ကော်ဖီမှုန့် လက်ဖက်အဖတ်တို့၏ လျှို့ဝှက်ချက်

တချို့တွေက ready made ကော်ဖီမှုန့်တို့ လက်ဖက်ရည်တို့ သောက်ကြတာ ငြီးငွေ့လာတဲ့အတွက် ကိုယ့်ဘာသာကိုယ် အမှုန့်ဝယ်ပြီး နှပ်ကာ သောက်ကြပါတယ်။ သောက်ပြီးကြရင် အဖတ်တွေကို လွှင့်ပစ်လိုက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထပ်ခါထပ်ခါနှပ်ပြီးသား လက်ဖက်ဖတ်တွေက နောက်ထပ် အရဿာမရှိတော့တဲ့ အပြင် အသုံးပြုဖို့မရတော့လို့ပါပဲ။ ကော်ဖီမှုန့်တွေလဲ ဒီအတိုင်းပါပဲ။ နောက်ထပ်နှပ်ပီး အသုံးပြုဖို့ မရတော့ လွှင့်ပစ်ကြတာ များပါတယ်။

ဒါပေမယ့် အသုံးပြုပီးသား ကော်ဖီမှုန့် လက်ဖက်အဖတ် လက်ဖက်အမှုန့် တွေကို သုံးပြုလို့ရတဲ့ တစ်နေရာ ရှိပါသေးတယ်။ သုံးလို့မရတော့တဲ့ ကော်ဖီမှုန့်တွေ လက်ဖက်အဖတ်တွေကို အနံ့ဆိုးထွက်နေတဲ့ အိမ်သာ ရေချိုးခန်းတွေမှာ ရေနဲ့အတူ လောင်းလိုက်ပါ။ လက်ဖက်အဖတ်ကြီးတွေကို ပုံးငယ်လေးနဲ့ထည့်ပြီး အနံ့ထွက်နေတဲ့ အခန်းထဲမှာ ထားထားလိုက်ပါ။ အနံ့ဆိုးတွေကို ကော်ဖီမှုန့် လက်ဖက်အဖတ်တွေက စုပ်ယူသွားပါလိမ့်မယ်။ ကော်ဖီနံ့ လက်ဖက်နံ့ သင်းသင်းလေး ကျန်ရစ်ပါလိမ့်မယ်။

အမှိုက်မှာလဲ အသုံးဝင်တဲ့ အမှိုက်တွေလည်းရှိပါတယ်။

Post a Comment

0 Comments