Game ဘာဖြစ်လို့ computer မှာ မ run နိုင်ရတာလဲ

အဲ့ဒါတော့ အကြောင်းရင်းတွေ အများကြီးပါ။ အရင်ဦးဆုံး Game မဝယ်ခင် ကိုယ့်စက်နဲ့ ကိုက်မကိုက်ဆိုတာ စစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်။ steam တို့ online ပေါ်က digital နဲ့ တိုက်ရိုက်ဝယ်တာပဲဖြစ်ဖြစ် အပြင်က ဂိမ်းခွေတွေ ဝယ်ပဲဖြစ်ဖြစ် မစစ်ဆေးပဲ ဝယ်မိလို့ ရှိရင် ဂိမ်းဝယ်ပြီး ကိုယ့်စက်က မနိုင်လို့ မဆော့ရဘူးဆိုရင် ဂိမ်းခွေဖိုး အလဟဿ ဖြစ်ကုန်မှာပါ။ ဂိမ်းခွေ cover တွေမှာ ဂိမ်းတစ်ခု ကောင်းကောင်း run နိုင်ဖို့ လိုအပ်ချက်တွေ ရေးပေးထားလေ့ရှိပါတယ်။ ဒီနေရာမှာ ကိုယ့်စက်က ဘယ်လို အမျိုးအစားဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ကိုယ့်စက်က ဘယ်လိုအမျိုးအစား သိချင်ရင်တော့ Run Box မှာ dixdiag ဒါမှမဟုတ် msinfo32 လို့ ရိုက်ထည့်လိုက်ရင် ကိုယ်လက်ရှိသုံးနေတဲ့ ကွန်ပျူတာရဲ့ အစိတ်အပိုင်းတွေ အသေးစိတ် ဖော်ပြထားတဲ့ windows တစ်ခု တက်လာပါလိမ့်မယ်။ အဲ့ဒီမှာ ကိုယ့်စက်ရဲ့ အစိတ်အပိုင်း ဘယ်လို ရှိလဲဆိုတာ သိနိုင်ပါတယ်။


+ R တွဲ နှိပ်လိုက်ရင် run box တက်လာပါပြီ။


အနီနဲ့ပြထားတာတွေက game ကိုယ့် computer မှာ run နိုင် မနိုင်ဘူးဆိုတာ စစ်ဆေးကြည့်ရမယ့် အချက်တွေပါ။



ကိုယ်ဆော့ချင်တဲ့ game ကိုယ့်စက်နဲ့ ကိုက်မကိုက်ဆိုတာကို Online ပေါ်ကနေလဲ စစ်ဆေးကြည့်လို့ရပါတယ်။ => http://www.systemrequirementslab.com/cyri


ဂိမ်းတစ်ခု ကောင်းကောင်း run နိုင်ဖို့ အဓိက လိုအပ်ချက် ၄ ချက်ရှိပါတယ်။

  • Computer ရဲ့ Processor (ဥပမာ Core2 Duo, Core i3, Core i7 စသဖြင့်) 
  • Ram ( 256MB, 512MB, 1GB, 2GB, 8GB စသဖြင့်) 
  • VGA ( Video Card မှာ ပါတဲ့ Ram ပါ …. Video Card ဆိုတာ ATI Radeon HD5450, Nvidia Gtx 960 တို့လိုမျိုးပါ …. အဲ့ဒီမှာ ပါတဲ့ Ram size ကို ဆိုလိုတာပါ .... ATI Radeon HD5450 မှာဆို VGA 1GB၊ Nvidia Gtx 960 မှာဆို 2GB ပါပါတယ်) 
  • HDD space (Hardrive မှာ နေရာယူမယ့် size)

အချက်အားလုံး ကိုယ့်စက်နဲ့ ကိုက်ညီရက်သားနဲ့ ဘာဖြစ်လို့ ဆော့မရသေးတာလဲ ဆိုရင်တော့ နည်းနည်းစဉ်းစားရပါပြီ။ Game တစ်ခု ကောင်းကောင်း run နိုင်ဖို့ Hardware အပြင် Software တွေပါ ထည့်စဉ်းစားရပါတယ်။ Computer တစ်လုံး Operating System OS ဖြစ်တဲ့ Windows XP, Windows 7 စသဖြင့် တက်နေပြီး တခြား program တွေပါ အလုပ်လုပ်နိုင်သလား။ လုပ်နိုင်ရင်တော့ game တစ်ခု OS ပေါ်မှာ run နိုင်ဖို့အတွက် အချက် ၄ ချက်နဲ့ စစ်ဆေးရပါမယ်။
  1. Video Card Graphic Driver Update
  2. Direct X Version
  3. Microsoft .Net Framework
  4. Microsoft Visual C++ Redistributable
  5. Microsoft WSE Runtime

အဲ့ဒါတွေကို ကြည့်ချင်ရင်တော့ ပုံမှာ ပြထားတဲ့အတိုင်း Control Panel ထဲက Programs and Features ထဲမှာ သွားကြည့်လို့ ရပါတယ်။



Video Card Graphic Driver Update တော့ game တိုင်းလိုလို လိုအပ်ပါတယ်။ မပါမဖြစ်ပါ။ ATI Card တွေဆို update ပေးတာ သိပ်မရှိပါဘူး။ ဒါပေမယ့် Nvidia Card တွေတော့ တစ်ပတ် တစ်ကြိမ်လိုလိုကို ထွက်နေတတ်ပါတယ်။ update ပေးတာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ update တွေထဲမှာ နောက်ထွက် game တွေ အဆင်ပြေပြေ run နိုင်အောင် tweak လေးတွေ patch လေးတွေ ပါလေ့ရှိလို့ပါ။ တချို့ game တွေဆို graphic driver update လုပ်လိုက်တာနဲ့ အရင်က ဆော့ရင်း ထစ်နေတာတို့ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတာတို့ အကုန်ပျောက်ပြီး ပိုဆော့ရကောင်းလာပါတယ်။ Update ပေးတိုင်း လုပ်စရာမလိုပါဘူး။ ကိုယ်အသစ်သွင်းလိုက်တဲ့ ဂိမ်းဆော့မရဖြစ်နေမှ update လုပ်ပေးနိုင်ပါတယ်။ graphic driver update size က 200mbs ကျော်လောက်ရှိတတ်တာ ဆိုတော့ကားးးး

Direct X version ကတော့ computer တိုင်းလိုလို အစကတည်းက ပါလာပါတယ်။ Direct X version က 12 ထိ ရောက်နေပါပြီ။ တကယ်လို့ 12 ထိ ရထားပြီးတောင်မှ game က မ run နိုင်သေးဘူးဆိုရင် Direct X အနိမ့်လေးတွေ သွင်းကြည့်ကြည့်ပါ။ 10 တို့ 9c တို့ သွင်းကြည့်ပါ။ တချို့အခြေအနေတွေဆို အနိမ့်သွင်းလိုက်တာနဲ့ ရသွားတတ်ပါတယ်။ အနိမ့်တွေသွင်းလိုက်လို့ ကိုယ့် direct x version နိမ့်မသွားပါဘူး။

ကိုယ့် computer ရဲ့ DirectX version ကြည့်ချင်ရင် run box မှာ dxdiag ရိုက်ထည့်လိုက်ရင် ပုံထဲက အတိုင်းမျိုး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲမှာ ကြည့်လို့ရပါတယ်။



Microsoft .Net Framework ကလဲ လိုအပ်ပါတယ်။ version အနိမ့်ရော အမြင့်ရော သွင်းထားရင် ပိုကောင်းပါတယ်။ Game တခု windows ပေါ်မှာ run နိုင်အောင် ပြုလုပ်ပေးနေတဲ့ အရာတွေထဲက တစ်ခုပါ။

Microsoft Visual C++ Redistributable ကတော့ လိုအပ်ပါတယ်။ Game တွေ graphic ချောမွေ့အောင် လုပ်ပေးတဲ့နေရာမှာ အဓိက ကျပါတယ်။ မပါမဖြစ်ပေါ့။ သူကတော့ version အများကြီး ရှိပါတယ်။ အမြင့်ဆုံးသွင်းရုံနဲ့တင် မကပါဘူး။ အနိမ့်ပိုင်းတွေပါ သွင်းထားမှ အဆင်ပြေမှာပါ။ အခုဆို 2015 version ထိ ရောက်နေပါပြီ။ ဒါပေမယ့် တချို့ဂိမ်းတွေဆို 2005, 2008 version တို့ လိုအပ်ပါတယ်။

Microsoft WSE Runtime တော့ သွင်းထားသင့်ပါတယ်။ သူက version အနိမ့်တွေ အမြင့်တွေ ညီညီမျှမျှ run နိုင်အောင် အထောက်အကူပေးလို့ပါ။

အခု ပြထားတဲ့အထဲက Direct X version တို့ Microsoft Visual C++ Redistributable တို့က ကိုယ့် စက် windows က 64 bit version ဆို 32bit version အတွက်ရော 64bit version အတွက်ပါ သွင်းထားရပါမယ်။ ဒီနေရာမှာ 32 bit version ဆို 86bit ဆိုပြီး လာလေ့ရှိပါတယ်။ တူတူပါပဲ။ 32bit ဟာ 86bit ပါပဲ။ ဂဏန်းသာ ကွာသွားတာပါ။ ရှင်းပြရရင် ရှည်သွားမှာမို့ မရှင်းတော့ပါဘူး။ သိထားဖို့ လိုအပ်ပါတယ်။

Game တစ်ခုသွင်းမယ်ဆိုရင် antivirus program, windows fire wall, windows defender တို့ အမြဲ ပိတ်ပြီးမှ သွင်းပါ။ Pirated game တွေ crack file တွေနဲ့ လာပါတယ်။ Crack file တွေက spam, worm အမျိုးအစားတွေ ဖြစ်တာကြောင့် antivirus တို့ windows defender တို့က အမြဲ ဖျက်ပစ်တတ်ပါတယ်။ ဖျက်ပစ်လိုက်ရင် game က မ run နိုင်တော့ပါဘူး။ Crack file တွေ spam, worm တွေဖြစ်လို့ စိုးရိမ်နေစရာမလိုပါဘူး။ သူတို့က spam ကောင်းတွေ worm ကောင်းတွေ ဖြစ်လို့ပါပဲ။ hacker မှာ ကောင်းတဲ့ hacker ရှိသလို ဆိုးတဲ့ hacker တွေ ရှိသလိုမျိုးပေါ့။ ဒီ spam, worm တွေက game file ကိုပဲ အလုပ်လုပ်ပေးတာပါ။

ဒီအချက်အလက်တွေ အကုန်လုံး ပြည့်စုံရဲ့သားနဲ့ game က ဘာလို မ run နိုင်သေးတာလဲဆိုရင်တော့ အဲ့ဒါ Game နဲ့ ပတ်သက်တဲ့အပိုင်း ဖြစ်သွားပါပြီ။ Game တိုင်းလိုလို စ လာကတည်းက ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ Original game တရားဝင် ငွေနဲ့ ပေးဝယ်ရတဲ့ game တွေတောင်မှ အနာအဆာတွေ ရှိပါတယ်။ မ run နိုင်တာတို့၊ ဆော့ရင်း ရပ်သွားတာတို့၊ ဆော့ရင်း screen အမည်းကြီးပေါ်လာပြီး ဘာမှ လုပ်လို့မရပဲ computer ဟမ်းသွားတာတို့၊ game ထဲ ဝင်ဆော့ရနေပြီး တစ်နေရာရောက်ရင် game က မ run နိုင်ပဲ ရုတ်ချည်း အပြင် ပြန်ထွက်သွားတာတို့ ရှိပါတယ်။ google နဲ့ ရှာလိုက်ရင် တွေ့ရမှာပါ။ forum တွေမှာ အကူအညီတောင်းထားတာတွေကို ကြည့်လိုက်ရင် သိရမှာပါ။ အဲ့လို အခြေအနေမျိုးဆို game company က patch လေးတွေ ထုတ်ပေးလေ့ရှိတတ်ပါတယ်။ ဒီ patch လေးတွေ install လုပ်လိုက်တာနဲ့ ပြန်ဆော့ရသွားပါတယ်။

အခု မြန်မာပြည်မှာက pirated game တွေ ဆော့ကြတာ များပါတယ်။ တရားဝင် ငွေနဲ့ ဝယ်မယ်ဆို game တစ်ခုခု မြန်မာငွေနဲ့ဆိုရင် ၆ သောင်း ၇ သောင်းလောက် ရှိနေတတ်ပါတယ်။ Pirated game ခွေ တစ်ခုမှ ၂ထောင် ၃ထောင် ဒီလောက်ပဲ ရှိတော့ လူတိုင်း ဝယ်ဆော့နိုင်ကြပါတယ်။ Pirated game တွေက Original game ကို လူတိုင်း free ဆော့ရအောင် လုပ်ထားတာပါ။ ဒီလို လုပ်ပေးတဲ့ အဖွဲ့တွေ အများကြီး ရှိပါတယ်။ ဥပမာ Codex တို့ 3dmgame တို့ဆို Pirated game အများဆုံး ထွက်တဲ့ နေရာပေါ့။ ဆော့ရလဲ အဆင်ပြေဆုံးတွေပါ။

ဆော့မရရင် game ထဲဝင်ရင် ဘာတွေ ပြလဲ ဆိုတာ မှတ်ထားပါ။ game ထဲ ဝင်တာ ….dll file missing. တို့လို message ပြနေရင် မှတ်ပြီး google search နဲ့ ရှာကြည့်ပါ။ အဖြေတွေ့ပါလိမ့်မယ်။ game တစ်ခုနဲ့ တစ်ခု error ပြပုံ မတူကြပါဘူး။ ဒါကြောင့် ဖြေရှင်းနည်းမတူကြပါဘူး။
dll file missing ဆိုတဲ့ error message ဆိုရင် ပြနေတဲ့ dll file နာမည်နဲ့ google search မှာ ရှာ download ဆွဲပြီး ကိုယ့် computer system file path ထဲ သွားပြီး replace ပြန်လုပ်လိုက်ရင် ကောင်းသွားပါတယ်။
Screen အမည်းကြီးပေါ်လာပြီး game မ run နိုင်ရင်တော့ ကိုယ့် computer display က error ပြနေလို့ပါ။ game configuration မှာ resolution လျှော့ပြီး ဆော့ရင် full screen mode မဟုတ်ပဲ windows screen mode နဲ့ဆော့ရင် ရသွားပါတယ်။
Mad Max Game ကျတော့ ဆော့မရ ဖြစ်နေရင် computer ရဲ့ time zone ကို Beijing ပြောင်းလိုက်ရင် ရသွားပါတယ်။
TomRaider ကျတော့ 3D antianalyis error ပြနေရင် Exclusive windows ဆိုတာကို untick လုပ်လိုက်တာနဲ့ ရသွားပါတယ်။
Unhandled exception has occured in your application. An attempt was made to load a program with an incorrect format. လို့ ပြနေရင် Graphic Driver Update လုပ်ပေးလိုက်ရင် ရသွားပါတယ်။

တကယ်လို့ run လို့ မရသေးရင် အောက်ကပုံထဲက လိုမျိုး game (icon or exe) ကို Right Click => Properties => Compatibility မှာ windows xp ဖြစ်ဖြစ် windows vista ဖြစ်ဖြစ် ကိုယ်လက်ရှိသုံးနေတဲ့ windows ထက် နိမ့်တဲ့ version တွေ ရွေးပြီး တစ်ခုချင်းစီ စမ်းကြည့်ကြည့်ပါ။ တစ်ချို့ဆို ရသွားတတ်ပါတယ်။



အခု game installer file တွေက rar, zip file ဆိုတဲ့ အထုတ်ကလေးတွေနဲ့ လာလေ့ ရှိပါတယ်။ မူရင်း file မပျက်စီးစေပဲ သယ်ရလွယ်အောင် ကူးရလွယ်အောင် compress ချုံထားတဲ့ အရာလေးတွေပါ။ DVD ကနေ ကိုယ့် computer ထဲ ကူးထည့်တုန်းက အဆင်ပြေပေမယ့် အထုတ်တွေ ဖြေတဲ့အခါ error ပြပြီး ဖြေလို့ မရတဲ့ အခါမျိုးကျရင်



Repair archive နဲ့ ပြင်ကြည့်ကြည့်ပါ။ တစ်ချို့ file တွေဆို ပြန်ရသွားလေ့ရှိပါတယ်။ ဒါတောင်မှ မရသေးဘူး ဆိုရင်တော့ အခွေအသစ် သွားလဲမှသာ ရပါတော့မယ်။


မသိသေးသူတွေ အတွက်ပါ။ တချို့ game တွေဆို install လုပ်ပြီးတာနဲ့ သူရဲ့ shortcut icon ဟာ desktop ပေါ် မပေါ်လာကြပါဘူး။ ဒီလို အခြေအနေမျိုးဆို ပုံထဲကအတိုင်း ကိုယ့်သွင်းလိုက်တဲ့ program နေရာကို ရှာ … ဒီမှာ game ကို run ပေးတဲ့ exe file ကို right click နှိပ် send to desktop (create shortcut) နဲ့ တင်လို့ရပါတယ်။




တချို့ကျတော့ desktop ပေါ် shortcut icon တော့ ရောက်ပါရဲ့။ နှိပ်လဲ မ run တဲ့အခါမျိုးဆို ပုံထဲကအတိုင်း desktop ပေါ်ရောက်နေတဲ့ game icon ကို right click => properties ထဲက (အခု ပုံထဲမှာ) select ပြထားတဲ့ နေရာမှာ တကယ် game run တဲ့ application နာမည်ကို တချက်မှ မယွင်းစေပဲ ထည့်ပေးပြီး OK နှိပ်ပေးလိုက်ရင် ရပါပြီ။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

KSA

Post a Comment

0 Comments