Final Fantasy 14 က Quest တွေမှာ

Quest တွေမှာ

အဓိက ဦးစားပေးရမှာက Main Story Quest

ဒုတိယ ဦးစားပေးရမှာက Feature quest

Feature quest တွေက Icon မှာ + ပါပြီး Content အသစ်တွေ Unlock တဲ့ Quest တွေဖြစ်ပါတယ်။

ပြီးတော့ Final Fantasy 14 မှာ Level ၃ မျိုး ရှိပါတယ်။ 

🌱Main Scenario Quest (MSQ) level
🌱Class level
🌱Job level

MSQ level 17 ရှိတဲ့ Quest ကို လုပ်ဖို့အတွက် ကိုယ့်ရဲ့ Class သို့ Job level 17 ရောက်နေဖို့ လိုပါတယ်။ Content unlock တဲ့ Quest တွေမှန်သမျှ MSQ level နှင့်သာ သက်ဆိုင်ပါတယ်။ 

Level 10 Story quest ဆို ကိုယ့် Character level 10 ရောက်နေမှ ယူလို့ ရတယ်။

ဥပမာ Quest name "On to Bentbranch" Lv. 10 ဆိုလျှင် မိမိ Character Lv 10 ရောက်မှ ထို Quest ကို ယူခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တချို့ Quest တွေမှာ Level အပြင် သီးသန့်သတ်မှတ်ချက် ရှိပါတယ်။ Class တွေမှာ Advance level ဖြစ်တဲ့ Job ဆိုတာ ရှိပါတယ်။ Class ရဲ့ Skill တွေက Level 30 မှာ အဆုံးသတ်ပါတယ်။ ဒီတော့ 30 ကျော် နောက်ပိုင်း Skill တွေ သုံးချင်ရင် Advance level ဖြစ်တဲ့ Job ကို ဆက်တက်ရမှာ ဖြစ်ပါတယ်။ 

ဥပမာ ပြရရင် Class/Job quest တွေ။

"Gladiator" Class quest တခု ဖြစ်တဲ့ "Ul'dah's Most Wanted" Lv.10 ဆိုလျှင် မိမိ Character Lv 10 ရောက်နေရမှာ ဖြစ်တဲ့အပြင် Gladiator Class ဖြင့်သာ ယူနိုင်တဲ့ Quest မျိုး ဖြစ်ပါတယ်။ မိမိရဲ့ "Gladiator" class က Lv 10 ဆို ယူနိုင်ပြီ။

ကျန်တဲ့ Icon တွေကို Link ထဲမှာ ကြည့်နိုင်ပါတယ်





Post a Comment

0 Comments