Final Fantasy XIV Starter Guide

Final Fantasy ဂိမ္းဝယ္ၿပီး ကစားသူေတြ ဂိမ္းထဲမေရာက္မီ ပထမဦးဆံုး ေတြ႔ၾကံဳရမယ့္ အေျခအေနေတြကို ႐ွင္းျပထားတဲ့ ပို႔စ္ပါ ။

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

Data Center



ပထမဦးဆံုး စဝင္တဲ့အခါ ကိုယ္ဝင္ကစားမယ့္ data center ကို ေရြးရပါမယ္ ။ data center က European, North America ႏွင့္ Japanese ဆိုၿပီး ၃ မ်ဳိး႐ွိပါတယ္ ။ data center ေတြထဲမွာ European က lag ပါတယ္ ။ သူ႔ထက္နဲနဲ ေကာင္းတာက North America ပါ ။ ျမန္မာေတြနဲ႔ အသင့္ေတာ္ဆံုးကေတာ့ Japan data center ပါပဲ ။

World



data center တစ္ခုစီမွာ world ေတြ အမ်ားႀကီး႐ွိပါတယ္ ။ ဒီ world ေတြ အမ်ားႀကီးထဲမွာမွ တစ္ခုမွာ ဝင္ကစားရမွာ ျဖစ္ပါတယ္ ။ data center ၃ ခုလံုးမွာ႐ွိတဲ့ world ေတြရဲ႕ နာမည္ေတြဟာ ထပ္ေနျခင္း တူေနျခင္း မ႐ွိတာေၾကာင့္ world နာမည္ေျပာလိုက္တာနဲ႔ ဘယ္ data center မွာ ႐ွိတဲ့ world လဲဆိုတာ အလြယ္တကူ သိႏိုင္ပါတယ္ ။ Japanese data center ထဲက ျမန္မာေတြ အမ်ားဆုံးရွိတဲ့ ဆာဗာေတြကို ျပရလွ်င္ေတာ့

"Elemental" server, "Tonberry" World
ႏွင့္
"Mana" server, "Hades" World ပဲ ျဖစ္ပါတယ္။

ဒီအထဲ "Mana" server, "Hades" World မွာရွိတဲ့ Bro Nyanthuthu ရဲ႕ FC (guild) ေလးကေတာ့ active အျဖစ္အမ်ားဆုံး group ေလးျဖစ္ၿပီး အမ်ားႀကီး ကူညီေပးၾကတာမို႔ in game မွာ အခက္ေတြ႕ေနရင္ ဆက္သြယ္ အကူအညီ ေတာင္းႏိုင္ပါတယ္။

Tonberry World [Elemental server] က guild (FC) ေလးပါ
Hades World [Mana server] က guild (FC) ေလးပါ

ေနာင္ ထြက္လာမယ့္ expansion အရ Data center တစ္ခုတည္းမွာ႐ွိတဲ့ world ေတြက character အခ်င္းခ်င္း ဆက္သြယ္လို႔ရသလို သူ႔ေနရာ ကိုယ့္ေနရာ အလည္သြားလို႔ရပါတယ္ ။ expansion ၃ ခု ႐ွိတဲ့အထဲ တခုမွ မဝယ္ေသးပဲ ႐ိုး႐ိုးကစားရင္ေတာ့ အဲ့ဒီ feature သံုးလို႔ရေသးမွာ မဟုတ္ပါဘူး ။ အနည္းဆံုးေတာ့ တျခား world က player ေတြကို party finder, raid finder, cross world party finder, cross world linkshell ေတြကေန ဆက္သြယ္စကားေျပာလို႔ ရမွာျဖစ္ပါတယ္ ။

Character Creation



စ ကစားတဲ့အခါ MMORPG တို႔ ထံုးစံ ကိုယ္ကစားမယ့္ character ကို ကိုယ္ကိုယ္တိုင္ ဖန္တီးရပါတယ္ ။ ဆံပင္ပံုစံ၊ အေရာင္၊ မ်က္ႏွာ အရြယ္အစား၊ ႏွာတံ၊ မ်က္လံုးအႀကီးအေသး ကအစ အရပ္ေမာင္း ေျခအဆံုး အေသးစိတ္ျပင္ဆင္ရပါတယ္ ။ မျပင္ခ်င္လည္း ရပါတယ္ ။ သူ႔နဂို default ထဲ လုပ္ၿပီးသားေတြ႐ွိပါတယ္ ။ ဒီထဲက ကိုယ့္အႀကိဳက္ေရြးခ်ယ္လို႔ ရပါတယ္ ။

Race

 

Picture credit to https://chocoboxivmokee.weebly.com/beginners-guide.html

Race က Elezen, Hyur, Lalafel, Miqote, Roegadyn, Aura ဆိုၿပီး ၆ မ်ိဳး႐ွိပါတယ္ ။ ၾကားရတာက​ေတာ့ ​ေနာင္​လာမယ္​့ Shadowbringer expansion အသစ္​မွာ Race အသစ္​ ၂ ခု ပါလာမယ္​လို႔ ၾကားရပါတယ္​ ။ အခုလက္​႐ွိမွာ​ေတာ့ ၆ မ်ိဳး ႐ွိၿပီး Race တိုင္းမွာ ဗား႐ွင္း ၂ မ်ိဳးစီ ႐ွိၾကပါတယ္ ။ ၿပီးေတာ့ မတူတဲ့ stats ေတြလည္း ကိုယ္စီ ႐ွိၾကပါတယ္​ ။

Stat ေတြဟာ အရင္တုန္းကေတာ့ အသံုးက်ပါတယ္ ။ ဘယ္ေနရာမွာ အသံုးက်လဲဆိုေတာ့ ကုိယ္ေရြးခ်ယ္ကစားမယ့္ class ရဲ႕ အဓိကလိုအပ္ခ်က္ အလိုက္ေရြးတဲ့ေနရာမွာပါ ။ ဥပမာျပရရင္ Conjurer (healer class) ဆိုရင္ သူ႔ main point stat က piety ျဖစ္ေတာ့ healer class ကစားခ်င္သူေတြက piety မ်ားတဲ့ lalafel တို႔ Elzen တို႔ ယူၾကတာ မ်ားပါတယ္ ။ ၿပီးေတာ့ ဂိမ္းထဲေရာက္တဲ့အခါ level တစ္ခုတက္တာနဲ႔ stat တစ္ခု အပိုေပးတိုးပါတယ္ ။ piety မ်ားတဲ့ race ယူထားရင္ အပိုေပးတုိးတဲ့ stat နဲ႔ ေပါင္းသြားတဲ့အခါ သူမ်ားထက္ပိုမ်ားၿပီး heal တဲ့ေနရာမွာ ပိုေကာင္းလာတယ္ေပါ့ဗ်ာ ။

ဒါေပမယ့္ Expansion တစ္ခု ျဖစ္တဲ့ Heavensward ရဲ႕ ေနာက္ထြက္ patch ေတြထဲက တစ္ခုက စၿပီး အဲ့ဒီ Stat ေတြရဲ႕ effect ကို ျဖဳတ္ပစ္လိုက္ပါတယ္ ။ stat အပိုလည္း ေပးမတိုးေတာ့ပါဘူး ။ ဒါေၾကာင့္ အခုဆိုရင္ Stat ေတြဟာ gameplay မွာေရာ ကုိယ္ကစားမယ့္ job ေတြ class ေတြမွာပါ အက်ိဴးသက္ေရာက္မႈ မ႐ွိေတာ့သလို ဇာတ္လမ္းမွာလည္း အက်ိဳးသက္ေရာက္မႈ မ႐ွိေတာ့တာမို႔ ကိုယ္ႀကိဳက္တဲ့ race ကို ေရြးႏိုင္ပါတယ္ ။ third person view ႏွင့္ ကစားရတဲ့ ဂိမ္းမုိ႔လို႔ ကိုယ့္ character ကို အျမဲျမင္ေနရမွာ ျဖစ္တဲ့အတြက္ ကိုယ့္မ်က္စိထဲ ၾကည့္လို႔ေကာင္းမယ့္ အဆင္ေျပ​ေလာက္​မယ္​့ race ကို ေရြးခ်ယ္ပါ ။

ဘယ္ race ေကာင္းလဲလို႔ ေမးလာခဲ့ရင္ က်ေနာ္ေတာ့ race တိုင္း သူ႔အားသာခ်က္နဲ႔သူ ႐ွိတာမုိ႔ အကုန္ေကာင္းတယ္လို႔ပဲ ေျပာရမွာပါ ။ အၾကံျပဳခ်က္ေပးပါ ဆိုရင္ေတာ့

ခ်စ္စရာေကာင္းတဲ့ ႐ုပ္နဲ႔ စတိုင္ကို လိုခ်င္ရင္ Miqote
အခ်ိဳးအစားက်က် Sexy က်က် ဆိုရင္ Hyur
အရပ္ျမင့္ျမင့္ elegance ပံု လိုခ်င္ရင္ Elezen
ခ်စ္စရာေကာင္းတဲ့ ကေလးအရြယ္ ပုတုတုဆို Lalafel
အရပ္ေထာင္ေထာင္ေမာင္းေမာင္း အင္အားႀကီးပံု လိုခ်င္ရင္ Roegadyn
ေအးခ်မ္းတဲ့ မ်က္ႏွာေပါက္မ်ိဳးႏွင့္ ခပ္မိုက္မိုက္ လိုခ်င္ရင္ Aura

ကို ေရြးခ်ယ္ဖို႔ အၾကံေပးမွာပါ ။

Date of Birth



ဂိမ္းထဲက ဂိမ္းခုႏွစ္နဲ႔တြက္တဲ့ ေမြးေန႔ပါ ။ အဲ့ဒါက gameplay မွာ အက်ိဳးသက္ေရာက္မႈ မ႐ွိလို႔ ႀကိဳက္သလိုေရြးလို႔ရပါတယ္ ။ ကုိယ့္ကို ကိုယ္စားျပဳမယ့္ character ဆိုေတာ့ ကိုယ့္ေမြးေန႔နဲ႔ကိုက္ၿပီး ေရြးထားလို႔လည္းရပါတယ္ ။ ဒီျပင့္ဟာေတြလည္း ထားႏိုင္ပါတယ္ ။

Character's patron deity



Patron deity ကေတာ့ ၁၂ ခု ႐ွိၿပီး မတူညီတဲ့ Elemental resistance Attributes ေတြနဲ႔ ျဖစ္ပါတယ္ ။ အဲ့ဒီ Patron deity က စကစားရင္မွာသာ မျဖစ္စေလာက္ အက်ိဳးသက္ေရာက္မႈ ႐ွိၿပီး ေနာက္ပိုင္း ဘာမွထူးျခားတာ မ႐ွိေတာ့တာမို႔လို႔ ကိုယ့္စိတ္ႀကိဳက္ ေရြးခ်ယ္ႏိုင္ပါတယ္ ။

Class



ဒါကေတာ့ အေရးႀကီးပါတယ္ ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကုိယ္ေရြးတဲ့ class အလိုက္ ဇာတ္လမ္းစတင္မယ့္ေနရာ ေျပာင္းလဲသြားမွာမုိ႔ ေသခ်ာစဥ္းစား ေရြးခ်ယ္ဖို႔ အေရးႀကီးပါတယ္ ။ ဒါေပမယ့္ စိတ္မပူပါနဲ႔ ။ ဇာတ္လမ္းက ကစားရင္း ၃ ပံု ၁ ပံု က စၿပီး ေနာက္ပုိင္း ဇာတ္လမ္း အကုန္သြားတူေနပါတယ္ ။ အေရးႀကီးတာက ဇာတ္လမ္းကိုပဲ ဆံုးတဲ့အထိ ကစားမယ္ဆိုရင္ class က တစ္ခုတည္းသြားရမွာမုိ႔ ဘယ္ class နဲ႔ သြားမယ္ဆိုတာ စဥ္းစားေရြးယူရတာပဲ ျဖစ္ပါတယ္ ။

ဒီေနရာမွာ က်ေနာ့္အေနနဲ႔ အၾကံေပးခ်င္တာက Final Fantasy 14 ဟာ အဓိက content ေတြ unlock ျဖစ္ဖို႔အတြက္ဆိုရင္ ဇာတ္လမ္းသြားကို အဆံုးထိေရာက္ေအာင္ ကစားဖို႔ လိုပါတယ္ ။ ဒါမွသာ MMORPG အရသာ ျပည့္ျပည့္ဝဝ ခံစားရမွာ ျဖစ္ပါတယ္ ။ ဒီလုိ ဆံုးေအာင္ ကစားဖို႔အတြက္ဆိုရင္ class တစ္ခုတည္းနဲ႔ သြားမွ ျမန္ျမန္ေရာက္မွာ ျဖစ္ပါတယ္ ။ တခ်ိဳ႕ေနရာေရာက္ရင္ တျခား job ေတြ ပြင့္လာၿပီး ေျပာင္းလဲကစားႏိုင္ေပမယ့္ ဇာတ္လမ္းသြားက သတ္မွတ္ထားတဲ့ level တစ္ခု ေရာက္ဖို႔ဆိုရင္ ေတာ္ေတာ္ train ရမွာပါ ။ အကယ္၍ train ႏိုင္တယ္ဆိုရင္ေတာ့ ကိစၥမ႐ွိပါဘူး ။ သင့္အေနနဲ႔ class ၂ ခု ၃ ခု တၿပိဳင္တည္း ကစားၿပီး ဇာတ္လမ္းအဆံုးထိ သြားႏိုင္ပါတယ္ ။ အခ်ိန္ေတာ့ သူမ်ားထက္ ပိုယူရပါလိမ့္မယ္ ။

အုပ္စု အမ်ိဳးအစားက စုစုေပါင္း ၄ မ်ိဳး ႐ွိပါတယ္ ။ Disciples of War, Disciples of Magic အျပင္ Disciples of Hand ႏွင့္ Disciples of Land ဆိုၿပီးေတာ့ပါ ။ အခုလက္႐ွိ ေရြးခ်ယ္လို႔ရတာက Disciples of War, Disciples of Magic ၂ မ်ိဳးပဲ ရေသးတာ ျမင္ရမွာ ျဖစ္ပါတယ္ ။ Disciples of Hand ႏွင့္ Disciples of Land ကိုက်ေတာ့ ဂိမ္းထဲေရာက္မွ ေတြ႔ရမွာပါ ။

Disciples of War ကေတာ့ Magic ေတြ spell ေတြမပါတဲ့ class ေတြပါ ။ Archer က လြဲလို႔ က်န္ class ေတြက အနီးခ် ေတြ ျဖစ္ပါတယ္ ။

Disciples of Magic ကေတာ့ အကုန္ Magic ေတြ spell ေတြပါတဲ့ အေဝးပစ္ class ေတြ ျဖစ္ပါတယ္ ။

Class ေတြဟာ level 30 ေရာက္တဲ့အခါ သူ႔ရဲ႕ အထူးျပဳ class "Job" အျဖစ္ တဆင့္ေျပာင္းလဲသြားပါတယ္ ။ ဒီအခ်ိန္ဆို တခ်ိဳ႕ class ေတြဆို job ၂ မ်ိဳး ပြင့္သြားတာ ျမင္ရပါလိမ့္မယ္ ။ ဥပမာ ျပရရင္ "Arcanist" class ဆိုရင္ level 30 ေရာက္တာနဲ႔ healer job တစ္ခုနဲ႔ dps job တစ္ခု ၂ခုၿပိဳင္တူ unlock ျဖစ္သြားပါတယ္ ။

Class အမ်ိဳးအစား ခြဲခ်ရရင္

Tank Class
Dps Class
Healer Class ဆိုၿပီး ၃ မ်ိဳး႐ွိပါတယ္ ။ စစခ်င္းေရြးခ်ယ္ခြင့္ ေပးထားမွာက Tank class ၂ ခု Healer class ၁ ခု ႏွင့္ က်န္တာက Dps class ေတြ ျဖစ္ပါတယ္ ။ Expansion ဝယ္ထားရင္ေတာ့ ေရြးခ်ယ္စရာ ပိုလာမွာ ျဖစ္ပါတယ္ ။ Tank class ေတြက Gladiator ႏွင့္ Marauder ျဖစ္ၿပီး Healer class ကေတာ့ Conjurer ျဖစ္ပါတယ္ ။

Tank class က dungeon ေတြ raid ေတြ ဝင္ que ရင္ အရမ္းျမန္ပါတယ္ ။ Healer class လည္း ျမန္ပါတယ္ ။ အၾကာဆံုးကေတာ့ Dps class ပါပဲ ။ အခုမွ စကစားသူ MMORPG အေတြ႔အၾကံဳမ႐ွိေသးတဲ့သူျဖစ္ရင္ေတာ့ Tank class ယူဖုိ႔ အားမေပးပါဘူး ။ tank က တိုက္ပြဲမွာ ဦးေဆာင္ရတဲ့သူ ျဖစ္တဲ့အျပင္ dungeon ေတြ trial ေတြ raid ေတြက ေနာက္ပုိင္းက်လာေလေလ ပိုခက္လာေလျဖစ္ၿပီး ကစားတဲ့အခါ တဖြဲ႔လံုးရဲ႕ အသက္က tank အေပၚ မူတည္ေနလို႔ပါ ။ tank အသံုးမက်ရင္ ေအာင္ဖို႔ အခြင့္အလမ္း နည္းပါတယ္ ။ Healer လည္း ထိုနည္းလည္းေကာင္းပါပဲ ။ heal ရတဲ့ ပံုစံ သတိထားရမယ့္ဟာေတြ မသိရင္ အဖြဲ႔တစ္ဖြဲ႔လံုး ခဏခဏ ေသဖို႔ ျပင္ထားရမွာပဲ ျဖစ္ပါတယ္ ။

Class အမ်ိဳးအစားေတြ အေၾကာင္း အေသးစိတ္ေလး ေသခ်ာသိခ်င္ရင္ ဒီမွာဝင္ဖတ္လို႔ရပါတယ္ ။

https://frosblaze.blogspot.com/2018/12/ffxiv-jobs-guide-for-beginner-myanmar.html

အစကို ျပန္ေျပာရရင္ class ကို ေသခ်ာေရြးခ်ယ္ရပါမယ္ ။

အကုန္လံုးၿပီးသြားရင္ေတာ့ နာမည္ေပးရမယ့္ အပိုင္းကို ေရာက္လာပါၿပီ ။ ကိုယ့္ကို ကိုယ္စားျပဳမယ့္ ဂိမ္းကာ႐ိုက္တာဆိုေတာ့ နာမည္ ေသခ်ာေရြးၿပီး ေပးရေတာ့မွာပါ ။

Character Name



Forename Surname ေနရာ ၂ ခုလံုးမွာ နာမည္ျဖည့္မွ နာမည္တစ္ခု မည္မွာ ျဖစ္ပါတယ္ ။

Forename ကေတာ့ ဇာတ္လမ္းရဲ႕ စကားေျပာေတြမွာ NPC ေတြက ကိုယ့္ကို အျမဲ ေခၚမယ့္ နာမည္ပါ ။ Surname တစ္ခုတည္​းကို​ေတာ့ တျခား​ေနရာ​ေတ​ြမွာ ​ေခၚတတ္​​ေပမယ္​့ ​ေခၚတာ ​နည္​းပါတယ္​ ။ သူတို႔က Forename, Surname ေပါင္းၿပီး နာမည္ အျပည့္အစံု ေခၚေလ့႐ွိၾကေပမယ့္ ဒီလို နာမည္အျပည့္အစံုေခၚတဲ့ အခ်ိန္က ေတာ္ေတာ္႐ွားပါတယ္ ။ 

ဒီေတာ့ ကိုယ့္ဘာသာကိုယ္ အဆင္ေျပသလို ေရြးမွည့္ပါ ။ Nickname ေတြ သံုးေနက် in game name ေတြ ထည့္လို႔ရပါတယ္ ။ ကိုယ့္နာမည္အရင္းကို သူမ်ား မသိေစခ်င္ရင္ေပါ့ ။

နာမည္ေပးၿပီးသြားရင္ေတာ့ world ထဲဝင္ၿပီး စကစားလို႔ရပါၿပီ ။

ဒါကေတာ့ သိသင့္သိထိုက္တာေတြ စုစည္းထားတာမို႔ ဖတ္ၿပီး အကူအညီရသြားရင္ေတာ့ အရမ္း ဝမ္းသာမိမွာပါ ။

ဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ။

Unicode


Final Fantasy ဂိမ်းဝယ်ပြီး ကစားသူတွေ ဂိမ်းထဲမရောက်မီ ပထမဦးဆုံး တွေ့ကြုံရမယ့် အခြေအနေတွေကို ရှင်းပြထားတဲ့ ပို့စ်ပါ ။

Data Center


ပထမဦးဆုံး စဝင်တဲ့အခါ ကိုယ်ဝင်ကစားမယ့် data center ကို ရွေးရပါမယ် ။ data center က European, North America နှင့် Japanese ဆိုပြီး ၃ မျိုးရှိပါတယ် ။ data center တွေထဲမှာ European က lag ပါတယ် ။ သူ့ထက်နဲနဲ ကောင်းတာက North America ပါ ။ မြန်မာတွေနဲ့ အသင့်တော်ဆုံးကတော့ Japan data center ပါပဲ ။

World


data center တစ်ခုစီမှာ world တွေ အများကြီးရှိပါတယ် ။ ဒီ world တွေ အများကြီးထဲမှာမှ တစ်ခုမှာ ဝင်ကစားရမှာ ဖြစ်ပါတယ် ။ data center ၃ ခုလုံးမှာရှိတဲ့ world တွေရဲ့ နာမည်တွေဟာ ထပ်နေခြင်း တူနေခြင်း မရှိတာကြောင့် world နာမည်ပြောလိုက်တာနဲ့ ဘယ် data center မှာ ရှိတဲ့ world လဲဆိုတာ အလွယ်တကူ သိနိုင်ပါတယ် ။ Japanese data center ထဲက မြန်မာတွေ အများဆုံးရှိတဲ့ ဆာဗာတွေကို ပြရလျှင်တော့
"Elemental" server, "Tonberry" World
နှင့်
"Mana" server, "Hades" World ပဲ ဖြစ်ပါတယ်။

ဒီအထဲ "Mana" server, "Hades" World မှာရှိတဲ့ Bro Nyanthuthu ရဲ့ FC (guild) လေးကတော့ active အဖြစ်အများဆုံး group လေးဖြစ်ပြီး အများကြီး ကူညီပေးကြတာမို့ in game မှာ အခက်တွေ့နေရင် ဆက်သွယ် အကူအညီ တောင်းနိုင်ပါတယ်။

Tonberry World [Elemental server] က guild (FC) လေးပါ


နောင် ထွက်လာမယ့် expansion အရ Data center တစ်ခုတည်းမှာရှိတဲ့ world တွေက character အချင်းချင်း ဆက်သွယ်လို့ရသလို သူ့နေရာ ကိုယ့်နေရာ အလည်သွားလို့ရပါတယ် ။ expansion ၃ ခု ရှိတဲ့အထဲ တခုမှ မဝယ်သေးပဲ ရိုးရိုးကစားရင်တော့ အဲ့ဒီ feature သုံးလို့ရသေးမှာ မဟုတ်ပါဘူး ။ အနည်းဆုံးတော့ တခြား world က player တွေကို party finder, raid finder, cross world party finder, cross world linkshell တွေကနေ ဆက်သွယ်စကားပြောလို့ ရမှာဖြစ်ပါတယ် ။

Character Creation


စ ကစားတဲ့အခါ MMORPG တို့ ထုံးစံ ကိုယ်ကစားမယ့် character ကို ကိုယ်ကိုယ်တိုင် ဖန်တီးရပါတယ် ။ ဆံပင်ပုံစံ၊ အရောင်၊ မျက်နှာ အရွယ်အစား၊ နှာတံ၊ မျက်လုံးအကြီးအသေး ကအစ အရပ်မောင်း ခြေအဆုံး အသေးစိတ်ပြင်ဆင်ရပါတယ် ။ မပြင်ချင်လည်း ရပါတယ် ။ သူ့နဂို default ထဲ လုပ်ပြီးသားတွေရှိပါတယ် ။ ဒီထဲက ကိုယ့်အကြိုက်ရွေးချယ်လို့ ရပါတယ် ။

Race

 

Picture credit to https://chocoboxivmokee.weebly.com/beginners-guide.html

Race က Elezen, Hyur, Lalafel, Miqote, Roegadyn, Aura ဆိုပြီး ၆ မျိုးရှိပါတယ် ။ ကြားရတာကတော့ နောင်လာမယ့် Shadowbringer expansion အသစ်မှာ Race အသစ် ၂ ခု ပါလာမယ်လို့ ကြားရပါတယ် ။ အခုလက်ရှိမှာတော့ ၆ မျိုး ရှိပြီး Race တိုင်းမှာ ဗားရှင်း ၂ မျိုးစီ ရှိကြပါတယ် ။ ပြီးတော့ မတူတဲ့ stats တွေလည်း ကိုယ်စီ ရှိကြပါတယ် ။

Stat တွေဟာ အရင်တုန်းကတော့ အသုံးကျပါတယ် ။ ဘယ်နေရာမှာ အသုံးကျလဲဆိုတော့ ကိုယ်ရွေးချယ်ကစားမယ့် class ရဲ့ အဓိကလိုအပ်ချက် အလိုက်ရွေးတဲ့နေရာမှာပါ ။ ဥပမာပြရရင် Conjurer (healer class) ဆိုရင် သူ့ main point stat က piety ဖြစ်တော့ healer class ကစားချင်သူတွေက piety များတဲ့ lalafel တို့ Elzen တို့ ယူကြတာ များပါတယ် ။ ပြီးတော့ ဂိမ်းထဲရောက်တဲ့အခါ level တစ်ခုတက်တာနဲ့ stat တစ်ခု အပိုပေးတိုးပါတယ် ။ piety များတဲ့ race ယူထားရင် အပိုပေးတိုးတဲ့ stat နဲ့ ပေါင်းသွားတဲ့အခါ သူများထက်ပိုများပြီး heal တဲ့နေရာမှာ ပိုကောင်းလာတယ်ပေါ့ဗျာ ။

ဒါပေမယ့် Expansion တစ်ခု ဖြစ်တဲ့ Heavensward ရဲ့ နောက်ထွက် patch တွေထဲက တစ်ခုက စပြီး အဲ့ဒီ Stat တွေရဲ့ effect ကို ဖြုတ်ပစ်လိုက်ပါတယ် ။ stat အပိုလည်း ပေးမတိုးတော့ပါဘူး ။ ဒါကြောင့် အခုဆိုရင် Stat တွေဟာ gameplay မှာရော ကိုယ်ကစားမယ့် job တွေ class တွေမှာပါ အကျိူးသက်ရောက်မှု မရှိတော့သလို ဇာတ်လမ်းမှာလည်း အကျိုးသက်ရောက်မှု မရှိတော့တာမို့ ကိုယ်ကြိုက်တဲ့ race ကို ရွေးနိုင်ပါတယ် ။ third person view နှင့် ကစားရတဲ့ ဂိမ်းမို့လို့ ကိုယ့် character ကို အမြဲမြင်နေရမှာ ဖြစ်တဲ့အတွက် ကိုယ့်မျက်စိထဲ ကြည့်လို့ကောင်းမယ့် အဆင်ပြေလောက်မယ့် race ကို ရွေးချယ်ပါ ။

ဘယ် race ကောင်းလဲလို့ မေးလာခဲ့ရင် ကျနော်တော့ race တိုင်း သူ့အားသာချက်နဲ့သူ ရှိတာမို့ အကုန်ကောင်းတယ်လို့ပဲ ပြောရမှာပါ ။ အကြံပြုချက်ပေးပါ ဆိုရင်တော့

ချစ်စရာကောင်းတဲ့ ရုပ်နဲ့ စတိုင်ကို လိုချင်ရင် Miqote
အချိုးအစားကျကျ Sexy ကျကျ ဆိုရင် Hyur
အရပ်မြင့်မြင့် elegance ပုံ လိုချင်ရင် Elezen
ချစ်စရာကောင်းတဲ့ ကလေးအရွယ် ပုတုတုဆို Lalafel
အရပ်ထောင်ထောင်မောင်းမောင်း အင်အားကြီးပုံ လိုချင်ရင် Roegadyn
အေးချမ်းတဲ့ မျက်နှာပေါက်မျိုးနှင့် ခပ်မိုက်မိုက် လိုချင်ရင် Aura

ကို ရွေးချယ်ဖို့ အကြံပေးမှာပါ ။

Date of Birth


ဂိမ်းထဲက ဂိမ်းခုနှစ်နဲ့တွက်တဲ့ မွေးနေ့ပါ ။ အဲ့ဒါက gameplay မှာ အကျိုးသက်ရောက်မှု မရှိလို့ ကြိုက်သလိုရွေးလို့ရပါတယ် ။ ကိုယ့်ကို ကိုယ်စားပြုမယ့် character ဆိုတော့ ကိုယ့်မွေးနေ့နဲ့ကိုက်ပြီး ရွေးထားလို့လည်းရပါတယ် ။ ဒီပြင့်ဟာတွေလည်း ထားနိုင်ပါတယ် ။

Character's patron deity


Patron deity ကတော့ ၁၂ ခု ရှိပြီး မတူညီတဲ့ Elemental resistance Attributes တွေနဲ့ ဖြစ်ပါတယ် ။ အဲ့ဒီ Patron deity က စကစားရင်မှာသာ မဖြစ်စလောက် အကျိုးသက်ရောက်မှု ရှိပြီး နောက်ပိုင်း ဘာမှထူးခြားတာ မရှိတော့တာမို့လို့ ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ် ။

Class


ဒါကတော့ အရေးကြီးပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရွေးတဲ့ class အလိုက် ဇာတ်လမ်းစတင်မယ့်နေရာ ပြောင်းလဲသွားမှာမို့ သေချာစဉ်းစား ရွေးချယ်ဖို့ အရေးကြီးပါတယ် ။ ဒါပေမယ့် စိတ်မပူပါနဲ့ ။ ဇာတ်လမ်းက ကစားရင်း ၃ ပုံ ၁ ပုံ က စပြီး နောက်ပိုင်း ဇာတ်လမ်း အကုန်သွားတူနေပါတယ် ။ အရေးကြီးတာက ဇာတ်လမ်းကိုပဲ ဆုံးတဲ့အထိ ကစားမယ်ဆိုရင် class က တစ်ခုတည်းသွားရမှာမို့ ဘယ် class နဲ့ သွားမယ်ဆိုတာ စဉ်းစားရွေးယူရတာပဲ ဖြစ်ပါတယ် ။

ဒီနေရာမှာ ကျနော့်အနေနဲ့ အကြံပေးချင်တာက Final Fantasy 14 ဟာ အဓိက content တွေ unlock ဖြစ်ဖို့အတွက်ဆိုရင် ဇာတ်လမ်းသွားကို အဆုံးထိရောက်အောင် ကစားဖို့ လိုပါတယ် ။ ဒါမှသာ MMORPG အရသာ ပြည့်ပြည့်ဝဝ ခံစားရမှာ ဖြစ်ပါတယ် ။ ဒီလို ဆုံးအောင် ကစားဖို့အတွက်ဆိုရင် class တစ်ခုတည်းနဲ့ သွားမှ မြန်မြန်ရောက်မှာ ဖြစ်ပါတယ် ။ တချို့နေရာရောက်ရင် တခြား job တွေ ပွင့်လာပြီး ပြောင်းလဲကစားနိုင်ပေမယ့် ဇာတ်လမ်းသွားက သတ်မှတ်ထားတဲ့ level တစ်ခု ရောက်ဖို့ဆိုရင် တော်တော် train ရမှာပါ ။ အကယ်၍ train နိုင်တယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး ။ သင့်အနေနဲ့ class ၂ ခု ၃ ခု တပြိုင်တည်း ကစားပြီး ဇာတ်လမ်းအဆုံးထိ သွားနိုင်ပါတယ် ။ အချိန်တော့ သူများထက် ပိုယူရပါလိမ့်မယ် ။

အုပ်စု အမျိုးအစားက စုစုပေါင်း ၄ မျိုး ရှိပါတယ် ။ Disciples of War, Disciples of Magic အပြင် Disciples of Hand နှင့် Disciples of Land ဆိုပြီးတော့ပါ ။ အခုလက်ရှိ ရွေးချယ်လို့ရတာက Disciples of War, Disciples of Magic ၂ မျိုးပဲ ရသေးတာ မြင်ရမှာ ဖြစ်ပါတယ် ။ Disciples of Hand နှင့် Disciples of Land ကိုကျတော့ ဂိမ်းထဲရောက်မှ တွေ့ရမှာပါ ။

Disciples of War ကတော့ Magic တွေ spell တွေမပါတဲ့ class တွေပါ ။ Archer က လွဲလို့ ကျန် class တွေက အနီးချ တွေ ဖြစ်ပါတယ် ။

Disciples of Magic ကတော့ အကုန် Magic တွေ spell တွေပါတဲ့ အဝေးပစ် class တွေ ဖြစ်ပါတယ် ။

Class တွေဟာ level 30 ရောက်တဲ့အခါ သူ့ရဲ့ အထူးပြု class "Job" အဖြစ် တဆင့်ပြောင်းလဲသွားပါတယ် ။ ဒီအချိန်ဆို တချို့ class တွေဆို job ၂ မျိုး ပွင့်သွားတာ မြင်ရပါလိမ့်မယ် ။ ဥပမာ ပြရရင် "Arcanist" class ဆိုရင် level 30 ရောက်တာနဲ့ healer job တစ်ခုနဲ့ dps job တစ်ခု ၂ခုပြိုင်တူ unlock ဖြစ်သွားပါတယ် ။

Class အမျိုးအစား ခွဲချရရင်

Tank Class
Dps Class
Healer Class ဆိုပြီး ၃ မျိုးရှိပါတယ် ။ စစချင်းရွေးချယ်ခွင့် ပေးထားမှာက Tank class ၂ ခု Healer class ၁ ခု နှင့် ကျန်တာက Dps class တွေ ဖြစ်ပါတယ် ။ Expansion ဝယ်ထားရင်တော့ ရွေးချယ်စရာ ပိုလာမှာ ဖြစ်ပါတယ် ။ Tank class တွေက Gladiator နှင့် Marauder ဖြစ်ပြီး Healer class ကတော့ Conjurer ဖြစ်ပါတယ် ။

Tank class က dungeon တွေ raid တွေ ဝင် que ရင် အရမ်းမြန်ပါတယ် ။ Healer class လည်း မြန်ပါတယ် ။ အကြာဆုံးကတော့ Dps class ပါပဲ ။ အခုမှ စကစားသူ MMORPG အတွေ့အကြုံမရှိသေးတဲ့သူဖြစ်ရင်တော့ Tank class ယူဖို့ အားမပေးပါဘူး ။ tank က တိုက်ပွဲမှာ ဦးဆောင်ရတဲ့သူ ဖြစ်တဲ့အပြင် dungeon တွေ trial တွေ raid တွေက နောက်ပိုင်းကျလာလေလေ ပိုခက်လာလေဖြစ်ပြီး ကစားတဲ့အခါ တဖွဲ့လုံးရဲ့ အသက်က tank အပေါ် မူတည်နေလို့ပါ ။ tank အသုံးမကျရင် အောင်ဖို့ အခွင့်အလမ်း နည်းပါတယ် ။ Healer လည်း ထိုနည်းလည်းကောင်းပါပဲ ။ heal ရတဲ့ ပုံစံ သတိထားရမယ့်ဟာတွေ မသိရင် အဖွဲ့တစ်ဖွဲ့လုံး ခဏခဏ သေဖို့ ပြင်ထားရမှာပဲ ဖြစ်ပါတယ် ။

Class အမျိုးအစားတွေ အကြောင်း အသေးစိတ်လေး သေချာသိချင်ရင် ဒီမှာဝင်ဖတ်လို့ရပါတယ် ။

https://frosblaze.blogspot.com/2018/12/ffxiv-jobs-guide-for-beginner-myanmar.html

အစကို ပြန်ပြောရရင် class ကို သေချာရွေးချယ်ရပါမယ် ။

အကုန်လုံးပြီးသွားရင်တော့ နာမည်ပေးရမယ့် အပိုင်းကို ရောက်လာပါပြီ ။ ကိုယ့်ကို ကိုယ်စားပြုမယ့် ဂိမ်းကာရိုက်တာဆိုတော့ နာမည် သေချာရွေးပြီး ပေးရတော့မှာပါ ။

Character Name


Forename Surname နေရာ ၂ ခုလုံးမှာ နာမည်ဖြည့်မှ နာမည်တစ်ခု မည်မှာ ဖြစ်ပါတယ် ။

Forename ကတော့ ဇာတ်လမ်းရဲ့ စကားပြောတွေမှာ NPC တွေက ကိုယ့်ကို အမြဲ ခေါ်မယ့် နာမည်ပါ ။ Surname တစ်ခုတည်းကိုတော့ တခြားနေရာတွေမှာ ခေါ်တတ်ပေမယ့် ခေါ်တာ နည်းပါတယ် ။ သူတို့က Forename, Surname ပေါင်းပြီး နာမည် အပြည့်အစုံ ခေါ်လေ့ရှိကြပေမယ့် ဒီလို နာမည်အပြည့်အစုံခေါ်တဲ့ အချိန်က တော်တော်ရှားပါတယ် ။

ဒီတော့ ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို ရွေးမှည့်ပါ ။ Nickname တွေ သုံးနေကျ in game name တွေ ထည့်လို့ရပါတယ် ။ ကိုယ့်နာမည်အရင်းကို သူများ မသိစေချင်ရင်ပေါ့ ။

နာမည်ပေးပြီးသွားရင်တော့ world ထဲဝင်ပြီး စကစားလို့ရပါပြီ ။

ဒါကတော့ သိသင့်သိထိုက်တာတွေ စုစည်းထားတာမို့ ဖတ်ပြီး အကူအညီရသွားရင်တော့ အရမ်း ဝမ်းသာမိမှာပါ ။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။

Post a Comment

0 Comments