Final Fantasy 14's HUD layout

သာမန်ဆော့သမားတွေတော့ မသိပေမဲ့ Savage raid တွေ ဆော့မယ်ဆို HUD layout ပြင်တတ်ရင် ဆော့ရ ပိုအဆင်ပြေလာတာတော့ ငြင်းလို့ မရပါဘူး။ သူများတွေတော့ မသိပေမဲ့ ကျနော်တော့ သူ့ Default အတိုင်းထားပြီး ဆော့တဲ့အခါ တခါတလေ လက်ပေါက်ကပ်တယ်။ အရေးကြီး ပျာယာခပ်လာပြီဆိုရင် တချို့ဟာတွေဆို မမြင်ရတော့ဘူး။ မှားနှိပ်မိတာတွေ ဖြစ်လာတယ်။

အဲ့ဒါ ကျနော် အားနည်းချက်တွေပါ။ MMORPG ဆိုတာကလည်း သုံးစရာ icon တွေများတော့ လိုတဲ့အခါ သုံးရ လွယ်အောင် Shortcuts တွေ icon တွေ Screen ပေါ် တင်ထားပြန်တော့လည်း တင်ရင်းနဲ့ များလာတဲ့အခါ Raid တွေ ဆော့တဲ့အခါ ရှုပ်ရှက်ခပ်နေပြီး ကြည့်ရ မရှင်းမလင်း ဖြစ်ပြန်တယ်။

Raid တွေ စဆော့တုန်းကဆို ကျနော် ခဏခဏ ဘလိန်းခံထိတယ်။ Job တစ်ခု ကျွမ်းကျွမ်းကျင်ကျင် မဆော့နိုင်လို့ ဖြစ်မယ်ဆိုပြီး ကျနော် လိုက်လေ့လာတယ်။ ပြင်သင့်တာ ပြင်ပြီး လေ့ကျင့်တယ်။ တဖြည်းဖြည်းနဲ့ ဆော့ရတာ ချောမွေ့လာပြီး တိုးတက်လာတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိလာပေမဲ့ ခလုတ်တွေ မှားနှိပ်မိတာတွေက ရှိနေတုန်း။

တချို့ icon တွေဆို ရုတ်တရက် မမြင်တာမျိုး ရှိနေတုန်းပဲ။ နောက်တော့ HUD layout အကြောင်း နဲနဲပါးပါး သိလာတဲ့အချိန် ပြင်ယူနေရင်းနဲ့မှ လုံးဝကို ဆော့ရ အဆင်ပြေတဲ့ အနေအထားတစ်ခု ရလာတော့တယ်။ ဆော့ရ အရမ်းကို ကောင်းသွားတယ်။

ကျနော် HUD layout က ကျနော်က Healer ဆော့ရ အားသန်တော့ Healer ဆော့ရင် ပိုအဆင်ပြေအောင် ပြင်ယူထားတဲ့ HUD layout ပါ။ DPS တွေ Tank တွေ ဆော့ရင်တော့ layout တချို့ ပြန်ပြင်ယူနေရဆဲပါ။

icon အနည်းဆုံးဖြစ်အောင် ပြင်ယူထားပါတယ်။

ကျနော့်ကို ဆော့ရ အဆင်ပြေသွားစေအောင် လုပ်ပေးတဲ့ အဓိက အကြောင်းအရင်းတစ်ခုက Enhancement, Enfeeablement, Status effect ဆိုတာ သုံးပိုင်းခွဲပစ်ပြီး Enhancement နဲ့ Enfeeablement ကို Hotbar 1 အပေါ်နား ကပ်လျှက် ထားထားလိုက်တာပဲ ဖြစ်ပါတယ်။ Healer တွေက Enhancement နဲ့ Enfeeablement ကို ကြည့်ရ အများဆုံး ဖြစ်တာမို့။

Mouse and keyboard ဆော့သမားမို့ နှစ်ခုတွဲ နှိပ်ရ အဆင်ပြေအောင် အချိန်မီ Target ထောက်နိုင်အောင်လို့ Party list ကို Screen အလယ်ဘက် ရွှေ့ယူထားပါတယ်။

Hotbar 1,2,3 တော့ အသုံးများပြီး မှားနှိပ်မိတာမျိုး မဖြစ်အောင် အရွယ်အစားကြီးထားလိုက်တယ်။

Screen မှာ အရှုပ် သက်သာအောင်လို့ အသုံးနည်းတဲ့ Hotbar တွေဆို တချို့ကို အရောင်မှိန်ထားပြီး တချို့ကိုတော့ Size သေးချထားပါတယ်။ Unassign slot တွေ၊ Hotbar number တွေ ဖျောက်ထားတယ်။ Hotbar rotate ကိုလည်း ပိတ်ထားပါတယ်။

HUD Layout ပြင်တတ်လာတာနှင့်အတူ Focus target ကိုပါ သုံးတတ်လာတာကလည်း ဆော့ရ အတော်လေး ချောမွေ့စေခဲ့တယ်။

HUD layout မှာ တခုချင်းစီမှာ အသေးစိတ်ပြုပြင်ဖို့ Option အများကြီးရှိပါတယ်။ Macro သုံးတတ်သမားဆို HUD layout ကို ပိုပြီး ကျစ်လျစ်အောင် ပြင်ယူနိုင်ပါသေးတယ်။ HUD layout ကို တခါလောက် အချိန်ပေးပြီး ပြင်ကြည့်ပါ။ ဆော့ရ ပိုကောင်းလာတာကို တွေ့လာရမှာ ဖြစ်ပါတယ်။

သင်ဆော့တာ မကျွမ်းကျင်လို့ မဟုတ်ပါ။ HUD layout ပြင်ဖို့ လိုနေတာပါ။

ဒါကတော့ ကျနော် အတွေ့အကြုံလေး ဝေမျှပေးတာ ဖြစ်ပါတယ်။

HUD layout ပုံစံ ကိုယ်လိုရာ အတုယူလို့ရအောင် ပုံတွေ ပူးတွဲ ပြလိုက်ရပါတယ်။








Post a Comment

0 Comments