Dynasty Warriors game တွေနဲ့မတူ တမူထူးခြားတဲ့ Shin Sangokumusou: Eiketsuden


အရင် Dynasty Warriors game တွေနဲ့မတူ တမူထူးခြားတဲ့ Dynasty Warriors game အသစ်တစ်ခုကို TecmoKoei က Famitsu Magazine မှာ ရေးသား ဖော်ပြခဲ့ပါတယ်။ Game နာမည်ကို 'Shin Sangokumusou: Eiketsuden' or '( 真・三國無双 英傑伝)ံHeroic Legends' လို့ အမည်ပေးထားပါတယ်။ Turn Based Strategy Role Playing Game အမျိုးအစား ဖြစ်ပါတယ်။ May 12 ရက်နေ့တုန်းက Livestream မှာ Producer Miyauchi က ကစားပြီး ဒီ game အကြောင်း ပြသခဲ့ပါတယ်။


Gameplay က Dynasty Tactis ကို အခြေခံထားပါတယ်။ Story ကတော့ Romance of the three Kingdoms story အခြေခံထားပြီး စိတ်ကူးယဉ်ဇာတ်လမ်းနဲ့ ပေါင်းစပ်ထားပါတယ်။ Main Story Character တွေကတော့ Zhao Yun, Lei Bin (Zhao Yun ရဲ့ ငယ်သူငယ်ချင်း စာသင်သား) နဲ့ Li Xia (Shrine ထဲက Ice Block ပိတ်မိနေတဲ့ ဇစ်မြစ် ဇာတ်ကြောင်း မသိတဲ့ ပဟေဠိဆန်သော မိန်းကလေး) ဖြစ်ကြပါတယ်။


Battle တွေမှာ Objectives တွေ ရှိပါတယ်။ battle ထဲမှာ item တွေ သုံးလို့ရတယ်လို့လည်း ပါတယ်။ Character grow ကို skill system သုံးထားပါတယ်။ battle က Grid system သုံးထားတဲ့အတွက် ကိုယ့် unit ကို ရွှေ့ချင်ရင် သတ်မှတ်ချက် အလိုက် ရွှေ့လို့ရမယ်လို့ ဆိုထားပါတယ်။ ကိုယ် control လုပ်ထားတဲ့ Officer သာ ကြိုက်သလိုမျိုး ရွှေ့လို့ရပါတယ်။ battle တိုက်နေစဉ်အတောအတွင်း တခြား character တွေ (ဥပမာ Lu Lingqi, Diao Chan စသဖြင့်) ပါလာရင် story အလိုက် ဒီ character တွေကိုလည်း ခဏတာ control လုပ်လို့ရပြီး ဆော့လို့ရမယ် လို့ Livestream မှာ ပြသသွားပါတယ်။ Special Skill system ရှိပါတယ်။ Musou Attack ကတော့ တစ်ယောက်တည်း ထုတ်လို့ရသလို playable character တွေပေါင်းပြီး တပြိုင်နက်တည်း ထုတ်လို့ရပါတယ်။ ချကွက်တွေက ကြမ်းသလို ရှိပေမယ့် enemy ကို အထင်သေးလို့မရပါဘူး။ Livestream ထဲမှာ ပြောသွားတာက ဒီ Game difficulty ဟာ နဂို Dynasty Warriors game တွေထက် အများကြီး ပိုခက်ပါလိမ့်မယ်။ ရန်သူ့အခြေအနေ ကိုယ့်အခြေအနေ သေချာ တွက်ဆနိုင်ရမယ်။ enemy unit တွေမှာ sheild တွေ Defense system တွေ AI တွေ မြှင့်ထားတဲ့အတွက် ချရတာ အတော်လေး ခက်ခဲပါလိမ့်မယ်လို့ ဆိုသွားပါတယ်။


နောက်ဆုံးမှာ တော့ ဒီ game ကို 2016 August 3 ရက်နေ့မှာ Japan မှာ PS4, PS3 & PSV အတွက် စတင်ဖြန့်ချီမယ်လို့ ဆိုသွားပါတယ်။ အရင်က Wei, Wu, Shu နှင့် Others အဖွဲ့က character တွေပါ edition အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ English version အတွက်တော့ ဘာမှ မပြောသွားတဲ့အတွက် အခုထိ မသိရသေးပါ။

Returning Characters





KSA

Original Link => https://kwconquerors.wordpress.com/2016/05/12/dynasty-warriors-eiketsuden-livestream/

Post a Comment

0 Comments