Uncovered : Final Fantasy 15 ရဲ့ ထုတ်ဖော်ပြသခဲ့တဲ့ အချက် 14 ချက်



Square Enix က ဒီနေ့ မနက် ၉ နာရီက US, Los Angeles က Shrine Auditorium မှာ Final Fantasy 15 ကို လျှို့ဝှက်ချက် 14 ချက် နဲ့အတူ သူရဲ့ release date ကို ဖော်ထုတ်ပြသခဲ့ပါတယ်။ ဒီ ကြေညာပွဲမှာ မင်သက်အံ့သြစရာကောင်းလောက်တဲ့ game ရဲ့ ဖန်တီးချက်များ ပြကွက်များ trailer များကြောင့် ကြည့်ရှုသူများ ဝမ်းသာအားရ တစ်ခဲနက် အားပေးခဲ့ကြပါတယ်။ ခန်းမတစ်ခုလုံး Final Fantasy ချစ်သူများ ဂျာနယ်လစ် သတင်းသမားများ ပြည့်နှက်နေခဲ့ပါတယ်။ Square Enix က ဖော်ထုတ်ပြသခဲ့တဲ့ အချက် 14 ချက်ကို အကျဉ်းချုံး ဖော်ပြရရင်

၁။ Final Fantasy ကို စတင် ရေးဆွဲခဲ့သူ Hironobu Sakaguchi က ဒီ ကြေညာပွဲမှာ တက်ရောက်ခဲ့ပါတယ်။ သူဟာ designer, director, producer နှင့် former film director တစ်ယောက်လည်း ဖြစ်ပါတယ်။

၂။ Trailer အသစ်



၃။ ဒီ event မှာ Amano ဆိုတဲ့သူ ရေးဆွဲထားတဲ့ 3D art ပန်းချီကို ဖော်ထုတ် ပြသခဲ့ပါတယ်။ ဒီ 3D art ထဲမှာ Final Fantasy series ရဲ့ Eidolon ပုံတွေ ပါပါတယ်။ ဒီ Eidolon ပုံတွေကို အကုန်ထပ်ပြီး view တစ်မျိုးက ကြည့်လိုက်ရင် အခုလက်ရှိ Final Fantasy 15 ရဲ့ Logo ပုံထွက်လာပါတယ်။


၎။ ခုနက ပြလိုက်တဲ့ trailer ထဲမှာ သီချင်းတစ်ပုဒ်ပါပါတယ်။ အဲ့ဒီသီချင်း နာမည်က Stand by me လို့ခေါ်ပါတယ်။ ဒီ သီချင်းကို သီဆိုခဲ့တဲ့ သူက ဘယ်သူလဲဆိုတဲ့ အချက်ကို ပြသခဲ့ပါတယ်။ သီဆိုခဲ့တဲ့သူက the Florence and the Machine ပါ။ Square Enix က အရင် series တွေတုန်းကလည်း နာမည်ကျော် အဆိုတော် တွေနဲ့ game ရဲ့ သီချင်းတွေကို ဖန်တီးခဲ့ပါတယ်။ (ဥပမာ Final Fantasy XIII ရဲ့ Ending သီချင်းကို နာမည်ကျော် အဆိုတော် Leona Lewis က သီဆိုခဲ့ပါတယ်)


၅။ Game play video အသစ်ကို ဖော်ထုတ် ပြသခဲ့ပါတယ်။ ဒီထဲမှာ ပတ်ဝန်းကျင်တစ်ခွင် နှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ အပြင် ရေခဲနေတဲ့ နေရာမှာ Prince Noctis က Blizzard-type spell တစ်မျိုး အသုံးပြုကာ Behemoth ကို တိုက်ခိုက်ခဲ့ပါတယ်။ summons အသစ်တစ်ခုနဲ့အတူ တိုက်ခိုက်ခဲ့ပါတယ်။


New Summons
၆။ ဒီ game play video ထဲမှာ နေရာအနှံ့ လျှောက်သွားလို့ရတဲ့အကြောင်းကို ပြသခဲ့ပါတယ်။ Noctis တို့ လေးယောက် စီးနေတဲ့ ကားက radio မှာ အရင် Final Fantasy series က သီချင်းတွေ အကုန်ပါတယ်ဆိုတဲ့ အကြောင်း အပြင် ကြီးမားကျယ်ပြန့်တဲ့ မြင်ကွင်း ရှုခင်းတွေနှင့်အတူ Noctis က Chocobo ကို ခြူမှုတ်ခေါ်ကာ စီးတာကိုလည်း ဖော်ထုတ်ပြသခဲ့ပါတယ်။

၇။ မမျှော်လင့်ပဲ Square Enix က သူတို့ရဲ့ Final Fantasy 15 ကို Mini game တွေနဲ့အတူ Final Fantasy 15 Anime ပါ လာမည် ဖြစ်ကြောင်း ဖော်ထုတ်ပြသခဲ့ပါတယ်။ ဒီ Anime ဇာတ်လမ်းမှာ Noctis တို့လေးယောက် တစ်ယောက်စီရဲ့ ဇာတ်ကြောင်းတွေကို အကြောင်းပါမှာ ဖြစ်ပါတယ်။ episode ၅ ခု ထုတ်မှာဖြစ်ပြီး အခုလောလောဆယ်  episode 1 ကို youtube မှာ free ကြည့်လို့ရနေပါပြီ။


၈။ Anime ဇာတ်လမ်းနှင့်အတူ Final Fantasy 15 CGI Movie ပါ ဖော်ထုတ်ပြသခဲ့ပါတယ်။ King's Glaive လို့ အမည်ပေးထားတဲ့ feature length (တစ်နာရီခွဲ အနည်းဆုံး ပြသချိန် ရှိတဲ့) CGI ရုပ်ရှင်ကားသစ်ကို ဒီနှစ်ထဲမှာ ပြသသွားမှာ ဖြစ်ပါတယ်။ game ထဲမှာ ဇာတ်လမ်းသွားအတိုင်း Noctis လုပ်ဆောင်နေတဲ့အချိန်မှာ သူ့အဖေ King Regis ရဲ့ ဇာတ်လမ်းအကြောင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။


၉။ ဒီ ကြေညာပွဲမှာ Noctis တို့ လေးယောက်စီးနေတဲ့ ကား model အကြောင်း ပြောကြားခဲ့ပါတယ်။ ဒီ car model ကို Audi က ဖန်တီးခဲ့ပါတယ်။ Game ထဲမှာပဲ ရှိသေးပေမယ့် Audi နှင့် Square Enix တို့ ပူးပေါင်းပြီး အပြင်မှာ တကယ် စီးရတဲ့ ကား အဖြစ်ဖန်တီးနေပြီ လို့ ဆိုခဲ့ပါတယ်။

10။ King's of Glaive CGI Movie မှာ Sean Bean (Lord of the Rings, Game of Thrones) က the King of Lucis လို့ခေါ်တဲ့ Regis အသံအဖြစ်၊ Prince Noctis ဆီ Lucis ရဲ့ တော်ဝင်လက်စွပ်ကို ပို့ပေးဖို့ တာဝန်ပေးခြင်း ခံရတဲ့ Luna ရဲ့ အသံ သရုပ်ဆောင် အဖြစ် Lena Headey (300, Game of Thrones) ၊ Aaron Paul (Breaking Bad) က Nyx ရဲ့အသံအဖြစ် အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေက နောက်ခံစကားပြောနဲ့ အသံသရုပ်ဆောင်ထားပါတယ်။

၁၁။ Final Fantasy 15 အတူ သူ့ရဲ့ Mini game ပါ ထွက်လာမယ်လို့ ကြေညာခဲ့ပါတယ်။ Mini game က Monsters Five လို့ အမည်ရပါတယ်။ Gameplay video ထဲမှာ ဒီ game ကို Noctis တို့လေးယောက် ကစားနေတာကို မြင်တွေ့ရမှာပါ။ Android, IOS နှင့် PC အတွက်လာမယ်လို့လည်း ကြေညာခဲ့ပါတယ်။

၁၂။ PS4 နှင့် XBOX တွေမှာ Final Fantasy 15 Demo အသစ် ဖြစ်တဲ့ Platinum Demo ကို free download လုပ်ကာ ကစားလို့ ရနေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီ Demo ထဲမှာ Alice in Wonderland လိုမျိုး ငယ်ရွယ်တဲ့ Noctis က အိပ်မက်ဆန်ဆန် ကမ္ဘာထဲမှာ လျှောက်သွားနေတာကို ဆော့ရမှာ ဖြစ်ပါတယ်။ ဒီ Demo က stand alone story ဖြစ်ပြီး ပင်မ final fantasy 15 ဇာတ်လမ်းနဲ့ မပတ်သက်ဘူးလို့လည်း ဆိုပါတယ်။



၁၃။ Final Fantasy 15 game မှာ Delux Edition နှင့် Ultimate Collectors Edition ဆိုပြီး ၂ မျိုးပါလာပါမယ်။ Delux edition မှာ special cover art နှင့် Kingsglaive film ပါ ပါမယ်။ Ultimate Collectors မှာတော့ ဒီဟာတွေအပြင် soundtrack နဲ့ Noctis figurine ပါ ပါတယ် လို့ ဒီ ကြေညာပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီဟာတွေ အားလုံးကို Square Enix website မှာ ဝင်ရောက် ဝယ်ယူနိုင်ပါတယ်။

၁၄။ Final Fantasy 15 ရဲ့ release date က 30th September 2016 ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Square Enix က သူတို့ရဲ့ ၁၀ နှစ်အချိန်ကြာ ဖန်တီးခဲ့တဲ့ Final Fantasy 15 ကို အံ့သြဖွယ်ရာများနှင့်အတူ ဖော်ထုတ်ပြသလိုက်ပါပြီ။

KSA

Image Credit to SquarePortal.net and roirants.wordpress.com
Original Link => https://roirants.wordpress.com/2016/03/31/uncovered-final-fantasy-xv-recap/

Post a Comment

0 Comments