်ပြီး လှပချစ်စဖွယ်ကောင်းသူပါတဲ့ ။ သင့် အပေါ်ကို ချွဲချွဲနွဲ့နွဲ့ နဲ့ နေတတ်သူမျိုးပါ … ။ သူ့ကြောင့် သင်ဟာ အမြဲပျော်ရွှင်နေရပါလိမ့်မယ် ။

No.3 ကျား ကို ရွေးချယ်မယ့်သူကတော့ …သင့်ချစ်သူဟာ သိပ်ပြီးမနူးညံ့တတ်သူမျိုးပါတဲ့ … ။ သူဟာ ချစ်တယ် ဆိုတာကို ပါးစပ်က ထုတ်မပြောပေမယ့် သင့်အတွက် အမြဲတွေးပေးနေသူပါတဲ့ … အခက်အခဲကြုံတိုင်း သင့်ဘေးမှာ အသင့်ရှိနေပြီး ရဲဘော်ရဲဘက်လို ကာကွယ်စောင့်ရှောက်ပေးမယ့််ချစ်သူပါတဲ့ … ။

No.4 ခြင်္သေ့ ကို ရွေးချယ်သူကတော့ … သင့် ချစ်သူ ဟာ သင့်အပေါ်ကို သြဇာလွှမ်းမိုးနိုင်စွမ်းရှိသူပါ တဲ့ … ။ သင်ဟာ သင့်ချစ်သူကို ချစ်ကြောက်ရိုသေ ရပြီး သူကတော့ သင့်မှာ ကြုံလာသမျှ အခက်အခဲပေါင်း ပြသနာပေါင်းများစွာ တို့ကို တာဝန်ယူဖြေရှင်းပေးတတ်သူပါတဲ့ … ။

No.5 ယုန် ကို ရွေးချယ်သူကတော့ … သင့်ချစ်သူဟာ သင့်အပေါ်ကို အမြဲတမ်းမှီခို အားထားတတ်သူပါတဲ့ … သင့်ချစ်သူဟာ စိတ်အားငယ်တတ်ပြီး သင်ဟာ သူ့ဘ၀အတွက် မရှိမဖြစ်လို့ ခံယူထားသူမျိုးပါတဲ့ … ။ ၀မ်းနည်းအားငယ်တတ်တဲ့ သင့်ချစ်သူကို သင်ဟာ ချစ်စိတ်နဲ့ အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးနေရမယ့် ချစ်သူမျိုးပါတဲ့ …

Q2 ရဲ့အဖြေလေးတွေပါ ။

No.1 အဲဒီအရုပ်ကြီးကို သင်နဲ့အတူတူယူသွားမယ်ဆိုရင် သင်ဟာ အသုံးအဖြုန်းကြီးသူပါတဲ့ … ။ အခြေအနေ အချိန်အခါကို ဂရုမစိုက်ပဲ သင်လိုချင်ရင် မရရအောင် ၀ယ်တတ်တဲ့သူပါ ။

No.2 သယ်ရမှာ ခက်ခဲလို့ထားခဲ့ရင်တော့ … သင်ဟာ ငွေသုံးရာမှာ စည်းစနစ်ရှိပါသတဲ့ … ။ သူ့နေရာနဲ့ သူ လိုအပ်မှ သုံးတတ်ဝယ်တတ်တဲ့ သူမျိုးပါ ။




Q3 ရဲ့အဖြေလေးတွေပါ ။

No.1 နှင်းဆီပန်း ကို ရွေးချယ်ခဲ့တဲ့ သင်ဟာ အ၀တ်အစားဝတ်ရာမှာ စမတ်ကျကျဝတ်ဆင်တတ်ပါတယ် ။ ပင်ကိုယ်ဟန်လည်း ရှိတဲ့သင်ဟာ ပတ်ဝန်းကျင်မှာ ဆွဲဆောင်မှုရှိပြီး စမတ်ကျသူအဖြစ်ထင်ရှားပေါ်လွှင်နေတတ်ပါတယ် ။

No.2 စံပယ်ပန်း ကို ရွေးချယ်ခဲ့တဲ့ သင်ဟာ အ၀တ်အစားဝတ်ရာမှာ တောက်တောက်ပြောင်ပြောင်တွေ သဘောမကျပါဘူး ။ တည်ငြိမ်တဲ့ အမြင်ရှိတဲ့ သင်ဟာ အ၀တ်အစားဝတ်ရာမှာလည်း အမြင်အေးပြီး ဆွဲဆောင်မှုရှိတဲ့ စတိုင်မျိုးကိုရွေးချယ်ဝတ်ဆင်ပါတယ်

No.3 ခရေပန်း ကို ရွေးချယ်ခဲ့တဲ့ သင်ဟာ ၀တ်စားဆင်ယင်မှုကတော့ ရိုးရိုးအေးအေးလေးပဲ ၀တ်ဆင်တတ်ပါတယ် ။ ပတ်ဝန်းကျင်က မြင်လိုက်တာနဲ့ ရင်ထဲအေးသွားစေမယ့် အပြင်အဆင်မျိုးကိုပဲ နှစ်နှစ်သက်သက် ၀တ်စားဆင်ယင်သူပါ ။

No.4 သဇင်ပန်းကို ရွေးချယ်ခဲ့တဲ့ သင်ဟာ အ၀တ်အစားဝတ်ဆင်ရာမှာ အထူးဂရုစိုက်တတ်သူပါ ။ အပြင်တစ်ခါသွားရင်လည်း ရွေးချယ်မပြီးနိုင်လောက်အောင် ၀တ်စားဆင်ယင်မှုကို အလေးထားပါတယ်။ ဘယ်သွားသွား လှပကျော့ရှင်းနေအောင် ဂရုစိုက်ဝတ်ဆင်တတ်ပါတယ်

No.5 သစ်ခွပန်းကို ရွေးချယ်ခဲ့တဲ့ သင်ကတော့ တစ်ကိုယ်လုံးမှာ အ၀တ်အစားကို အသေးစိတ် ဂရုစိုက်တတ်သူပါ ။ မြင်လိုက်တဲ့သူတိုင်း ပြန်ငေးရလောက်အောင် စတိုင်ကျကျဝတ်စားတတ်ပါတယ်။ အဲလိုဝတ်စားထားသူတွေ့ရင်လည်း အငမ်းမရလိုက်ကြည့်တတ်ပါသေးတယ် ။



Q4 ရဲ့အဖြေလေးတွေပါ ။

No.1 ရေလေးတစ်ပေါက်ကို အမောပြေဖို့အတွက် သင်သောက်ခဲ့ရင်တော့ သင်ဟာ လောကမှာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပါတဲ့ … ။ သင့်အတွက် အရင်စဉ်းစားပြီးမှ သူများအတွက်တွေးပေးသူပါ။

No.2 အဲဒီရေလေးတစ်ပေါက်ကို သင့်အဖော်ကိုတိုက်လိုက်ရင်တော့ သင်ဟာ သင့်ချစ်သူကို သင့်အသက်ထက်ပို ချစ်မြတ်နိုးသူပါ ။ အန္တရာယ်ကျရောက်နေချိန်မှာတောင် သင်ဟာ သင့်ချစ်သူအတွက် ဦးဆုံးတွေးပေးတတ်သူပါ ။



Q5 ရဲ့အဖြေလေးတွေပါ ။

No.1 မြက်တွေရှင်းပြီးမှ လိုရာခရီးသွားခဲ့ရင်တော့ သင်ဟာ ပတ်ဝန်းကျင်ကို ပြောစကားကို ဂရုစိုက်တတ်သူပါတဲ့။ သင့်ရဲ့ ဂုဏ်သိက္ခာအတွက် သူများပြောစရာမဖြစ်အောင် အပြုအမူမှန်သမျှကို ဂရုတစိုက်နေထိုင်တတ်သူပါ ။

No.2 မြက်တွေကို မရှင်းပဲ နင်းဖြတ်လျှောက်သွားခဲ့ရင်တော့ သင်ဟာပတ်ဝန်းကျင်ကို ဂရုစိုက်လေ့မရှိသူပါ ။ ဘယ်သူဘာပြောပြော ကိုယ်သာမှန်ရင်ပြီးရောလို့ ယူဆထားတဲ့သင်ဟာ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရဖို့အတွက် ဘယ်သူ့အပြောအဆိုမှလည်း ဂရုစိုက်တတ်သူမဟုတ်ပါဘူး ။



Q6 ရဲ့အဖြေလေးတွေပါ ။

No.1 တံခါးကနေ ၀င်လာပြီး တံခါးကို ဒီအတိုင်းဖွင့်ထားခဲ့ရင်တော့ သင်ဟာ အရမ်းကို ပွင့်လင်းသူပါ ။ ကိုယ့်စိတ်ထဲမှာခံစားနေရတာကို ဘယ်တော့မှ ထိန်းချုပ်ထားတဲ့အကျင့်မရှိသူပါ ။ ဒေါသဖြစ်နေရင်လည်း ပေါက်ကွဲလိုက်မှ နေသာထိုင်သာရှိသူမျိုးပါ ။ စိတ်ထဲမှာ အငြိုးအတေးမထားတတ်သူမျိုးပါ ။

No.2 တံခါးကို စေ့ရုံလေး စေ့ထားခဲ့ရင်တော့ သင်ဟာ သင့်ခံစားချက်ကို နည်းနည်းပဲ ဖွင့်ဟတတ်သူပါ ။ ဒေါသထွက်နေရာကလည်း ချက်ချင်းအပြုံးပန်းဆင်တတ်အောင် သင်ဟာ လိမ္မာပါးနပ်သူပါ ။

No.3 တံခါးကနေ၀င်လာပြီး တံခါးကို လုံးဝပြန်ပိတ်ထားခဲ့ရင်တော့ သင်ဟာ သင့်ခံစားချက်ကို ဘေးနားမှာ ရှိနေသူတွေကို လုံးဝဖွင့်မပြောတတ်သူပါ ။ ဘာဖြစ်ဖြစ် တစ်ယောက်တည်း ကျိတ်ပြီး ခံစားတတ်သူပါ ။ သင့်ခံစားချက်ကို ဘေးနားမှာ ရှိနေသူက လုံးဝမရိပ်မိပါဘူး ။



Q7 ရဲ့အဖြေလေးတွေပါ ။

No.1 အ၀ိုင်းပုံစားပွဲ ကို ရွေးချယ်တဲ့ သင်ဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်သူပါ ။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ပြည့်တဲ့ သင်ဟာသူငယ်ချင်းတွေကြားမှာ ဖော်ရွှေပြီးခင်စရာကောင်းသူအဖြစ် နာမည်ကျော်ကြားလေ့ ရှိပါတယ် ။

No.2 လေးထောင့်ပုံစားပွဲ ကို ရွေးချယ်တဲ့ သင့်ကို ပတ်ဝန်းကျင်က မာနကြီးသူအဖြစ်သိထားကြပါတယ် ။ လူတိုင်းကိုမခင်တတ်သလို ခင်ပြီဆိုရင်တော့ တစ်သက်လုံးလက်တွဲသွားလို့ရအောင် ရည်ရွယ်ခင်မင်ပါတယ် ။ အပြင်မှာရုပ်တည်နဲ့နေတတ်ပြီး ကိုယ့်သူငယ်ချင်းအရှေ့မှာဆိုရင် ပေါတောတောလုပ်ပြဖို့လည်း ၀န်မလေးတတ်သူပါ ။



Q8 ရဲ့အဖြေလေးတွေပါ ။

No.1 ရေကိုရွေးချယ် သောက်သုံးတဲ့ သင်ဟာ ပွင့်လင်းဖြူစင်တဲ့စိတ်ထားမျိုးကို ပိုင်ဆိုင်ထားသူပါ။ သူများတွေက သင့်ကိုကြည့်လိုက်တာနဲ့ သင့်စိတ်ထဲဘာရှိနေလဲဆိုတာကို မြင်နိုင်လောက်အောင် ပွင့်လင်းပါတယ် ။

No.2 အချိုရည်ကို ရွေးချယ်သောက်တဲ့ သင်ဟာ စိတ်ထဲက မပါတောင် လူတိုင်းနဲ့ လိုက်လျောညီထွေနေတတ်တယ် ။ အခြေအနေ အချိန်အခါကို အကျိုးရှိရှိအသုံးချတတ်တဲ့သင်ဟာ ပတ်ဝန်းကျင်က သူတွေရဲ့ အရေးပေးမှုကိုခံရလေ့ရှိပါတယ် ။

No.3 နွားနို့ ကို ရွေးချယ်သောက်တဲ့ သင့်ရဲ့ စိတ်ထားကို အနားကလူတွေက မခန့်မှန်းတတ်ပါဘူးတဲ့ ။ သင့်စိတ်ထဲ ဘာတွေရှိနေလဲဆိုတာဘယ်သူမှ မသိနိုင်လောက်အောင် သင်ဟာ လျှို့ဝှက်စွာနေထိုင်တတ်သူပါတဲ့ ။



Q9 ရဲ့အဖြေလေးတွေပါ ။

No.1 သင့်အဖော်ရဲ့ မျိုးတူအကောင်လေးကို … သင်တို့ နဲ့ အတူတူခေါ်သွားခဲ့ရင်တော့ သင်ဟာ သင့်ခံစားချက်ထက်ပိုပြီး သင့်ချစ်သူရဲ့ ပျော်ရွှင်မှုကို ဦးစားပေးသူပါတဲ့ ။ သင့်ချစ်သူက သင့်အနားမှာ မနေချင်တော့ရင်တောင် သင်ဟာ သင့်ချစ်သူပျော်ရွှင်မှုအတွက် ရင်အကွဲခံ စွန့်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေသူပါ ။

No.2 မခေါ်ပဲနဲ့ သင်တို့နှစ်ယောက်ပဲ ဆက်သွားရင်တော့ သင်ဟာ သင့်ချစ်သူကို တစ်ပါးသူလက်ထဲ ဘယ်နည်းနဲ့မှ မထည့်လိုက်နိုင်အောင် အတ္တကြီးပြီး သ၀န်တိုတဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်ပါသတဲ့။ နောက်ဆုံးအချိန်ထိတောင် သင့်ချစ်သူရဲ့ လက်ကို မြဲမြဲဆုပ်ကိုင်ထားမယ့်သူမျိုးပါ ။




ကဲ … မေးခွန်းလေးတွေ ကုန်သွားပါပြီ … ။ ကေးး ရဲ့ သူငယ်ချင်းလေးတွေရော ဒီအမေးအဖြေလေးတွေကို ကျေနပ်ကြရဲ့လား ။ ဗေဒင်လိုမျိုးမဟုတ်လို့ ရာနူန်းပြည့်မမှန်ပေမယ့် တော်တော်များများ ကိုယ့်စိတ်ထားတွေနဲ့ ကိုက်ညီနေတာ တွေ့ရမှာပါ ။ ကေးး ကို သူများတွက်ထားပေးဖူးတာလေးကို သူငယ်ချင်းတို့ကို ဖတ်စေချင်စိတ်နဲ့ ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ။ အချိန်ပေး ဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော် ။ အခက်အခဲ ရှိသူများက ကွန်မန့်ဘောက်မှာ ကိုယ့်အဖြေနံပါတ်လေးတွေ ရေးပေးခဲ့ရင် ပြန်ဖြေပေးပါ့မယ်ရှင် ။ ပျော်ရွှင်ချမ်းမြေ့ပါစေ ။




☆:*´¨`* အလင်းရောင် *´¨`*: ☆

Source : https://www.facebook.com/243681869124581/photos/a.259627890863312.1073741829.243681869124581/386823668143733/?type=1

Post a Comment

0 Comments