Final Fantasy XIV jobs guide for Beginner (Myanmar)


စာမမြင်လျှင် ဒီကိုနှိပ်ပါ
Final Fantasy 14 မွာ ထူးျခားတာတခုက character တစ္ေယာက္ class တစ္ခု ပံုေသမဟုတ္ပဲ character တစ္ေယာက္တည္းမွာပဲ ကိုယ္လိုခ်င္တဲ့ class ကို အခ်ိန္မေရြးေျပာင္းၿပီး ေဆာ့လို႔ရတာပဲ ျဖစ္ပါတယ္ ။ ဆိုေတာ့ Final Fantasy 14 မွာ class ဘယ္ေလာက္ခု ႐ွိလဲ? ဒီ guide ေလးကေတာ့ class ေတြရဲ ထူးျခားခ်က္ေတြ အသံုးဝင္ပံုေတြကို ႐ွင္းျပေပးသြားမွာ ျဖစ္ပါတယ္ ။
Edited at 9/29/2019 8:04AM
Final Fantasy 14 မွာ combat အပိုင္းႏွင့္ combat မဟုတ္တဲ့ အပိုင္းဆိုၿပီး ၂ ပိုင္း ခြဲျခားထားပါတယ္ ။ Combat အပိုင္းမွာ Disciples of War ႏွင့္ Disciples of Magic ဆိုၿပီး ၂ အုပ္စု ႐ွိပါတယ္ ။ Combat မဟုတ္တဲ့အပိုင္းမွာလည္​း Disciples of Hand ႏွင့္ Disciples of Land ဆိုၿပီး အုပ္​စု ၂ စု ႐ွိပါတယ္ ။

Combat အပိုင္းကို အရင္စလိုက္ၾကရေအာင္

Combat Classes


Combat အပိုင္းမွာ ၂ အုပ္​စု႐ွိတဲ့အထဲ ​Disciples of War မွာ Gladiator, Marauder, Pugilist, Archer, Rogue, Lancer အဓိက အေျခခံ class ၆ မ်ိဳး႐ွိၿပီး Disciple of Magic မွာေတာ့ Conjurer, Thaumaturge, Arcanist ဆိုၿပီး အေျခခံ class ၃ မ်ိဳး႐ွိပါတယ္ ။ Gladiator ႏွင့္ Marauder ကေတာ့ tank အမ်ိဳးအစားျဖစ္ၿပီး Pugilist, Archer, Rogue, Lancer ႏွင့္ Thaumaturge ႏွင္​့ Arcanist ကေတာ့ DPS အမ်ိဳးအစား ျဖစ္ကာ Conjurer ကေတာ့ Healer အမ်ိဳးအစား ျဖစ္ပါတယ္ ။

စ​ေဆာ့တဲ့ class level 10 ​quest လုပ္​ၿပီးတာနဲ႔ Level 10 Adventurer's Guild quest ၿပီးရင္​​ေတာ့ တျခား class ​ေတ​ြ ယူလို႔ရပါၿပီ ။ Class quest ​ေတြက icon ​ေ​ဘးနားမွာ plus ​ေလးပါလို႔ အလြယ္​တကူ ​ေတြ႔​ႏိုင္​ပါတယ္​ ။

ဒီ class ​​ေတြဟာ level 30 ေရာက္တဲ့အခါ အထူးျပဳ class "Job" အျဖစ္ေျပာင္းလဲသြားပါတယ္​ ။ Job အျဖစ္​​ေျပာင္​းဖို႔က soul crystal ​ေတြ ထည္​့​ေပးရပါတယ္​ ။ သက္ဆိုင္ရာ class quest ​ေတြက soul crystal ​ေတြကို ​ေပးမွာပါ ။ သက္​ဆိုင္​ရာ soul crystal ထည္​့လိုက္​တဲ့အခါမွာ

  • Gladiator > Paladin
  • Marauder > War
  • Pugilist > Monk
  • Archer > Bard
  • Rogue > Ninja
  • Lancer > Dragoon
  • Conjurer > White Mage
  • Thaumaturge > Black Mage
အျဖစ္ေျပာင္းသြားသလို spell အသစ္​​ေတြ skill အသစ္​​ေတြ ပြင္​့သြားပါ​တယ္​ ။


Job အျဖစ္မေျပာင္းပဲ Class အျဖစ္ ဆက္ထားၿပီး ကစားေနလို႔လည္း ရပါတယ္ ။ Exp ေတြရ level ေတြ ဆက္တက္ေနေပမယ့္ ေနာက္ထပ္ skill အသစ္ေတြ spell အသစ္ေတြ ထပ္ရဖို႔ မ႐ွိေတာ့ပါဘူး ။ ဘာျဖစ္လို႔လဲဆိုေတာ့ Class ရဲ႕ ဂိတ္ဆံုးဟာ Level 30 ပဲ ျဖစ္ေနလို႔ပါပဲ ။


အေျခခံ class ေတြထဲမွာ Arcanist က​ေတာ့ ထူးျခားပါတယ္​ ။ သူဟာ level 30 ေရာက္တာနဲ႔ job ၂ ခု တၿပိဳင္တည္းပြင့္သြားပါတယ္ ။ အဲ့ဒီ job ၂ ခုကေတာ့ healer အမ်ိဳးအစား ျဖစ္တဲ့ Scholar ျဖစ္ၿပီး dps အမ်ိဳးအစား ျဖစ္တဲ့ Summoner တို႔ပဲ ျဖစ္ပါတယ္ ။ ေနာက္ၿပီး ထူးျခားတာတစ္ခုက job ၂ ခုလံုးဟာ exp တၿပိဳင္တည္း ရ​ေနၾကတဲ့အတြက္​ ဘယ္​ job ပဲ ယူေဆာ့ပါေစ အဲ့ဒီ job ၂ ခုရဲ႕ level ဟာ တူ​ေနမွာ ျဖစ္ပါတယ္​ ။ ​Summoner ကိုပဲ​ေဆာ့ေနလို႔ level 60 ​ေရာက္​​ေနရင္​ Scholar လည္​း ယူမ​ေဆာ့ရပါပဲနဲ႔ level 60 ​ေရာက္​​ေနတာကို ​ေတြ႔ရမွာ ျဖစ္​ပါတယ္​ ။

Expansion ျဖစ္တဲ့ Heavensward မွာေတာ့ tank အမ်ိဳးအစားျဖစ္တဲ့ Dark Knight ၊ healer အမ်ိဳးအစားျဖစ္တဲ့ Astrologist ႏွင့္ DPS အမ်ိဳးအစား ျဖစ္တဲ့ Machinist ဆိုတဲ့ job အသစ္ ၃ ခု ပါလာပါတယ္ ။ ဒီ job အသစ္ ၃ ခုလံုးဟာ level 30 က စပါတယ္ ။ Stromblood ​expansion ​ေရာက္​ရင္​​ေတာ့ DPS အမ်ိဳးအစား​ေတြျဖစ္​တဲ့ Samurai ႏွင့္ Red Mage ဆိုၿပီး ၂ ခု အျပင္​ job ​ေတြနဲ႔ ​ေဘာင္​မဝင္​တဲ့ သီးသန္​႔ class တစ္​ခုျဖစ္​တဲ့ Bluemage ဆိုတာနဲ႔ဆို စုစု​ေပါင္​း ၃ ခု တိုးလာပါတယ္​ ။ Samurai ႏွင့္ Red Mage တို႔ဟာ စလာတာနဲ႔ level 50 က လာတာ ျဖစ္ၿပီး Bluemage တစ္ခုပဲ level 1 က စတာ ျဖစ္ပါတယ္ ။ အခု​ေနာက္​ထြက္​တဲ့ ShadowBringer expansion က်​ေတာ့ tank အမ်ိဳးအစားျဖစ္​တဲ့ Gunbreaker ႏွင္​့ DPS အမ်ိဳးအစား​ျဖစ္​တဲ့ Dancer ဆိုတဲ့ job အသစ္​ ၂ ခု ထပ္​တိုးလာၿပီး သူတို႔က်ေတာ့ စလာတာနဲ႔ level 60 စပါတယ္ ။

ဆိုေတာ့ level 30 က စတဲ့ job ေတြက Heavensward expansion က Darkknight (tank) ၊ Astrologist (healer) ႏွင့္ Machinist (physical range dps) တို႔ျဖစ္ၿပီး level 50 က စတဲ့ job ေတြဟာ Stromblood expansion က Red Mage (Magic range dps) ႏွင့္ Samurai (melee dps) တို႔ျဖစ္ကာ level 60 က စတဲ့ job ေတြကေတာ့ ShadowBringer expansion က Gunbreaker (tank) ႏွင့္ Dancer (physical range dps) တိုု႔ပဲ ျဖစ္ပါတယ္ ။

Expansion ​ေတြမွာပါတဲ့ job ေတြကေတာ့ အေျခခံ class ေတြ (Bluemage တစ္​ခုကလြဲလို႔) မရွိၾကေတာ့ ဒီအတိုင္း ယူ ေဆာ့႐ုံပါပဲ ။ ဒါေပမယ့္ Story အပိုင္းမွာ သတ္မွတ္ထားတဲ့ေနရာ ၿပီးေနမွ ရမွာ ျဖစ္ပါတယ္ ။ Heavensward မွာ ရမယ့္ job ေတြ ယူခ်င္ရင္ A Realm Reborn story ၿပီးေနမွ ရမွာ ျဖစ္ပါတယ္ ။ ဒါ​ေပမယ္​့ ထူးျခားတာ​တစ္​ခုက​ေတာ့ က်န္​ expansion ၂ ခုျဖစ္​တဲ့ Stromblood expansion က job ေတြကို လိုခ်င္ရင္ A Realm Reborn ဇာတ္​လမ္​း ၿပီး​ေနရင္​ ယူလို႔​ရ​ေနမွာ ျဖစ္​သလို ShadowBringer expansion က job ​ေတြ ​ေဆာ့ခ်င္​ရင္​ Heavensward ဇာတ္​လမ္​းၿပီးကတည္​းက ယူ​ေဆာ့လို႔ ရ​ေနတာ ​ေတြ႔ရမွာ ျဖစ္​ပါတယ္​ ။

ဒီေနရာမွာ တခုေတာ့႐ွိပါတယ္ ။ story အပိုင္းကို မေဆာ့ရပါပဲနဲ႔ ခ်က္ခ်င္းၿပီးေအာင္ လုပ္လို႔ရတဲ့ နည္း႐ွိပါတယ္ ။ အဲ့ဒါက in game ထဲ အသံုးျပဳလို႔ရတဲ့ tale of adventure book ေလးေတြပါ ။ ဒီ book ေတြကို လိုခ်င္ရင္ေတာ့ Mog Station မွာ တကယ့္ပိုက္ဆံ (dollar) နဲ႔ ဝယ္ရပါလိမ့္မယ္ ။

Tales of Adventure: A Realm Reborn, Heavensward, Stromblood

ေနာက္ၿပီး job ေတြကို level 70 ကို တန္းေရာက္ေစတဲ့ item ေတြလည္း ေရာင္းပါေသးတယ္ ။ Tales of Adventure: One Hero's Journey လုိ႔ေခၚပါတယ္ ။ Mog Station မွာ ဝယ္ယူရ႐ွိႏိုင္ပါတယ္ ။

Tales of Adventure: One Hero's Journey


ShadowBringer expansion ထြက္​ၿပီးၿပီဆို​ေတာ့

  အခုေလာေလာဆယ္မွာ

  • tank job 4 ခု
  • healer job 3 ခု
  • dps job 11 ခု (အနီးခ် dps 4 ခု + အေဝးပစ္ dps 3 ခု + Magic သံုး အေဝးပစ္ dps 4 ခု)

စုစုေပါင္း 18 ခု ႐ွိ​ေနပါၿပီ ။


Icon ေလးေတြအေၾကာင္း ေျပာရရင္ ပံုမွာ ​ေတြ႔ရသလိုပါပဲ ။ Class အျဖစ္​႐ွိ​ေနရင္​ icon ​ေတြက ပံုတစ္​မ်ိဳး ​ေတြ႔ရပါမယ္​ ။ Job အျဖစ္​​ေျပာင္​းသြားတဲ့အခါမွာ​ေတာ့ ​ေအာက္​ပံုကလို ျဖစ္​သြားမွာပါ ။


ပံုထဲကလိုမ်ိဳး ဘယ္​မွာ ၾကည္​့လို႔ရႏိုင္​မလဲ ဆိုရင္​​ေတာ့ lodestone ထဲမွာ ကိုယ္​့ character profile မွာ ၾကည္​့ႏိုင္​ပါတယ္​ ။ က်​ေနာ္​့ character ကို နမူနာ ျပထားပါမယ္​ ။
https://na.finalfantasyxiv.com/lodestone/character/14528988/

ၿပီး​ေတာ့ job အမ်ိဳးအစ​ား​ေတြရဲ႕ အဓိကတာဝန္​​ေတြကို ေျပာရလ်ွင္

Tank ဆိုတဲ့အတိုင္း defense ျမင့္တဲ့အတြက္ လာသမ်ွ damage ေတြကို အကုန္ ဒိုင္ခံရမွာမို႔ ကိုယ့္အဖြဲ႔ေ႐ွ႕ကေန ဦးေဆာင္တိုက္ရမွာ ျဖစ္ၿပီး အဓိကက ႐ွိသမ်ွ ရန္သူေတြရဲ႕ attention ကို ကုိယ့္ဆီမွာပဲ ႐ွိေနေအာင္ လုပ္ရမွာ ျဖစ္ပါတယ္ ။ Healer ရဲ႕ အဓိက အလုပ္ကေတာ့ ကုိယ့္အဖြဲ႔သားေတြ ေသသြားလ်ွင္ ျပန္ေခၚတင္ရတဲ့ အလုပ္ ၊ အသက္မေသေအာင္ ေသြးျပန္ျပည့္ေအာင္ ျဖည့္ေပးရတဲ့ အလုပ္ ျဖစ္ပါတယ္ ။ DPS ကေတာ့ တတ္ႏိုင္သမ်ွ damage အျမင့္ဆံုးႏွင့္ ရန္သူကို ျမန္ႏိုင္သမ်ွျမန္ျမန္ေသေအာင္ ခ်ရမွာ ျဖစ္ပါတယ္ ။

Job ေတြအေၾကာင္း တစ္ခုခ်င္းစီကို က်ေနာ့္အျမင္​ ျပရလ်ွင္​

 

WAR

WAR

War (base class "Marauder") ဟာ aggressive ျဖစ္ၿပီး သူ႔ skill, power ေတြဟာ အေတာ္ေလးၾကမ္းပါတယ္ ။ ဒါေပမယ့္ aggro (ရန္သူရဲ႕ attention) ရဖို႔ လက္​​ေပါက္​နဲနဲကပ္​လို႔ skill သံုးတတ္ဖို႔ နည္းလမ္းလိုပါတယ္ ။ ကြၽမ္းက်င္ဖို႔ လိုပါတယ္ ။

https://na.finalfantasyxiv.com/jobguide/warrior/

 

Paladin

Paladin

Paladin (base class "Gladiator") ကေတာ့ tank job ၃ ခု ထဲမွာ user friendly အျဖစ္ဆံုး အလြယ္ဆံုးေသာ job တစ္ခု ျဖစ္ပါတယ္ ။ defense power ျမင့္ၿပီး သူ႔ skill ေတြက defensive skill ေတြမ်ားသလို aggro လည္း ရဖို႔ လြယ္ပါတယ္ ။ ဒါေပမယ့္ damage ကေတာ့ က်န္ tank job ၂ ခု ထက္ နည္းပါတယ္ ။ သူ႔မွာ႐ွိတဲ့ ထူးျခားခ်က္​က​ေတာ့ ကုိယ္​တိုင္​ heal ႏိုင္​တဲ့ skill ပါတာပါပဲ ။ beginner ေတြ စကိုင္သင့္တဲ့ tank job တစ္ခုပါပဲ ။

https://na.finalfantasyxiv.com/jobguide/paladin/

 

Dark Knight

Dark Knight


Dark Knight ဟာ magic နဲ႔ ေရာထားတဲ့ tank အမ်ိဳးအစား တစ္ခုပါ ။ damage power အလယ္အလတ္တန္းစား ျဖစ္ၿပီး သူ႔ရဲ႕ defence ဟာ mp အေပၚ မူတည္ေနတဲ့အတြက္ skill ေတြ ကြၽမ္းက်င္ပိုင္ႏိုင္ဖို႔ လိုၿပီး အဓိကကေတာ့ ဟန္​ခ်က္​ညီ​ေအာင္​ ထိန္းတတ္ဖို႔ လိုပါတယ္ ။ စိတ္႐ွိအတိုင္း သံုးမရ၊ ငဲ့ညႇာရတာေတြ မ်ားတဲ့ job တစ္ခုပါပဲ ။ Dark Knight ကေတာ့ Heavensward expansion မွာမွ ရ႐ွိႏိုင္​မယ္​့ tank job တစ္​ခု ျဖစ္​ပါတယ္​ ။ Darkknight job ဟာ level 30 က စပါတယ္ ။

https://na.finalfantasyxiv.com/jobguide/darkknight/

 

White Mage

White Mage


White Mage (Conjurer) ကလည္​းပဲ healer job ထဲမွာ Paladin လိုမ်ိဳး user friendly အျဖစ္​ဆံုး အလြယ္​ဆံုး job တစ္​ခု ျဖစ္​ပါတယ္​ ။ spell ​ေတြက healing power ႀကီးတာမုိ႔ heal ရလြယ္​ကူသလို dps power လည္​းမ်ားပါတယ္​ ။

https://na.finalfantasyxiv.com/jobguide/whitemage/

 

Astrologist

Astrologist


Astrologist ဟာ Heavensward expansion မွာမွ ရ႐ွိႏိုင္​တဲ့ job တစ္ခုျဖစ္ၿပီး healing power အ​ေတာ္​အသင္​့ ႐ွိပါတယ္​ ။ ထူးျခားတာက shield ေရာ heal ပါ ႐ွိတဲ့အျပင္ card ​ေတြသံုးၿပီး ကိုယ္​့အဖြဲ႔ဝင္​​ေတြရဲ႕ damage, attack speed, critical rate ​ေတြ ျမႇင့္တင္ေပး​ႏိုင္​တဲ့ healer job တစ္​ခု ျဖစ္​ေနတာပါပဲ ။ dps power က​်​ေတာ့ က်န္​ job ၂ ခုထက္​ နိမ္​့ပါတယ္​ ။ Astrologist ရဲ႕ အဓိက​​ ​ေကာင္​းကြက္​ႀကီးဟာ ဒီ card ​ေတြကစားတတ္​ႏႈန္​းအ​ေပၚ မူတည္​​ေနတာ​ေၾကာင္​့ heal ရင္​း card ​ေတြ စီမံခန္​ ့ခြဲတတ္​ေအာင္ ​ေလ့က်င္​့မႈ၊ card ​ေတြအ​ေၾကာင္​း ရင္​းႏွီးကြၽမ္​းဝင္​ထားဖို႔ အမ်ားႀကီးလိုပါတယ္​ ။ Astrologist job ဟာ level 30 က စပါတယ္ ။

https://na.finalfantasyxiv.com/jobguide/astrologian/

 

Scholar

Scholar


Scholar (Arcanist) ဟာ healer job ၃ ခုထဲ healing power အနိမ့္ဆံုးျဖစ္​​ေပမယ္​့ အ​ေရး​ေပၚအ​ေျခအ​ေနမွာမွ သံုးရတဲ့ instant spell ​ေတြ ႐ွိေနတာက သူ႔ရဲ႕ အားသာခ်က္ပဲ ျဖစ္ပါတယ္ ။ ေနာက္ၿပီး Scholar မွာ healing အတြက္ ကိုယ့္ေနာက္လိုက္ၿပီး ကူ heal ေပးမယ့္ summon ၂ မ်ိဳး Eos ႏွင့္ Selene ႐ွိပါတယ္ ။ တျခား healer job ၂ ခု ထက္စာရင္ Scholar ဟာ DoT (damage over time) spell ​ေတြ မ်ားၿပီး dps power အလယ္​အလတ္​အဆင္​့မွာ ႐ွိတဲ့ job တစ္​ခု ျဖစ္​ပါတယ္​ ။ Scholar ရဲ႕ အဓိက​ေကာင္​းကြက္​ဟာ shield မွာ ႐ွိတဲ့အတြက္​ သူ႔ရဲ႕ healing စနစ္​ဟာ shield ဦးစားေပးစနစ္နဲ႔ heal သြားရတာ ျဖစ္​ပါတယ္​ ။ Astrologist မွာလည္​း shield ႐ွိ​ေပမယ္​့ Scholar shield ​ေလာက္​ အျမင္​့ဆံုး မ​ေရာက္​ပါဘူး ။ Scholar မွာ ​တြဲသံုးရမယ္​့ spell ​ေတြမ်ားတာမို႔ spell အ​ေၾကာင္​း ​ေနာ​ေၾက​ေနရမွာျဖစ္​သလို ကူ heal ေပးမယ့္ summon နဲ႔အတူ အ​ေျခအ​ေနအခ်ိန္​အခါလိုက္​ တြက္​ဆသံုးတတ္​ဖို႔ လိုတဲ့အတြက္​ ​ေလ့က်င္​့သား ျပည္​့ဝ​ေနဖို႔ အရမ္​းလိုပါတယ္​ ။

https://na.finalfantasyxiv.com/jobguide/astrologian/

 

Monk  

Monk 


Monk (pugilist) က dps class ထဲ အခ် အျမန္​ဆံုး အနီးခ် dps job တစ္​ခုပါ ။ dps အျမင္​့ဆံုးထြက္​ဖို႔ အ​ေတာ္​ခဲယဥ္​းလို႔ ကြၽမ္​းက်င္​အဆင္​့ျဖစ္​မွ ရတတ္ၾကပါတယ္ ။ Raptor, Coeurl ႏွင္​့ Opo-opo ဆိုတဲ့ form ၃ မ်ိဳးကို သက္ဆိုင္ရာ combo အလိုက္​ skill ​ေတြ ​ေျပာင္​းလဲ သံုး​ေပးရပါတယ္​ ။ combo skill အလိုက္​ ကိုယ္​့ character ရဲ႕ position ​လိုက္​​ေ႐ႊ႕​ေပးၿပီး ခ်မွ dps ျမင္​့ျမင္​့ထြက္​တာ ျဖစ္​ပါတယ္​ ။ Raptor, Coeurl ႏွင္​့ Opo-opo form ၃ မ်ိးမွာ မတူညီတဲ့ buff ​ေတြ ability ​ေတြ ႐ွိ​ေနတဲ့အတြက္​ ဘယ္​ form က ဘယ္​အ​ေျခအ​ေနမွာဆိုရင္​ သင္​့​ေတာ္​မလဲ ဘာ combo ​အတြဲလိုက္​နဲ႔ ခ်ရင္​ damage ပိုထြက္​မလဲဆိုတာ တြက္​ခ်က္​တတ္​ဖို႔အတြက္​ ဒီ form ၃ မ်ိဳးနဲ႔ သက္​ဆိုင္​တ​ဲ့ combo ​ေတြ အလြတ္​ရထားဖို႔က အလြန္​အ​ေရးႀကီးပါတယ္​ ။

https://na.finalfantasyxiv.com/jobguide/monk/

 

Dragoon

Dragoon


Dragoon (Lancer) ဟာ dps ျမင့္တဲ့ class ေတြထဲ တစ္ခုျဖစ္ၿပီး dps အျမင္​့ဆံုးရဖို႔ အဓိက အခ်က္​က combo မွန္​ကန္​​ေအာင္​ သံုးတတ္​ဖို႔ပါပဲ ။ Dragoon လည္​းပဲ damage အထြက္​ၾကမ္​းပါတယ္​ ။ သူ႔ရဲ႕ skill ေတြမွာ ရန္​သူရဲ႕ pierce resistance ကို ​ေလ်ာ့က်​ေအာင္​လုပ္​တာ ပါၿပီး combo damage အျမင္​့ဆံုးနဲ႔ ​ေပါင္​းလိုက္​တဲ့အခါ dragoon ရဲ႕ dps power က အ​ေတာ္ေလးႀကီးသြားပါတယ္ ။ dragoon ကေတာ့ combo ပံုစံလည္းနည္း၊ skill ေတြလည္း သံုးရလြယ္ၿပီး dps ျမင့္ျမင့္ထြက္တဲ့ အနီးခ် dps job တစ္ခုပဲ ျဖစ္ပါတယ္ ။

https://na.finalfantasyxiv.com/jobguide/dragoon/

 

Ninja

Ninja


Ninja (Rogue) လည္းပဲ dps အထြက္ၾကမ္းပါတယ္ ။ Ninja ရဲ႕ အျမင့္ဆံုး dps ဟာ Ninjitsu လုိ႔​ေခၚတဲ့ ten, chi, jin ဆိုတဲ့ skill သံုးမ်ိဳး အျပန္အလွန္ ေပါင္းစပ္အသံုးခ်တတ္မႈအေပၚ မူတည္ေနပါတယ္ ။ skill မွန္​ combo မွန္​ဖို႔အတြက္​ ကြၽမ္​းက်င္​မႈလိုတာမုိ႔ နဲနဲခက္တဲ့အစားထဲ ပါပါတယ္ ။ Ninja ရဲ႕ အဓိကအခ်က္​ကေ​တာ့ အဲ့ဒီ skill ၃ မ်ိဳး​ကို လက္​ျမန္​ျမန္​နဲ႔ မွန္​မွန္​ကန္​ကန္​ ႏွိပ္​တတ္​ဖို႔လိုတာပဲ ျဖစ္​ပါတယ္​ ။

https://na.finalfantasyxiv.com/jobguide/ninja/

 

Samurai

Samurai


Samurai ကေတာ့ Stromblood expansion မွာမွ ရႏိုင္မယ့္ အနီးခ် dps job တစ္ခု ျဖစ္ပါတယ္ ။ သူလည္း Monk, Ninja တို႔လို အတ​ြဲလိုက္​ တြဲသံုးရတဲ့ skill ေတြ combo ပံုစံေတြ မ်ားပါတယ္ ။ combo ပံုစံ၊ skill ေတြကို မွတ္မိေနဖို႔ႏွင္​့ အေျခအေနအလိုက္ ခ်င့္ခ်ိန္ အသံုးခ်ဖို႔ လိုအပ္ပါတယ္ ။ Samurai job ဟာ level 50 က စပါတယ္ ။

https://na.finalfantasyxiv.com/jobguide/samurai/

 

Bard

Bard


Bard (Archer) ဟာ အ​ေဝးပစ္​ dps ထဲမွာ အနိမ္​့ဆံုးျဖစ္​​ေပမယ္​့ သူ႔ရဲ႕ skill ​အမ်ားစုဟာ ကိုယ့္ အဖြဲ႔သား​ေတြအ​ေပၚ အက်ိဳးသက္​​ေရာက္​မႈ ႐ွိေစတဲ့ job တစ္​ခု ျဖစ္​ပါတယ္​ ။ skill ေတြဟာ ႐ိုး႐ွင္းၿပီး သံုးရလြယ္ၿပီး သူ႔ရဲ႕ အဓိက ထူးျခားခ်က္ကေတာ့ တိုက္ပြဲတိုက္ေနစဥ္ သံုးရတဲ့ Song ၃ မ်ိဳးပဲ ျဖစ္ပါတယ္ ။ Bard ရဲ႕ damage ဟာ အမ်ားႀကီး သိသိသာသာ မထြက္ေပမယ့္ တစ္တိတိနဲ႔ ျဖည္းျဖည္းခ်င္း အက်ိဳးသက္ေရာက္မႈ႐ွိေစတာ ျဖစ္ပါတယ္ ။ တစ္ေယာက္ခ်င္းခ်တဲ့အခါ အားနည္းတာမွန္ေပမယ့္ အဖြဲ႔လိုက္ဆိုရင္ေတာ့ ကိုယ့္အဖြဲ႔ထဲ Bard တစ္ေယာက္႐ွိေနျခင္း မ႐ွိေနျခင္းဟာ တခါတေလမွာ ပြဲတစ္ပြဲလံုးရဲ႕ အဆံုးအျဖတ္ေပးတတ္ပါတယ္ ။

https://na.finalfantasyxiv.com/jobguide/bard/

 

Machinist

Machinist


Machinist ကေတာ့ Heavensward expansion မွာမွ ရႏိုင္မယ့္ အေဝးပစ္ dps job တစ္ခု ျဖစ္ပါတယ္ ။ physical range dps job ၂ ခု ထဲ Machinist က Bard ထက္ damage အထြက္မ်ားတယ္လို႔ ေယဘုယ်အားျဖင့္ သတ္မွတ္လို႔ ရပါတယ္ ။ Machinist ရဲ႕ အဓိကအခ်က္ဟာ Gauss Barrel fire arm အေျခအေနကို ကိုယ္လိုသလို ထိန္းညႇိၿပီး wildfire နဲ႔ တြဲသံုးတတ္​ဖို႔ပဲ ျဖစ္ပါတယ္ ။ အျမင့္ဆံုး dps ဟာ wildfire အခ်ိန္​အကန္​႔အသတ္​အတြင္​းမွာႏွင္​့ fire arm ဂိတ္ဆံုးမွာ ႐ွိေနၿပီး ေရာက္ၿပီးတာနဲ႔ မိနစ္ပိုင္းအတြင္း dps ထိုးက်သြားတာမို႔ Machinist ရဲ႕ dps ဟာ အတက္အက် ျမန္တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္ ။ Machinist ရဲ႕ skill ေတြကေတာ့ Bard ထက္စာရင္ နဲနဲ႐ႈပ္ပါတယ္ ။  Machinist job ဟာ level 30 က စပါတယ္ ။

https://na.finalfantasyxiv.com/jobguide/machinist/

 

Black Mage

Black Mage


Black Mage (Thaumaturge) ဟာ magic range dps job တစ္ခုျဖစ္ပါတယ္ ။ Black Mage မွာ damage အျမင့္ဆံုးျဖစ္တဲ့ Fire ႏွင့္ MP ျပန္ျပည့္ျမန္တဲ့ Blizzard ဒီ element ၂ မ်ိဳးကိုပဲ အျပန္ျပန္ အလွန္လွန္ လွည့္သံုးေပးသြားရတာ ျဖစ္ပါတယ္ ။ Magic နဲ႔ ခ်ရတဲ့ class ျဖစ္တာမို႔ casting time ႐ွိတဲ့အတြက္ တစ္ေနရာတည္း တည္ျမဲေနေအာင္ ေနၿပီး ခ်ရမွာမုိ႔ ေနရာေရႊ႔မရတဲ့ ဒုကၡေလးေတာ့ ႐ွိပါလိမ့္မယ္ ။ ဒါေပမယ့္ Magic dps ေတြထဲမွာေတာ့ Black Mage က damage အမ်ားဆံုးထြက္တယ္လို႔ ဆိုရမွာပါ ။ damage အျမင့္ဆံုးထြက္ဖို႔ဆိုရင္ေတာ့ spell ေတြ tick time ေတြ လစ္ဟမႈမ႐ွိ အခ်ိန္ကိုက္ သံုးတတ္ဖို႔ေတာ့ လိုပါမယ္ ။

https://na.finalfantasyxiv.com/jobguide/blackmage/

 

Summoner

Summoner


Summoner (Arcanist) က်ေတာ့ summon (pet) အေကာင္ေလးေတြနဲ႔ တြဲၿပီး ခ်ရတာ ျဖစ္ပါတယ္ ။ အေကာင္ ၃ မ်ိဳး႐ွိေပမယ့္ တစ္ေကာင္ပဲ ေခၚခြင့္႐ွိပါတယ္ ။ ဒီ အေကာင္ေလးေတြမွာ spell ေတြ skill ေတြ ability ေတြ ႐ွိေနတဲ့အတြက္ တျခား magic dps job ေတြနဲ႔စာရင္ Summoner က သံုးစရာ spell ေတာ္ေတာ္မ်ားပါတယ္ ။ ဒါေပမယ့္ က်န္ job ၂ ခုထက္ DoT spell ေတြ မ်ားလို႔ Auto damage ထြက္တာမ်ားတဲ့ job တစ္ခုလို႔ ဆိုရမွာပါ ။ damage အထြက္ က summon (pet) နဲ႔ ခြဲယူထားတဲ့အတြက္ summon မ႐ွိရင္ damage အထြက္နည္းတယ္လို႔ ဆိုႏိုင္ပါတယ္ ။ ၿပီးေတာ့ သူ႔ spell အသံုးျပဳပံုေတြက နဲနဲ႐ႈပ္ပါတယ္ ။ ဒါေပမယ့္ Summoner က အေၾကာင္းသိသြားရင္ အေတာ္ေဆာ့ေကာင္းၿပီး damage အထြက္မ်ားတဲ့ job တစ္ခုပါ ။ ဒါအျပင္​ dps job ​ေတြထဲ raise spell ႐ွိတဲ့ ​အ​ေစာဆံုး​ေသာ dps job တစ္​ခုျဖစ္​ၿပီး healer က member ကို resurrection လုပ္​ဖို႔ MP မလံု​ေလာက္​တဲ့အခါမ်ိဳး ဒါမွမဟုတ္​ Healer ​ေသသြားတာမ်ိဳး အ​ေျခအ​ေနမ်ိဳး​ေတြအတြက္​ Healer ​ေတြရဲ႕ အားကိုးအားထားျခင္​းခံရတဲ့ dps job တစ္​ခုပဲ ျဖစ္​ပါတယ္​ ။

https://na.finalfantasyxiv.com/jobguide/summoner/

 

Red Mage

Red Mage


Red Mage ဟာ Stromblood expansion မွာမွ ရႏိုင္မယ့္ magic dps job တစ္ခု ျဖစ္ပါတယ္ ။ သူ႔ရဲ႕ ထူးျခားခ်က္ကေတာ့ spell တစ္ခု cast ၿပီးတိုင္း ရလာတတ္တဲ့ instant cast ေပးတဲ့ buff ပဲ ျဖစ္ပါတယ္ ။ ဒီ buff ေၾကာင့္ပဲ Red Mage ဟာ Magic dps job ေတြထဲ casting time အျမန္ဆံုး႐ွိတဲ့ job တစ္ခုျဖစ္ေစတာ ျဖစ္ပါတယ္ ။ ေနာက္ၿပီး DoT spell ေတြမ႐ွိေသာ အနီးကပ္ခ်ရတာပါေသာ (melee attack ႐ွိ) တစ္ခုတည္းေသာ job လည္း ျဖစ္ပါေသးတယ္ ။ dps ျမင့္ျမင့္ထြက္ဖို႔ ဆိုရင္ေတာ့ tick time အခ်ိန္ကိုက္ သံုးတတ္ဖို႔ရယ္၊ melee attack ရယ္၊ white magic black magic balance လိုသလို ထိန္းခ်ဳပ္ႏိုင္ဖို႔ေတာ့ လိုအပ္ပါမယ္ ။ ​ၿပီး​ေတာ့ Healer job မွာသာ ႐ွိတတ္​တဲ့ raise spell ပါ​ေနတာကလည္​း တခါတ​ေလမွာ healer က member ကို resurrection လုပ္​ဖို႔ MP မလံု​ေလာက္​တဲ့အခါ ဒါမွမဟုတ္​ Healer ​ေသသြားတာမ်ိဳး အ​ေျခအ​ေနနဲ႔ၾကံဳရတဲ့အခါမ်ိဳးဆို အရမ္​းအ​ေရးပါလာတာမို႔ Healer ​ေတြကို စိတ္​သက္​သာရာရ​ေစတဲ့ job တစ္​ခုလို႔ ဆိုရင္​လည္​း မမွားပါဘူး ။ RedMage job ကေတာ့ Stromblood expansion မွာမွ ရႏိုင္မယ့္ magic dps job ျဖစ္ၿပီး level 50 က စပါတယ္ ။

https://na.finalfantasyxiv.com/jobguide/redmage/

Dancer 

Dancer

Dancer က​ေတာ့ သူ႔​ရဲ႕ ထူးျခားခ်က္​က buff ကို အျမဲတင္​​ေပးရတာ ျဖစ္​ပါတယ္​ ။ buff ကို တင္​ဖို႔ အကြက္​​ေတြနင္​းၿပီး က ရတယ္​​ေပါ့ ။ အကြက္​​ေတြ နင္​းရတာက နဲနဲ​ေလးၾကာတယ္​ ။ ၿပီး​ေတာ့ max dps ထြက္​ဖို႔ skill proc ​ေတြအ​ေပၚ မူတည္​​ေနၿပီး အဲ့ဒီ skill proc ​ေတြက က်ပန္​း​ေပၚတတ္​တာကလည္​း သူ႔ရဲ႕ အားနည္​းခ်က္​တစ္​ခုပါပဲ ။ ဒါ​ေပမယ္​့ skill ​ေတြက သူ႔ တိုင္​မင္​အလိုက္​ လိုက္​သံုး​ေပးရတာဆို​ေတာ့ ​ေဆာ့ရတာ သိပ္​မခက္​လွသလို ​ေဆာ့​ေပ်ာ္​တဲ့ job တစ္​ခုပါ ။ Dancer ကို Heavensward ဇာတ္​လမ္​းၿပီးရင္ကို​ ယူ​ေဆာ့လို႔ရ​ေနပါၿပီ ။ ကုိယ္​​ေဆာ့​ေနတဲ့ job ထဲ တစ္​ခု​ေလာက္​ Level 60 ​​ေရာက္​​ေနရမွာျဖစ္​ၿပီး Shadowbringer expansion ဝယ္​ထားတယ္​ဆိုရင္​​ေတာ့ ယူ​ေဆာ့လို႔ရ​ေနပါၿပီ ။ Dancer job ဟာ level 60 က စပါတယ္ ။

https://na.finalfantasyxiv.com/jobguide/dancer/

Gunbreaker


Gunbreaker

​ေနာက္​ဆံုးထြက္​ ShadowBringer expansion မွာ ပါလာတဲ့ Tank အသစ္​ Gunbreaker ပါ ။ Gunbreaker ကတော့ အခုေနာက္ထြက္ patch အရ tank ၃ မ်ိဳးထဲမွာ damage အထြက္အမ်ားဆံုး tank job တစ္ခုျဖစ္ေနပါတယ္ ။ သူ႔ combo ထဲ ကိုယ့္ကိုယ္ကို heal ႏိုင္တဲ့ combo ပါတာရယ္ ၊ damage potency မ်ားတဲ့ skill ေတြရွိေနတာရယ္က tank job ၃ ခုထဲမွာ damage အထြက္ ျမင့္ေစတဲ့ dps tank ျဖစ္ေစတာ ျဖစ္ပါတယ္ ။ ဒါေပမယ့္ Gunbreaker မွာ glamour နဲ႔ ပတ္သက္လို႔ item သိပ္မရွိေတာ့ character ဖက္ရွင္ေတြ ဖန္တီးၿပီး ေဆာ့တတ္သမားေတြက သိပ္မႀကိဳက္ခ်င္ၾကပါဘူး ။သူလည္​း ကုိယ္​​ေဆာ့​ေနတဲ့ job ထဲ တစ္​ခု​ေလာက္​ Level 60 ​​ေရာက္​​ေနရမွာျဖစ္​ၿပီး Shadowbringer expansion ဝယ္​ထားတယ္​ဆိုရင္​​ေတာ့ ယူ​ေဆာ့လို႔ရ​ေနပါၿပီ ။ Gunbreaker job ဟာ level 60 က စပါတယ္ ။

https://na.finalfantasyxiv.com/jobguide/gunbreaker/

BlueMage


BlueMage

Bluemage က​ေတာ့ job အားလံုးထဲမွာ အထူးျခားဆံုးနဲ႔ တျခား​ေသာ job အမ်ိဳးအစား​ေတြနဲ႔မတူ လံုးဝကြဲထြက္​​ေနတဲ့ job တစ္​ခု ျဖစ္​ပါတယ္​ ။ တျခား job ​ေတြနဲ႔ မတူ​ေစတဲ့အခ်က္​က Bluemage ဟာ ရန္​သူ႔ဆီက spell ​ေတြ action ​ေတြကို အတုယူ ​ေကာ္​ပီယူႏိုင္​တာပဲ ျဖစ္​ပါတယ္​ ။ Bluemage မွာ ကိုယ္​ပိုင္​ spell ဆိုလို႔ ၂ ခုပဲ ႐ွိပါတယ္​ ။ ႐ိုး႐ိုး enemy ဆီက​ေရာ dungeon, trial မွာ႐ွိတတ္​တဲ့ boss ​ေတြဆီကပါ သူတို႔ရဲ႕ skill ၊ action ၊ spell ​ေတြ learn သင္​ယူႏိုင္​ၿပီး ကိုယ္​ျပန္​သံုးႏိုင္​ပါတယ္​ ။

Bluemage ကို high end raid ​ေတြမွာ သံုးခြင္​့မ​ေပးထားပါဘူး ။ Dungeon ​ေတြ Trial ​ေတြ ဝင္​ que လို႔မရပါဘူး ။ ဒီလို ကန္​႔သတ္​ထားတာမုိ႔ Bluemage ကို level တင္​ခ်င္​ရင္​ map ​ေပၚ​ေလ်ွာက္​သြားၿပီး ကုိယ္​့ level နဲ႔ ညီတဲ့ အ​ေကာင္​​ေတြ လိုက္​သတ္​ယူရတဲ့ နည္​းပဲ ႐ွိပါတယ္​ ။ ​ေဆာ့ရင္​ ​သတိထားၾကည္​့ၾကည္​့ပါ ။ Dungeon ​ေတြ Trial ​ေတြ Raid ​ေတြမွာ Bluemage မပါတာကို ​ေတြ႔ရပါလိမ္​့မယ္​ ။ ဒါ​ေၾကာင္​့ Bluemage ​ေတြအ​ေနနဲ႔ Dungeon ၊ Trial ​ေတြဝင္​ခ်င္​ရင္​ Party Finder က​ေနတဆင္​့ party ကိုယ္​့ဘာသာကိုယ္​ ဖြဲ႔ယူၿပီး ဝင္​တာပဲျဖစ္​ျဖစ္​ ၊ ကုိယ္​့အဖြဲ႔ ကိုယ္​စုၿပီး ဝင္​တာပဲျဖစ္​ျဖစ္​ လုပ္​လို႔ပဲ ရတာ ျဖစ္​ပါတယ္​ ။

ဒါ​ေပမယ္​့ Bluemage ဟာ ​ေပ်ာ္​စရာ​ေကာင္​းပါတယ္​ ။ ဘယ္​ enemy က ဘာ skill ​ေတြ ပုိင္​ဆိုင္​ထားလဲဆိုတာ သိ​ေနရၿပီး အဲ့ဒါ​ေတြဆီက action ​ေတြ ရ​ေအာင္​လုပ္​ရတာကိုက ​ေတာ္​​ေတာ္​​ေပ်ာ္​ဖို႔​ေကာင္​းပါတယ္​ ။ ကိုယ္​ခ်​ေနက် enemy ​ေတြသံုး​ေနတဲ့ အကြက္​​ေတြ ဘယ္​လို​ေနလဲဆိုတာ သိရတာ ပိုစိတ္​ဝင္​စားဖို႔​ေကာင္​းပါတယ္​ ။

ဒါကေတာ့ combat အပိုင္းပါ ။ က်ေနာ့္ကို အလြယ္​ဆံုး class ​ေတြကို အၾကံျပဳခိုင္​းရင္​​ေတာ့ Tank မွာဆို Paladin ၊ Healer မွာဆို White Mage ၊ DPS မွာဆို Bard, Dragoon ယူ​ေဆာ့ဖို႔ အၾကံျပဳပါတယ္​ ။

Combat မဟုတ္​တဲ့အပိုင္​း ဆက္​သြားၾကရ​ေအာင္​


Non Combat Classes

Combat အပိုင္းမဟုတ္တဲ့အပိုင္းမွာေတာ့ ပစၥည္းေတြ ဖန္တီးရတဲ့ crafter အမ်ိဳးအစားျဖစ္တဲ့ Disciples of Hand ႏွင့္ အရင္းအျမစ္ေတြ လုိက္႐ွာတူးေဖာ္ စုေဆာင္းရတဲ့ gatherer အမ်ိဳးအစားျဖစ္တဲ့ Disciples of Land ဆိုၿပီး ၂ မ်ိဳး ႐ွိပါတယ္ ။

Disciples of Hand မွာ

  • Armorer
  • Blacksmith
  • Carpenter
  • Weaver
  • Leatherworker
  • Goldsmith
  • Culinary
  • Alchemist

ဆိုၿပီး ၈ ခု ႐ွိပါတယ္ ။

Disciples of Land မွာေတာ့

  • Miner
  • Botanist
  • Fisher ဆိုၿပီး ၃ ခု ႐ွိပါတယ္ ။

သူတုိ႔ကေတာ့ စ လာကတည္းက job အေနနဲ႔လာတာျဖစ္ၿပီး အေျခခံ class မ႐ွိၾကပါဘူး ။ Armorer, Blacksmith, Carpenter, Weaver, Leatherworker, Goldsmith, Alchemist ေတြဟာ item ေတြကို craft (ဖန္တီးႏိုင္), repair ႏွင့္ materia melding ေတြ လုပ္ႏိုင္ၾကပါတယ္ ။

  • Armorers ဟာ metal armor ​ေတြ ဥပမာ plate mail တုိ႔လို​ေတြ ဖန္​တီးႏိုင္​ ျပဳျပင္​ႏိုင္​ၾကပါတယ္​ ။
  • Blacksmiths ဟာ metal weapons ဥပမာ axes ​တုိ႔လို လက္​နက္​​ေတြ ဖန္​တီးႏိုင္​ ျပဳျပင္​ႏိုင္​ၾကပါတယ္​ ။
  • Carpenters က​ေတာ့ သစ္​သားနဲ႔လုပ္​ထားတဲ့ လက္​နက္​ပစၥည္​း​ေတြ ဥပမာ Bows, Lances, shoes အခ်ိဳ႕ ဖန္​တီးႏိုင္​ ျပဳျပင္​ႏိုင္​ၾကပါတယ္​ ။
  • Weavers က​ေတာ့ အဝတ္​နဲ႔ပတ္​သက္​တဲ့ ပစၥည္​း ဥပမာ ဦးထုပ္​၊ အက​်ႌတို႔လို ပစၥည္​း​ေတြ ဖန္​တီးႏိုင္​ ျပဳျပင္​ႏိုင္​ၾကပါတယ္​ ။
  • Leatherworkers ဟာ သား​ေရနဲ႔ပတ္​သက္​တဲ့ ပစၥည္​း​ေတြ ဥပမာ hide gloves တုိ႔လို​ေတြကို ဖန္​တီးႏိုင္​ ျပဳျပင္​ႏိုင္​ၾကပါတယ္​ ။
  • Goldsmiths က​ေတာ့ လက္​စြပ္​ ဆြဲႀကိဳး နားကပ္​တို႔လို အသံုး​အ​ေဆာင္​ပစၥည္​း​ေတြ ဖန္​တီးႏိုင္​ ျပဳျပင္​ႏိုင္​ၾကပါတယ္​ ။ 
  • Alchemists ဟာ Arcanist grimoires ​ေတြ ဖန္​တီးႏိုင္​သလို ျပဳျပင္​ႏိုင္​ၿပီး potions ​ေတြ ethers ​ေတြလည္​း ဖန္​တီးႏိုင္​ပါတယ္​ ။
  • Crafter ​ေတြ ပစၥည္​းဖန္​တီးတဲ့​ေနရာမွာ မပါမျဖစ္​ Crystals ကို​ေတာ့ Elementals ​အ​ေကာင္​​ေတြ သတ္​ရာက​ေန ရႏိုင္​သလို gatherer class အသံုးျပဳၿပီး အရင္​းအျမစ္​တူး​ေဖာ္​ရာက​ေနလည္​း ရႏိုင္​ပါတယ္​ ။

Disciples of Hand class ေတြထဲ Culinary ကေတာ့ သူ႔တစ္ခုတည္း သီးသန္႔ခြဲထြက္ေနပါတယ္ ။ repair ေတြ materia melding ေတြ မ႐ွိေတာ့ပဲ food ေတြ create လုပ္ႏိုင္တာ ျဖစ္ပါတယ္ ။ Final Fantasy XIV မွာ food ေတြကေတာ့ အမ်ိဳးအစား အမ်ားႀကီး႐ွိၿပီး စားလိုက္ရင္ မိနစ္ ၃၀ ၾကာခ်ိန္နဲ႔ temporary status bonus (buff) ေလးေတြ ေပးပါတယ္ ။ food တခုနဲ႔ တခု ေပးတဲ့ temporary bonus ေတြ မတူညီၾကေပမယ့္ food တိုင္းမွာ တူညီတဲ့အခ်က္ကေတာ့ 3% exp bonus ေပးတာပဲ ျဖစ္ပါတယ္ ။ Food ေတြကေတာ့ level နိမ့္ကအစ အျမင့္ဆံုးအထိ အသံုးဝင္ပါတယ္ ။


Armor ေတြ လက္နက္ေတြ accessories ေတြဟာ တခုခုက တုိက္ခုိက္တာ ခံရတဲ့အခါ တျဖည္းျဖည္း ပ်က္စီးလာပါတယ္ ။ ဒီလုိ ပ်က္စီးတာကို ရာခိုင္ႏႈန္းအလိုက္ ျပပါတယ္ ။ item ေတြကို ေထာက္ၾကည့္ရင္ ေတြ႔ႏိုင္ပါတယ္ ။ 0% ေရာက္တာနဲ႔ ပစၥည္းက ပ်က္စီးသြားၿပီး သံုးလို႔ မရေတာ့ပါဘူး ။ ဒီအခါ repair လုပ္ဖို႔ လိုအပ္ၿပီေပါ့ ။ ေနရာတိုင္းလိုလိုမွာ အခေၾကးေငြယူၿပီး repair လုပ္ေပးတဲ့ npc ေတြ ႐ွိၾကပါတယ္ ။ ဒါေပမယ့္ ကိုယ္တိုက္ပြဲထဲ ေရာက္ေနတဲ့အခါ ျပင္ဖို႔ npc မ႐ွိတဲ့ ေနရာ ေရာက္ေနတဲ့အခါ ဘယ္လို လုပ္မလဲ? ဒီလုိအခါမ်ိဳးဆို Disciple of Hand class level ျမင့္႐ွိတဲ့သူျဖစ္ရင္ေတာ့ ဒီေနရာမွာတင္ ခ်က္ခ်င္း ျပင္လို႔ရပါတယ္ ။

Repair အေၾကာင္း ေျပာျပရရင္ေတာ့ repair လုပ္ႏိုင္စြမ္းဟာ ဒီ Disciples of Hand class ေတြရဲ႕ level အေပၚမူတည္ၿပီး ကြာသြားပါတယ္ ။ ဥပမာ level 70 ဝတ္လို႔ရတဲ့ armor item ဆိုလ်ွင္ ျပင္မယ့္ item ရဲ႕ သက္ဆိုင္ရာ class ျဖစ္တဲ့ armorer class level 60 ႐ွိေနမွ ျပင္လို႔ရတာ ျဖစ္ပါတယ္ ။ ထို႔အတူ level 70 accessories ေတြျပင္မယ္ဆုိရင္ Goldsmith class level 60 ရွိေနမွ ျပင္လို႔ရမွာ ျဖစ္ပါတယ္ ။

Materia melding ကလည္း သူ႔ကို လုပ္ႏိုင္ဖို႔ဆိုရင္ class level တူမွ ရမွာ ျဖစ္ပါတယ္ ။ ဥပမာျပရရင္ level 10 ဝတ္လို႔ရတဲ့ item ဆိုလ်ွင္ သက္ဆိုင္ရာ Disciple of Hand class level က 10 ႐ွိေနမွ meld လုိ႔ရမွာ ျဖစ္ပါတယ္ ။ Materia Melding skill က်ေတာ့ high end raids ေတြေဆာ့အခါက်မွ ကုိယ္ကိုင္မယ့္ class အလိုက္ လိုအပ္တဲ့ materia ေတြကို armor ထဲ meld ထည့္တတ္တာေၾကာင့္ materia melding skill ကို level နိမ့္ေတြမွာ အသံုးနည္းၾကပါတယ္ ။

Crafter class ေတြ Gatherer class ေတြက Non combat class ေတြဆိုေတာ့ တိုက္ခိုက္စရာ မလိုပါဘူး ။ တိုက္ခိုက္စရာမလိုဘူးဆိုေတာ့ ဘာနဲ႔ level တက္ေအာင္ လုပ္မွာလဲ? ဒီအတိုင္း crafter ဆိုရင္ item ေတြ craft ၊ Gatherer ဆိုရင္ အရင္းအျမစ္ေတြ လိုက္တူးယူၿပီး market board ေပၚ တင္ၿပီး ေရာင္းစားလို႔ရပါတယ္ ။ ဒါေပမယ့္ ဒီအတိုင္း item ေတြ လိုက္ craft ၊ အရင္းအျမစ္ေတြ လိုက္႐ွာ ရတာကေန ရလာတဲ့ Exp က မျဖစ္စေလာက္ေလးဆိုေတာ့ သိပ္မဟန္ဘူး ။ Level တက္ျမန္ေအာင္ ဘယ္လိုလုပ္ရမလဲ? Level တက္ျမန္ေအာင္ လုပ္လို႔ရတဲ့ နည္းလမ္းေတြ ႐ွိပါတယ္ ။ ၿမိဳ႕ေတြမွာ Leve ဆိုတဲ့ quest ေတြ႐ွိပါတယ္ ။ ဒီ leve မွာ Crafter class ေတြ Gatherer class ေတြအတြက္ exp ေပးတဲ့ leve quest ေတြ ႐ွိပါတယ္ ။ ဒါေတြကေန တက္ေအာင္ လုပ္လို႔ရပါတယ္ ။ leve quest ေတြဟာ အဖန္ဖန္တလဲလဲ ျပန္လုပ္လို႔ရၿပီး quest ေတြ ႀကိဳက္သေလာက္ယူလို႔ ရေပမယ့္ ယူခြင့္က တေန႔မွာ ၇ ႀကိမ္ သတ္မွတ္ထားပါတယ္ ။ ေနာက္တစ္နည္းက တခ်ိဳ႕ Beast Tribe quest ေတြကေနလည္း ဒီ class ေတြအတြက္ exp ေတြ ရႏိုင္ပါတယ္ ။ Beast Tribe quest ကလည္း leve quest လို သတ္မွတ္ခ်က္႐ွိပါတယ္ ။ ဒီ quest ေတြက ေပးတဲ့ reward ေတြ exp ေတြဟာ ေတာ္ေတာ္မ်ားပါတယ္ ။ level အတက္ျမန္ပါတယ္​ ။

Gatherer class ၃ ခုထဲမွာ Fisher က Culinary မွာ အဓိက အသံုးျပဳၾကတဲ့ ငါး​ေတြ ဖမ္​းရတာျဖစ္​ၿပီး Miner ႏွင္​့ Botany ဟာ crafter class ​ေတြအတြက္​ လိုအပ္​တဲ့ တြင္​းထြက္​ပစၥည္​း​ေတြ သစ္​ပင္​သစ္​ျမစ္​​ေတြ ​ေထာက္​ပံ့​ေပးပါတယ္​ ။ Gatherer class ​ေတြဟာ crafter class ​ေတြထက္​စာရင္​ level တင္​ရတာ စိတ္​ခ်မ္​းသာပါတယ္​ ။ ဘာျဖစ္​လို႔လဲဆို​ေတာ့ crafter class ​ေတြက item တစ္​ခု craft ဖို႔ လိုအပ္​တဲ့ ပစၥည္​း​ေတြ လိုက္​စု​ေဆာင္​းရတာက ​ေတာ္​​ေတာ္​​ေခါင္​းစားလို႔ပါပဲ ။

ဒါ​ေတြက​ေတာ့ Final Fantasy 14 မွာ ႐ွိတဲ့ job ​ေတြရဲ႕ အ​ေၾကာင္​း ႐ွင္​းျပထားတဲ့ပို႔စ္​ပဲ ျဖစ္​ပါတယ္​ ။ ​ေဆာ့ရာမွာ အ​ေထာက္​ကူျဖစ္​လိမ္​့မယ္​လို႔ ယံုၾကည္​ပါတယ္​ ။


ပံုေတြ စပြန္ဆာေပးပါေသာ Friend မ်ားျဖစ္ၾကတဲ့ Wilhelm Cagliostro (Tonberry World), Azure Silverlight (Tonberry World), Milo Daisuke (Tonberry World) တို႔ကို အထူးေက်းဇူးတင္ပါတယ္ ။

ဖတ္​​ေပးတဲ့အတြက္​ ​ေက်းဇူးတင္​ပါတယ္​ ။

Useful Links


Final Fantasy XIV ဂိမ္းက ဘယ္လိုလဲ? ကစားမယ္ဆို ဘာေတြ သိထားသင့္လဲ? ဘယ္လို ဝယ္ရတာလဲ?

Final Fantasy 14 မွာ Security Token က ဘာလဲ

Final Fantasy 14 - NPCs that selling DoH/DoL, DoW/DoM gear, tools, weapons and accessories

Final Fantasy ဂိမ္းဝယ္ၿပီး ကစားသူေတြ ဂိမ္းထဲမေရာက္မီ ပထမဦးဆံုး ေတြ႔ၾကံဳရမယ့္ အေျခအေန

Final Fantasy 14 မွာ Stone Sky Sea က ဘာလဲ?


Unicode


Final Fantasy 14 မှာ ထူးခြားတာတခုက character တစ်ယောက် class တစ်ခု ပုံသေမဟုတ်ပဲ character တစ်ယောက်တည်းမှာပဲ ကိုယ်လိုချင်တဲ့ class ကို အချိန်မရွေးပြောင်းပြီး ဆော့လို့ရတာပဲ ဖြစ်ပါတယ် ။ ဆိုတော့ Final Fantasy 14 မှာ class ဘယ်လောက်ခု ရှိလဲ? ဒီ guide လေးကတော့ class တွေရဲ ထူးခြားချက်တွေ အသုံးဝင်ပုံတွေကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ် ။
Edited at 9/29/2019 8:04AM
Final Fantasy 14 မှာ combat အပိုင်းနှင့် combat မဟုတ်တဲ့ အပိုင်းဆိုပြီး ၂ ပိုင်း ခွဲခြားထားပါတယ် ။ Combat အပိုင်းမှာ Disciples of War နှင့် Disciples of Magic ဆိုပြီး ၂ အုပ်စု ရှိပါတယ် ။ Combat မဟုတ်တဲ့အပိုင်းမှာလည်​း Disciples of Hand နှင့် Disciples of Land ဆိုပြီး အုပ်​စု ၂ စု ရှိပါတယ် ။

Combat အပိုင်းကို အရင်စလိုက်ကြရအောင်

Combat Classes


Combat အပိုင်းမှာ ၂ အုပ်စုရှိတဲ့အထဲ Disciples of War မှာ Gladiator, Marauder, Pugilist, Archer, Rogue, Lancer အဓိက အခြေခံ class ၆ မျိုးရှိပြီး Disciple of Magic မှာတော့ Conjurer, Thaumaturge, Arcanist ဆိုပြီး အခြေခံ class ၃ မျိုးရှိပါတယ် ။ Gladiator နှင့် Marauder ကတော့ tank အမျိုးအစားဖြစ်ပြီး Pugilist, Archer, Rogue, Lancer နှင့် Thaumaturge နှင့် Arcanist ကတော့ DPS အမျိုးအစား ဖြစ်ကာ Conjurer ကတော့ Healer အမျိုးအစား ဖြစ်ပါတယ် ။

စဆော့တဲ့ class level 10 quest လုပ်ပြီးတာနဲ့ Level 10 Adventurer's Guild quest ပြီးရင်တော့ တခြား class တွေ ယူလို့ရပါပြီ ။ Class quest တွေက icon ဘေးနားမှာ plus လေးပါလို့ အလွယ်တကူ တွေ့နိုင်ပါတယ် ။

ဒီ class တွေဟာ level 30 ရောက်တဲ့အခါ အထူးပြု class "Job" အဖြစ်ပြောင်းလဲသွားပါတယ် ။ Job အဖြစ်ပြောင်းဖို့က soul crystal တွေ ထည့်ပေးရပါတယ် ။ သက်ဆိုင်ရာ class quest တွေက soul crystal တွေကို ပေးမှာပါ ။ သက်ဆိုင်ရာ soul crystal ထည့်လိုက်တဲ့အခါမှာ
  • Gladiator > Paladin
  • Marauder > War
  • Pugilist > Monk
  • Archer > Bard
  • Rogue > Ninja
  • Lancer > Dragoon
  • Conjurer > White Mage
  • Thaumaturge > Black Mage
အဖြစ်ပြောင်းသွားသလို spell အသစ်​​တွေ skill အသစ်​​တွေ ပွင်​့သွားပါ​တယ်​ ။



Job အဖြစ်မပြောင်းပဲ Class အဖြစ် ဆက်ထားပြီး ကစားနေလို့လည်း ရပါတယ် ။ Exp တွေရ level တွေ ဆက်တက်နေပေမယ့် နောက်ထပ် skill အသစ်တွေ spell အသစ်တွေ ထပ်ရဖို့ မရှိတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ Class ရဲ့ ဂိတ်ဆုံးဟာ Level 30 ပဲ ဖြစ်နေလို့ပါပဲ။


အခြေခံ class တွေထဲမှာ Arcanist က​တော့ ထူးခြားပါတယ်​ ။ သူဟာ level 30 ရောက်တာနဲ့ job ၂ ခု တပြိုင်တည်းပွင့်သွားပါတယ် ။ အဲ့ဒီ job ၂ ခုကတော့ healer အမျိုးအစား ဖြစ်တဲ့ Scholar ဖြစ်ပြီး dps အမျိုးအစား ဖြစ်တဲ့ Summoner တို့ပဲ ဖြစ်ပါတယ် ။ နောက်ပြီး ထူးခြားတာတစ်ခုက job ၂ ခုလုံးဟာ exp တပြိုင်တည်း ရ​နေကြတဲ့အတွက်​ ဘယ်​ job ပဲ ယူဆော့ပါစေ အဲ့ဒီ job ၂ ခုရဲ့ level ဟာ တူ​နေမှာ ဖြစ်ပါတယ်​ ။ ​Summoner ကိုပဲ​ဆော့နေလို့ level 60 ​ရောက်​​နေရင်​ Scholar လည်​း ယူမ​ဆော့ရပါပဲနဲ့ level 60 ​ရောက်​​နေတာကို ​တွေ့ရမှာ ဖြစ်​ပါတယ်​ ။

Expansion ဖြစ်တဲ့ Heavensward မှာတော့ tank အမျိုးအစားဖြစ်တဲ့ Dark Knight ၊ healer အမျိုးအစားဖြစ်တဲ့ Astrologist နှင့် DPS အမျိုးအစား ဖြစ်တဲ့ Machinist ဆိုတဲ့ job အသစ် ၃ ခု ပါလာပါတယ် ။ ဒီ job အသစ် ၃ ခုလုံးဟာ level 30 က စပါတယ် ။ Stromblood expansion ရောက်ရင်တော့ DPS အမျိုးအစားတွေဖြစ်တဲ့ Samurai နှင့် Red Mage ဆိုပြီး ၂ ခု အပြင် job တွေနဲ့ ဘောင်မဝင်တဲ့ သီးသန့် class တစ်ခုဖြစ်တဲ့ Bluemage ဆိုတာနဲ့ဆို စုစုပေါင်း ၃ ခု တိုးလာပါတယ် ။ Samurai နှင့် Red Mage တို့ဟာ စလာတာနဲ့ level 50 က လာတာ ဖြစ်ပြီး Bluemage တစ်ခုပဲ level 1 က စတာ ဖြစ်ပါတယ် ။ အခုနောက်ထွက်တဲ့ ShadowBringer expansion ကျတော့ tank အမျိုးအစားဖြစ်တဲ့ Gunbreaker နှင့် DPS အမျိုးအစားဖြစ်တဲ့ Dancer ဆိုတဲ့ job အသစ် ၂ ခု ထပ်တိုးလာပြီး သူတို့ကျတော့ စလာတာနဲ့ level 60 စပါတယ် ။

ဆိုတော့ level 30 က စတဲ့ job တွေက Heavensward expansion က Darkknight (tank) ၊ Astrologist (healer) နှင့် Machinist (physical range dps) တို့ဖြစ်ပြီး level 50 က စတဲ့ job တွေဟာ Stromblood expansion က Red Mage (Magic range dps) နှင့် Samurai (melee dps) တို့ဖြစ်ကာ level 60 က စတဲ့ job တွေကတော့ ShadowBringer expansion က Gunbreaker (tank) နှင့် Dancer (physical range dps) တို့ပဲ ဖြစ်ပါတယ် ။

Expansion တွေမှာပါတဲ့ job တွေကတော့ အခြေခံ class တွေ (Bluemage တစ်ခုကလွဲလို့) မရှိကြတော့ ဒီအတိုင်း ယူ ဆော့ရုံပါပဲ ။ ဒါပေမယ့် Story အပိုင်းမှာ သတ်မှတ်ထားတဲ့နေရာ ပြီးနေမှ ရမှာ ဖြစ်ပါတယ် ။ Heavensward မှာ ရမယ့် job တွေ ယူချင်ရင် A Realm Reborn story ပြီးနေမှ ရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ထူးခြားတာတစ်ခုကတော့ ကျန် expansion ၂ ခုဖြစ်တဲ့ Stromblood expansion က job တွေကို လိုချင်ရင် A Realm Reborn ဇာတ်လမ်း ပြီးနေရင် ယူလို့ရနေမှာ ဖြစ်သလို ShadowBringer expansion က job တွေ ဆော့ချင်ရင် Heavensward ဇာတ်လမ်းပြီးကတည်းက ယူဆော့လို့ ရနေတာ တွေ့ရမှာ ဖြစ်ပါတယ် ။

ဒီနေရာမှာ တခုတော့ရှိပါတယ် ။ story အပိုင်းကို မဆော့ရပါပဲနဲ့ ချက်ချင်းပြီးအောင် လုပ်လို့ရတဲ့ နည်းရှိပါတယ် ။ အဲ့ဒါက in game ထဲ အသုံးပြုလို့ရတဲ့ tale of adventure book လေးတွေပါ ။ ဒီ book တွေကို လိုချင်ရင်တော့ Mog Station မှာ တကယ့်ပိုက်ဆံ (dollar) နဲ့ ဝယ်ရပါလိမ့်မယ်။

Tales of Adventure: A Realm Reborn, Heavensward, Stromblood

နောက်ပြီး job တွေကို level 70 ကို တန်းရောက်စေတဲ့ item တွေလည်း ရောင်းပါသေးတယ် ။ Tales of Adventure: One Hero's Journey လို့ခေါ်ပါတယ် ။ Mog Station မှာ ဝယ်ယူရရှိနိုင်ပါတယ် ။

Tales of Adventure: One Hero's Journey 


Shadowbringer expansion ထွက်​ပြီးပြီဆို​တော့ အခုလောလောဆယ်မှာ

  • tank job 4 ခု
  • healer job 3 ခု
  • dps job 11 ခု (အနီးချ dps 4 ခု + အဝေးပစ် dps 3 ခု + Magic သုံး အဝေးပစ် dps 4 ခု)

စုစုပေါင်း 18 ခု ရှိ​နေပါပြီ ။


Icon လေးတွေအကြောင်း ပြောရရင် ပုံမှာ တွေ့ရသလိုပါပဲ ။ Class အဖြစ်ရှိနေရင် icon တွေက ပုံတစ်မျိုး တွေ့ရပါမယ် ။ Job အဖြစ်ပြောင်းသွားတဲ့အခါမှာတော့ အောက်ပုံကလို ဖြစ်သွားမှာပါ ။


ပုံထဲကလိုမျိုး ဘယ်မှာ ကြည့်လို့ရနိုင်မလဲ ဆိုရင်တော့ lodestone ထဲမှာ ကိုယ့် character profile မှာ ကြည့်နိုင်ပါတယ် ။ ကျနော့် character ကို နမူနာ ပြထားပါမယ် ။
https://na.finalfantasyxiv.com/lodestone/character/14528988/

ပြီးတော့ job အမျိုးအစားတွေရဲ့ အဓိကတာဝန်တွေကို ပြောရလျှင်

Tank ဆိုတဲ့အတိုင်း defense မြင့်တဲ့အတွက် လာသမျှ damage တွေကို အကုန် ဒိုင်ခံရမှာမို့ ကိုယ့်အဖွဲ့ရှေ့ကနေ ဦးဆောင်တိုက်ရမှာ ဖြစ်ပြီး အဓိကက ရှိသမျှ ရန်သူတွေရဲ့ attention ကို ကိုယ့်ဆီမှာပဲ ရှိနေအောင် လုပ်ရမှာ ဖြစ်ပါတယ် ။ Healer ရဲ့ အဓိက အလုပ်ကတော့ ကိုယ့်အဖွဲ့သားတွေ သေသွားလျှင် ပြန်ခေါ်တင်ရတဲ့ အလုပ် ၊ အသက်မသေအောင် သွေးပြန်ပြည့်အောင် ဖြည့်ပေးရတဲ့ အလုပ် ဖြစ်ပါတယ် ။ DPS ကတော့ တတ်နိုင်သမျှ damage အမြင့်ဆုံးနှင့် ရန်သူကို မြန်နိုင်သမျှမြန်မြန်သေအောင် ချရမှာ ဖြစ်ပါတယ် ။

Job တွေအကြောင်း တစ်ခုချင်းစီကို ကျနော့်အမြင်​ ပြရလျှင်​

 

WAR

WAR


War (base class "Marauder") ဟာ aggressive ဖြစ်ပြီး သူ့ skill, power တွေဟာ အတော်လေးကြမ်းပါတယ် ။ ဒါပေမယ့် aggro (ရန်သူရဲ့ attention) ရဖို့ လက်ပေါက်နဲနဲကပ်လို့ skill သုံးတတ်ဖို့ နည်းလမ်းလိုပါတယ် ။ ကျွမ်းကျင်ဖို့ လိုပါတယ် ။

https://na.finalfantasyxiv.com/jobguide/warrior/

 

Paladin

Paladin


Paladin (base class "Gladiator") ကတော့ tank job ၃ ခု ထဲမှာ user friendly အဖြစ်ဆုံး အလွယ်ဆုံးသော job တစ်ခု ဖြစ်ပါတယ် ။ defense power မြင့်ပြီး သူ့ skill တွေက defensive skill တွေများသလို aggro လည်း ရဖို့ လွယ်ပါတယ် ။ ဒါပေမယ့် damage ကတော့ ကျန် tank job ၂ ခု ထက် နည်းပါတယ် ။ သူ့မှာရှိတဲ့ ထူးခြားချက်ကတော့ ကိုယ်တိုင် heal နိုင်တဲ့ skill ပါတာပါပဲ ။ beginner တွေ စကိုင်သင့်တဲ့ tank job တစ်ခုပါပဲ ။

https://na.finalfantasyxiv.com/jobguide/paladin/

 

Dark Knight

Dark Knight


Dark Knight ဟာ magic နဲ့ ရောထားတဲ့ tank အမျိုးအစား တစ်ခုပါ ။ damage power အလယ်အလတ်တန်းစား ဖြစ်ပြီး သူ့ရဲ့ defence ဟာ mp အပေါ် မူတည်နေတဲ့အတွက် skill တွေ ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုပြီး အဓိကကတော့ ဟန်ချက်ညီအောင် ထိန်းတတ်ဖို့ လိုပါတယ် ။ စိတ်ရှိအတိုင်း သုံးမရ၊ ငဲ့ညှာရတာတွေ များတဲ့ job တစ်ခုပါပဲ ။ Dark Knight ကတော့ Heavensward expansion မှာမှ ရရှိနိုင်မယ့် tank job တစ်ခု ဖြစ်ပါတယ် ။ Darkknight job ဟာ level 30 က စပါတယ် ။

https://na.finalfantasyxiv.com/jobguide/darkknight/

Gunbreaker


Gunbreaker

နောက်ဆုံးထွက် ShadowBringer expansion မှာ ပါလာတဲ့ Tank အသစ် Gunbreaker ပါ ။ Gunbreaker ကတော့ အခုနောက်ထွက် patch အရ tank ၃ မျိုးထဲမှာ damage အထွက်အများဆုံး tank job တစ်ခုဖြစ်နေပါတယ် ။ သူ့ combo ထဲ ကိုယ့်ကိုယ်ကို heal နိုင်တဲ့ combo ပါတာရယ် ၊ damage potency များတဲ့ skill တွေရှိနေတာရယ်က tank job ၃ ခုထဲမှာ damage အထွက် မြင့်စေတဲ့ dps tank ဖြစ်စေတာ ဖြစ်ပါတယ် ။ ဒါပေမယ့် Gunbreaker မှာ glamour နဲ့ ပတ်သက်လို့ item သိပ်မရှိတော့ character ဖက်ရှင်တွေ ဖန်တီးပြီး ဆော့တတ်သမားတွေက သိပ်မကြိုက်ချင်ကြပါဘူး ။သူလည်း ကိုယ်ဆော့နေတဲ့ job ထဲ တစ်ခုလောက် Level 60 ရောက်နေရမှာဖြစ်ပြီး Shadowbringer expansion ဝယ်ထားတယ်ဆိုရင်တော့ ယူဆော့လို့ရနေပါပြီ ။ Gunbreaker job ဟာ level 60 က စပါတယ် ။

https://na.finalfantasyxiv.com/jobguide/gunbreaker/
 

White Mage

White Mage


White Mage (Conjurer) ကလည်းပဲ healer job ထဲမှာ Paladin လိုမျိုး user friendly အဖြစ်ဆုံး အလွယ်ဆုံး job တစ်ခု ဖြစ်ပါတယ် ။ spell တွေက healing power ကြီးတာမို့ heal ရလွယ်ကူသလို dps power လည်းများပါတယ် ။

https://na.finalfantasyxiv.com/jobguide/whitemage/

 

Astrologist

Astrologist


Astrologist ဟာ Heavensward expansion မှာမှ ရရှိနိုင်တဲ့ job တစ်ခုဖြစ်ပြီး healing power အတော်အသင့် ရှိပါတယ် ။ ထူးခြားတာက shield ရော heal ပါ ရှိတဲ့အပြင် card တွေသုံးပြီး ကိုယ့်အဖွဲ့ဝင်တွေရဲ့ damage, attack speed, critical rate တွေ မြှင့်တင်ပေးနိုင်တဲ့ healer job တစ်ခု ဖြစ်နေတာပါပဲ ။ dps power ကျတော့ ကျန် job ၂ ခုထက် နိမ့်ပါတယ် ။ Astrologist ရဲ့ အဓိက ကောင်းကွက်ကြီးဟာ ဒီ card တွေကစားတတ်နှုန်းအပေါ် မူတည်နေတာကြောင့် heal ရင်း card တွေ စီမံခန့်ခွဲတတ်အောင် လေ့ကျင့်မှု၊ card တွေအကြောင်း ရင်းနှီးကျွမ်းဝင်ထားဖို့ အများကြီးလိုပါတယ် ။ Astrologist job ဟာ level 30 က စပါတယ် ။


https://na.finalfantasyxiv.com/jobguide/astrologian/

 

Scholar

Scholar


Scholar (Arcanist) ဟာ healer job ၃ ခုထဲ healing power အနိမ့်ဆုံးဖြစ်ပေမယ့် အရေးပေါ်အခြေအနေမှာမှ သုံးရတဲ့ instant spell တွေ ရှိနေတာက သူ့ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ် ။ နောက်ပြီး Scholar မှာ healing အတွက် ကိုယ့်နောက်လိုက်ပြီး ကူ heal ပေးမယ့် summon ၂ မျိုး Eos နှင့် Selene ရှိပါတယ် ။ တခြား healer job ၂ ခု ထက်စာရင် Scholar ဟာ DoT (damage over time) spell တွေ များပြီး dps power အလယ်အလတ်အဆင့်မှာ ရှိတဲ့ job တစ်ခု ဖြစ်ပါတယ် ။ Scholar ရဲ့ အဓိကကောင်းကွက်ဟာ shield မှာ ရှိတဲ့အတွက် သူ့ရဲ့ healing စနစ်ဟာ shield ဦးစားပေးစနစ်နဲ့ heal သွားရတာ ဖြစ်ပါတယ် ။ Astrologist မှာလည်း shield ရှိပေမယ့် Scholar shield လောက် အမြင့်ဆုံး မရောက်ပါဘူး ။ Scholar မှာ တွဲသုံးရမယ့် spell တွေများတာမို့ spell အကြောင်း နောကြေနေရမှာဖြစ်သလို ကူ heal ပေးမယ့် summon နဲ့အတူ အခြေအနေအချိန်အခါလိုက် တွက်ဆသုံးတတ်ဖို့ လိုတဲ့အတွက် လေ့ကျင့်သား ပြည့်ဝနေဖို့ အရမ်းလိုပါတယ် ။

https://na.finalfantasyxiv.com/jobguide/astrologian/

 

Monk 

Monk


Monk (pugilist) က dps class ထဲ အချ အမြန်ဆုံး အနီးချ dps job တစ်ခုပါ ။ dps အမြင့်ဆုံးထွက်ဖို့ အတော်ခဲယဉ်းလို့ ကျွမ်းကျင်အဆင့်ဖြစ်မှ ရတတ်ကြပါတယ် ။ Raptor, Coeurl နှင့် Opo-opo ဆိုတဲ့ form ၃ မျိုးကို သက်ဆိုင်ရာ combo အလိုက် skill တွေ ပြောင်းလဲ သုံးပေးရပါတယ် ။ combo skill အလိုက် ကိုယ့် character ရဲ့ position လိုက်ရွှေ့ပေးပြီး ချမှ dps မြင့်မြင့်ထွက်တာ ဖြစ်ပါတယ် ။ Raptor, Coeurl နှင့် Opo-opo form ၃ မျိးမှာ မတူညီတဲ့ buff တွေ ability တွေ ရှိနေတဲ့အတွက် ဘယ် form က ဘယ်အခြေအနေမှာဆိုရင် သင့်တော်မလဲ ဘာ combo အတွဲလိုက်နဲ့ ချရင် damage ပိုထွက်မလဲဆိုတာ တွက်ချက်တတ်ဖို့အတွက် ဒီ form ၃ မျိုးနဲ့ သက်ဆိုင်တဲ့ combo တွေ အလွတ်ရထားဖို့က အလွန်အရေးကြီးပါတယ် ။

https://na.finalfantasyxiv.com/jobguide/monk/

 

Dragoon

Dragoon


Dragoon (Lancer) ဟာ dps မြင့်တဲ့ class တွေထဲ တစ်ခုဖြစ်ပြီး dps အမြင့်ဆုံးရဖို့ အဓိက အချက်က combo မှန်ကန်အောင် သုံးတတ်ဖို့ပါပဲ ။ Dragoon လည်းပဲ damage အထွက်ကြမ်းပါတယ် ။ သူ့ရဲ့ skill တွေမှာ ရန်သူရဲ့ pierce resistance ကို လျော့ကျအောင်လုပ်တာ ပါပြီး combo damage အမြင့်ဆုံးနဲ့ ပေါင်းလိုက်တဲ့အခါ dragoon ရဲ့ dps power က အတော်လေးကြီးသွားပါတယ် ။ dragoon ကတော့ combo ပုံစံလည်းနည်း၊ skill တွေလည်း သုံးရလွယ်ပြီး dps မြင့်မြင့်ထွက်တဲ့ အနီးချ dps job တစ်ခုပဲ ဖြစ်ပါတယ် ။

https://na.finalfantasyxiv.com/jobguide/dragoon/

 

Ninja

Ninja


Ninja (Rogue) လည်းပဲ dps အထွက်ကြမ်းပါတယ် ။ Ninja ရဲ့ အမြင့်ဆုံး dps ဟာ Ninjitsu လို့ခေါ်တဲ့ ten, chi, jin ဆိုတဲ့ skill သုံးမျိုး အပြန်အလှန် ပေါင်းစပ်အသုံးချတတ်မှုအပေါ် မူတည်နေပါတယ် ။ skill မှန် combo မှန်ဖို့အတွက် ကျွမ်းကျင်မှုလိုတာမို့ နဲနဲခက်တဲ့အစားထဲ ပါပါတယ် ။ Ninja ရဲ့ အဓိကအချက်ကတော့ အဲ့ဒီ skill ၃ မျိုးကို လက်မြန်မြန်နဲ့ မှန်မှန်ကန်ကန် နှိပ်တတ်ဖို့လိုတာပဲ ဖြစ်ပါတယ် ။


https://na.finalfantasyxiv.com/jobguide/ninja/

 

Samurai

Samurai


Samurai ကတော့ Stromblood expansion မှာမှ ရနိုင်မယ့် အနီးချ dps job တစ်ခု ဖြစ်ပါတယ် ။ သူလည်း Monk, Ninja တို့လို အတွဲလိုက် တွဲသုံးရတဲ့ skill တွေ combo ပုံစံတွေ များပါတယ် ။ combo ပုံစံ၊ skill တွေကို မှတ်မိနေဖို့နှင့် အခြေအနေအလိုက် ချင့်ချိန် အသုံးချဖို့ လိုအပ်ပါတယ် ။ Samurai job ဟာ level 50 က စပါတယ် ။

https://na.finalfantasyxiv.com/jobguide/samurai/

 

Bard

Bard


Bard (Archer) ဟာ အဝေးပစ် dps ထဲမှာ အနိမ့်ဆုံးဖြစ်ပေမယ့် သူ့ရဲ့ skill အများစုဟာ ကိုယ့် အဖွဲ့သားတွေအပေါ် အကျိုးသက်ရောက်မှု ရှိစေတဲ့ job တစ်ခု ဖြစ်ပါတယ် ။ skill တွေဟာ ရိုးရှင်းပြီး သုံးရလွယ်ပြီး သူ့ရဲ့ အဓိက ထူးခြားချက်ကတော့ တိုက်ပွဲတိုက်နေစဉ် သုံးရတဲ့ Song ၃ မျိုးပဲ ဖြစ်ပါတယ် ။ Bard ရဲ့ damage ဟာ အများကြီး သိသိသာသာ မထွက်ပေမယ့် တစ်တိတိနဲ့ ဖြည်းဖြည်းချင်း အကျိုးသက်ရောက်မှုရှိစေတာ ဖြစ်ပါတယ် ။ တစ်ယောက်ချင်းချတဲ့အခါ အားနည်းတာမှန်ပေမယ့် အဖွဲ့လိုက်ဆိုရင်တော့ ကိုယ့်အဖွဲ့ထဲ Bard တစ်ယောက်ရှိနေခြင်း မရှိနေခြင်းဟာ တခါတလေမှာ ပွဲတစ်ပွဲလုံးရဲ့ အဆုံးအဖြတ်ပေးတတ်ပါတယ် ။

https://na.finalfantasyxiv.com/jobguide/bard/

 

Machinist

Machinist


Machinist ကတော့ Heavensward expansion မှာမှ ရနိုင်မယ့် အဝေးပစ် dps job တစ်ခု ဖြစ်ပါတယ် ။ physical range dps job ၂ ခု ထဲ Machinist က Bard ထက် damage အထွက်များတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ ရပါတယ် ။ Machinist ရဲ့ အဓိကအချက်ဟာ Gauss Barrel fire arm အခြေအနေကို ကိုယ်လိုသလို ထိန်းညှိပြီး wildfire နဲ့ တွဲသုံးတတ်ဖို့ပဲ ဖြစ်ပါတယ် ။ အမြင့်ဆုံး dps ဟာ wildfire အချိန်အကန့်အသတ်အတွင်းမှာနှင့် fire arm ဂိတ်ဆုံးမှာ ရှိနေပြီး ရောက်ပြီးတာနဲ့ မိနစ်ပိုင်းအတွင်း dps ထိုးကျသွားတာမို့ Machinist ရဲ့ dps ဟာ အတက်အကျ မြန်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ Machinist ရဲ့ skill တွေကတော့ Bard ထက်စာရင် နဲနဲရှုပ်ပါတယ် ။  Machinist job ဟာ level 30 က စပါတယ် ။

https://na.finalfantasyxiv.com/jobguide/machinist/


Dancer


Dancer

Dancer ကတော့ သူ့ရဲ့ ထူးခြားချက်က buff ကို အမြဲတင်ပေးရတာ ဖြစ်ပါတယ် ။ buff ကို တင်ဖို့ အကွက်တွေနင်းပြီး က ရတယ်ပေါ့ ။ အကွက်တွေ နင်းရတာက နဲနဲလေးကြာတယ် ။ ပြီးတော့ max dps ထွက်ဖို့ skill proc တွေအပေါ် မူတည်နေပြီး အဲ့ဒီ skill proc တွေက ကျပန်းပေါ်တတ်တာကလည်း သူ့ရဲ့ အားနည်းချက်တစ်ခုပါပဲ ။ ဒါပေမယ့် skill တွေက သူ့ တိုင်မင်အလိုက် လိုက်သုံးပေးရတာဆိုတော့ ဆော့ရတာ သိပ်မခက်လှသလို ဆော့ပျော်တဲ့ job တစ်ခုပါ ။ Dancer ကို Heavensward ဇာတ်လမ်းပြီးရင်ကို ယူဆော့လို့ရနေပါပြီ ။ ကိုယ်ဆော့နေတဲ့ job ထဲ တစ်ခုလောက် Level 60 ရောက်နေရမှာဖြစ်ပြီး Shadowbringer expansion ဝယ်ထားတယ်ဆိုရင်တော့ ယူဆော့လို့ရနေပါပြီ ။ Dancer job ဟာ level 60 က စပါတယ် ။

https://na.finalfantasyxiv.com/jobguide/dancer/

 

Black Mage

Black Mage


Black Mage (Thaumaturge) ဟာ magic range dps job တစ်ခုဖြစ်ပါတယ် ။ Black Mage မှာ damage အမြင့်ဆုံးဖြစ်တဲ့ Fire နှင့် MP ပြန်ပြည့်မြန်တဲ့ Blizzard ဒီ element ၂ မျိုးကိုပဲ အပြန်ပြန် အလှန်လှန် လှည့်သုံးပေးသွားရတာ ဖြစ်ပါတယ် ။ Magic နဲ့ ချရတဲ့ class ဖြစ်တာမို့ casting time ရှိတဲ့အတွက် တစ်နေရာတည်း တည်မြဲနေအောင် နေပြီး ချရမှာမို့ နေရာရွှေ့မရတဲ့ ဒုက္ခလေးတော့ ရှိပါလိမ့်မယ် ။ ဒါပေမယ့် Magic dps တွေထဲမှာတော့ Black Mage က damage အများဆုံးထွက်တယ်လို့ ဆိုရမှာပါ ။ damage အမြင့်ဆုံးထွက်ဖို့ဆိုရင်တော့ spell တွေ tick time တွေ လစ်ဟမှုမရှိ အချိန်ကိုက် သုံးတတ်ဖို့တော့ လိုပါမယ် ။

https://na.finalfantasyxiv.com/jobguide/blackmage/

 

Summoner

Summoner


Summoner (Arcanist) ကျတော့ summon (pet) အကောင်လေးတွေနဲ့ တွဲပြီး ချရတာ ဖြစ်ပါတယ် ။ အကောင် ၃ မျိုးရှိပေမယ့် တစ်ကောင်ပဲ ခေါ်ခွင့်ရှိပါတယ် ။ ဒီ အကောင်လေးတွေမှာ spell တွေ skill တွေ ability တွေ ရှိနေတဲ့အတွက် တခြား magic dps job တွေနဲ့စာရင် Summoner က သုံးစရာ spell တော်တော်များပါတယ် ။ ဒါပေမယ့် ကျန် job ၂ ခုထက် DoT spell တွေ များလို့ Auto damage ထွက်တာများတဲ့ job တစ်ခုလို့ ဆိုရမှာပါ ။ damage အထွက် က summon (pet) နဲ့ ခွဲယူထားတဲ့အတွက် summon မရှိရင် damage အထွက်နည်းတယ်လို့ ဆိုနိုင်ပါတယ် ။ ပြီးတော့ သူ့ spell အသုံးပြုပုံတွေက နဲနဲရှုပ်ပါတယ် ။ ဒါပေမယ့် Summoner က အကြောင်းသိသွားရင် အတော်ဆော့ကောင်းပြီး damage အထွက်များတဲ့ job တစ်ခုပါ ။ ဒါအပြင် dps job တွေထဲ raise spell ရှိတဲ့ အစောဆုံးသော dps job တစ်ခုဖြစ်ပြီး healer က member ကို resurrection လုပ်ဖို့ MP မလုံလောက်တဲ့အခါမျိုး ဒါမှမဟုတ် Healer သေသွားတာမျိုး အခြေအနေမျိုးတွေအတွက် Healer တွေရဲ့ အားကိုးအားထားခြင်းခံရတဲ့ dps job တစ်ခုပဲ ဖြစ်ပါတယ် ။

https://na.finalfantasyxiv.com/jobguide/summoner/

 

Red Mage

Red Mage


Red Mage ဟာ Stromblood expansion မှာမှ ရနိုင်မယ့် magic dps job တစ်ခု ဖြစ်ပါတယ် ။ သူ့ရဲ့ ထူးခြားချက်ကတော့ spell တစ်ခု cast ပြီးတိုင်း ရလာတတ်တဲ့ instant cast ပေးတဲ့ buff ပဲ ဖြစ်ပါတယ် ။ ဒီ buff ကြောင့်ပဲ Red Mage ဟာ Magic dps job တွေထဲ casting time အမြန်ဆုံးရှိတဲ့ job တစ်ခုဖြစ်စေတာ ဖြစ်ပါတယ် ။ နောက်ပြီး DoT spell တွေမရှိသော အနီးကပ်ချရတာပါသော (melee attack ရှိ) တစ်ခုတည်းသော job လည်း ဖြစ်ပါသေးတယ် ။ dps မြင့်မြင့်ထွက်ဖို့ ဆိုရင်တော့ tick time အချိန်ကိုက် သုံးတတ်ဖို့ရယ်၊ melee attack ရယ်၊ white magic black magic balance လိုသလို ထိန်းချုပ်နိုင်ဖို့တော့ လိုအပ်ပါမယ် ။ ပြီးတော့ Healer job မှာသာ ရှိတတ်တဲ့ raise spell ပါနေတာကလည်း တခါတလေမှာ healer က member ကို resurrection လုပ်ဖို့ MP မလုံလောက်တဲ့အခါ ဒါမှမဟုတ် Healer သေသွားတာမျိုး အခြေအနေနဲ့ကြုံရတဲ့အခါမျိုးဆို အရမ်းအရေးပါလာတာမို့ Healer တွေကို စိတ်သက်သာရာရစေတဲ့ job တစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး ။ RedMage job ကတော့ Stromblood expansion မှာမှ ရနိုင်မယ့် magic dps job ဖြစ်ပြီး level 50 က စပါတယ် ။

https://na.finalfantasyxiv.com/jobguide/redmage/


BlueMage


BlueMage
Bluemage ကတော့ job အားလုံးထဲမှာ အထူးခြားဆုံးနဲ့ တခြားသော job အမျိုးအစားတွေနဲ့မတူ လုံးဝကွဲထွက်နေတဲ့ job တစ်ခု ဖြစ်ပါတယ် ။ တခြား job တွေနဲ့ မတူစေတဲ့အချက်က Bluemage ဟာ ရန်သူ့ဆီက spell တွေ action တွေကို အတုယူ ကော်ပီယူနိုင်တာပဲ ဖြစ်ပါတယ် ။ Bluemage မှာ ကိုယ်ပိုင် spell ဆိုလို့ ၂ ခုပဲ ရှိပါတယ် ။ ရိုးရိုး enemy ဆီကရော dungeon, trial မှာရှိတတ်တဲ့ boss တွေဆီကပါ သူတို့ရဲ့ skill ၊ action ၊ spell တွေ learn သင်ယူနိုင်ပြီး ကိုယ်ပြန်သုံးနိုင်ပါတယ် ။

Bluemage ကို high end raid တွေမှာ သုံးခွင့်မပေးထားပါဘူး ။ Dungeon တွေ Trial တွေ ဝင် que လို့မရပါဘူး ။ ဒီလို ကန့်သတ်ထားတာမို့ Bluemage ကို level တင်ချင်ရင် map ပေါ်လျှောက်သွားပြီး ကိုယ့် level နဲ့ ညီတဲ့ အကောင်တွေ လိုက်သတ်ယူရတဲ့ နည်းပဲ ရှိပါတယ် ။ ဆော့ရင် သတိထားကြည့်ကြည့်ပါ ။ Dungeon တွေ Trial တွေ Raid တွေမှာ Bluemage မပါတာကို တွေ့ရပါလိမ့်မယ် ။ ဒါကြောင့် Bluemage တွေအနေနဲ့ Dungeon ၊ Trial တွေဝင်ချင်ရင် Party Finder ကနေတဆင့် party ကိုယ့်ဘာသာကိုယ် ဖွဲ့ယူပြီး ဝင်တာပဲဖြစ်ဖြစ် ၊ ကိုယ့်အဖွဲ့ ကိုယ်စုပြီး ဝင်တာပဲဖြစ်ဖြစ် လုပ်လို့ပဲ ရတာ ဖြစ်ပါတယ် ။

ဒါပေမယ့် Bluemage ဟာ ပျော်စရာကောင်းပါတယ် ။ ဘယ် enemy က ဘာ skill တွေ ပိုင်ဆိုင်ထားလဲဆိုတာ သိနေရပြီး အဲ့ဒါတွေဆီက action တွေ ရအောင်လုပ်ရတာကိုက တော်တော်ပျော်ဖို့ကောင်းပါတယ် ။ ကိုယ်ချနေကျ enemy တွေသုံးနေတဲ့ အကွက်တွေ ဘယ်လိုနေလဲဆိုတာ သိရတာ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ် ။

ဒါကတော့ combat အပိုင်းပါ ။ ကျနော့်ကို အလွယ်ဆုံး class တွေကို အကြံပြုခိုင်းရင်တော့ Tank မှာဆို Paladin ၊ Healer မှာဆို White Mage ၊ DPS မှာဆို Bard, Dragoon ယူဆော့ဖို့ အကြံပြုပါတယ်။

Combat မဟုတ်တဲ့အပိုင်း ဆက်သွားကြရအောင်


 

Non Combat Classes


Combat အပိုင်းမဟုတ်တဲ့အပိုင်းမှာတော့ ပစ္စည်းတွေ ဖန်တီးရတဲ့ crafter အမျိုးအစားဖြစ်တဲ့ Disciples of Hand နှင့် အရင်းအမြစ်တွေ လိုက်ရှာတူးဖော် စုဆောင်းရတဲ့ gatherer အမျိုးအစားဖြစ်တဲ့ Disciples of Land ဆိုပြီး ၂ မျိုး ရှိပါတယ် ။

Disciples of Hand မှာ

  1. Armorer
  2. Blacksmith
  3. Carpenter
  4. Weaver
  5. Leatherworker
  6. Goldsmith
  7. Culinary
  8. Alchemist

ဆိုပြီး ၈ ခု ရှိပါတယ် ။

Disciples of Land မှာတော့

  1. Miner
  2. Botanist
  3. Fisher ဆိုပြီး ၃ ခု ရှိပါတယ် ။

သူတို့ကတော့ စ လာကတည်းက job အနေနဲ့လာတာဖြစ်ပြီး အခြေခံ class မရှိကြပါဘူး ။ Armorer, Blacksmith, Carpenter, Weaver, Leatherworker, Goldsmith, Alchemist တွေဟာ item တွေကို craft (ဖန်တီးနိုင်), repair နှင့် materia melding တွေ လုပ်နိုင်ကြပါတယ် ။

    • Armorers ဟာ metal armor တွေ ဥပမာ plate mail တို့လိုတွေ ဖန်တီးနိုင် ပြုပြင်နိုင်ကြပါတယ် ။
    • Blacksmiths ဟာ metal weapons ဥပမာ axes တို့လို လက်နက်တွေ ဖန်တီးနိုင် ပြုပြင်နိုင်ကြပါတယ် ။
    • Carpenters ကတော့ သစ်သားနဲ့လုပ်ထားတဲ့ လက်နက်ပစ္စည်းတွေ ဥပမာ Bows, Lances, shoes အချို့ ဖန်တီးနိုင် ပြုပြင်နိုင်ကြပါတယ် ။
    • Weavers ကတော့ အဝတ်နဲ့ပတ်သက်တဲ့ ပစ္စည်း ဥပမာ ဦးထုပ်၊ အင်္ကျီတို့လို ပစ္စည်းတွေ ဖန်တီးနိုင် ပြုပြင်နိုင်ကြပါတယ် ။
    • Leatherworkers ဟာ သားရေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ဥပမာ hide gloves တို့လိုတွေကို ဖန်တီးနိုင် ပြုပြင်နိုင်ကြပါတယ် ။
    • Goldsmiths ကတော့ လက်စွပ် ဆွဲကြိုး နားကပ်တို့လို အသုံးအဆောင်ပစ္စည်းတွေ ဖန်တီးနိုင် ပြုပြင်နိုင်ကြပါတယ် ။
    • Alchemists ဟာ Arcanist grimoires တွေ ဖန်တီးနိုင်သလို ပြုပြင်နိုင်ပြီး potions တွေ ethers တွေလည်း ဖန်တီးနိုင်ပါတယ် ။
    • Crafter တွေ ပစ္စည်းဖန်တီးတဲ့နေရာမှာ မပါမဖြစ် Crystals ကိုတော့ Elementals အကောင်တွေ သတ်ရာကနေ ရနိုင်သလို gatherer class အသုံးပြုပြီး အရင်းအမြစ်တူးဖော်ရာကနေလည်း ရနိုင်ပါတယ် ။

      Disciples of Hand class တွေထဲ Culinary ကတော့ သူ့တစ်ခုတည်း သီးသန့်ခွဲထွက်နေပါတယ် ။ repair တွေ materia melding တွေ မရှိတော့ပဲ food တွေ create လုပ်နိုင်တာ ဖြစ်ပါတယ် ။ Final Fantasy XIV မှာ food တွေကတော့ အမျိုးအစား အများကြီးရှိပြီး စားလိုက်ရင် မိနစ် ၃၀ ကြာချိန်နဲ့ temporary status bonus (buff) လေးတွေ ပေးပါတယ် ။ food တခုနဲ့ တခု ပေးတဲ့ temporary bonus တွေ မတူညီကြပေမယ့် food တိုင်းမှာ တူညီတဲ့အချက်ကတော့ 3% exp bonus ပေးတာပဲ ဖြစ်ပါတယ် ။ Food တွေကတော့ level နိမ့်ကအစ အမြင့်ဆုံးအထိ အသုံးဝင်ပါတယ် ။


      Armor တွေ လက်နက်တွေ accessories တွေဟာ တခုခုက တိုက်ခိုက်တာ ခံရတဲ့အခါ တဖြည်းဖြည်း ပျက်စီးလာပါတယ် ။ ဒီလို ပျက်စီးတာကို ရာခိုင်နှုန်းအလိုက် ပြပါတယ် ။ item တွေကို ထောက်ကြည့်ရင် တွေ့နိုင်ပါတယ် ။ 0% ရောက်တာနဲ့ ပစ္စည်းက ပျက်စီးသွားပြီး သုံးလို့ မရတော့ပါဘူး ။ ဒီအခါ repair လုပ်ဖို့ လိုအပ်ပြီပေါ့ ။ နေရာတိုင်းလိုလိုမှာ အခကြေးငွေယူပြီး repair လုပ်ပေးတဲ့ npc တွေ ရှိကြပါတယ် ။ ဒါပေမယ့် ကိုယ်တိုက်ပွဲထဲ ရောက်နေတဲ့အခါ ပြင်ဖို့ npc မရှိတဲ့ နေရာ ရောက်နေတဲ့အခါ ဘယ်လို လုပ်မလဲ? ဒီလိုအခါမျိုးဆို Disciple of Hand class level မြင့်ရှိတဲ့သူဖြစ်ရင်တော့ ဒီနေရာမှာတင် ချက်ချင်း ပြင်လို့ရပါတယ် ။

      Repair အကြောင်း ပြောပြရရင်တော့ repair လုပ်နိုင်စွမ်းဟာ ဒီ Disciples of Hand class တွေရဲ့ level အပေါ်မူတည်ပြီး ကွာသွားပါတယ် ။ ဥပမာ level 70 ဝတ်လို့ရတဲ့ armor item ဆိုလျှင် ပြင်မယ့် item ရဲ့ သက်ဆိုင်ရာ class ဖြစ်တဲ့ armorer class level 60 ရှိနေမှ ပြင်လို့ရတာ ဖြစ်ပါတယ် ။ ထို့အတူ level 70 accessories တွေပြင်မယ်ဆိုရင် Goldsmith class level 60 ရှိနေမှ ပြင်လို့ရမှာ ဖြစ်ပါတယ် ။

      Materia melding ကလည်း သူ့ကို လုပ်နိုင်ဖို့ဆိုရင် class level တူမှ ရမှာ ဖြစ်ပါတယ် ။ ဥပမာပြရရင် level 10 ဝတ်လို့ရတဲ့ item ဆိုလျှင် သက်ဆိုင်ရာ Disciple of Hand class level က 10 ရှိနေမှ meld လို့ရမှာ ဖြစ်ပါတယ် ။ Materia Melding skill ကျတော့ high end raids တွေဆော့အခါကျမှ ကိုယ်ကိုင်မယ့် class အလိုက် လိုအပ်တဲ့ materia တွေကို armor ထဲ meld ထည့်တတ်တာကြောင့် materia melding skill ကို level နိမ့်တွေမှာ အသုံးနည်းကြပါတယ် ။

      Crafter class တွေ Gatherer class တွေက Non combat class တွေဆိုတော့ တိုက်ခိုက်စရာ မလိုပါဘူး ။ တိုက်ခိုက်စရာမလိုဘူးဆိုတော့ ဘာနဲ့ level တက်အောင် လုပ်မှာလဲ? ဒီအတိုင်း crafter ဆိုရင် item တွေ craft ၊ Gatherer ဆိုရင် အရင်းအမြစ်တွေ လိုက်တူးယူပြီး market board ပေါ် တင်ပြီး ရောင်းစားလို့ရပါတယ် ။ ဒါပေမယ့် ဒီအတိုင်း item တွေ လိုက် craft ၊ အရင်းအမြစ်တွေ လိုက်ရှာ ရတာကနေ ရလာတဲ့ Exp က မဖြစ်စလောက်လေးဆိုတော့ သိပ်မဟန်ဘူး ။ Level တက်မြန်အောင် ဘယ်လိုလုပ်ရမလဲ? Level တက်မြန်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ် ။ မြို့တွေမှာ Leve ဆိုတဲ့ quest တွေရှိပါတယ် ။ ဒီ leve မှာ Crafter class တွေ Gatherer class တွေအတွက် exp ပေးတဲ့ leve quest တွေ ရှိပါတယ် ။ ဒါတွေကနေ တက်အောင် လုပ်လို့ရပါတယ် ။ leve quest တွေဟာ အဖန်ဖန်တလဲလဲ ပြန်လုပ်လို့ရပြီး quest တွေ ကြိုက်သလောက်ယူလို့ ရပေမယ့် ယူခွင့်က တနေ့မှာ ၇ ကြိမ် သတ်မှတ်ထားပါတယ် ။ နောက်တစ်နည်းက တချို့ Beast Tribe quest တွေကနေလည်း ဒီ class တွေအတွက် exp တွေ ရနိုင်ပါတယ် ။ Beast Tribe quest ကလည်း leve quest လို သတ်မှတ်ချက်ရှိပါတယ် ။ ဒီ quest တွေက ပေးတဲ့ reward တွေ exp တွေဟာ တော်တော်များပါတယ် ။ level အတက်မြန်ပါတယ်​ ။

      Gatherer class ၃ ခုထဲမှာ Fisher က Culinary မှာ အဓိက အသုံးပြုကြတဲ့ ငါးတွေ ဖမ်းရတာဖြစ်ပြီး Miner နှင့် Botany ဟာ crafter class တွေအတွက် လိုအပ်တဲ့ တွင်းထွက်ပစ္စည်းတွေ သစ်ပင်သစ်မြစ်တွေ ထောက်ပံ့ပေးပါတယ် ။ Gatherer class တွေဟာ crafter class တွေထက်စာရင် level တင်ရတာ စိတ်ချမ်းသာပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ crafter class တွေက item တစ်ခု craft ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ လိုက်စုဆောင်းရတာက တော်တော်ခေါင်းစားလို့ပါပဲ ။

      ဒါတွေကတော့ Final Fantasy 14 မှာ ရှိတဲ့ job တွေရဲ့ အကြောင်း ရှင်းပြထားတဲ့ပို့စ်ပဲ ဖြစ်ပါတယ် ။ ဆော့ရာမှာ အထောက်ကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။


      ပုံတွေ စပွန်ဆာပေးပါသော Friend များဖြစ်ကြတဲ့ Wilhelm Cagliostro (Tonberry World), Azure Silverlight (Tonberry World), Milo Daisuke (Tonberry World) တို့ကို အထူးကျေးဇူးတင်ပါတယ် ။

      ဖတ်​​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ ။

      Useful Links


      Final Fantasy XIV ဂိမ်းက ဘယ်လိုလဲ? ကစားမယ်ဆို ဘာတွေ သိထားသင့်လဲ? ဘယ်လို ဝယ်ရတာလဲ?

      Final Fantasy 14 မှာ Security Token က ဘာလဲ

      Final Fantasy 14 - NPCs that selling DoH/DoL, DoW/DoM gear, tools, weapons and accessories

      Final Fantasy ဂိမ်းဝယ်ပြီး ကစားသူတွေ ဂိမ်းထဲမရောက်မီ ပထမဦးဆုံး တွေ့ကြုံရမယ့် အခြေအနေ

      Final Fantasy 14 မှာ Stone Sky Sea က ဘာလဲ?

      Post a Comment

      0 Comments