မောင်ပွ သည် ငယ်စဉ်က စာ အလွန် တော်သော ချစ်စဖွယ် ကလေးငယ် ဖြစ်သည်။ ရိုးသား ကြိုးစား လိမ်မာ ယဉ်ကျေး သဖြင့် ဆရာမ များ က လွန်စွာ ချစ် ကြလေ၏။ ထိုကဲ့ သို့ မထင်လိုက်ကြပါနှင့်။ အထက်ပါ စာကြောင်းများအား ပြောင်းပြန် တွေးလိုက်ပါက မောင်ပွ၏ အခြေ အနေ မှန် များပင် ဖြစ်သည်။ တစ်ခါက ဆရာမ ထိုင်ခုံပေါ်တွင် ပီကေ သွားကပ်သဖြင့် ကျောင်းအုပ်ကြီး ရုံးခန်း ရောက်သွားဖူးသည်။ ကျောင်းအုပ်ကြီးကို စောင့်နေစဉ် ကျောင်းအုပ်ကြီး ခုံပေါ်မှ ငှက်ပျောသီး ကိုခိုးစားလိုက်သေး။ ကျောင်းအုပ်ကြီးက မိဘ ခေါ်ကာ ကျောင်းမှ ၂ပတ် ခန့် အနားပေး တာခံခဲ့ရဖူးသည်။ ၁၀ တန်းတုန်းက အေ အခန်းမှ ငါးခုံးမ လေးကောင်ဆိုပြီး ဘာမဆိုင် ညာမဆိုင် နာမည် ကြီးလိုက်သေးသည်။ အချင်းချင်း ကိုလည်း စတာ မှ ဟိုဘက်က ထထိုးတဲ့ အထိ စခဲ့ဖူးသည်။ ထိုသူမှာ စလည်း စချင်စရာ။ မှတ်မှတ် ရရ ၆တန်း စတက်သောနေ့တွင် ဖြစ်သည်။ ထိုကျောင်းသားမှာ ကျောင်းနောက်ကျနေလေ၏်။ ကျန်တဲ့ သူတွေက အခန်းထဲ ရောက်လို့ ဆရာမက နာမည်တောင်ခေါ်နေသော အချိန် ကျမှ ထိုကျောင်းသား နှင့် သူ၏ အမေ ရောက်လာလေသည်။
“ ဆရာမ ၀င်ခွင့်ပြုပါ”
“ အော် ၀င်ပါ ၀င်ပါ ကလေး အမေလည်း ပါလာတာကိုး”
“ ဟုတ်ကဲ့”
“ ဒါထက် ကလေး နာမည်က ဘယ်သူ”
“မောင်သန်းစိန်လင်း ပါ ဆရာမ ၅တန်း အတန်းတင် တုန်းက အတန်းအားလုံး မှာ ပထမ ရထားတဲ့ ကလေးလေ အဟင်း”
“ အော် ဟုတ်ကဲ့ မှတ်ထား ပေးလိုက်ပါ့မယ်ညော်”
နေ့လည် မုန့်စားလည်း ဆင်းရော ထိုကျောင်းသား မှာ ထမင်းမစားဘဲ စာထိုင်ကျက်နေသည်ကို မြင်လျှင်
“ ဟေ့ကောင်ကြီး ၅တန်းအတန်းတင် တုန်းက အတန်းအားလုံးမှာ ပထမ ရထားတဲ့ အဟင်းမောင်သန်းစိန်လင်း ထမင်းမစားဘူးလား”
“ ဘာကွ”
“ ခွပ်”
“ ငင့်”
ဒါနဲ့ ဘယ်ရမလဲ။ ကိုယ်က သူ့ထက် ဦးအောင် ဆရာမ သွားတိုင်တာပေါ့။ အတန်းလဲ ပြန်တက်ရော ဆရာမက
“ ကဲ မောင်ပွ ထပါအုံး မင်းကိုထိုးတာ ဘယ်သူလဲ”
“ ၅တန်း အတန်းတင်တုန်းက အတန်းအားလုံး မှာ ပထမရထားတဲ့ အဟင်း မောင်သန်းစိန်လင်း ပါဆရာမ”
“ ငင့်”
“ ဟေ့ကောင် မင်းများနေပြီနော်”
“ ကဲကဲ မောင်ပွ လည်းထိုင် ဟို ၅တန်း အတန်းတင်တုန်းက ငင် ဟုတ်ပါဘူး အဟင်းမောင်သန်းစိန်လင်း လည်းထိုင်”
“ အွန့် ဆရာမ ကျွန်တော့် နာမည်က အဟင်းမောင်သန်းစိန်လင်း မဟုတ်ပါဘူး ဆရာမ”
“ အေးအေး မှားလို့ မောင်စန်းသိန်လင်း ပြော ပါတယ်”
“ ငင့် “
“ အော် ဟုတ်သေးပါဘူး ထိုင် ထိုင် မောင် လန်းစိန်သင်း”
“ ငွန့်”
“ ဟွင် မှားပြန်ပြီ ဒါထက် သားနာမည်က ဘယ်သူ”
“ မောင် သန်းလိန်စင်း ပါ ဆရာမ ငွင့် ကျွန်တော့် နာမည်က ဘာလားငင် ဆရာမ”
“ အေးဆို”
ခုတော့ အဆိုပါ အဟင်းမောင်သန်းစိန်လင်း လဲ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း တောင် မသိတော့။ ရှိသေးသည်။ ကလေးတွေ ကျောင်းလိုက်ပို့ သော မိဘ ချင်း မတွေ့လိုက်နှင့်။ မိမိ ကလေး ဘယ်လောက် ဥာဏ်ကောင်း စာတော်ကြောင်း အပြိုင်ကြွားကြတာ။
“ ကျွန်မ သားက ပျင်းသာ ပျင်းတာ ဥာဏ်ကောင်းတယ် အတန်းထဲမှာ အမြဲတမ်း အဆင့် တစ် ပဲ အဟင်း”
“ ကျွန်မ သားကလည်း ဥာဏ်ကောင်းတယ် အဆင့် တစ်ကနေ ကို မဆင်းဘူး ဒါတောင် မနည်း တွန်းနေရတာ အဟင်း အဟင်း”
သည်တွင် နားကြားပြင်း ကပ်လာသော မောင်ပွ အမေက
“ ကျွန်မ သားကတော့ ပိန်းတိန်းဖွာစောင်းဒူပေ ဘတ်လဘိုင် ကို လိုက်နေတာပါပဲ လူကလည်း လူမိုက် ဟိုနေ့ကတောင် ဒေါသထွက်ပြီး ရိုက်သတ်လိုက်သေးတယ်”
“ ငင် ဘုရား ဘုရား ဘယ်သူ့ကို ပါလိမ့်ညော်”
“ ခြင် ၂ ကောင် ကိုပါ”
“ အွန့်”
“ ပြီးတော့သူက လူကြီးသူမတွေကို လည်း ကူညီ တတ်သေး သူရှေ့မှာ အသက်ကြီးတဲ့ သူတွေ အထုပ်ထမ်းလာတာ မြင်ကြည့်ပါလား”
“ ၀င်ကူထမ်းပေးလိုက်တယ်ပေါ့လေ”
“ ဟုတ်ပါဘူး အနောက်ဘက်ကနေ ပတ်သွားလိုက်တာ မကြည့်ရက်လို့ ဆိုလားပဲ”
မိဘ တွေ ဆိုတာ မိမိ သားသမီး ကို ထိပ်ဆုံး မှာပဲ ရှိစေချင်ကြတာ မဟုတ်လား။ သို့သော် တစ်ခါ တစ်လေ မိဘ တွေရဲ့ Pressure က သားသမီး အပေါ် မနိုင်ဝန် ထမ်းသလို ဖြစ်စေတာ မျိုးလည်း ကြုံရသည်။
“ ဟိုကောင်လေး အဆင့်တွေ ကျသွားတယ်နော် ဒီတစ်ခေါက် စာမေးပွဲ ဖြေလို့ အဆင့် မတက်လာရင်တော့လား”
ထိုကျောင်းသား ခမျာ မိဘ ကို ကြောက်၍ စာကို အသေကျက်ပါသည်။ စာမေးပွဲ ဖြေရာတွင် လည်း ဖြေနိုင်ပါသည်။ သို့သော် မိမိ မရသော စာတစ်ပုဒ် ပါလာပါက ကြိမ်လုံး ကိုင်နေသော မိဘ၏ ပုံရိပ်အား မြင်ယောင်လာကာ ကျန်သည့်စာများပါ မေ့ကုန်လျက် စာမေးပွဲ ခန်းထဲ သေးတဖြန်းဖြန်းကျ ရှိုက်ကြီးတစ်ငင် ငိုကြွေးသော ကျောင်းသား ကိုလည်း တွေ့ဖူးခဲ့ပါသည်။ မောင်ပွ တို့ ဆေးကျောင်း တက်တုန်းကလည်း ဒုတိယ နှစ် ဖိုင်နယ် ဖြေဖို့ စာကျက်နေကြဆဲ တွင် ရုတ်တရက် မှန်ထိုးခွဲသော အသံ တစ်သံ ကြားလိုက်ရလေသည်။
“ ခွမ်း”
“ ငင် သူငယ်ချင်း ဘာဖြစ်တာလဲ”
“ ငါတော့ ကျပြီ ထင်တယ် သူငယ်ချင်း စာလဲ ကျက်လို့ မရတော့ဘူး ငါစာမေးပွဲ ကျရင် ငါ့ အဖေ က ငါ့ကို သတ်မှာကွ တော်ပြီ ငါ့ဟာ ငါ သတ်သေတော့မယ်”
“ ဟွင် သူငယ်ချင်း မလုပ်ပါနဲ့”
“ မရဘူး ငါသေပျစေတော့”
“ သူငယ်ချင်း ကိုယ့်ကိုကိုယ် သတ်သေတာ ဂျပန်ငါးရာ ငါးကမ္ဘာ နော်”
“ ဟွင် အာ့ ဘာကြီးတုန်း”
“ အေးဆို”
“ ငါကြားဖူးတာ အဖန်ငါးရာ ငါးကမ္ဘာ ပါ ဘယ့်နှာပြုလို့ ဂျပန်ငါးရာ ငါးကမ္ဘာ ဖြစ်သွားရတာတုန်း”
“ သိဖူးလေ ငါလဲ ကြားဖူးတာ ပြောကြည့်တာ”
“ ဟွင် ဂျပန် ငါးရာ နဲ့ဆို ငါ မသေပျစေနဲ့တော့လား သူငယ်ချင်း ကြောက်စရာဂျီးညော်”
“ အင်းဆို”
အကယ်၍ မောင်ပွသာ ကျောင်းဆရာ ဖြစ်ခဲ့ပါက မိမိ တပည့်များအား စကား တစ်ခွန်းသာ ပြောပေလိမ့်မည်။
“ ငါ့ တပည့်တို့ စာမကျက်ကြနဲ့ “
“ ဟေးးးးးးးး ဒါမှ ငါတို့ ဆရာကြီးကွ”
“ ဟွင် နေအုံးလေ ငါ့စကား မဆုံးသေးဘူးလေ ပြီးအောင် ဆက်ပြောပျစေ တကယ်တော့ စာဆိုတာ ကျက်ရတာ မဟုတ်ဘူးကွ ဖတ်ရတာ နားလည်အောင်ဖတ်ရတာ”
လူတော်တော်များများသည် ၀ထ္ထုစာအုပ်တစ်အုပ်အား ဖတ်ပြီးပါက တစ်ပတ်ခန့် အထိ မှတ်မိတတ်ကြသည်။ တစ်လလောက်ကြာရင်တော့ အတိအကျ မဟုတ်တောင် ရိပ်ဖမ်းသံဖမ်း လေးတော့ မှတ်မိ တတ်ကြလေသည်။ အဓိက ကား ရေးထားသော အကြောင်းအရာ များအား နားလည်သောကြောင့်ပင်။ ကျောင်းစာ ကျတော့ မနက်ဖတ် ညနေမေ့ ညနေဖတ် ညမေ့။ ဘာလို့လဲဆိုတော့ကား စိတ်မ၀င်စား နားမလည် သောကြောင့် ဟု ထင်မိသည်။ နားလည်သော သူများကို တော့ မဆိုလိုပါ။ နားမလည်ရင် Dicitionary လှန်ပါလား ဆိုပြန်တော့လည်း ထို အဘိဓါန် စာအုပ်အား ရှေ့လှန် နောက်လှန် ရမည့် အလုပ်ကား လွန်စွာ ပျင်းရိဖွယ် ကောင်းသော အလုပ်ပင်တည်း။ ထို့ကြောင့်နောက်ဆုံး တွင် ကြက်တူရွေး အဘိဓါန် နှင့်သာ ၂ပါးသွားကာ စာမေးပွဲ ဖြေဆိုကြရလေသည်။ သည်တွင် အချို့သည် ကြက်တူရွေး အောင်လက်မှတ်များ ဂုဏ်ထူးများ ဘွဲ့များ ရရှိကြလေသည်။ အချို့သည်ကား တကယ်သိ တကယ် တတ်သော အောင်လက်မှတ်များ ဂုဏ်ထူးများ ဘွဲ့များ ရရှိကြ၏။
အတော်လာတဲ့ မောင်ပွ ပါလား။ ဆရာကြီး လေသံ နဲ့ ဟု ပြော ချင်ပါက ပြောလို့ ရပါသည်။ မင်းက ဘယ်လောက် သိ ဘယ်လောက်တတ်နေလို့ ဒီလို ရေးရတာတုန်းဟု လည်း လက်ညှိုးငေါက်ငေါက် ထိုးကာ ရန်တွေ့ နိုင်ပါသေးသည်။ ကျွန်တော်လည်း ဘာမှ မသိပါ။ ဥာဏ်မီ သလောက်လျှောက်တွေးထားခြင်းများသ
ကျွန်တော်တို့ သည် စာမေးပွဲ မအောင်မည်ကို သေမတတ်ကြောက်ကြသည်။ စာမတတ် မည်ကို ဒီလောက်မကြောက်။ စာမေးပွဲလည်းအောင် စာလည်း တတ်သွားကြသော သူများလည်း ရှိပါ၏။ ဒါဆို သင်္ချာ ကို ဖတ်ဖြေလေ ဟု ကတ်ကတ်သတ်သတ် ပြောလိုကလည်း ပြောနိုင်ပါသေးသည်။ သို့သော် လူဆိုသည်ကား မိမိကိုယ် မိမိ ညာလို့မရ။ မိမိ တတ်သည် မတတ် သည်ကို မိမိကိုယ်တိုင်ပင် သိသည်။ ထိုကဲ့သို့ မောင်ပွ တစ်ယောက် တွေ့သမျှ လူတိုင်းအား စာဖတ်ကြရန် အားမနာ လျှာမကျိုး လိုက်ပြောနေသည်ကို အမြင်ကပ်လာဟန် ရှိသော သူငယ်ချင်း တစ်ဦးမှ
“ မောင်ပွ ငါ့သားလေး ကို စာကူဖတ်ပြီး ရှင်းပြပေး ပါအုံး မင်းက အဲ့ဒါတွေ ကျွမ်းတယ်ဆိုတော့”
“ ဟာ ရတယ် သယ်ရင်း ပြော ငါတတ် နိုင်သလောက် ကူညီပျစေ”
“ ကျေးဇူးပါကွာ”
“ ဒါထက် ငါက ဘယ်စာကို ရှင်းပြ ပေးရမှာတုန်း”
“ ၃၈ ဖြာ မင်္ဂလာ”
“ ငွင်”
မောင်ပွ လဲ ကိုယ့်စကား နှင့် ကိုယ်မို့ မတတ်နိုင်။
“ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲ နဲ့ ကင်းအောင်နေ အာ့ကလေ ဟွာပေါ့ညော် ဘာလဲဆိုတော့ လူမိုက်ဆိုတာ လူဆိုးပေါ့ညော် လူဆိုးဆိုတာက မကောင်းတဲ့ သူပေါ့ညော် အာ့လေ ဟွာလေ သူ့ကို မမှီဝဲနဲ့ ဆိုတာကပေါ့ညော် ဘာလဲဆိုတော့ညော် မှီဝဲ တာက လေ ဟွာလေ ဒီဟာလေ ခွီးးးးးးးး ငါဘာတွေဆက်ပြောရမလား ပြီးတော့ပေါ့လေ ပညာရှိကို အရှည်တွဲလို့ ဆိုတာကလေ အရှည်ကြီး တွဲကျနေတဲ့ ပညာရှိ ကိုပေါ့လေ ငင် ဟုတ်ပါဘူး ဟွာလေ ခွီးးးးးးးး ငါသေပျစေတော့လား”
“ ငင် ဦးယေး ဘာတွေကျောနေတာရား”
“ အေးဆို”
“ ဦးယေး ကျောတာ မှားနေရယ် တား ကျောကျမယ်”
“ အွန့်”
“ လူဆိုးလူမိုက် တွေ နဲ့ မပေါင်းနဲ့ ဆရာ မတင်နဲ့ ကင်းကင်းရှင်းရှင်းနေ ပညာရှိ တွေ နားမှာ အကြာကြီးနေပြီး ရသမျှ ပညာယူ အာ့ကျောတာယေ”
“ ဟုတ်”
“ ဦးယေး ကရဲ ပိန်းထှာ”
“ ခွီးးးးးးးးး”
“ နောက်တစ်ပိုဒ်က ဘာတဲ့ယဲ”
“ ငင် ဟွာလေ အဲ့ဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ “
“ အာ့ တား ကျောကျမယ်”
“ ဟုတ်”
“ &*^*&()*)(_)+_)+”
“ ဟုတ်”
“ &(&*(*)()_()(_(_(+_--080”
“ ဟုတ်”
အော် ကိုယ် မသိ မတတ်ဘဲနဲ့ သူများကို ဆရာ လုပ်လို့ မရပါ ကလား ကွယ်ရို့။ သည်တွင် ကျွန်တော်မောင်ပွ ၏ ဆရာလိုလို ဘာလိုလို နှင့် ရေးထားသော ဟိုမရောက် ဒီမရောက် စာပေ ပြီးဆုံး ပါသည်။
မကြာမီ ၁၀ တန်း ဖြေဆိုကြမည့် ညီငယ် ညီမငယ် များ စာလဲတတ် စာမေးပွဲ လဲ အောင်မြင် နိုင်ကြပါစေ။
ကူးယူဖော်ပြသည်။ Credit to ကိုပွ
0 Comments