Android Lollipop version 5.0.1 မှာ notification ကို ကိုယ့်စိတ်ကြိုက်ရွေးထားဖို့ Add ပါမလာတာကို တွေ့ရမှာပါ။ ဒီလိုဆို ဘယ်လို လုပ်မလဲ။ တချို့တွေဆို EX explorer ကနေတစ်ဆင့် ဝင်ရွေးလို့ရပါတယ်။ EX explorer တို့ မရှိရင် ဘယ်လိုရွေးရမှာလဲ။
ပုံထဲမှာတွေ့မှာပါ။ Samsung ရဲ့ Original ringtone တွေအကြားမှာ တခြား ringtone ဖြစ်တဲ့ Facebook Pop တို့ Download Blazer Completed ဆိုတဲ့ ringtone တွေ ရောနေတာကို တွေ့ရမှာပါ။ အဲ့ဒီ ringtone တွေ ရှိတဲ့နေရာမှာသာ ကိုယ်ပြောင်းချင်တဲ့ ringtone ကို သွားထည့်လိုက်ရင် ရပါပြီ။ ဒါဆို ကိုယ်ပြောင်းချင်တဲ့ ringtone တွေ ပြောင်းလို့ရသွားပါပြီ။
Download Blazer Completed ringtone က Internal Storage>emulated >0
>Notification ဆိုတဲ့ folder ထဲမှာ ရှိနေတာကို တွေ့ရမှာပါ။
ကိုယ်ထည့်ချင်တဲ့ Ringtone ကို ရွေးချယ်ပြီး Copy ဒါမှမဟုတ် Move လုပ်ပါ။
ပြီးရင် ခုနက ရှာခဲ့တဲ့ လမ်းကြောင်းအတိုင်း သွားပြီး Download blazer completed Ringtone ရှိတဲ့နေရာမှာ ထားလိုက်ပါ။
ဒီလိုဆို ကိုယ်ကြိုက်တဲ့ notification ringtone တွေ ရွေးထားလို့ ရသွားပါပြီ။
ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
KSA
0 Comments