(Unicode) ကမ္ဘာကျော် ပြင်သစ် Fashion Louis Vuitton ရဲ႕ အဓိက Fashion model တစ်ယောက် ဖြစ်လာတဲ့ Lightining


Louis Vuitton ရဲ့ Fashion ကြေညာအသစ်မှာ Final Fantasy XIII Trilogy က Lightining ဆိုတဲ့ Female character ကို အသုံးပြုပြီး ကြေညာထားပါတယ်။ အဲဒီ fashion series ကို “Series 4” ဆိုပြီး နာမည် ပေးထားပါတယ်။

Louis Vuitton က ကမ္ဘာ့ ဖက်ရှင်လောကမှာ ဦးဆောင်နေတဲ့ နာမည်ကြီး fashion လုပ်ငန်းတွေ ထဲက ပြင်သစ် ဖက်ရှင်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အရည်အသွေးကောင်းမွန်သော ဇိမ်ခံပစ္စည်းများ ထုတ်လုပ်တဲ့ တံဆိပ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ သားရေနှင့် ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ယောကျာ်းဝတ် မိန်းမ ဝတ် အဝတ်အစား ဖိနပ် နာရီ ဖန်စီပစ္စည်း မျက်မှန် စာအုပ် အစသဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချပါတယ်။ သူ့ ပစ္စည်းများကို အဆင့်မြင့် စတိုးဆိုင်တွေ e-commence website တွေ အရောင်းပြခန်းတွေမှာပဲ ရောင်းချလေ့ရှိပါတယ်။ သူ့ brand ကို နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်တဲ့ Keith Richards, Madonna, Jennifer Lopez, Sean Connery, Hayden Christensen, Angelina Jolie, Gisele Budchen, David Bowie အပြင် အဆိုတော်တွေ ဖြစ်တဲ့ Steffi Graf, Selena Gomez and Catherine Deneuve and Wiz Khalifa တွေနဲ့ပဲ ကြေညာလေ့ရှိပါတယ်။

သူတို့ရဲ့ 2016 fashion campaign အသစ်မှာ သရုပ်ဆောင်မင်းသမီး မဟုတ်၊ အဆိုတော် လည်း မဟုတ်၊ super model တစ်ယောက် မဟုတ်တဲ့ အပြင် Video game female character ဖြစ်တဲ့ Claire Farron ခေါ် Lightining ကို အသုံးပြုလိုက်တဲ့ အတွက်ကြောင့် Lightining ဟာ fashion လောကမှာ ပထမဦးဆုံး video game character fashion model ဖြစ်လာတဲ့အပြင် 2016 မှာ အဓိက fashion model တစ်ယောက် ဖြစ်လာပါတယ်။


Final Fantasy Series တွေကို ထုတ်လုပ်တဲ့ company ဖြစ်တဲ့ Square Enix ကတော့ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းဟာ Louis Vuitton နဲ့ Final Fantasy တို့က သူတို့ရဲ့ပင်ကို tradition ကို မပျက်စီးစေပဲ ပေါင်းစပ် ကာ နဂို သမရိုးကျ fashion ကနေ ထူးခြားဆန်းပြားတဲ့ idea အသစ်နဲ့အတူ fashion ပစ္စည်းအသစ်တွေ ဖော်ထုတ်ပြသ လိုက်တာ ဖြစ်ပါတယ် လို့ ဆိုပါတယ်။

Louis Vuttion ရဲ့ Artistic Women collection Director က ဒီ fashion collection မှာ video game ရဲ့ အငွေ့အသက်တွေ လွှမ်းမိုးနေပါတယ်။ မိန်းမသဘာဝဆန်ပြီး သူရဲကောင်းဆန်ဆန် ရဲရင့်တဲ့ အပြုအမူမျိုး ပါဝင်တဲ့ ခံစားချက်မျိုး ပေးချင်တဲ့အတွက် Lightining ကို Louis Vuttion ရဲ့ 2016 fashion model အဖြစ် ထားဖို့ ရွေးချယ်ခဲ့ပါတယ်။ လိုချင်တဲ့အချက်တွေနဲ့ တစ်ထပ်တည်းကျနေတဲ့ Lightining ကတော့ သူရဲကောင်းအမျိုးသမီး ပြယုဂ်အနေနဲ့ ကမ္ဘာကို ချပြဖို့ အကောင်းဆုံး ဖြစ်နေခဲ့လို့ပါ လို့ ဆိုပါတယ်။


ဒီလို လက်ရာမြောက်လှတဲ့ Lightining ရဲ့ အသွင်အပြင်နဲ့ သူမရဲ့ အမူအရာ လှုပ်ရှားမှုတွေဟာ Louis Vuitton ကပဲ ရေးဆွဲ ခဲ့တာပါ။ ပြီးတော့ ဒီ ပူးပေါင်းမှုက game ရဲ့ promotion မဟုတ်ပါဘူး။ Lightining အနေနဲ့ ဒီလို ကမ္ဘာကျော် fashion brand တစ်ခု ကမ်းလှမ်းမှုကို ရတဲ့အတွက် ဂုဏ်ယူစရာပါ။ ဒီ ပူးပေါင်းမှုဟာ Lightining အသစ် မွေးဖွားခြင်းလို့တောင် ဆိုရပါမယ် လို့ Final Fantasy ရဲ့ အဓိက character design ရေးဆွဲသူ Tetsuya Nomura က ဆိုပါတယ်။

Louis Vuitton ရဲ့ fashion collection ဖြစ်တဲ့ “Series 4” ရဲ့ အဓိက model ‘Lightining’ က January 2016 မှာထွက်မယ့် Fashion မဂ္ဂဇင်း တွေရဲ့ ကြေညာတွေမှာ ပါလာတော့မှာပါ။ Promotion video တွေပါ ထွက်လာပါပြီ။ Lightining ကတော့ Louis Vuitton ရဲ့ မျက်နှာအသစ် model အဖြစ် social media တွေမှာပါ ကျော်ကြားလာပါပြီ။



KSA

View with Zawgyi Version

Post a Comment

0 Comments