တစ်မူထူးတဲ့ အမေရိကန်သမ္မတကတော်

ဇနီးေကာင္း၊ မိခင္ေကာင္း

၁၉၆၄ခုႏွစ္ ဇန္နဝါရီလ ၁၇ရက္ေန႔ အေမရိကန္ခ်ီကာဂိုၿမိဳ႕ေတာင္ပိုင္းက ဆင္းရဲသားရပ္ကြက္တစ္ခုမွာ မီ႐ွဲလ္ကို ေမြးဖြားခဲ့ပါတယ္။ သူတို႔အိမ္မွာ အိပ္ခန္းတစ္ခန္းပဲ႐ွိခဲ့ပါတယ္--- တကယ္တမ္းမွာ ဧည့္ခန္းကိုတစ္ဝက္ျခမ္းၿပီး ကာထားတာပါ။ မီ႐ွဲလ္နဲ႔သူ႔အစ္ကိုက ထပ္ခိုးမွာအိပ္ပါတယ္။ မီ႐ွဲလ္ရဲ႕ဖခင္က မၾကာခဏျဖစ္ပြားတဲ့အေၾကာမာေရာဂါကုိ ခံစားေနရသူျဖစ္ၿပီး ၁၉၉ဝခုႏွစ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။ မိခင္က ဖခင္ေခါင္းခ်သြားတဲ့ အဲဒီအိမ္အိုမွာပဲ ႏွစ္ေတာ္ေတာ္ၾကာ ေနထိုင္ခဲ့ပါတယ္။

ဆင္းရဲႏြမ္းပါးျခင္းက မီ႐ွဲလ္ကို႐ုန္းကန္လႈပ္႐ွားလိုတဲ့စိတ္ဓာတ္ ေမြးျမဴေပးခဲ့ပါတယ္။ မီ႐ွဲလ္ဟာ ငယ္ငယ္ေလးကတည္းက အတန္းပညာမွာ ထူးခၽြန္ထက္ျမက္သူျဖစ္ခဲ့တယ္။ ၁၉၈၁ခုႏွစ္မွာ Princeton တကၠသိုလ္ကို မီ႐ွဲလ္တက္ေရာက္ခြင့္ရၿပီး Sociologyကို အထူးျပဳဘာသာရပ္အျဖစ္၊ အာဖရိကဖြား အေမရိကန္ႏိုင္ငံသားသမိုင္း (African-American History) ကို တဲြဖက္ဘာသာရပ္အျဖစ္ သူသင္ယူေလ့လာခဲ့ပါတယ္။ ၄ႏွစ္တာကာလၿပီးဆံုးသြားတဲ့အခါ မီ႐ွဲလ္ဟာ ထူးကဲတဲ့အမွတ္နဲ႔ ေက်ာင္းၿပီးသြားခဲ့ၿပီး ဟားဗတ္ဥပေဒတကၠသိုလ္ကို ဝင္ေရာက္ေျဖဆိုခဲ့ပါတယ္။ ၁၉၈၈ခုႏွစ္မွာ ဟားဗတ္ဥပေဒတကၠသိုလ္ကေန Ph.Dဘဲြ႔ကို ရ႐ွိခဲ့ပါတယ္။

၁၉၈၉ခုႏွစ္မွာ Barack Obamaလို႔ေခၚတဲ့ ဟားဗတ္ဥေပေဒေက်ာင္းသားလူ႐ြယ္တစ္ဦးဟာ မီ႐ွဲလ္႐ွိေနတဲ့ ေ႐ွ႕ေန႐ံုးမွာ ေႏြေက်ာင္းပိတ္ရက္ေလ့လာသင္ယူသူအျဖစ္နဲ႔ လာေရာက္ခဲ့ပါတယ္။ သူ႔ကို မီ႐ွဲလ္ကတာဝန္ယူ ႀကီးၾကပ္သင္ၾကားေပးရပါတယ္။ အဲဒီေ႐ွ႕ေန႐ံုးမွာ သူတို႔ႏွစ္ေယာက္ပဲလူမည္းျဖစ္တာေၾကာင့္ အလုပ္ထဲမွာ သူတို႔ဟာစ႐ိုက္တူ၊ အႀကိဳက္တူေတြျဖစ္ခဲ့ၾကတယ္။ အိုးဘားမားက အလုပ္မွာ အရမ္းထူးခၽြန္ထက္ျမက္သူမဟုတ္ခဲ့ေပမယ့္ တစ္ေန႔မွာ လုပ္ေဖာ္ကိုင္ဖက္ေတြကို အံ့ၾသမႈတစ္ခု သူေပးခဲ့ပါတယ္။ အဲဒီအံ့ၾသမႈက မီ႐ွဲလ္ကို သူခ်စ္ခြင့္ပန္ႏိုင္ခဲ့လို႔ပဲျဖစ္ပါတယ္။

ႏွစ္အေတာ္ၾကာၿပီးတဲ့ေနာက္မွာ အိုးဘားမားက သူရဲ႕အမွတ္တရကိုယ္ေတြ႔မွတ္တမ္းထဲမွာ သူရဲ႕ခ်စ္ျခင္းအေၾကာင္းကို ဒီလို႐ိုး႐ိုး႐ွင္း႐ွင္းဖြင့္ဆိုခဲ့ပါတယ္။ “ေနာက္ဆံုးမွာ သူ႔ကို ကၽြန္ေတာ္အလဲၿဖိဳႏိုင္ခဲ့ပါတယ္”။ ၁၉၉၂ခုႏွစ္ ေအာက္တိုဘာလ ၁၈ရက္ေန႔မွာ သူတို႔မဂၤလာေဆာင္ခဲ့ၾကပါတယ္။

အေမရိကန္ Newsweek သတင္းစာရဲ႕ ထုတ္ျပန္ခ်က္အရ မီ႐ွဲလ္ဟာ မဂၤလာေဆာင္ၿပီးလည္း ညတိုင္း ၉နာရီခဲြမွာ ပံုမွန္အိပ္ရာဝင္ၿပီး မနက္ ၄နာရီခဲြမွာအိပ္ရာထတယ္လို႔ ဆိုပါတယ္။ ေျပးစက္ေပၚမွာ ခဏေလာက္ေျပးၿပီး ျခင္းထဲပစ္ထည့္ထားတဲ့ လင္ေယာက္်ားရဲ႕ဝတ္ၿပီးသားအဝတ္ေတြကို သိမ္းဆည္းတယ္၊ သန္႔႐ွင္းေရးလုပ္တယ္၊ အဲဒီေနာက္ မနက္စာျပင္ဆင္ၿပီး သမီးကို အခ်ိန္ကုိက္အိပ္ရာႏိႈးတယ္။ အိုးဘားမားက အၿမဲတမ္း ဇနီးျဖစ္သူကို ခ်ီးမြမ္းေထာပနာျပဳပါတယ္။ မီ႐ွဲလ္ဟာ အရာရာကို လိုေလေသးမ႐ွိေအာင္ ျပင္ဆင္ႏိုင္တယ္လို႔ အိုးဘားမားကဆိုပါတယ္။ “သူဟာ အိမ္ေထာင့္တာဝန္ကို ကၽြမ္းကၽြမ္းက်င္က်င္ထိန္းသိမ္းႏိုင္သူပါ။ သူ႔အဆင့္ကို ကၽြန္ေတာ္ဘယ္ေတာ့မွ မီႏိုင္မွာ မဟုတ္ပါဘူး”လို႔ အိုဘားမားကဆိုခဲ့ပါတယ္။

အိုဘားမား အိမ္ျဖဴေတာ္ေရာက္ၿပီးေနာက္ မီ႐ွဲလ္ကို အေမရိကန္လူမ်ဳိးေတြႏွစ္သက္ေစခဲ့တဲ့ လုပ္ရပ္တစ္ခုက သူဟာ မိခင္ေကာင္း၊ ဇနီးေကာင္းတစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ႏိုင္ခဲ့လို႔ျဖစ္တယ္။ လူအမ်ားက ဒါဟာ သူရဲ႕တကယ့္စစ္မွန္တဲ့ သ႐ုပ္ေဆာင္ခ်က္မဟုတ္ဘူးလို႔ ထင္ခဲ့ၾကတယ္။ မီ႐ွဲလ္ရဲ႕ေဟာေျပာမႈေတြကလည္း လင္ေယာက္်ားျဖစ္သူေလာက္ မညံ့တာကိုလည္း ေတြ႔ခဲ့ရပါတယ္။ ဒါေပမယ့္ ေဟာေျပာတိုင္း သူဟာ သူ႔သမီးအေၾကာင္းနဲ႔ သာမန္မိန္းကေလးေတြရဲ႕အေတြ႔အႀကံဳကိုပဲ ေျပာခဲ့ပါတယ္။ လင္ေယာက္်ားနဲ႔ မိသားစုအေၾကာင္းကိုလည္း ထပ္တလဲလဲေျပာဆိုတတ္ခဲ့ပါတယ္။ သူ႔ကိုယ္သူမိတ္ဆက္ေပးပါလို႔ မီ႐ွဲလ္ကို လူေတြေတာင္းဆိုတဲ့အခါ သူက မ်ားေသာအားျဖင့္ “ပထမဆံုး ေျပာခ်င္တဲ့အေရးပါတဲ့ စကားတစ္ခြန္းက ကၽြန္မဟာ ကေလးႏွစ္ေယာက္မိခင္ျဖစ္ပါတယ္”ဆိုတာပဲျဖစ္တယ္။

သမီးႏွစ္ေယာက္အေပၚ မီ႐ွဲလ္စည္းကမ္းတင္းၾကပ္လြန္းခဲ့ပါတယ္။ “အျပင္ကို ေပ်ာ္ပဲြစားထြက္၊ ခရီးထြက္တဲ့အခါ ေက်ာင္းက အိမ္စာလုပ္ပါလို႔ မေတာင္းဆိုေပမယ့္ သူတို႔ေတြ႔ခဲ့တာ ၾကားခဲ့တာေတြကို ေရးမွတ္ရပါတယ္”၊ “စေန၊ တနဂၤေႏြေန႔မဟုတ္ရင္ ႐ုပ္႐ွင္တီဗီမၾကည့္ရပါဘူး”၊ “ကြန္ပ်ဴတာဆိုတာ အိမ္စာလုပ္ဖို႔အတြက္ပါ”…. စတာေတြျဖစ္တယ္။ အေမရိကန္ႏိုင္ငံေရးသမား ေတာ္ေတာ္မ်ားမ်ားက သူတို႔ကေလးကို မီ႐ွဲလ္လက္ထဲအပ္ခ်င္ပါတယ္လို႔ ရယ္စရာအျဖစ္ ေျပာခဲ့ၾကပါတယ္။

၂ဝ၁၂ခုႏွစ္ သမၼတေ႐ြးေကာက္ပဲြမွာ ပထမဆံုးအႀကိမ္ေဟာေျပာရေတာ့ အိုဘားမားဟာ ေဟာေျပာစင္ျမင့္ထက္တက္ၿပီး တီဗီၾကည့္ပရိသတ္ေထာင္ေပါင္းမ်ားစြာကို “ဒီကေန႔ညမွာ ကၽြန္ေတာ္ေျပာစရာေတြ အမ်ားႀကီး႐ွိပါတယ္။ ဒါေပမယ့္ အေရးအႀကီးဆံုးအခ်က္က လြန္ခဲ့တဲ့အႏွစ္၂ဝမွာ ကၽြန္ေတာ္ဟာ ကမာၻေပၚမွာ ကံအေကာင္းဆံုးေယာက္်ားျဖစ္ခဲ့ပါတယ္။ အေၾကာင္းက ကၽြန္ေတာ္နဲ႔လက္ထပ္ဖို႔ မီ႐ွဲလ္သေဘာတူခဲ့လို႔ပါ” လို႔ေျပာခဲ့ပါတယ္။

မီ႐ွဲလ္ကလည္း ပရိသတ္သန္းေပါင္းမ်ားစြာ႐ွိတဲ့ သူ႔ Twitterမွာ “ႏွစ္ ၂ဝေျမာက္ လက္ထပ္မဂၤလာရက္ျမတ္ပါ.. Barack ။ ေန႔စဥ္ေန႔တိုင္း အေဖာ္ေကာင္း၊ သူငယ္ခ်င္းေကာင္း၊ ဖခင္ေကာင္းတစ္ဦးအျဖစ္ ႐ွင္လုပ္ေဆာင္ခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ I love you” ဆိုၿပီး ေရးသားခဲ့ပါတယ္။


ေခတ္ဆန္တဲ့ဝတ္စားဆင္ယင္မႈ

အိုဘားမား အိမ္ျဖဴေတာ္ေရာက္ၿပီးေနာက္ မီ႐ွဲလ္ဟာ အေမရိကန္သမၼတကေတာ္ရဲ႕ အခ်က္၂ခ်က္ကို မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။
(၁) သူဟာ ပထမဆံုးေသာ အာဖရိကလူမ်ဳိး သမၼတကေတာ္ျဖစ္တယ္။
(၂) သူဟာ အရပ္အျမင့္ဆံုး သမၼတကေတာ္ျဖစ္တယ္။ သူ႔အရပ္က ၅ေပ ၁၁လက္မ႐ွိပါတယ္။

၂ဝဝ၈ခုႏွစ္ ေ႐ြးေကာက္ပဲြညမွာ မီ႐ွဲလ္ဟာ နာမည္ႀကီးဒီဇိုင္းနာ ခ်ဳပ္လုပ္ထားတဲ့ အနီအနက္ဝတ္စံုကိုဝတ္ဆင္ၿပီး စင္ျမင့္ထက္ကဆင္းေတာ့ စင္ေအာက္ကလူေတြကို အံ့ၾသမွင္တက္ေစခဲ့ပါတယ္။ အဲဒီကစ မီ႐ွဲလ္ဟာ “ဘယ္လိုဝတ္စံုကမွ သမၼတကေတာ္အတြက္ သင့္ေတာ္တဲ့ဝတ္စံု”ဆိုတဲ့အဓိပၸာယ္ကို အသစ္တစ္ဖန္သတ္မွတ္ႏိုင္ခဲ့ပါတယ္။ သူဟာ ေတာက္တဲ့၊ လင္းတဲ့အေရာင္ကို ပိုႏွစ္သက္ပါတယ္။ အဝတ္အစားဒီဇိုင္းမွာေတာ့ ပံုမွန္ဒီဇိုင္းမ႐ွိဘဲ သူရဲ႕ထူးျခားတဲ့အသြင္အျပင္ကုိ ပိုေပၚလႊင္ေအာင္ ဝတ္ဆင္ပါတယ္။ တစ္ခါက အိုဘားမားနဲ႔အတူ ပဲြတက္ေတာ့ သူဟာ လက္ျပတ္ဂါဝန္႐ွည္ကိုဝတ္ဆင္ခဲ့သလို ႐ုိးရာဆန္တယ္၊ တည္ၾကည္ေလးနက္တယ္လို႔ နာမည္ရတဲ့ အဂၤလန္ဘုရင္မနဲ႔ ေတြ႔ဆံုခဲ့စဥ္မွာလည္း ေ႐ွ႕ခဲြဆြယ္တာအနက္ကို ဝတ္ဆင္ခဲ့ပါတယ္။

အမ်ားနဲ႔မတူ တစ္မူထူးတဲ့မီ႐ွဲလ္ရဲ႕ ဝတ္စားဆင္ယင္ပံုက အေမရိကန္လူမ်ဳိးတို႔ရဲ႕ ဖက္႐ွင္ေလညႊန္တံျဖစ္ခဲ့ပါတယ္။ ၂ဝဝ၉ခုႏွစ္ အိုဘားမား က်မ္းသစၥာက်ိန္ဆိုတဲ့အခမ္းအနားမွာ မီ႐ွဲလ္ဟာ အျဖဴေရာင္ပိုးထည္ဂါဝန္႐ွည္ကို ဝတ္ဆင္ခဲ့ပါတယ္။ ညာပခံုးဘက္မွာပဲ အဝတ္စတင္ထားတဲ့ဝတ္စံုနဲ႔ မီ႐ွဲလ္ဟာ ပရိသတ္အမ်ားကို ညိႇဳ႕ငင္ဖမ္းစားႏိုင္ခဲ့ပါတယ္။ အိုဘားမားက ပရိသတ္အမ်ားရဲ႕ေ႐ွ႕မွာ “ပထမဆံုးအခ်က္က ကၽြန္ေတာ့္ဇနီး ေခ်ာလား”လို႔ ေမးခဲ့ပါတယ္။

၂ဝ၁၂ခုႏွစ္ စက္တင္ဘာလမွာ မီ႐ွဲလ္ဟာ တစ္ႏိုင္ငံလံုးဆိုင္ရာ ဒီမိုခရက္တစ္ အစည္းအေဝးကိုတက္ေရာက္ေတာ့ ပန္းေရာင္ဂါဝန္႐ွည္ကို ဝတ္ဆင္ခဲ့ၿပီး ေက်ာ့႐ွင္းႀကံ့ခိုင္တဲ့ လက္ေမာင္းသားအလွကုိ ေဖာ္ခဲ့ပါတယ္။ လက္သည္းကိုေတာ့ အေတြ႔ရနည္းတဲ့ ခဲခရမ္းေရာင္ဆိုးထားပါတယ္။ အဲဒီတစ္ညအၿပီးမွာ သူ႔ပံုစံတူဂါဝန္နဲ႔ လက္သည္းဆိုးေဆး ပစၥည္းျပတ္သြားတယ္လို႔ သိရပါတယ္။

“People” မဂၢဇင္းက မီ႐ွဲလ္ကို “မီ႐ွဲလ္ဟာ ေ႐ြးေကာက္ပဲြတစ္ေလွ်ာက္လံုးမွာ မိမိကုိယ္ကိုယ္ယံုၾကည္မႈေတြ ထုတ္လႊတ္ခဲ့ပါတယ္။ လူအမ်ားကို အံ့အားသင့္မႈေတြ ေပးႏိုင္ခဲ့ပါတယ္။ သူရဲ႕ရည္မြန္ေက်ာ့႐ွင္းတဲ့အျပင္အဆင္ေၾကာင့္ ယခင္နာမည္ႀကီးသမၼတကေတာ္ကို လူေတြ သတိရေစခဲ့တယ္”လို႔ ေျပာဆိုခဲ့ပါတယ္။ ဒီအေျပာဟာ မီ႐ွဲလ္ရဲ႕သပ္ရပ္ရည္မြန္တဲ့ျပင္ဆင္မႈက ယခင္သမၼတကေတာ္ Jacqueline Kennedy နဲ႔ခပ္ဆင္တင္တူတယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။

အစားအစာနဲ႔ ေပ်ာ္႐ႊင္ပဲြေတြမွာလည္း မီ႐ွဲလ္ရဲ႕ပင္ကိုစ႐ိုက္က ကဲြျပားျခားနားပါတယ္။ “ေဒသခံ နယ္ခံအစားအစာေတြကို သူအရမ္းစိတ္ဝင္စားတယ္”လို႔ သမၼတမိသားစုရဲ႕အစားအစာနဲ႔ အာဟာရကို အထူးမွတ္တမ္းတင္တဲ့အဖဲြ႔ရဲ႕ အြန္လိုင္းစီမံခန္႔ခဲြမွဴး Cohenက အခုလိုေျပာၾကားခဲ့ပါတယ္။ “ဒီရာသီမွာ စားေသာက္ဆိုင္က ဘာအစားအစာကို အဓိကထားတယ္ဆိုရင္ သူကအဲဒီအစားအစာကိုစားေတာ့တာပဲ” လို႔ဆိုခဲ့ပါတယ္။

မီ႐ွဲလ္ဟာ က်န္းမာေရးလိုက္စားသူလည္းျဖစ္တယ္။ သူရဲ႕က်န္းမာေရးလိုက္စားတဲ့အက်င့္ကို ယေန႔အေမရိကန္အမ်ဳိးသမီးေတာ္ေတာ္မ်ားမ်ားက အတုယူေနၿပီျဖစ္တယ္။ အေျပးေလ့က်င့္၊ Yoga လုပ္တာအျပင္ သူဟာ သမီးႏွစ္ေယာက္နဲ႔အတူ တင္းနစ္ကစားပါေသးတယ္။ “သူ႔ရဲ႕ လက္သင့္႐ိုက္ခ်က္(forehand)က အရမ္းေကာင္းသလို လက္ျပန္႐ိုက္ခ်က္(backhand)ကလည္း သန္တယ္”လို႔ သူတို႔ရဲ႕နည္းျပဆရာကေျပာပါတယ္။ မီ႐ွဲလ္ရဲ႕ “ထုဆစ္ထားတယ္လို႔ထင္ရတဲ့ လက္႐ံုးၾကြက္သားႏွစ္ခု” ကို အေမရိကန္သတင္းေထာက္ေတြက “အေမရိကန္ရဲ႕အင္အားကိုျပတဲ့ သေကၤတ”လို႔ တင္စားခဲ့ၾကပါတယ္။

သမၼတကေတာ္ျဖစ္ၿပီးတဲ့ေနာက္ မီ႐ွဲလ္ဟာ အိမ္ျဖဴေတာ္တံခါးကိုဖြင့္ခဲ့ပါတယ္။ ပရိသတ္ျပည္သူေတြနဲ႔ ရင္းႏွီးေႏြးေထြးမႈရယူၿပီး က်န္းမာတဲ့အစားအစာ၊ က်န္းမာတဲ့ဘဝေနထိုင္မႈေတြကို တိုးခ်ဲ႕ျပန္႔ကားေစခဲ့ပါတယ္။ အားႏဲြ႔အုပ္စုနဲ႔ ကေလးသူငယ္ေတြရဲ႕ လံုၿခံဳေဘးကင္းေရးကို ဂ႐ုစိုက္ခဲ့ပါတယ္။ အိုဘားမားကိုအေဖာ္ျပဳၿပီး ကမာၻ႔အရပ္ရပ္လွည့္လည္ေမးျမန္းမႈေတြ ျပဳလုပ္ခဲ့တဲ့အျပင္ သူ႔တစ္ေယာက္တည္းလည္း လွည့္လည္ေမးျမန္းမႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ သူ႔ကို “ႏွလံုးလွသံတမန္”၊ “ပရဟိတေလဒီ”အျဖစ္ တင္စားခံခဲ့ရပါတယ္။ မီ႐ွဲလ္ဟာ အေမရိကန္သမိုင္းမွာ အေခ်ာအလွဆံုး သမၼတကေတာ္မဟုတ္ေပမယ့္ သူဟာ ဆဲြေဆာင္မႈအ႐ွိဆံုးသမၼတကေတာ္ျဖစ္တယ္လို႔ေျပာရင္ ျငင္းဆန္မယ့္သူ႐ွိမွာမဟုတ္ေၾကာင္း နယူးေယာက္သတင္းစာက ေျပာၾကားခဲ့ပါတယ္။

 


Image by janeb13 from Pixabay 

 

Unicode

 

 ဇနီးကောင်း၊ မိခင်ကောင်း

၁၉၆၄ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့ အမေရိကန်ချီကာဂိုမြို့တောင်ပိုင်းက ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မီရှဲလ်ကို မွေးဖွားခဲ့ပါတယ်။ သူတို့အိမ်မှာ အိပ်ခန်းတစ်ခန်းပဲရှိခဲ့ပါတယ်--- တကယ်တမ်းမှာ ဧည့်ခန်းကိုတစ်ဝက်ခြမ်းပြီး ကာထားတာပါ။ မီရှဲလ်နဲ့သူ့အစ်ကိုက ထပ်ခိုးမှာအိပ်ပါတယ်။ မီရှဲလ်ရဲ့ဖခင်က မကြာခဏဖြစ်ပွားတဲ့အကြောမာရောဂါကို ခံစားနေရသူဖြစ်ပြီး ၁၉၉ဝခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မိခင်က ဖခင်ခေါင်းချသွားတဲ့ အဲဒီအိမ်အိုမှာပဲ နှစ်တော်တော်ကြာ နေထိုင်ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးခြင်းက မီရှဲလ်ကိုရုန်းကန်လှုပ်ရှားလိုတဲ့စိတ်ဓာတ် မွေးမြူပေးခဲ့ပါတယ်။ မီရှဲလ်ဟာ ငယ်ငယ်လေးကတည်းက အတန်းပညာမှာ ထူးချွန်ထက်မြက်သူဖြစ်ခဲ့တယ်။ ၁၉၈၁ခုနှစ်မှာ Princeton တက္ကသိုလ်ကို မီရှဲလ်တက်ရောက်ခွင့်ရပြီး Sociologyကို အထူးပြုဘာသာရပ်အဖြစ်၊ အာဖရိကဖွား အမေရိကန်နိုင်ငံသားသမိုင်း (African-American History) ကို တွဲဖက်ဘာသာရပ်အဖြစ် သူသင်ယူလေ့လာခဲ့ပါတယ်။ ၄နှစ်တာကာလပြီးဆုံးသွားတဲ့အခါ မီရှဲလ်ဟာ ထူးကဲတဲ့အမှတ်နဲ့ ကျောင်းပြီးသွားခဲ့ပြီး ဟားဗတ်ဥပဒေတက္ကသိုလ်ကို ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မှာ ဟားဗတ်ဥပဒေတက္ကသိုလ်ကနေ Ph.Dဘွဲ့ကို ရရှိခဲ့ပါတယ်။

၁၉၈၉ခုနှစ်မှာ Barack Obamaလို့ခေါ်တဲ့ ဟားဗတ်ဥပေဒေကျောင်းသားလူရွယ်တစ်ဦးဟာ မီရှဲလ်ရှိနေတဲ့ ရှေ့နေရုံးမှာ နွေကျောင်းပိတ်ရက်လေ့လာသင်ယူသူအဖြစ်နဲ့ လာရောက်ခဲ့ပါတယ်။ သူ့ကို မီရှဲလ်ကတာဝန်ယူ ကြီးကြပ်သင်ကြားပေးရပါတယ်။ အဲဒီရှေ့နေရုံးမှာ သူတို့နှစ်ယောက်ပဲလူမည်းဖြစ်တာကြောင့် အလုပ်ထဲမှာ သူတို့ဟာစရိုက်တူ၊ အကြိုက်တူတွေဖြစ်ခဲ့ကြတယ်။ အိုးဘားမားက အလုပ်မှာ အရမ်းထူးချွန်ထက်မြက်သူမဟုတ်ခဲ့ပေမယ့် တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်တွေကို အံ့သြမှုတစ်ခု သူပေးခဲ့ပါတယ်။ အဲဒီအံ့သြမှုက မီရှဲလ်ကို သူချစ်ခွင့်ပန်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။

နှစ်အတော်ကြာပြီးတဲ့နောက်မှာ အိုးဘားမားက သူရဲ့အမှတ်တရကိုယ်တွေ့မှတ်တမ်းထဲမှာ သူရဲ့ချစ်ခြင်းအကြောင်းကို ဒီလိုရိုးရိုးရှင်းရှင်းဖွင့်ဆိုခဲ့ပါတယ်။ “နောက်ဆုံးမှာ သူ့ကို ကျွန်တော်အလဲဖြိုနိုင်ခဲ့ပါတယ်”။ ၁၉၉၂ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့မှာ သူတို့မင်္ဂလာဆောင်ခဲ့ကြပါတယ်။

အမေရိကန် Newsweek သတင်းစာရဲ့ ထုတ်ပြန်ချက်အရ မီရှဲလ်ဟာ မင်္ဂလာဆောင်ပြီးလည်း ညတိုင်း ၉နာရီခွဲမှာ ပုံမှန်အိပ်ရာဝင်ပြီး မနက် ၄နာရီခွဲမှာအိပ်ရာထတယ်လို့ ဆိုပါတယ်။ ပြေးစက်ပေါ်မှာ ခဏလောက်ပြေးပြီး ခြင်းထဲပစ်ထည့်ထားတဲ့ လင်ယောက်ျားရဲ့ဝတ်ပြီးသားအဝတ်တွေကို သိမ်းဆည်းတယ်၊ သန့်ရှင်းရေးလုပ်တယ်၊ အဲဒီနောက် မနက်စာပြင်ဆင်ပြီး သမီးကို အချိန်ကိုက်အိပ်ရာနှိုးတယ်။ အိုးဘားမားက အမြဲတမ်း ဇနီးဖြစ်သူကို ချီးမွမ်းထောပနာပြုပါတယ်။ မီရှဲလ်ဟာ အရာရာကို လိုလေသေးမရှိအောင် ပြင်ဆင်နိုင်တယ်လို့ အိုးဘားမားကဆိုပါတယ်။ “သူဟာ အိမ်ထောင့်တာဝန်ကို ကျွမ်းကျွမ်းကျင်ကျင်ထိန်းသိမ်းနိုင်သူပါ။ သူ့အဆင့်ကို ကျွန်တော်ဘယ်တော့မှ မီနိုင်မှာ မဟုတ်ပါဘူး”လို့ အိုဘားမားကဆိုခဲ့ပါတယ်။

အိုဘားမား အိမ်ဖြူတော်ရောက်ပြီးနောက် မီရှဲလ်ကို အမေရိကန်လူမျိုးတွေနှစ်သက်စေခဲ့တဲ့ လုပ်ရပ်တစ်ခုက သူဟာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်နိုင်ခဲ့လို့ဖြစ်တယ်။ လူအများက ဒါဟာ သူရဲ့တကယ့်စစ်မှန်တဲ့ သရုပ်ဆောင်ချက်မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ မီရှဲလ်ရဲ့ဟောပြောမှုတွေကလည်း လင်ယောက်ျားဖြစ်သူလောက် မညံ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဟောပြောတိုင်း သူဟာ သူ့သမီးအကြောင်းနဲ့ သာမန်မိန်းကလေးတွေရဲ့အတွေ့အကြုံကိုပဲ ပြောခဲ့ပါတယ်။ လင်ယောက်ျားနဲ့ မိသားစုအကြောင်းကိုလည်း ထပ်တလဲလဲပြောဆိုတတ်ခဲ့ပါတယ်။ သူ့ကိုယ်သူမိတ်ဆက်ပေးပါလို့ မီရှဲလ်ကို လူတွေတောင်းဆိုတဲ့အခါ သူက များသောအားဖြင့် “ပထမဆုံး ပြောချင်တဲ့အရေးပါတဲ့ စကားတစ်ခွန်းက ကျွန်မဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပါတယ်”ဆိုတာပဲဖြစ်တယ်။

သမီးနှစ်ယောက်အပေါ် မီရှဲလ်စည်းကမ်းတင်းကြပ်လွန်းခဲ့ပါတယ်။ “အပြင်ကို ပျော်ပွဲစားထွက်၊ ခရီးထွက်တဲ့အခါ ကျောင်းက အိမ်စာလုပ်ပါလို့ မတောင်းဆိုပေမယ့် သူတို့တွေ့ခဲ့တာ ကြားခဲ့တာတွေကို ရေးမှတ်ရပါတယ်”၊ “စနေ၊ တနင်္ဂနွေနေ့မဟုတ်ရင် ရုပ်ရှင်တီဗီမကြည့်ရပါဘူး”၊ “ကွန်ပျူတာဆိုတာ အိမ်စာလုပ်ဖို့အတွက်ပါ”…. စတာတွေဖြစ်တယ်။ အမေရိကန်နိုင်ငံရေးသမား တော်တော်များများက သူတို့ကလေးကို မီရှဲလ်လက်ထဲအပ်ချင်ပါတယ်လို့ ရယ်စရာအဖြစ် ပြောခဲ့ကြပါတယ်။

၂ဝ၁၂ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်ဟောပြောရတော့ အိုဘားမားဟာ ဟောပြောစင်မြင့်ထက်တက်ပြီး တီဗီကြည့်ပရိသတ်ထောင်ပေါင်းများစွာကို “ဒီကနေ့ညမှာ ကျွန်တော်ပြောစရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအချက်က လွန်ခဲ့တဲ့အနှစ်၂ဝမှာ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးယောက်ျားဖြစ်ခဲ့ပါတယ်။ အကြောင်းက ကျွန်တော်နဲ့လက်ထပ်ဖို့ မီရှဲလ်သဘောတူခဲ့လို့ပါ” လို့ပြောခဲ့ပါတယ်။

မီရှဲလ်ကလည်း ပရိသတ်သန်းပေါင်းများစွာရှိတဲ့ သူ့ Twitterမှာ “နှစ် ၂ဝမြောက် လက်ထပ်မင်္ဂလာရက်မြတ်ပါ.. Barack ။ နေ့စဉ်နေ့တိုင်း အဖော်ကောင်း၊ သူငယ်ချင်းကောင်း၊ ဖခင်ကောင်းတစ်ဦးအဖြစ် ရှင်လုပ်ဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ I love you” ဆိုပြီး ရေးသားခဲ့ပါတယ်။


ခေတ်ဆန်တဲ့ဝတ်စားဆင်ယင်မှု

အိုဘားမား အိမ်ဖြူတော်ရောက်ပြီးနောက် မီရှဲလ်ဟာ အမေရိကန်သမ္မတကတော်ရဲ့ အချက်၂ချက်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
(၁) သူဟာ ပထမဆုံးသော အာဖရိကလူမျိုး သမ္မတကတော်ဖြစ်တယ်။
(၂) သူဟာ အရပ်အမြင့်ဆုံး သမ္မတကတော်ဖြစ်တယ်။ သူ့အရပ်က ၅ပေ ၁၁လက်မရှိပါတယ်။

၂ဝဝ၈ခုနှစ် ရွေးကောက်ပွဲညမှာ မီရှဲလ်ဟာ နာမည်ကြီးဒီဇိုင်းနာ ချုပ်လုပ်ထားတဲ့ အနီအနက်ဝတ်စုံကိုဝတ်ဆင်ပြီး စင်မြင့်ထက်ကဆင်းတော့ စင်အောက်ကလူတွေကို အံ့သြမှင်တက်စေခဲ့ပါတယ်။ အဲဒီကစ မီရှဲလ်ဟာ “ဘယ်လိုဝတ်စုံကမှ သမ္မတကတော်အတွက် သင့်တော်တဲ့ဝတ်စုံ”ဆိုတဲ့အဓိပ္ပာယ်ကို အသစ်တစ်ဖန်သတ်မှတ်နိုင်ခဲ့ပါတယ်။ သူဟာ တောက်တဲ့၊ လင်းတဲ့အရောင်ကို ပိုနှစ်သက်ပါတယ်။ အဝတ်အစားဒီဇိုင်းမှာတော့ ပုံမှန်ဒီဇိုင်းမရှိဘဲ သူရဲ့ထူးခြားတဲ့အသွင်အပြင်ကို ပိုပေါ်လွှင်အောင် ဝတ်ဆင်ပါတယ်။ တစ်ခါက အိုဘားမားနဲ့အတူ ပွဲတက်တော့ သူဟာ လက်ပြတ်ဂါဝန်ရှည်ကိုဝတ်ဆင်ခဲ့သလို ရိုးရာဆန်တယ်၊ တည်ကြည်လေးနက်တယ်လို့ နာမည်ရတဲ့ အင်္ဂလန်ဘုရင်မနဲ့ တွေ့ဆုံခဲ့စဉ်မှာလည်း ရှေ့ခွဲဆွယ်တာအနက်ကို ဝတ်ဆင်ခဲ့ပါတယ်။

အများနဲ့မတူ တစ်မူထူးတဲ့မီရှဲလ်ရဲ့ ဝတ်စားဆင်ယင်ပုံက အမေရိကန်လူမျိုးတို့ရဲ့ ဖက်ရှင်လေညွှန်တံဖြစ်ခဲ့ပါတယ်။ ၂ဝဝ၉ခုနှစ် အိုဘားမား ကျမ်းသစ္စာကျိန်ဆိုတဲ့အခမ်းအနားမှာ မီရှဲလ်ဟာ အဖြူရောင်ပိုးထည်ဂါဝန်ရှည်ကို ဝတ်ဆင်ခဲ့ပါတယ်။ ညာပခုံးဘက်မှာပဲ အဝတ်စတင်ထားတဲ့ဝတ်စုံနဲ့ မီရှဲလ်ဟာ ပရိသတ်အများကို ညှို့ငင်ဖမ်းစားနိုင်ခဲ့ပါတယ်။ အိုဘားမားက ပရိသတ်အများရဲ့ရှေ့မှာ “ပထမဆုံးအချက်က ကျွန်တော့်ဇနီး ချောလား”လို့ မေးခဲ့ပါတယ်။

၂ဝ၁၂ခုနှစ် စက်တင်ဘာလမှာ မီရှဲလ်ဟာ တစ်နိုင်ငံလုံးဆိုင်ရာ ဒီမိုခရက်တစ် အစည်းအဝေးကိုတက်ရောက်တော့ ပန်းရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ခဲ့ပြီး ကျော့ရှင်းကြံ့ခိုင်တဲ့ လက်မောင်းသားအလှကို ဖော်ခဲ့ပါတယ်။ လက်သည်းကိုတော့ အတွေ့ရနည်းတဲ့ ခဲခရမ်းရောင်ဆိုးထားပါတယ်။ အဲဒီတစ်ညအပြီးမှာ သူ့ပုံစံတူဂါဝန်နဲ့ လက်သည်းဆိုးဆေး ပစ္စည်းပြတ်သွားတယ်လို့ သိရပါတယ်။

“People” မဂ္ဂဇင်းက မီရှဲလ်ကို “မီရှဲလ်ဟာ ရွေးကောက်ပွဲတစ်လျှောက်လုံးမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုတွေ ထုတ်လွှတ်ခဲ့ပါတယ်။ လူအများကို အံ့အားသင့်မှုတွေ ပေးနိုင်ခဲ့ပါတယ်။ သူရဲ့ရည်မွန်ကျော့ရှင်းတဲ့အပြင်အဆင်ကြောင့် ယခင်နာမည်ကြီးသမ္မတကတော်ကို လူတွေ သတိရစေခဲ့တယ်”လို့ ပြောဆိုခဲ့ပါတယ်။ ဒီအပြောဟာ မီရှဲလ်ရဲ့သပ်ရပ်ရည်မွန်တဲ့ပြင်ဆင်မှုက ယခင်သမ္မတကတော် Jacqueline Kennedy နဲ့ခပ်ဆင်တင်တူတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

အစားအစာနဲ့ ပျော်ရွှင်ပွဲတွေမှာလည်း မီရှဲလ်ရဲ့ပင်ကိုစရိုက်က ကွဲပြားခြားနားပါတယ်။ “ဒေသခံ နယ်ခံအစားအစာတွေကို သူအရမ်းစိတ်ဝင်စားတယ်”လို့ သမ္မတမိသားစုရဲ့အစားအစာနဲ့ အာဟာရကို အထူးမှတ်တမ်းတင်တဲ့အဖွဲ့ရဲ့ အွန်လိုင်းစီမံခန့်ခွဲမှူး Cohenက အခုလိုပြောကြားခဲ့ပါတယ်။ “ဒီရာသီမှာ စားသောက်ဆိုင်က ဘာအစားအစာကို အဓိကထားတယ်ဆိုရင် သူကအဲဒီအစားအစာကိုစားတော့တာပဲ” လို့ဆိုခဲ့ပါတယ်။

မီရှဲလ်ဟာ ကျန်းမာရေးလိုက်စားသူလည်းဖြစ်တယ်။ သူရဲ့ကျန်းမာရေးလိုက်စားတဲ့အကျင့်ကို ယနေ့အမေရိကန်အမျိုးသမီးတော်တော်များများက အတုယူနေပြီဖြစ်တယ်။ အပြေးလေ့ကျင့်၊ Yoga လုပ်တာအပြင် သူဟာ သမီးနှစ်ယောက်နဲ့အတူ တင်းနစ်ကစားပါသေးတယ်။ “သူ့ရဲ့ လက်သင့်ရိုက်ချက်(forehand)က အရမ်းကောင်းသလို လက်ပြန်ရိုက်ချက်(backhand)ကလည်း သန်တယ်”လို့ သူတို့ရဲ့နည်းပြဆရာကပြောပါတယ်။ မီရှဲလ်ရဲ့ “ထုဆစ်ထားတယ်လို့ထင်ရတဲ့ လက်ရုံးကြွက်သားနှစ်ခု” ကို အမေရိကန်သတင်းထောက်တွေက “အမေရိကန်ရဲ့အင်အားကိုပြတဲ့ သင်္ကေတ”လို့ တင်စားခဲ့ကြပါတယ်။

သမ္မတကတော်ဖြစ်ပြီးတဲ့နောက် မီရှဲလ်ဟာ အိမ်ဖြူတော်တံခါးကိုဖွင့်ခဲ့ပါတယ်။ ပရိသတ်ပြည်သူတွေနဲ့ ရင်းနှီးနွေးထွေးမှုရယူပြီး ကျန်းမာတဲ့အစားအစာ၊ ကျန်းမာတဲ့ဘဝနေထိုင်မှုတွေကို တိုးချဲ့ပြန့်ကားစေခဲ့ပါတယ်။ အားနွဲ့အုပ်စုနဲ့ ကလေးသူငယ်တွေရဲ့ လုံခြုံဘေးကင်းရေးကို ဂရုစိုက်ခဲ့ပါတယ်။ အိုဘားမားကိုအဖော်ပြုပြီး ကမ္ဘာ့အရပ်ရပ်လှည့်လည်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် သူ့တစ်ယောက်တည်းလည်း လှည့်လည်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် သူ့ကို “နှလုံးလှသံတမန်”၊ “ပရဟိတလေဒီ”အဖြစ် တင်စားခံခဲ့ရပါတယ်။ မီရှဲလ်ဟာ အမေရိကန်သမိုင်းမှာ အချောအလှဆုံး သမ္မတကတော်မဟုတ်ပေမယ့် သူဟာ ဆွဲဆောင်မှုအရှိဆုံးသမ္မတကတော်ဖြစ်တယ်လို့ပြောရင် ငြင်းဆန်မယ့်သူရှိမှာမဟုတ်ကြောင်း နယူးယောက်သတင်းစာက ပြောကြားခဲ့ပါတယ်။ 

Post a Comment

0 Comments