Xiao Mi Phone များ အတု အစစ် ခွဲနည်း




တလောက Xiaomi ဖုန်းတွေ အစစ်နဲ့ အတုကို ဓါတ်ပုံရိုက်ပြီး ခွဲလို့ ရနိုင်တယ်လို့ ကျွန်တော် ပိုစ့်တင်ပေးဖူးပါတယ် အခုအဲ့ဒါကို ထပ်ပြီး အတည်ပြုပါတယ်။ ဒီကြားထဲမှာ ကျွန်တော် Clone ၃လုံးကြုံခဲ့ရတာ ဓါတ်ပုံရဲ့ Properties ရဲ့ Maker ဘေးနဲ့ Device ဘေးမှာ ဘာမှမပါပဲ ကွက်လပ် ဖြစ်နေရတာ တွေ့ခဲ့ရပါတယ် .......

MMAS နဲ့ MMUG အတွက် အမြဲပေးဆပ်နေမယ့် ကိုကိုကြပ်


[1] Before unpacking: IMEI

ပလပ်စတစ်ခွံမခွာခင် ဘားကုတ်နှိပ်ထားတဲ့ အဖြူရောင် sticker ပေါ်က IMEI နံပါတ်နဲ့ SN နံပါတ်တွဲပြီး စစ်လို့ရပါတယ်။

http://order.mi.com/service/imei

[2] Before (OR) After unpacking: Scode

MI အမှတ်တံဆိပ်ပါတဲ့ security sticker ကပ်ထားတဲ့ တရုတ်အလုံးတွေမှ စစ်လို့ရမှာပါ၊ ဂဏန်းတွေကို ခဲအုပ်ထားလေ့ရှိပြီး အရင်ထွက်ခဲ့တဲ့အလုံးတွေမှာတော့ ခဲမအုပ်ထားပါဘူး။ ခဲမအုပ်ထားရင် ဒီအ တိုင်းမြင်နေရတဲ့ဂဏန်းတွေကို စစ်ကြည့်လို့ရပြီး ခဲအုပ်ထားတဲ့အလုံးမျိုးဆိုရင်တော့ ပလပ်စတစ်ခွံခွာပြီး ခဲကိုခြစ်ပစ်လိုက်မှ စစ်လို့ရမှာပါ။

http://order.mi.com/service/scode

[3] After switching on the device: Installing apk

ဒါကတော့ စက်ကိုဖွင့်ပြီးမှ apk သွင်းပြီး စမ်းတဲ့နည်းပါ၊ တရုတ်လိုဖတ်တတ်မှ အဆင်ပြေပါတယ်။

http://en.miui.com/thread-29683-1-1.html

http://en.miui.com/thread-29652-1-1.html

မှတ်ချက် - IMEI record ရှိတိုင်း အစစ်လို့မပြောနိုင်သေးပါဘူး၊ အတုကလည်း အစစ်တစ်လုံးရဲ့ IMEI အတိုင်း ကူးချထားနိုင်ပါတယ်၊ record မရှိရင်သာ သံသယဖြစ်ရမှာပါ။ ထိုနည်းတူ Scode record ရှိတိုင်း အစစ်လို့မပြောနိုင်ပါဘူး၊ ကိုယ်စစ်တဲ့အခါ ဒီ scode နံပါတ်ကို ဘယ်နှကြိမ် စစ်ထားပြီးပြီ လဲဆို တာ ဖော်ပြပါတယ်၊ အဲဒီအကြိမ်အရေအတွက်က ခဲခြစ်ပြီးပြီးချင်း စစ်လိုက်ရင် 1 ကြိမ်လို့ ပေါ်ရမှာပါ၊ အကြိမ်ပေါင်းများစွာစစ်ပြီးတဲ့ scode ဆိုရင်တော့ အစစ်အတိုင်း လိုက်ကူးထားတဲ့ scode အတုဖြစ် ဖို့ သေချာပါပြီ။

စက်ဖွင့်ပြီး Official firmware တင်ကြည့်တာ၊ Hardware test လုပ်ကြည့်တာတွေက ပိုစိတ်ချရပါတယ်။

Last Updated: [ထပ်မံဖြည့်စွက်ချက်]

Mi device များကို အစစ် အတု အကြမ်းဖျင်း ခွဲနည်း

*#*#64663#*#* ဆိုတဲ့ code ကို ရိုက်လိုက်လို့ hardware test ပေါ်ရင် အစစ်ဖြစ်ဖို့များတယ် ... cross-check အနေနဲ့ ဖုန်းနဲ့ ဘူးခွံ imei တိုက်စစ် ... ပီးရင် www.order.mi.com/imei/service မှာ imei နဲ့ S/N ရိုက်ပီး စစ်ပါ ... နောက်ဆုံးအနေနဲ့ firmware update လုပ်လို့ရရင် အစစ်ဆိုတာ ကျိန်းသေသလောက်ပါပဲ ... အနှစ်ချုပ်အနေနဲ့ ပြောရရင် hardware test ကိုစစ် ... imei ကို cross-check တိုက်စစ်လို့ တူရင် အစစ်လို့ ကောက်ချက်ချလို့ရပါပီ ... ပိုသေချာချင်ရင် online ကလည်းစစ် ... ဒီ့ထက်ကို ထပ်ပီး သေချာစေချင်သေးရင် firmware ပါ မြှင့်ခိုင်းလိုက်ပါ

တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်
လိုအပ်တာများကို ဖြည့်စွတ်ပေးကြပါဦး ခင်ဗျ
သက်ဆိုင်သူအားလုံးကို Credit ပေးပါတယ်။

By Phone Hay Ko

Credit to Phone Hay Ko
Copy From , Myanmar Mi Fan Facebook Group 

========================

အားလုံးပဲ မင်္ဂလာပါ

Xiaomi Phoneလေးတွေ ဝယ်တဲ့ အခါ တတ်နိုင်သမျှ
အင် မ မိ စေဖို့  အဆော် မခံရ ဖို့ 
ဆောင်ရန် ရှောင် ရန် လေးတွေကို
သိသလောက်ပြောပြချင် ပါတယ်
မှားတာရှိ ပြင်ပေးပါ ဖြည့်စွက်ပေး ကြပါ ခညာ

ပထမဆုံး ပစ္စည်းစစ်လား အတု လားကို
အောက် မှာပြထားတဲ့ ဘားကုဒ်လေးကို အုပ်ထားတဲ့ ခဲခြစ်လေးကို ဖျက် ပီး
www.mi.com/verify
မှာစစ်လို့ ရပါတယ် (ခွက်ဒစ်To ကိုဇော်မိုးလတ် ပါ)

*နောက် ပီး ကင်မရာစစ် ပါ*


ရှေ့ ကင်မရာ နောက် ကင်မရာ နှစ်ခု စစ်ပါ
အလင်းအားနည်းတဲ့နေရာ မှာလဲ စစ်ကြည့်ပါ
ရိုက်ကြည့်တဲ့အခါ ပုံ မှန် မဟုတ်တဲ့ အလင်းတန်းတွေ
ပေါ်မပေါ်စစ်ကြည့်ပါ
တချို့  Secondary Camera(selfie Camera)
မရတာ ဖြစ်တတ်ပါတယ်
(Hardware ကြေးချွတ်လိုက်ရင် ပြန်ကောင်းပါတယ်
တချို့ သူတွေ Software နဲ့ ပြန်ကောင်းသွားတာရှိပါတယ် ကျွန်တော်မသိပါ)

*ဖုန်းခေါ်ကြည့်ပါ*


မိမိ Simcard ထည့်ပီး ခေါ်ကြည့်ပါ အသံ Mic ပျက်နေတာမျိုးတွေဖြစ်တတ်ပါတယ်
ကိုယ်က ခေါ်တာ ရပီး သူက ခေါ်တာ မရတာမျိုးပါ
မဖြစ်အောင် ကိုယ်ဖုန်းဆီလဲခေါ်ကြည့် အဝင် အထွက် ဖုန်းပြောရင်း Speaker ဖွင့်ရမရ စစ်ကြည့်ပါ

*အားသွင်းကြည့်ပါ*


သူ့  ဘူးထဲ က ပါတဲ့ကြိုးနဲ့  သွင်းကြည့်ပါ ၅မိနစ်ခန့် ကြာအောင် သွင်းပါ အား ရာခိုင်နှုန်းတက် လာရင် စိတ် ချရ ပါပီ (တလုံး တွေ့ ဖူးပါတယ် ဘယ်လိုသွင်းသွင်းအားက မတက်လာတာမျိုး မို့ လို့ ပါ battery လဲ လဲ မတက် လာတာပါ)

*LCD သေချာကြည့် ပါ*


ဘေးဒေါင့်စွန်းတွေ
ပီး Wallpaper ကို အဖြူရောင်ပြောင်းကြည့်ပါ
Screen ဝါနေ လား မဝါ ဘူးလား
ကိုတင်ဌေးအောင်ပြထားသလို ဘေးနား က အလင်းတန်းတွေ ဖြာနေသလား
Hardware Test က နေ
Touch ကို စမ်းကြည့် ပါ

*#*#64663#*#*လားပဲ
Code သေချာမမှတ်မိပါ

*Appတွေ Run ကြည့်ပါ*

Force Stop ဖြစ်တတ်ပါတယ်
လုံးဝ Run လို့ မရတာမျိုးတွေဖြစ်တတ်ပါတယ်
(အဲ့တာက Security Permission မှာ Block လုပ်ထားတာတွေ On ပေးရင်ပြန်ကောင်းတတ်ပါတယ်)
Dev Rom တွေမှာ အလုံးဟောင်းတွေ Rom မြှင့်တဲ့အခါ Full Rom မမြှင့်ရင် ဖြစ်တတ်ပါတယ်

*Wifi ဆိုင်မှာရှိပါ က သုံးကြည့်ပါ*

Zapya Share ကြည့်ပါ ပို့ ကြည့်ပါ ယူကြည့်ပါ Run ကြည့် ပါ
About Phone ထဲ မှာ
Miui Version က Stable မဟုတ်ရင်
တချို့ သော DevRomတွေ က Internal ထဲ မှာပဲ Read write ရပါတယ်(ဘာကြောင့်လဲ ကျွန်တော်မသိပါ ဖြေကြားပေးပါ)

မှတ်ချက်။ ။ထို အရာအားလုံးကို စစ်မယ်ဆိုရင်
ဆိုင်မှာအချိန်ကြာပါလိမ့်မယ် ဒီနေ့  ဒီခေတ်ကြီးဟာ
စိတ်ထားယုတ်ညံ့သူတွေများပြားတာကြောင့်
မသိတဲ့သူတွေကို အတုကိုလဲ အစစ်လို့ လိမ်ရောင်းပီး
ဝယ်သူကို ပြန်ဟောက်တဲ့ဆိုင်တွေ တွေ့ဖူးပါတယ်

*မိမိနီးစပ်ရာကိုမေးစမ်းကြည့်ပါ*

2nd hand ပြန်ဝယ်မယ်ဆို သတိထားပါ
အသိမိတ်ဆွေထဲ က တတ်ကျွမ်းသူတွေ နဲ့ တိုင်ပင်ပါ
နာမည်ကြီးဆိုင်ကြီးတွေမှာ
တတ်နိုင်သလောက်ဝယ်ပါ
မေးစမ်းကြည့်တဲ့ဈေးထက် ၃ ၄ သောင်းလောက်သက်သာရင် အဆော်ခံရဖို့ များပါတယ်
သူတို့ ဘာ Warranty ပေးမှာလဲသေချာမေးပါ

*မိမိမျက်စေ့ရှေ့ မှာ ဖောက်ပေးတဲ့အသစ်ကို ယူပါ*

ဆိုင်မှာမတတ်သာလို့ ဖောက်ပီးသားယူရတယ်ဆို
သေချာမေးပါ သူတို့ ဘာတာဝန်ခံလဲဆိုတာ
ဘောက်ချာမှာပါ ရေးခိုင်းပါ
မြန်မာနိုင်ငံမှာ Official Mi Store မရှိသေးပါ
Official ပါ အာမခံပေးပါတယ်ဆို
ကျွန်တော်တို့ တော့ မျက်ခုံးလှုပ်ပါတယ်
ဆိုင်တွေမှာ မနက် ဖွင့်စအချိန် နေ လည် ၁ နာရီ ခန့်  က လူရှင်းတာများပါတယ်
ကိုယ်တိုင်အချိန်ပေးနိုင်တဲ့ အခါမှဝယ်ပါ

အားလုံးသောသင်ဆရာမြင်ဆရာများကိုလေးစားလျက်
ပြည့်စုံစိုးUD18
Copy From Myanmar Mi Fan Facebook Group

Post a Comment

0 Comments