" ကဲ မောင်ပွ ထပါအုံး"
" ၀ှစ်"
" သူရမြင့်မြင့်ခင်"
" အာ့ဆို သူရအရီးတောင်း"
" သူရမာလာအေးအေးဝင်း"
" ငင့် ဒါက ဘယ်သူလား"
" ကျွန်တော့် အမေပါ"
" အွန့်"
" ဗြဲ ဟဲ ဟဲ"
" ယောက်ျားရေ ထပါအုံး ယောက်ျားရေ"
" အော် ဒီယောက်ျားကလည်း ခေါ်မကြား အော်မကြား အိပ်နေလိုက်တာ"
" ဟပ်ချိုး"
" ဒါက ဘာထလုပ်တာလား"
" ဘာထလုပ်တာပါ"
" အိမ်က ဖုန်းဆက်သေးလား"
" ၀ှစ် " ( ပြန်ထိုင်)
" ၀ှစ်" ( ပြန်ထ)
" ဟလို"
" ဟလို ဒေါက်တာပွလား"
" အေးဆို"
" အင်းဆို"
" ဂျလောက်"
" ကဲ မောင်ပွ ထပါအုံး"
" ၀ှစ်"
" သူရမြင့်မြင့်ခင်"
" အာ့ဆို သူရအရီးတောင်း"
" သူရမာလာအေးအေးဝင်း"
" ငင့် ဒါက ဘယ်သူလား"
" ကျွန်တော့် အမေပါ"
" အွန့်"
" ဗြဲ ဟဲ ဟဲ"
" ယောက်ျားရေ ထပါအုံး ယောက်ျားရေ"
" အော် ဒီယောက်ျားကလည်း ခေါ်မကြား အော်မကြား အိပ်နေလိုက်တာ"
" ဟပ်ချိုး"
" ဒါက ဘာထလုပ်တာလား"
" ဘာထလုပ်တာပါ"
" အိမ်က ဖုန်းဆက်သေးလား"
" ၀ှစ် " ( ပြန်ထိုင်)
" ၀ှစ်" ( ပြန်ထ)
" ဟလို"
" ဟလို ဒေါက်တာပွလား"
" အေးဆို"
" အင်းဆို"
" ဂျလောက်"
ကူးယူဖော်ပြသည်။ Credit to ကိုပွ
Unicode
(ယခု စာစုတွင် ဆရာကြပ်ကလေး ၏ ဟာသများအား ညှပ်သုံးထားပါသည်။)
မောင်ပွ သည် လွန်စွာ အအိပ်ကြီး သော လူဖြစ်ကြောင်းကို မောင်ပွ ရုပ်ရည်ကို မြင်ဖူးသော သူများ အနေဖြင့် ရိပ်စား မိလောက်သည်။ အိပ်စက်ခြင်း ဆိုတာကလည်း ဘယ်လောက်အိပ်အိပ် မဝသည့် အမျိုးကလား။ တစ်ခါတစ်လေ တစ်ညလုံး အိပ်သွားတာတောင် စာသင်ခန်းထဲ ရောက်ရင် ထပ်ငိုက်မြည်းနေတာမျိုး တော်တော်များများ ကြုံ ဖူးကြပေလိမ့်မည်။ အဆိုးဆုံးက စည်းကမ်းတင်းကြပ်သော ဆရာ အချိန် ဖြစ်ပါက ပိုဆိုးသည်။ မျက်ခွံတွေက တဖြည်းဖြည်း လေးလာပါတယ်ဆိုမှ ဆရာက မိမိ ကိုချည်း ကြည့်နေသလိုလို ဘာလိုလို။ ဒီတော့ အိပ်မငိုက်ချင်သယောင် ယောင် စာကို အကြီး အကျယ် စိတ်ဝင်စားနေသယောင်ယောင် မျက်လုံးကြီးကို အတင်းကာရော ပြူ းပြဲ ထားရသေးသည်။ စိတ်ကတော့ တစ်ခြားစီမှာ။ ဒီလောက် ထိန်းထားသည့်ကြားမှ တစ်ခါတစ်လေ တစ်စက္ကန့်လောက် မှေးခနဲ ဖြစ်သွားတတ်သေးသည်။ ဒါကိုလည်း ဆရာ လုပ်သူက တွေ့ ဖြစ်အောင် တွေ့သွားတတ်သေး၏။
" ကဲ မောင်ပွ ထပါအုံး"
" ဝှစ်"
" သူရ ဘွဲ့ရခဲတဲ့ တစ်ဦးတည်းသော မြန်မာ အမျိုးသမီး ကဘယ်သူလဲ ခုနကပဲ ပြောလိုက်တယ်"
" သူရမြင့်မြင့်ခင်"
" ဟွင် မြင့်မြင့်ခင်ကို သူ့ဟာသူ အေးအေးဆေးဆေး ထိုးမုန့်ပဲရောင်းပါစေလား ငါ့တပည့်"
" အာ့ဆို သူရအရီးတောင်း"
" ဟွင် ဒါက လက်ဘက်သုတ် ဖြစ်သွားပြန်ပြီ"
" သူရမာလာအေးအေးဝင်း"
" ငင့် ဒါက ဘယ်သူလား"
" ကျွန်တော့် အမေပါ"
" အွန့်"
ဆိုတော့ကာ ငယ်စဉ်ကတည်းက အိပ်ငိုက်ခြင်း ကြောင့် အရှက်ကွဲရပေါင်းများသော်လည်း အိပ်ငိုက်ခြင်းကိုမူ ယခုထိ မစွန့်လွှတ်နိုင်သေး။ ယခု ကလေး ရလာ သော အချိန်တွင်ကားး......................။
" ဗြဲ ဟဲ ဟဲ"
" အေးပါ သားရယ် ဟုတ်တယ် မှန်တယ် မှန်တယ် ဟုတ်တယ်"
ဘာတွေ မှန်ပြီး ဟုတ်နေလဲတော့ မသိ။ ပြောစရာ စကားကလည်း မရှိ။ ကလေးဆိုသည့် အမျိုးကလည်း သူထဗြဲ ချင်သည့် အချိန် ထဗြဲတတ်သည်ကိုး။ တစ်ခါတစ်လေ အိပ်ကောင်းနေတုန်း သန်းခေါင်သန်းနွှဲ ထဗြဲပါက မိန်းမ လုပ်သူက
" ယောကျ်ားရေ ထပါအုံး ယောကျ်ားရေ"
" ခေါ ခလော ခလူး ခလဲ ခလေး ခလီးးးးးးးး"
" အော် ဒီယောကျ်ားကလည်း ခေါ်မကြား အော်မကြား အိပ်နေလိုက်တာ"
" ခေါ ခလော ခလူး ခလဲ ခလေး ခလီးးးးး"
အမှန်က ကြားသည်။ အိပ်ချင်ယောင်ဆောင်နေခြင်း။ ဟေးဟေး။ ထရမှာ ပျင်းသည်ကိုး။ ထို့အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြောင်း သက်သေပြသည့် အနေဖြင့် ပက်ပက်စက်စက် ဟောက်ပြ လိုက်လေသည်။ လုပ်ဟောက် သည်ဆိုတာကလည်း အတော် ပင်ပန်းပြီး မောတတ်သော အမျိုးပင်။ မလွယ်တော့ မလွယ်။သို့သော် မိန်းမ လုပ်သူမှာ နေ့စဉ်ရက်ဆက် အိပ်ရေးပျက်ရတာ များတော့ ကမ္မဌာန်း ရုပ်ပေါက်လာလေရာ မနေနိုင်တော့ဘဲ ဝင်ထိန်းပေးရလေသည်။
" ဟပ်ချိုုး"
" ငင် ငါ့သား နှာချေပြီ ဟေးဟေး ပျော်ထှာ ပျော်ထှာ"
ပျော်မှာပေါ့။ ကလေး နှာစေးလျှင် ဘာမီတွန် အရည်တိုက်ရတော့မည်ကိုး။ ဘာမီတွန် တိုက်ထားပါက သားတော်မောင်မှာ တရှုးရှုး နှင့် ဟောက်များပင် ဟောက်လိုက်သေး။ တစ်ခါကလည်း သားလုပ်သူမှာ နှာချေသဖြင့် ဝမ်းသာ အားရ ဘာမီတွန်ဗူး ပြေးယူကာ ပြန်လာခိုက် လမ်းတွင် မိန်းမ လုပ်သူနှင့် ပက်ပင်း တိုးလေ၏။ မိန်းမ မှာ သားတော်မောင် အား ဘာမီတွန် တိုက်ခြင်းကို ကြိုက်သူ မဟုတ်။ သို့နှင့် ရုတ်တရက် လက်နောက်ပစ်ကာ ဖွက်ထားလိုက်လေလျှင် မိန်းမ မှာ မောင်ပွ အား မယုံ သင်္ကာ သလို ကြည့်ကာ
" ဒါက ဘာထလုပ်တာလား"
" ဘာထလုပ်တာပါ"
ပြောရင်း ဆိုရင်း မိန်းမ လုပ်သူက မောင်ပွ လက်နောက်ပစ်ထားရာသို့ မသိမသာ လှမ်းကြည့်ကာ
" အိမ်က ဖုန်းဆက်သေးလား"
" ဦးထွန်းလွင် ကတော့ မိုးရွာမယ် ပြောတာပဲ"
အမေး တခြား အဖြေ တခြား။ သို့သော် ၂ ယောက်သား ဒါကို သတိပြုမိပုံ မပေါ်။ မိန်းမ ကလည်း လက်နောက်ထဲတွင် ဘာဖွက်ထားသလဲ ကိုသာ သိလိုရင်း ဖြစ်သလို မောင်ပွ ကလည်း မမြင်ရရေးသာ လိုရင်း ဖြစ်ပေရာ ပါးစပ်တွေက သာ စကား မပြတ်အောင် ပြောနေကြသော်လည်း ဘယ်သူကမှ ထွက်လာသော စကားလုံးများအား စိတ်ဝင်စားခြင်း မရှိ။ စကားဖြစ်ပြီးရော။
" ခရမ်းချဉ်သီး ဘယ်ဈေးပေါက်လဲ"
" ထိပ်စည်းက ၂ ထွက်သွားတယ် ညနေတော့ ၇ အပိုင်ပဲ"
မိန်းမက ပြောရင်း ကိုယ်ကို မသိမသာ ရွှေ့ကာ အနောက်ဘက်သို့ မျှော်ကြည့်သည်။ မောင်ပွ ကလည်း မသိမသာ ရွှေ့သည်။
" ဒီနေ့လဲ မီးပြတ်မလား မသိ"
" အဖေ ကတော့ သတ်သတ်လွတ်စားလို့ ပြောတာပဲ"
မိန်းမ ကရွှေ့ ပြီး မသိမသာ ခိုးကြည့်။ မောင်ပွ ကလည်း မသိမသာ ရွှေ့။
" မို့မို့မြင့်အောင် တောင် အကယ်ဒမီ ရသွားပြီနော်"
" မြန်မာပြည် လွတ်လပ်ရေးရပြီတဲ့"
ဘာတွေ မှန်းလဲ မသိ။ တော်သေး။ မိန်းမက ထိုလောက်နှင့် လက်လျှော့သွားလို့။
တစ်ခါတစ်လေ ရုံးပိတ်ရက် နေ့ခင်းဘက်လေး ဘာလေး နှပ်ပါမယ်ဆိုမှ ဧည့်သည်ပေါက်ချလာသော နေ့များလည်း ရှိသေးသည်။ တစ်ခါ ကဆို မိန်းမ ဧည့်သည် နဲ့ မောင်ပွ ဧည့်သည် တပြိုင်တည်း ရောက်လာတာလည်း ကြုံရသေးသည်။ မောင်ပွ ဧည့်သည်မှာ ပြောမနာ ဆိုမနာ ဖြစ်သဖြင့်
" ကဲ ဟေ့ကောင်ရေ ငါလဲ အိပ်ချင်ပြီ ပြန်တော့"
ထိုစဉ် မိန်းမ ဧည့်သည်ကလည်း
" ကဲ သူငယ်ချင်းရေ ငါလဲ သွားစရာလေး ရှိလို့ ပြန်လိုက်အုံးမယ်"
ဒါကို မောင်ပွ မကြားလိုက်။ မောင်ပွ သူငယ်ချင်းကလည်း ပြန်ရန် အထ မိန်းမ သူငယ်ချင်းကလည်း ပြန်ရန် အထ မိန်းမ လုပ်သူက
" ဟွင် ပြန်တော့မလို့လား မပြန်ပါနဲ့အုံး ထိုင်ပါအုံး"
တကယ်က သူ့သူငယ်ချင်းကို ပြောခြင်း။ ဒါကို မောင်ပွ သူငယ်ချင်းက ရော သူ့သူငယ်ချင်းကရော နှစ်ယောက်စလုံး ပြိုင်တူ ပြန်ထိုင်လေ၏။ သည်တွင် မောင်ပွက
" ဟာ ပြန်ပါစေ သူလဲ ဘာအလုပ်ရှိသေးလဲ မသိ"
" ဝှစ် " ( နှစ်ယောက်လုံး ပြန်ထ)
" အို ကော်ဖီ လေးတော့ သောက်သွားပါအုံး "
" ဝှစ်" ( နှစ်ယောက်လုံး ပြန်ထိုင်)
" အို နေပါစေ သူက ကော်ဖီ မကြိုက်ဘူး ပြန်ပါစေ"
" ဝှစ်" ( နှစ်ယောက်လုံး ပြန်ထ)
" ဒါဆိုလဲ အအေးလေး တော့တိုက်လိုက်ပျစေ"
" ဝှစ် " ( ပြန်ထိုင်)
" အာ ရတယ် တိုက်မနေ နဲ့တော့ သူများက သွားစရာ ရှိလား မသိ"
" ဝှစ်" ( ပြန်ထ)
တကယ်တော့ ကိုယ့်သူငယ်ချင်း ကိုယ်ပြောနေကြခြင်း ဖြစ်သော်လည်း ဧည့်သည် ၂ယောက်မှာ နားလည်မှု လွဲကာ ထိုင်ထ လုပ်နေရခြင်းပင်။ သည်တွင် မိန်းမ သူငယ်ချင်းက
" ဟွာလေ ရတယ် သူငယ်ချင်း ပေါင်တွေလဲ တောင့်လှပါပြီ ငါ ထိုင်ထ ဆက်မလုပ်နိုင်တော့လို့ သွားပျစေတော့"
မောင်ပွ သူငယ်ချင်းမှလည်း
" ရတယ် ရတယ် ညီမ ကော်ဖီ မကလို့ ဘီယာလဲ မတိုက်ပါနဲ့ မသောက်ပျစေနဲ့တော့ ထိုင်ထ မလုပ်နိုင်တော့လို့ပါညော်"
အဲ့လို ကိုယ်တွေက ဧည့်သည်ကို ထိုင်ထ နဲ့ ဧည့်ခံတာမျိုး။ တစ်ခါတစ်လေ အိပ်ပျော်နေတုန်း ဖုန်းသံ ထမြည်တာလောက် ဒေါသထွက်တာ မရှိ။ အိပ်ချင်မူးတူးဆိုတော့ ပြန်ဖြေတာတွေက တလွဲ။
" ဟလို"
" ဟလို ဒေါက်တာပွလား"
" ဟုတ် ကျနော် ပေါက်တာဒွ ပါ"
" ဟွင် ဘယ့်နှာကြီးတုန်း"
" အေးဆို"
" ဆရာ့ အမေ ဖုန်းနံပါတ်လိုချင်လို့"
" ဟုတ် ၀၉ ဝမ်းတူးသရီးဖိုး လေးငါးခြောက်ရှစ် ပါ"
" ဟွင် ဒါက အင်္ဂလိပ် မြန်မာ ကပြားဖုန်းလား"
" အင်းဆို"
" ကျွန်တော် တုပ်ကွေး မိနေလို့ ဘာဆေးသောက်ရမလား ဆရာ"
" ဂျိုင်အိုဘက်ဆစ် နဲ့ စမောက်အလင် သောက်"
" ဟွင် ဘယ့်နှာ ဆေးတွေတုန်း"
" အော်မှားလို့ ဘိုင်အိုစလင် နဲ့ အမောက်ဂျက်ဆစ် ဟွင်ဒါလဲ ဟုတ်သေးပါဘူး အင်း အင်း အာ့ဆေးတွေသောက် ဒါပဲညော်"
" ဂျလောက်"
ဟုတ်ကဲ့။ ကျွန်တော် အအိပ်မက်ပါသည်။
ကူးယူဖော်ပြသည်။ Credit to ကိုပွ