Final Fantasy XIV ကစားမယ္ဆို ဘာေတြ သိထားသင့္လဲ? ဘယ္လို ဝယ္ရလဲ?

Final Fantasy XIV ဂိမ္းဟာ အခုလက္႐ွိမွာ လစဥ္ေၾကးႏွင့္ ကစားရတဲ့ လူကစားအမ်ားဆံုး အြန္လိုင္းဂိမ္းစာရင္းမွာ နံပါတ္ ၂ ေနရာ မွာ ႐ွိေနပါတယ္ ။ ဒီလိုနာမည္ႀကီး အြန္လုိင္းဂိမ္းတစ္ခုျဖစ္တဲ့ Final Fantasy XIV ကို စမ္းကစားခ်င္ၾကတဲ့သူေတြ ရွိမွာပါ ။ အခုေျပာျပမွာကေတာ့ Final Fantasy XIV ဂိမ္းက ဘယ္လိုလဲ? ကစားမယ္ဆို ဘာေတြ သိထားသင့္လဲ? ဘယ္လို ဝယ္ရမယ္ ဆိုတာေတြပဲ ျဖစ္ပါတယ္ ။

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version


Final Fantasy XIV က ဘယ္လိုဂိမ္းမ်ိဳးလဲ?


Final Fantasy XIV ဟာ MMORPG (massive multiplayer online role playing game) အမ်ိဳးအစားတစ္ခုပါ ။ ကစားသူက character တစ္ေယာက္တည္းကို ထိန္းခ်ဳပ္ၿပီး ဇာတ္လမ္းအလိုက္ ကစားရတာ ျဖစ္ပါတယ္ ။

ဇာတ္လမ္းသြားခ်ည္းပဲလား? တစ္ေယာက္တည္းပဲ ကစားရမွာလား? 


RPG မွေတာ့ ဇာတ္လမ္းသြားကေတာ့ ကစားရမွာပဲေလ ။ ဇာတ္လမ္းသြား ကစားမွသာ content ေတြ တျဖည္းျဖည္း unlock ျဖစ္လာၿပီး ကစားရ ပိုပိုေကာင္းလာမွာေပါ့ ။ ဇာတ္လမ္းသြားကေတာ့ တစ္ေယာက္တည္း ကစားရမွာ ျဖစ္ေပမယ့္ တခ်ိဳ႕ေနရာေတြမွာဆို တျခား player အားေတြလည္း လိုအပ္တယ္ ။ ​ေျပာရမယ္​ဆို တျခား player ေတြနဲ႔ ေပါင္းစု ကစားရတဲ့ အခ်ိန္ေတြလည္း ႐ွိတယ္လို႔ ေျပာတာ ။

ဇာတ္လမ္းက ဘယ္လိုမ်ိဳးလဲ?


ဇာတ္လမ္း Story ကေတာ့ FF XIV ရဲ႕ တကယ့္ အႏွစ္ ပဲ။ TV series တစ္ခုလို update တစ္ခုထြက္တိုင္း story နဲ႕ content ေတြက ပိုတိုးသြားတယ္။ စစပိုင္းကေတာ့ သာမာန္ "Evil Empire vs Good guys" and save-the-world RPG plot ကေနျပီး တျဖည္းျဖည္းနဲ႕ ႏိုင္ငံေရး အာဏာျပိဳင္တာေတြ၊ ဘာသာေရးအဖြဲ႕ေတြရဲ႕ corruption ေတြ၊ လူမ်ိဳးေရးျပသနာေတြ၊ နန္းတြင္းအ႐ႈပ္ေတာ္ပံုေတြ နဲ႕ဇာတ္အိမ္က ၾကီးလာတယ္။ Developer ေတြေျပာတဲ့ပံုအရ Story တစ္ခုလံုးက ေနာက္ေလးႏွစ္ေလာက္ေနမွျပီးမွာဆိုပဲ။ Story ကို rush လုပ္ျပီးေဆာ့သြားရင္ေတာ့ ဘာအရသာမွရွိမွာမဟုတ္ဘူးဆိုတာေတာ့ သတိထားရမယ္။

PvP ေတြ PvE ေတြပါေပမယ့္ PvP ကေတာ့ အမွန္ေျပာရရင္ အဲ့ေလာက္ထိ focus သိပ္မလုပ္ထားဘူး။ Final Fantasy XIV ရဲ႕ design philosophy ကိုက narrative/story နဲ႕ team-play ကိုအဓိကထားေတာ့ PvE က main-focus ပဲ။ Game ရဲ႕ အေကာင္းဆံုး item set ေတြကို အခက္ဆံုး PvE raid ေတြကပဲရတယ္။ ဆိုေတာ့ End-Game focus က PvE ပဲ။

MMORPG ဆိုေတာ့ online လိုတာေပါ့ေနာ္ ။ offline ေကာ မ႐ွိဘူးလား?


MMORPG ဆိုမွေတာ့ online လိုတယ္ေလ ။ offline လံုးဝ မ႐ွိဘူး ။ world ေတြ အမ်ားႀကီး server ေတြ အမ်ားႀကီး player ေတြ အတုလုပ္ဖို႔ ဆိုတာ မျဖစ္ႏိုင္တဲ့ ကိစၥႀကီး ။ ၿပီးေတာ့ mmorpg ဆိုတာ player ႐ွိမွ mmorpg မည္တာေလ ။ ဒါေၾကာင့္ offline လံုးဝ ကစားမရဘူး ။

Final Fantasy XIV ရဲ႕ Battle-System ကဘယ္လိုလဲ?


Final Fantasy XII ရဲ႕ battle system နဲ႕ဆင္ပါတယ္။ Final Fantasy XII ကို speed up/Steamline လုပ္ထားတဲ့ပံုမ်ိဳးပါ။ ခ်တာေတြအရမ္းျမန္ေနေတာ့ action-RPG ပံုစံထင္ရေပမယ္ တကယ္က pure RPG ပါ။ ကိုယ္ ခလုပ္ကို ဘယ္ေလာက္ျမန္ျမန္ႏွိပ္ႏိုင္သလဲ ဘယ္လိုေရွာင္ျပီး ဘယ္လိုခ်ရမယ္ဆိုတာထက္ ဘယ္ skill ကို ဘယ္အခ်ိန္မွာသံုးရမယ္ ဘာ skill နဲ႕ တြဲသံုးရမယ္ စတာမ်ိဳးကပို အဓိကျဖစ္တဲ့ Skill-Rotation based combat ပါ။ Dungeon ေတြဝင္ရင္ေတာ့ role synergy လို႕ေခၚတဲ့ ကိုယ္ယူထားတဲ့ class ရဲ႕ role အေပၚမူတည္ျပီးေတာ့ teamwork ညီညီကစားတာက ပိုအဓိကက်တယ္။ (အဲ့လိုမေဆာ့ဘူးဆိုလည္းအကုန္ၾကြျပီသာမွတ္)

Class ဘယ္ႏွစ္ခုရွိလဲ?


Combat class 11 ခု နဲ႕ Job (Advance Class) က 14 ခုရွိတယ္။ FF XIV ရဲ႕အဓိကအားသာခ်က္က ကိုယ္ရဲ႕ class ေတြ job ေတြကို ဘာ penalty မွမရွိ ဘယ္ class မဆို ၾကိဳက္တဲ့အခ်ိန္ ေကာက္ေျပာင္းလို႕ရတယ္ ဆိုေတာ့ ကိုယ္က Tank လုပ္ရတာပ်င္းလာလို႕ DPS လုပ္ခ်င္ရင္ character အသစ္ထပ္လုပ္စရာမလိုပါဘူး။ ကိုယ့္စိတ္ၾကိဳက္ အေျခအေနအေပၚ မူတည္ျပီးေဆာ့လို႕ရတယ္။

Open World လား? Playerbase မ်ားလား?


World of Warcraft လို open world ၾကီးမဟုတ္ပါဘူး။ Graphically detailed ေဆာက္ထားတဲ့ Area ေတြကို တစ္ေနရာနဲ႕ တစ္ေနရာ ဆက္ထားတာပါ။ ဒါေပမယ့္ သြားလို႕ရတဲ့ area ေတြ အကုန္ဆက္လိုက္ရင္ေတာ့ Final Fantasy XIV ရဲ႕ ကမာၻက ေတာ္ေတာ္ၾကီးတယ္လို႕ ေျပာလို႕ရတယ္။ Mount ေတြဘာေတြမရေသးခင္ တစ္ေနရာနဲ႕တစ္ေနရာကိုလမ္းေလွ်ာက္သြားရတုန္းကဆို အခ်ိန္ေတာ္ေတာ္ကုန္ပါတယ္။

လူမ်ားတာကေတာ့ server ေပၚမူတည္မယ္။ ျမန္မာေတြ အေဆာ့မ်ားတဲ့ Japan-based Data server ဆိုရင္ register လုပ္ဖို႕ေတာင္ မနက္ ၅ နာရီထိ ေစာင့္ရတယ္ ။ PC, PS4 , PS3 server တစ္ခုထဲမွာ cross-play လို႕ရေတာ့ လူၾကိဳက္မ်ားတဲ့ server ကေတာ့ လူမ်ားတယ္။  

 


ဝယ္ေဆာ့ခ်င္တယ္ ။ ဘယ္လိုလုပ္ရမလဲ?


ဘယ္သူ႔အကူအညီမွ မယူပဲ Final Fantasy XIV ဂိမ္း ကစားမယ္ဆိုရင္ account ၂ ခု လိုပါတယ္ ။ Square Enix Store account ႏွင့္ Mog Station account ပါ ။ Square Enix Store Account က ဂိမ္းနဲ႔ပတ္သက္တာ ဥပမာ expansion ေတြ ဝယ္ရတဲ့ အျပင္ တျခား ဂိမ္းေတြ ျဖစ္တဲ့ Final Fantasy X တို႔ Tom Raider တို႔လို ဂိမ္းေတြလည္း ဝယ္လို႔ ရပါေသးတယ္ ။ account ဖြင့္ခ free ပါ ။ Mog Station က်ေတာ့ Final Fantasy XIV ဂိမ္းေဆာ့ဖို႔အတြက္ account ပါ ။ သူလည္း free ဖြင့္လို႔ရတယ္ ။ Final Fantasy XIV online trial version ကို ဒီ mog Station ကေန ကစားလို႔ရတယ္ ။ Final Fantasy XIV online ကေတာ့ Final Fantasy XIV: A Realm Reborn ျဖစ္ပါတယ္ ။


  • For PS4

Final Fantasy XIV ကို ဝယ္ခ်င္ရင္ PlayStation User ေတြဆို PSN store မွာ ဝယ္လို႔ ရတယ္ ။ ဒါေပမယ့္ ကိုယ့္ PSN account က US region မွာ ဖြင့္ထားတဲ့ account ျဖစ္ရပါမယ္ ။ ေနာက္ၿပီး ကစားဖို႔ ဖြင့္ရတဲ့ Mog Station account လည္း US region ကပဲ ဖြင့္ထားရမွာ ျဖစ္ပါတယ္ ။ ဆိုလိုတာကေတာ့ PSN account region ႏွင့္ Mog Station account region တို႔ဟာ တူညီေနရပါမယ္ ။ ဘာျဖစ္လို႔ US region မွာ ဖြင့္တာ ျဖစ္ရမယ္လို႔ ေျပာရတာလဲဆိုေတာ့ ျမန္မာျပည္မွာ Final Fantasy XIV ကို ကစားရင္ US region မွာမွ အဆင္ေျပလို႔ပါပဲ ။ PlayStation user သမားအေနနဲ႔ game data ကို ကိုယ့္ဟာကိုယ္ download လုပ္ရမယ္ ။ ဝယ္ၿပီး သူမ်ားဆီက data ယူထည့္လို႔ မရဘူး ။ အေခြ ဝယ္လို႔ေတာ့ ရေပမယ့္ ျမန္မာျပည္အေနနဲ႔ဆို ဝယ္ရတာ ေတာ္ေတာ္ခက္တယ္ ။ ဒါေၾကာင့္ ကိုယ့္ဟာကိုယ္ download ဆြဲဖို႔ ေျပာရတာပါ ။ Final Fantasy XIV တစ္မ်ိဳးတည္းဆိုရင္ 11.33GB ေလာက္ ႐ွိတယ္ ။ expansion ေတြ အကုန္ ပါလာမယ္ ဆိုရင္ေတာ့ 23 GB ေလာက္ ႐ွိပါတယ္ ။ website ေတြမွာ ေရးထားတာကေတာ့ အခု ေနာက္ဆံုးထြက္ expansion patch အပါအဝင္ အားလံုးေပါင္းဆိုရင္ Hard drive free space 60GB လိုတယ္လို႔ ေဖာ္ျပထားတာ ေတြ႔ရမွာ ျဖစ္ပါတယ္ ။ Key ကုိ PlayStation Store မွာ ဝယ္ ၊ Mog Station မွာ account ဖြင့္ၿပီး ကိုယ့္ PS4 ID နဲ႔ ခ်ိတ္ၿပီး Key ထည့္ ၊ ၿပီးရင္ ပိတ္ၿပီး ကုိယ့္ PS4 ထဲ ဝင္ Game launcher ကို download ခ် ၊ launcher ထဲ ခုနက ဖြင့္ထားခဲ့တဲ့ Mog Station account နဲ႔ ဝင္လိုက္ရင္ ဂိမ္း register ျဖစ္ၿပီး data download ဆြဲပါလိမ့္မယ္ ။ data download ဆြဲၿပီးရင္ေတာ့ ဝင္ၿပီး ကစားလို႔ ရပါၿပီ ။ (PC ပဲ ေဆာ့ဖူးသမား ဆိုေတာ့ PS4 အေၾကာင္း သိပ္မသိပါဘူး .... လိုအပ္တာေတြလည္း ႐ွိပါလိမ့္မယ္ ... မ႐ွင္းရင္ ေမးႏိုင္ပါတယ္ ... နားလည္သူေတြဆီ ေမးၿပီး ျပန္ေျဖေပးပါ့မယ္)

  • For PC


PC မွာ Final Fantasy XIV ကို digital ပဲ ဝယ္ႏိုင္ပါတယ္ ။ အေခြ႐ွိေပမယ့္ ျမန္မာျပည္အေနနဲ႔ ဝယ္ရတာ မလြယ္ဘူး ။ ဒါေၾကာင့္ digital ပဲ ဝယ္ေဆာ့ၾကတာ မ်ားတယ္ ။ Final Fantasy XIV PC version ကို ဝယ္ခ်င္ရင္ေတာ့ version ၂ မ်ိဳး႐ွိပါတယ္ ။ steam version ႏွင့္ official website ျဖစ္တဲ့ Square Enix Store က ဝယ္လို႔ရတဲ့ version ဆိုၿပီးေတာ့ပါ ။ Steam မွာေရာင္းေနတာကေတာ့ steam wallet ႐ွိေနေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ဝယ္ရတာ လြယ္တယ္ ။ ဒါေပမယ့္ account က US region မွာ ဖြင့္ထားတဲ့ account မွ အဆင္ေျပမွာ ျဖစ္ပါတယ္ ။ ဘာျဖစ္လို႔လဲဆိုေတာ့ Mog Station ဖြင့္တဲ့ account region ႏွင့္ ဂိမ္းဝယ္တဲ့ account region က တူမွ ရမွာမို႔လို႔ပါ ။ ဆိုးတဲ့တခ်က္က Square Enix က ျမန္မာႏိုင္ငံကို မသိေတာ့ US region ပဲ ထားဖြင့္လို႔ ရတာပဲ ျဖစ္တယ္ ။

PC မွာ data ကို ကိုယ့္ဟာကိုယ္ download ဆြဲယူႏိုင္သလို သူမ်ားဆီက download ဆြဲၿပီးသား ဒါမွမဟုတ္ သူမ်ား ကစားေနဆဲ data ကို ယူလို႔ရတယ္ ။ PC data size က်ေတာ့ Final Fantasy XIV online ခဲခဲ ဆိုရင္ 12GB ေလာက္႐ွိတယ္ ။ expansion အကုန္ ပါလာရင္ေတာ့ လက္႐ွိမွာ 30.2 GB ပမာဏေလာက္ ႐ွိေနပါၿပီ ။ အဲ့လိုဆိုေတာ့ down ရတာ စိတ္မ႐ွည္ရင္ ဂိမ္းဝယ္ၿပီး သူမ်ားဆီက data ေတာင္းလိုက္ရံုပါပဲ ။ Steam Version ဝယ္ခ်င္ရင္ steam မွာ ဝယ္ ၊ ေဆာ့ဖို႔ Mog Station မွာ account ဖြင့္ျပီး Key ထည့္ ၊ steam client ကေနတဆင့္ mog station account နဲ႔ ဝင္ ၿပီး ေဆာ့ရံုပါပဲ ။ ႐ိုး႐ိုး PC version ေဆာ့ခ်င္ရင္ေတာ့ Square Enix Store မွာ ဂိမ္းဝယ္ ၊ Mog Station account မွာ Key ထည့္ ၿပီးရင္ FFXIV game launcher ကို official website ကေန download ခ် ၊ Mog Station account နဲ႔ ဝင္ ၊ game data file download ခ် ၿပီးရင္ ဝင္ေဆာ့လို႔ ရပါၿပီ ။


တခု သတိထားရမွာက Steam version မွာ Final Fantasy XIV expansion ေတြက ဝယ္ရခက္တယ္ ။ steam မွာ ေရာင္းတာ မွန္ေပမယ့္ သူ႔ official website ျဖစ္တဲ့ square enix store မွာ ေရာင္းတာထက္ ေစ်းပိုႀကီးတယ္ ။ ေနာက္ၿပီး တခ်ိဳ႕ေနရာေတြမွာ ဥပမာ pre-order မွာတာတို႔ game မွာ ျပသနာတက္ရင္ ေျဖ႐ွင္းတဲ့အပိုင္းမွာ နဲနဲခက္ခဲတာကို ေတြ႔ရမွာ ျဖစ္ပါတယ္ ။ က်ေနာ္ကေတာ့ Square Enix Store ကပဲ ဝယ္ၿပီး game launcher ကေနပဲ ေဆာ့ေတာ့ အဲ့လို ျပသနာေတြ တက္တာ မ႐ွိသလို တခါမွ မၾကံဳဖူးပါဘူး ။

> ဂိမ္းအမ်ိဳးအစား ႏွင့္ ဝယ္နည္း


Official website ျဖစ္တဲ့ Square Enix Store မွာ ဂိမ္းကို ဝယ္ဖို႔ဆိုရင္ account ဖြင့္ရပါတယ္ ။ account ဖြင့္ခ ကေတာ့ free ပါ ။ အဲ့ဒီမွာ account မဖြင့္ခ်င္ဘူး ဝယ္ေလာက္ပဲ ဝယ္ခ်င္တယ္ ဆိုရင္ေတာ့ Square Enix Store account ႐ွိၿပီးသား သူေတြဆီက ဝယ္ခိုင္းလို႔ ရပါတယ္ ။ ဂိမ္းက key ေလာက္ပဲ ဝယ္ရတာမို႔လို႔ပါ ။ Final Fantasy XIV မွာက ၄ ပိုင္း ႐ွိပါတယ္ ။ Final Fantasy XIV: A Realm Reborn, Final Fantasy XIV: Heavensward, Final Fantasy XIV: Stromblood ေနာက္ၿပီးေတာ့ Final Fantasy XIV: ShadowBringer ဆိုၿပီးေတာ့ပါ ။ A Realm Reborn က main game ျဖစ္ၿပီး Heavensward ႏွင့္ Stromblood တို႔က expansion ေတြျဖစ္ပါတယ္ ။ A Realm Reborn မွာက level အျမင့္ဆံုး 50 ျဖစ္ၿပီး Heavensward မွာ 60 ၊ Stromblood က 70 ေနာက္ဆံုးထြက္ ShadowBringer မွာေတာ့ 80 ျဖစ္သြားပါတယ္ ။ အမွန္တကယ္ ကစားရ အေကာင္းဆံုးကေတာ့ Stromblood ႏွင့္ Shadowbringer ပါပဲ ။ level cap လည္း အျမင့္ဆံုး ျဖစ္သလို content ေတြ အမ်ားဆံုး ျဖစ္တဲ့အျပင္ အဓိကက story အပိုင္း မတရား စိတ္ဝင္စားဖို႔ ေကာင္းလာတာပါပဲ ။ ၿပီးေတာ့ လက္႐ွိ ကစားေနက် player အမ်ားစုဟာ Stromblood expansion, Shadowbringer expansion မွာမွ သြားလာႏိုင္တဲ့ area ေတြမွာပဲ စုျပံဳေနၾကတာမို႔ A realm reborn ဝယ္ၿပီး ကစားတဲ့သူေတြ အျမင္မွာ player ေတြ သိပ္မေတြ႔ရေတာ့ ေျခာက္ကပ္ကပ္ႀကီး ျဖစ္သလို ခံစားရမွာပါ ။



Expansion ေတြက သပ္သပ္စီေရာင္းတာလည္း ႐ွိသလို main game ျဖစ္တဲ့ Final Fantasy XIV:  A Realm Reborn (Final Fantasy XIV Online) ပါတဲ့ ပက္ေက့ခ်္ အထုပ္အေနနဲ႔ ေရာင္းတာလည္း ႐ွိပါတယ္ ။ အမ်ိဳးအစားကေတာ့ Starter Edition, Complete Edition, Expansion ေနာက္ၿပီး Collector Edition စုစုေပါင္း ၄ မ်ိဳး ႐ွိပါတယ္  ။ Starter Edition ႏွင့္ Expansion ေတြက တစ္ခုခ်င္းစီ လာတာ ျဖစ္ပါတယ္ ။ ဆိုလိုတာက Stromblood Starter Edition ဒါမွမဟုတ္ Stromblood ဆိုရင္ Stromblood တစ္ခုတည္းသာ ရမွာ ျဖစ္ပါတယ္ ။ Final Fantasy XIV online မပါဘူး ပထမဆံုး expansion ျဖစ္တဲ့ Heavensward မပါဘူး ။ ဒီလို ပါမပါေတြက သူ႔ထဲမွာ ေရးထားလို႔ ေသခ်ာဖတ္ၾကည့္ရင္ သိႏိုင္ပါတယ္ ။  ဒါေပမယ့္ ေနာက္ဆံုးထြက္ expansion ျဖစ္တဲ့ Final Fantasy XIV: Shadowbringer Standard Edition ကေတာ့ ဝယ္လိုက္ရင္ Heavensward ႏွင့္ Stromblood expansion ၂ ခုပါ ရေပမယ့္ main game ျဖစ္တဲ့ A Realm Reborn ေတာ့ ပါမလာတာ ေတြ႔ရမွာ ျဖစ္ပါတယ္ ။ ဒီ Starter Edition ေတြ Expansion ေတြက ကုိယ့္မွာ main game ႐ွိၿပီးသားမွ ၾကည့္ဝယ္ရတာ ျဖစ္ပါတယ္ ။ ကိုယ့္မွာ ဘာမွမဝယ္ထားေသးဘူး လံုးဝအသစ္ေဆာ့မွာ ဆိုရင္ေတာ့ Complete Edition အမ်ိဳးအစား ဝယ္ပါ ။ Final Fantasy XIV: Online Complete Edition လိုမ်ိဳးဆိုရင္ ဝယ္လိုက္ရင္ main game ပါသလို expansion ၃ ခုပါ ရမွာ ျဖစ္ပါတယ္ ။
Collector Edition ကေတာ့ ေျပာရရင္ boss ေတြအတြက္လို႔ပဲ ဆိုရမွာပါ ။ in game reward ေတြ အမ်ားႀကီးပါတယ္ ။ ေနာက္ၿပီး အ႐ုပ္ေတြ soundtrack album ေတြ ပါပါတယ္ ။ ေစ်းကေတာ့ တျခားဟာေတြထက္ ေတာ္ေတာ္ေလးႀကီးတာ ေတြ႔ရမွာပါ ။

ဂိမ္းဝယ္တဲ့အခါ နာမည္မွာ နံေဘးက [PC DOWNLOAD] တို႔ [PS 4] တို႔ ဆိုတာကို ေသခ်ာ သတိထားၾကည့္ ဝယ္ပါ ။ ကိုယ္လိုခ်င္တာက PC ၊ ဝယ္လိုက္တာက PS4 ျဖစ္ေနရင္ေတာ့ သြားၿပီပဲ ။ ျပန္အမ္းလို႔မရ ပစၥည္းလည္းျပန္လဲလို႔ မရဆိုေတာ့ အသစ္ဝယ္မွ ရေတာ့မွာပါ ။ ဝယ္ၿပီးသားကို ျပန္ေရာင္းထုတ္ခ်င္ရင္ ဂ႐ုေတြမွာ လွည့္ပတ္ေရာင္းရမွပဲ ရေတာ့မွာပါ ။ ေနာက္ၿပီး Digital Download အမ်ိဳးအစားကို ေသခ်ာေရြးဝယ္ပါ ။ အေခြေတြ ဝယ္လို႔ရေပမယ့္ ျမန္မာျပည္အေနနဲ႔ မွာရခက္သလို ေရာက္ဖို႔လည္း အေတာ္ ခက္လို႔ပါ ။ PC ေတြကေတာ့ လြယ္ပါတယ္ ။ Digital Download အမ်ိဳးအစား ေရြးဝယ္ၿပီး Data ကို သူမ်ားဆီက ကူးယူထည့္လိုက္ရင္ ရပါၿပီ ။ အခ်ိန္ကုန္သက္သာသလို အျမန္လည္း ကစားရပါတယ္ ။ PS4 ကေတာ့ ကိုယ့္ဘာသာကုိယ္ ေဒါင္းလုဒ္ဆြဲရမွာမုိ႔ အင္တာနက္လိုင္းေကာင္းတဲ့ေနရာကို စက္,မ သြားၿပီး သြားေဒါင္းယူရရင္ အခ်ိန္ကုန္ သက္သာမွာပါ ။

https://na.finalfantasyxiv.com/product/ မွာ ဝင္​ၾကည္​့ၿပီး သူ႔က​ေနတဆင္​့ Square Enix Store ထဲ ဝင္​ ဝယ္​ရမွာ ျဖစ္​ပါတယ္​ ။


> Visa Card


Square Enix Store ကေတာ့ Visa card ၊ master card ေတြ လက္ခံပါတယ္ ။ အရင္တုန္းက ျမန္မာျပည္အေနနဲ႔ Visa card ေတြ မ႐ွိတုန္းကေတာ့ ဝယ္ရတာ ခက္ခဲတာေပါ့ ။ အခုကေတာ့ Visa card ေတြ ႐ွိလာသလို ျမန္မာျပည္က Visa Card ေတြကိုလည္း လက္ခံလာၿပီဆိုေတာ့ ဝယ္ရတာ အဆင္ေျပလာပါတယ္ ။ ျမန္မာျပည္က KBZ visa card တို႔ CB Visa card တို႔နဲ႔ဆို ျပသနာမတက္တတ္ဘူး ။ ဝယ္ရတာ လြယ္ပါတယ္ ။

Final Fantasy XIV က လစဥ္ေၾကး subscription လိုတယ္ၾကားတယ္ ။ ဘယ္လို ဝယ္ရလဲ?


Final Fantasy XIV မွာ ကစားဖို႔ လစဥ္ေၾကး subscription လိုတာ မွန္ပါတယ္ ။ subscription ကေတာ့ ဂိမ္းစဝယ္လိုက္တာနဲ႔ ဂိမ္းနဲ႔ ၁ လစာ subscription တြဲပါလာတာမို႔လို႔ ရက္ ၃၀ စာ free အလကား ကစားရမွာပါ ။ ေနာက္ ဆက္ကစားခ်င္ရင္ေတာ့ subscription ကို Mog Station ကေန ထည့္ရတာ ျဖစ္ပါတယ္ ။ ထည့္နည္းကေတာ့ ၂ မ်ိဳး႐ွိပါတယ္ ။ Visa card နဲ႔ ထည့္နည္းႏွင့္ တဆင့္ခံျဖစ္တဲ့ Crysta သံုးၿပီး ထည့္နည္းပါ ။ Visa card နဲ႔ ထည့္ရတဲ့ နည္းကေတာ့ ကိုယ့္ Visa card ရဲ႕ information ေတြ ႐ိုက္ထည့္ေပးရၿပီး payment မွာ Visa card နဲ႔ ခ်ိတ္လိုက္တာပဲ ျဖစ္ပါတယ္ ။ Visa card နဲ႔ လွမ္းခ်ိတ္လိုက္ရင္ေတာ့ subscription တစ္လစာ ကုန္တိုင္း ကိုယ့္ Visa card ထဲက အလိုလို ျဖတ္သြားၿပီး ေနာက္တစ္လစာ auto subscription လုပ္ေပးသြားပါတယ္ ။ Visa card ထဲ $ ႐ွိသေလာက္ သူက auto ႏႈတ္ယူသြားတယ္ ။ ဒါကို recurring လို႔ ေခၚပါတယ္ ။ ဒီလိုနည္းကိုေတာ့ boss ေတြကလြဲလို႔ က်န္တဲ့သူေတြ သိပ္မသံုးၾကဘူး ။ Crysta အသံုးျပဳထည့္နည္းကေတာ့ လူသံုးမ်ားၾကပါတယ္ ။ Crysta ကေတာ့ Final Fantasy XIV မွာ သံုးရလြယ္ေအာင္ ဖန္တီးထားတဲ့ Square Enix ရဲ႕ ေငြေၾကးလွဲလွယ္ပစၥည္း တစ္ခုပါ ။ Crysta ကို Visa Card နဲ႔ ဝယ္ရပါတယ္ ။ Crysta ကို အနည္းဆံုး 5$ ကေန အမ်ားဆံုး $100 အထိ ဝယ္လို႔ရတယ္ ။ 1$ = 100 Crysta .... 5$ ဆို Crysta 500 ရမယ္ ။ အဲ့ဒီ Crysta နဲ႔မွ Subscription ဝယ္လို႔ရသလို Mog Station မွာ ေရာင္းေနတာေတြ ဝယ္လို႔ရတယ္ ။ Crysta နဲ႔ ဝယ္နည္းသံုးရင္ Visa card ကို ခ်ိတ္စရာမလိုဘူး ။ ႐ိုး႐ိုး အြန္လိုင္းေပၚ ပစၥည္းေတြ ဝယ္သလို ဂိမ္းဝယ္သလို ဒီအတိုင္း ဝယ္ရံုပါပဲ ။ ဒါေပမယ့္ Crysta ပိုေနလို႔ ဆိုျပီး သူမ်ားကို လႊဲေပးလို႔ မရပါဘူး ။ ဒါေၾကာင့္ Crysta ကို ကိုယ္လိုသေလာက္ ေဆာ့ႏိုင္သေလာက္ ဝယ္ထည့္ၿပီး ေဆာ့တာ အေကာင္းဆံုးပါပဲ ။ က်ေနာ္ေတာ့ crysta ပဲ လိုသေလာက္ ဝယ္ထည့္ေဆာ့ပါတယ္ ။

Subscription မွာ Entry (12.99$) ႏွင့္ Standard (13.99$) ဆိုၿပီး အမ်ိဳးအစား ၂ မ်ိဳး ႐ွိပါတယ္ ။ Entry ကေတာ့ ေစ်းနည္းတယ္ ။ ေရြးခ်ယ္စရာ ရက္ ၃၀ စာ တစ္မ်ိဳးပဲ ႐ွိတယ္ ။ ဒါေပမယ့္ Server တစ္ခုမွာ character တစ္ေယာက္ပဲ ကစားခြင့္႐ွိတယ္ ။ server တစ္ခုမွာ character တစ္ေယာက္စီနဲ႔ ကိုယ္ create လုပ္ၿပီး ကစားႏိုင္မယ့္ character အေရအတြက္ကေတာ့ အမ်ားဆံုး ၈ ေယာက္ပါ ။ Standard က်ေတာ့ ေရြးခ်ယ္စရာမ်ားၿပီး server တစ္ခုမွာ create လုပ္ ကစားႏိုင္မယ့္ character အေရအတြက္ ၈ ေယာက္ ျဖစ္သြားပါတယ္ ။ server တစ္ခုမွာ character ၈ ေယာက္စီနဲ႔ server ၈ ခုမွာ ျပဳလုပ္ခြင့္ရမွာ ျဖစ္ၿပီး စုစုေပါင္း character အေယာက္ ၄၀ ဖန္တီး ကစားႏိုင္မွာ ျဖစ္ပါတယ္ ။ Crysta ေတြ Visa card ေတြမသံုးပဲ Game time card ဆိုတာ သံုးၿပီး Subscription ထည့္နည္း႐ွိေသးတယ္ ။ Game Time card ကေတာ့ key အမ်ိဳးအစား ျဖစ္ၿပီး standard ႏႈန္းနဲ႔ ရက္ ၆၀ စာ Subscription နဲ႔ လာေလ့႐ွိပါတယ္ ။ Mog station မွာ key ထည့္လိုက္ရံုပါပဲ ။ Game Time Card ကေတာ့ online market ေတာ္ေတာ္မ်ားမ်ားမွာ ေရာင္းပါတယ္ ။

Steam version ဝယ္ထားသူေတြအေနနဲ႔ steam wallet ကို သံုးၿပီး Subscription လုပ္လို႔ရတယ္ ။ ကိုယ့္ Mog Station account ထဲ ဝင္လို႔ Subscription payment method အကန္႔ေအာက္မွာ ေရြးခ်ယ္စရာ Steam wallet ဆိုတဲ့ option ေလး ႐ွိေနတာ ေတြ႔ရပါလိမ့္မယ္ ။ ဒီေနတဆင့္ Subscription လုပ္လို႔ရပါတယ္ ။

PS4 မွာေရာ PC မွာပါ account တစ္ခုတည္းနဲ႔ပဲ ကစားခ်င္တယ္။ ဒီလို ကစားလို႔ရလား?


ကစားလို႔ ရပါတယ္ ။ ဒါေပမယ့္ ဒီလုိ ကစားဖို႔ဆိုရင္ account တစ္ခုတည္းမွာ PS4 version ေရာ PC version ပါ ဝယ္ထားရမွာ ျဖစ္ပါတယ္ ။

Internet data အစား မ်ားလား?


က်ေနာ္ တြက္ျပပါမယ္ ။ က်ေနာ္က PC မွာ ကစားပါတယ္ ။ ညေန ၆ နာရီခြဲကေန ည ၁၂ နာရီခြဲ အထိ မထတမ္း ကစားပါတယ္ ။ ဒီလို ကစားတဲ့အခ်ိန္မွာ Dungeon ေတြ အဆက္မျပတ္ ဝင္တယ္ ။ Trial ေတြ Raid ေတြ ဝင္ကစားတယ္ ။ ဂိမ္းထဲက တခ်က္မွ မထြက္ပဲ ကစားတာေတာင္ 50MB ေက်ာ္ေက်ာ္ပဲ ကုန္ပါတယ္ ။ ဒါ ပံုမွန္ပါ ။ ေနာက္က ဘာ download ဆြဲ ညာ download ဆြဲတာ ႐ွိရင္ေတာ့ 100mb ေက်ာ္ တက္သြားတတ္တယ္ ။ PC ဆိုရင္ေတာ့ သိၾကတဲ့အတိုင္းပဲ internet လိုင္းကို ဘယ္အေပါက္က ဆြဲေနၾကမွန္းကို မသိဘူး ။ အဲ့ဒါေတာင္မွ ဒီေလာက္ပဲ ကုန္တာပါ ။ တျခား MOBA ဂိမ္းေတြထက္ အေတာ္ႀကီးကို data အဆြဲ နည္းပါတယ္ ။

(စာထဲမွာ bro chit ko ေရးထားတဲ့ စာေတြ ညႇပ္ထည့္ထားတာမို႔ အဲ့ဒါေတြအတြက္ bro chit ko ကုိ credit ေပးပါတယ္ ။)

ဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ။ Final Fantasy XIV အခုမွ စ ကစားမယ့္သူေတြအတြက္ အကူအညီ ျဖစ္လိမ့္မယ္ ေမွ်ာ္လင့္ပါတယ္ ။

Useful Links


Final Fantasy 14 မွာ Security Token က ဘာလဲ

Final Fantasy 14 - NPCs that selling DoH/DoL, DoW/DoM gear, tools, weapons and accessories

Final Fantasy ဂိမ္းဝယ္ၿပီး ကစားသူေတြ ဂိမ္းထဲမေရာက္မီ ပထမဦးဆံုး ေတြ႔ၾကံဳရမယ့္ အေျခအေန

Final Fantasy 14 မွာ class ဘယ္ေလာက္ခု ႐ွိလဲ? ဒီ guide ေလးကေတာ့ class ေတြရဲ ထူးျခားခ်က္ေတြ အသံုးဝင္ပံုေတြကို ႐ွင္းျပေပးသြားမွာ ျဖစ္ပါတယ္ ။

Final Fantasy 14 မွာ Stone Sky Sea က ဘာလဲ?


|Fros|


Unicode

Final Fantasy XIV ကစားမယ်ဆို ဘာတွေ သိထားသင့်လဲ? ဘယ်လို ဝယ်ရလဲ?

===============

Final Fantasy XIV ဂိမ်းဟာ အခုလက်ရှိမှာ လစဉ်ကြေးနှင့် ကစားရတဲ့ လူကစားအများဆုံး အွန်လိုင်းဂိမ်းစာရင်းမှာ နံပါတ် ၂ နေရာ မှာ ရှိနေပါတယ် ။ ဒီလိုနာမည်ကြီး အွန်လိုင်းဂိမ်းတစ်ခုဖြစ်တဲ့ Final Fantasy XIV ကို စမ်းကစားချင်ကြတဲ့သူတွေ ရှိမှာပါ ။ အခုပြောပြမှာကတော့ Final Fantasy XIV ဂိမ်းက ဘယ်လိုလဲ? ကစားမယ်ဆို ဘာတွေ သိထားသင့်လဲ? ဘယ်လို ဝယ်ရမယ် ဆိုတာတွေပဲ ဖြစ်ပါတယ် ။

Final Fantasy XIV က ဘယ်လိုဂိမ်းမျိုးလဲ?


Final Fantasy XIV ဟာ MMORPG (massive multiplayer online role playing game) အမျိုးအစားတစ်ခုပါ ။ ကစားသူက character တစ်ယောက်တည်းကို ထိန်းချုပ်ပြီး ဇာတ်လမ်းအလိုက် ကစားရတာ ဖြစ်ပါတယ် ။

ဇာတ်လမ်းသွားချည်းပဲလား? တစ်ယောက်တည်းပဲ ကစားရမှာလား? 


RPG မှတော့ ဇာတ်လမ်းသွားကတော့ ကစားရမှာပဲလေ ။ ဇာတ်လမ်းသွား ကစားမှသာ content တွေ တဖြည်းဖြည်း unlock ဖြစ်လာပြီး ကစားရ ပိုပိုကောင်းလာမှာပေါ့ ။ ဇာတ်လမ်းသွားကတော့ တစ်ယောက်တည်း ကစားရမှာ ဖြစ်ပေမယ့် တချို့နေရာတွေမှာဆို တခြား player အားတွေလည်း လိုအပ်တယ် ။ ​ပြောရမယ်​ဆို တခြား player တွေနဲ့ ပေါင်းစု ကစားရတဲ့ အချိန်တွေလည်း ရှိတယ်လို့ ပြောတာ ။

ဇာတ်လမ်းက ဘယ်လိုမျိုးလဲ?


ဇာတ်လမ်း Story ကတော့ FF XIV ရဲ့ တကယ့် အနှစ် ပဲ။ TV series တစ်ခုလို update တစ်ခုထွက်တိုင်း story နဲ့ content တွေက ပိုတိုးသွားတယ်။ စစပိုင်းကတော့ သာမာန် "Evil Empire vs Good guys" and save-the-world RPG plot ကနေပြီး တဖြည်းဖြည်းနဲ့ နိုင်ငံရေး အာဏာပြိုင်တာတွေ၊ ဘာသာရေးအဖွဲ့တွေရဲ့ corruption တွေ၊ လူမျိုးရေးပြသနာတွေ၊ နန်းတွင်းအရှုပ်တော်ပုံတွေ နဲ့ဇာတ်အိမ်က ကြီးလာတယ်။ Developer တွေပြောတဲ့ပုံအရ Story တစ်ခုလုံးက နောက်လေးနှစ်လောက်နေမှပြီးမှာဆိုပဲ။ Story ကို rush လုပ်ပြီးဆော့သွားရင်တော့ ဘာအရသာမှရှိမှာမဟုတ်ဘူးဆိုတာတော့ သတိထားရမယ်။

PvP တွေ PvE တွေပါပေမယ့် PvP ကတော့ အမှန်ပြောရရင် အဲ့လောက်ထိ focus သိပ်မလုပ်ထားဘူး။ Final Fantasy XIV ရဲ့ design philosophy ကိုက narrative/story နဲ့ team-play ကိုအဓိကထားတော့ PvE က main-focus ပဲ။ Game ရဲ့ အကောင်းဆုံး item set တွေကို အခက်ဆုံး PvE raid တွေကပဲရတယ်။ ဆိုတော့ End-Game focus က PvE ပဲ။

MMORPG ဆိုတော့ online လိုတာပေါ့နော် ။ offline ကော မရှိဘူးလား?


MMORPG ဆိုမှတော့ online လိုတယ်လေ ။ offline လုံးဝ မရှိဘူး ။ world တွေ အများကြီး server တွေ အများကြီး player တွေ အတုလုပ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကြီး ။ ပြီးတော့ mmorpg ဆိုတာ player ရှိမှ mmorpg မည်တာလေ ။ ဒါကြောင့် offline လုံးဝ ကစားမရဘူး ။

Final Fantasy XIV ရဲ့ Battle-System ကဘယ်လိုလဲ?


Final Fantasy XII ရဲ့ battle system နဲ့ဆင်ပါတယ်။ Final Fantasy XII ကို speed up/Steamline လုပ်ထားတဲ့ပုံမျိုးပါ။ ချတာတွေအရမ်းမြန်နေတော့ action-RPG ပုံစံထင်ရပေမယ် တကယ်က pure RPG ပါ။ ကိုယ် ခလုပ်ကို ဘယ်လောက်မြန်မြန်နှိပ်နိုင်သလဲ ဘယ်လိုရှောင်ပြီး ဘယ်လိုချရမယ်ဆိုတာထက် ဘယ် skill ကို ဘယ်အချိန်မှာသုံးရမယ် ဘာ skill နဲ့ တွဲသုံးရမယ် စတာမျိုးကပို အဓိကဖြစ်တဲ့ Skill-Rotation based combat ပါ။ Dungeon တွေဝင်ရင်တော့ role synergy လို့ခေါ်တဲ့ ကိုယ်ယူထားတဲ့ class ရဲ့ role အပေါ်မူတည်ပြီးတော့ teamwork ညီညီကစားတာက ပိုအဓိကကျတယ်။ (အဲ့လိုမဆော့ဘူးဆိုလည်းအကုန်ကြွပြီသာမှတ်)

Class ဘယ်နှစ်ခုရှိလဲ?


Combat class 11 ခု နဲ့ Job (Advance Class) က 14 ခုရှိတယ်။ FF XIV ရဲ့အဓိကအားသာချက်က ကိုယ်ရဲ့ class တွေ job တွေကို ဘာ penalty မှမရှိ ဘယ် class မဆို ကြိုက်တဲ့အချိန် ကောက်ပြောင်းလို့ရတယ် ဆိုတော့ ကိုယ်က Tank လုပ်ရတာပျင်းလာလို့ DPS လုပ်ချင်ရင် character အသစ်ထပ်လုပ်စရာမလိုပါဘူး။ ကိုယ့်စိတ်ကြိုက် အခြေအနေအပေါ် မူတည်ပြီးဆော့လို့ရတယ်။

Open World လား? Playerbase များလား?


World of Warcraft လို open world ကြီးမဟုတ်ပါဘူး။ Graphically detailed ဆောက်ထားတဲ့ Area တွေကို တစ်နေရာနဲ့ တစ်နေရာ ဆက်ထားတာပါ။ ဒါပေမယ့် သွားလို့ရတဲ့ area တွေ အကုန်ဆက်လိုက်ရင်တော့ Final Fantasy XIV ရဲ့ ကမ္ဘာက တော်တော်ကြီးတယ်လို့ ပြောလို့ရတယ်။ Mount တွေဘာတွေမရသေးခင် တစ်နေရာနဲ့တစ်နေရာကိုလမ်းလျှောက်သွားရတုန်းကဆို အချိန်တော်တော်ကုန်ပါတယ်။

လူများတာကတော့ server ပေါ်မူတည်မယ်။ မြန်မာတွေ အဆော့များတဲ့ Japan-based Data server ဆိုရင် register လုပ်ဖို့တောင် မနက် ၅ နာရီထိ စောင့်ရတယ် ။ PC, PS4 , PS3 server တစ်ခုထဲမှာ cross-play လို့ရတော့ လူကြိုက်များတဲ့ server ကတော့ လူများတယ်။



ဝယ်ဆော့ချင်တယ် ။ ဘယ်လိုလုပ်ရမလဲ?


ဘယ်သူ့အကူအညီမှ မယူပဲ Final Fantasy XIV ဂိမ်း ကစားမယ်ဆိုရင် account ၂ ခု လိုပါတယ် ။ Square Enix Store account နှင့် Mog Station account ပါ ။ Square Enix Store Account က ဂိမ်းနဲ့ပတ်သက်တာ ဥပမာ expansion တွေ ဝယ်ရတဲ့ အပြင် တခြား ဂိမ်းတွေ ဖြစ်တဲ့ Final Fantasy X တို့ Tom Raider တို့လို ဂိမ်းတွေလည်း ဝယ်လို့ ရပါသေးတယ် ။ account ဖွင့်ခ free ပါ ။ Mog Station ကျတော့ Final Fantasy XIV ဂိမ်းဆော့ဖို့အတွက် account ပါ ။ သူလည်း free ဖွင့်လို့ရတယ် ။ Final Fantasy XIV online trial version ကို ဒီ mog Station ကနေ ကစားလို့ရတယ် ။ Final Fantasy XIV online ကတော့ Final Fantasy XIV: A Realm Reborn ဖြစ်ပါတယ် ။

  • For PS4

Final Fantasy XIV ကို ဝယ်ချင်ရင် PlayStation User တွေဆို PSN store မှာ ဝယ်လို့ ရတယ် ။ ဒါပေမယ့် ကိုယ့် PSN account က US region မှာ ဖွင့်ထားတဲ့ account ဖြစ်ရပါမယ် ။ နောက်ပြီး ကစားဖို့ ဖွင့်ရတဲ့ Mog Station account လည်း US region ကပဲ ဖွင့်ထားရမှာ ဖြစ်ပါတယ် ။ ဆိုလိုတာကတော့ PSN account region နှင့် Mog Station account region တို့ဟာ တူညီနေရပါမယ် ။ ဘာဖြစ်လို့ US region မှာ ဖွင့်တာ ဖြစ်ရမယ်လို့ ပြောရတာလဲဆိုတော့ မြန်မာပြည်မှာ Final Fantasy XIV ကို ကစားရင် US region မှာမှ အဆင်ပြေလို့ပါပဲ ။ PlayStation user သမားအနေနဲ့ game data ကို ကိုယ့်ဟာကိုယ် download လုပ်ရမယ် ။ ဝယ်ပြီး သူများဆီက data ယူထည့်လို့ မရဘူး ။ အခွေ ဝယ်လို့တော့ ရပေမယ့် မြန်မာပြည်အနေနဲ့ဆို ဝယ်ရတာ တော်တော်ခက်တယ် ။ ဒါကြောင့် ကိုယ့်ဟာကိုယ် download ဆွဲဖို့ ပြောရတာပါ ။ Final Fantasy XIV တစ်မျိုးတည်းဆိုရင် 11.33GB လောက် ရှိတယ် ။ expansion တွေ အကုန် ပါလာမယ် ဆိုရင်တော့ 23 GB လောက် ရှိပါတယ် ။ website တွေမှာ ရေးထားတာကတော့ အခု နောက်ဆုံးထွက် expansion patch အပါအဝင် အားလုံးပေါင်းဆိုရင် Hard drive free space 60GB လိုတယ်လို့ ဖော်ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ် ။ Key ကို PlayStation Store မှာ ဝယ် ၊ Mog Station မှာ account ဖွင့်ပြီး ကိုယ့် PS4 ID နဲ့ ချိတ်ပြီး Key ထည့် ၊ ပြီးရင် ပိတ်ပြီး ကိုယ့် PS4 ထဲ ဝင် Game launcher ကို download ချ ၊ launcher ထဲ ခုနက ဖွင့်ထားခဲ့တဲ့ Mog Station account နဲ့ ဝင်လိုက်ရင် ဂိမ်း register ဖြစ်ပြီး data download ဆွဲပါလိမ့်မယ် ။ data download ဆွဲပြီးရင်တော့ ဝင်ပြီး ကစားလို့ ရပါပြီ ။ (PC ပဲ ဆော့ဖူးသမား ဆိုတော့ PS4 အကြောင်း သိပ်မသိပါဘူး .... လိုအပ်တာတွေလည်း ရှိပါလိမ့်မယ် ... မရှင်းရင် မေးနိုင်ပါတယ် ... နားလည်သူတွေဆီ မေးပြီး ပြန်ဖြေပေးပါ့မယ်)

  • For PC


PC မှာ Final Fantasy XIV ကို digital ပဲ ဝယ်နိုင်ပါတယ် ။ အခွေရှိပေမယ့် မြန်မာပြည်အနေနဲ့ ဝယ်ရတာ မလွယ်ဘူး ။ ဒါကြောင့် digital ပဲ ဝယ်ဆော့ကြတာ များတယ် ။ Final Fantasy XIV PC version ကို ဝယ်ချင်ရင်တော့ version ၂ မျိုးရှိပါတယ် ။ steam version နှင့် official website ဖြစ်တဲ့ Square Enix Store က ဝယ်လို့ရတဲ့ version ဆိုပြီးတော့ပါ ။ Steam မှာရောင်းနေတာကတော့ steam wallet ရှိနေတော့ မြန်မာနိုင်ငံအနေနဲ့ ဝယ်ရတာ လွယ်တယ် ။ ဒါပေမယ့် account က US region မှာ ဖွင့်ထားတဲ့ account မှ အဆင်ပြေမှာ ဖြစ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ Mog Station ဖွင့်တဲ့ account region နှင့် ဂိမ်းဝယ်တဲ့ account region က တူမှ ရမှာမို့လို့ပါ ။ ဆိုးတဲ့တချက်က Square Enix က မြန်မာနိုင်ငံကို မသိတော့ US region ပဲ ထားဖွင့်လို့ ရတာပဲ ဖြစ်တယ် ။

PC မှာ data ကို ကိုယ့်ဟာကိုယ် download ဆွဲယူနိုင်သလို သူများဆီက download ဆွဲပြီးသား ဒါမှမဟုတ် သူများ ကစားနေဆဲ data ကို ယူလို့ရတယ် ။ PC data size ကျတော့ Final Fantasy XIV online ခဲခဲ ဆိုရင် 12GB လောက်ရှိတယ် ။ expansion အကုန် ပါလာရင်တော့ လက်ရှိမှာ 30.2 GB ပမာဏလောက် ရှိနေပါပြီ ။ အဲ့လိုဆိုတော့ down ရတာ စိတ်မရှည်ရင် ဂိမ်းဝယ်ပြီး သူများဆီက data တောင်းလိုက်ရုံပါပဲ ။ Steam Version ဝယ်ချင်ရင် steam မှာ ဝယ် ၊ ဆော့ဖို့ Mog Station မှာ account ဖွင့်ပြီး Key ထည့် ၊ steam client ကနေတဆင့် mog station account နဲ့ ဝင် ပြီး ဆော့ရုံပါပဲ ။ ရိုးရိုး PC version ဆော့ချင်ရင်တော့ Square Enix Store မှာ ဂိမ်းဝယ် ၊ Mog Station account မှာ Key ထည့် ပြီးရင် FFXIV game launcher ကို official website ကနေ download ချ ၊ Mog Station account နဲ့ ဝင် ၊ game data file download ချ ပြီးရင် ဝင်ဆော့လို့ ရပါပြီ ။

တခု သတိထားရမှာက Steam version မှာ Final Fantasy XIV expansion တွေက ဝယ်ရခက်တယ် ။ steam မှာ ရောင်းတာ မှန်ပေမယ့် သူ့ official website ဖြစ်တဲ့ square enix store မှာ ရောင်းတာထက် စျေးပိုကြီးတယ် ။ နောက်ပြီး တချို့နေရာတွေမှာ ဥပမာ pre-order မှာတာတို့ game မှာ ပြသနာတက်ရင် ဖြေရှင်းတဲ့အပိုင်းမှာ နဲနဲခက်ခဲတာကို တွေ့ရမှာ ဖြစ်ပါတယ် ။ ကျနော်ကတော့ Square Enix Store ကပဲ ဝယ်ပြီး game launcher ကနေပဲ ဆော့တော့ အဲ့လို ပြသနာတွေ တက်တာ မရှိသလို တခါမှ မကြုံဖူးပါဘူး ။


> ဂိမ်းအမျိုးအစား နှင့် ဝယ်နည်း



Official website ဖြစ်တဲ့ Square Enix Store မှာ ဂိမ်းကို ဝယ်ဖို့ဆိုရင် account ဖွင့်ရပါတယ် ။ account ဖွင့်ခ ကတော့ free ပါ ။ အဲ့ဒီမှာ account မဖွင့်ချင်ဘူး ဝယ်လောက်ပဲ ဝယ်ချင်တယ် ဆိုရင်တော့ Square Enix Store account ရှိပြီးသား သူတွေဆီက ဝယ်ခိုင်းလို့ ရပါတယ် ။ ဂိမ်းက key လောက်ပဲ ဝယ်ရတာမို့လို့ပါ ။ Final Fantasy XIV မှာက ၄ ပိုင်း ရှိပါတယ် ။ Final Fantasy XIV: A Realm Reborn, Final Fantasy XIV: Heavensward, Final Fantasy XIV: Stromblood နောက်ပြီးတော့ Final Fantasy XIV: ShadowBringer ဆိုပြီးတော့ပါ ။ A Realm Reborn က main game ဖြစ်ပြီး Heavensward နှင့် Stromblood တို့က expansion တွေဖြစ်ပါတယ် ။ A Realm Reborn မှာက level အမြင့်ဆုံး 50 ဖြစ်ပြီး Heavensward မှာ 60 ၊ Stromblood က 70 နောက်ဆုံးထွက် ShadowBringer မှာတော့ 80 ဖြစ်သွားပါတယ် ။ အမှန်တကယ် ကစားရ အကောင်းဆုံးကတော့ Stromblood နှင့် Shadowbringer ပါပဲ ။ level cap လည်း အမြင့်ဆုံး ဖြစ်သလို content တွေ အများဆုံး ဖြစ်တဲ့အပြင် အဓိကက story အပိုင်း မတရား စိတ်ဝင်စားဖို့ ကောင်းလာတာပါပဲ ။ ပြီးတော့ လက်ရှိ ကစားနေကျ player အများစုဟာ Stromblood expansion, Shadowbringer expansion မှာမှ သွားလာနိုင်တဲ့ area တွေမှာပဲ စုပြုံနေကြတာမို့ A realm reborn ဝယ်ပြီး ကစားတဲ့သူတွေ အမြင်မှာ player တွေ သိပ်မတွေ့ရတော့ ခြောက်ကပ်ကပ်ကြီး ဖြစ်သလို ခံစားရမှာပါ ။


Expansion တွေက သပ်သပ်စီရောင်းတာလည်း ရှိသလို main game ဖြစ်တဲ့ Final Fantasy XIV:  A Realm Reborn (Final Fantasy XIV Online) ပါတဲ့ ပက်ကေ့ချ် အထုပ်အနေနဲ့ ရောင်းတာလည်း ရှိပါတယ် ။ အမျိုးအစားကတော့ Starter Edition, Complete Edition, Expansion နောက်ပြီး Collector Edition စုစုပေါင်း ၄ မျိုး ရှိပါတယ်  ။ Starter Edition နှင့် Expansion တွေက တစ်ခုချင်းစီ လာတာ ဖြစ်ပါတယ် ။ ဆိုလိုတာက Stromblood Starter Edition ဒါမှမဟုတ် Stromblood ဆိုရင် Stromblood တစ်ခုတည်းသာ ရမှာ ဖြစ်ပါတယ် ။ Final Fantasy XIV online မပါဘူး ပထမဆုံး expansion ဖြစ်တဲ့ Heavensward မပါဘူး ။ ဒီလို ပါမပါတွေက သူ့ထဲမှာ ရေးထားလို့ သေချာဖတ်ကြည့်ရင် သိနိုင်ပါတယ် ။  ဒါပေမယ့် နောက်ဆုံးထွက် expansion ဖြစ်တဲ့ Final Fantasy XIV: Shadowbringer Standard Edition ကတော့ ဝယ်လိုက်ရင် Heavensward နှင့် Stromblood expansion ၃ ခုပါ ရပေမယ့် main game ဖြစ်တဲ့ A Realm Reborn တော့ ပါမလာတာ တွေ့ရမှာ ဖြစ်ပါတယ် ။ ဒီ Starter Edition တွေ Expansion တွေက ကိုယ့်မှာ main game ရှိပြီးသားမှ ကြည့်ဝယ်ရတာ ဖြစ်ပါတယ် ။ ကိုယ့်မှာ ဘာမှမဝယ်ထားသေးဘူး လုံးဝအသစ်ဆော့မှာ ဆိုရင်တော့ Complete Edition အမျိုးအစား ဝယ်ပါ ။ Final Fantasy XIV: Online Complete Edition လိုမျိုးဆိုရင် ဝယ်လိုက်ရင် main game ပါသလို expansion ၂ ခုပါ ရမှာ ဖြစ်ပါတယ် ။


Collector Edition ကတော့ ပြောရရင် boss တွေအတွက်လို့ပဲ ဆိုရမှာပါ ။ in game reward တွေ အများကြီးပါတယ် ။ နောက်ပြီး အရုပ်တွေ soundtrack album တွေ ပါပါတယ် ။ ဈေးကတော့ တခြားဟာတွေထက် တော်တော်လေးကြီးတာ တွေ့ရမှာပါ ။

ဂိမ်းဝယ်တဲ့အခါ နာမည်မှာ နံဘေးက [PC DOWNLOAD] တို့ [PS 4] တို့ ဆိုတာကို သေချာ သတိထားကြည့် ဝယ်ပါ ။ ကိုယ်လိုချင်တာက PC ၊ ဝယ်လိုက်တာက PS4 ဖြစ်နေရင်တော့ သွားပြီပဲ ။ ပြန်အမ်းလို့မရ ပစ္စည်းလည်းပြန်လဲလို့ မရဆိုတော့ အသစ်ဝယ်မှ ရတော့မှာပါ ။ ဝယ်ပြီးသားကို ပြန်ရောင်းထုတ်ချင်ရင် ဂရုတွေမှာ လှည့်ပတ်ရောင်းရမှပဲ ရတော့မှာပါ ။ နောက်ပြီး Digital Download အမျိုးအစားကို သေချာရွေးဝယ်ပါ ။ အခွေတွေ ဝယ်လို့ရပေမယ့် မြန်မာပြည်အနေနဲ့ မှာရခက်သလို ရောက်ဖို့လည်း အတော် ခက်လို့ပါ ။ PC တွေကတော့ လွယ်ပါတယ် ။ Digital Download အမျိုးအစား ရွေးဝယ်ပြီး Data ကို သူများဆီက ကူးယူထည့်လိုက်ရင် ရပါပြီ ။ အချိန်ကုန်သက်သာသလို အမြန်လည်း ကစားရပါတယ် ။ PS4 ကတော့ ကိုယ့်ဘာသာကိုယ် ဒေါင်းလုဒ်ဆွဲရမှာမို့ အင်တာနက်လိုင်းကောင်းတဲ့နေရာကို စက်,မ သွားပြီး သွားဒေါင်းယူရရင် အချိန်ကုန် သက်သာမှာပါ ။

https://na.finalfantasyxiv.com/product/ မှာ ဝင်ကြည့်ပြီး သူ့ကနေတဆင့် Square Enix Store ထဲ ဝင် ဝယ်ရမှာ ဖြစ်ပါတယ် ။


> Visa Card


Square Enix Store ကတော့ Visa card ၊ master card တွေ လက်ခံပါတယ် ။ အရင်တုန်းက မြန်မာပြည်အနေနဲ့ Visa card တွေ မရှိတုန်းကတော့ ဝယ်ရတာ ခက်ခဲတာပေါ့ ။ အခုကတော့ Visa card တွေ ရှိလာသလို မြန်မာပြည်က Visa Card တွေကိုလည်း လက်ခံလာပြီဆိုတော့ ဝယ်ရတာ အဆင်ပြေလာပါတယ် ။ မြန်မာပြည်က KBZ visa card တို့ CB Visa card တို့နဲ့ဆို ပြသနာမတက်တတ်ဘူး ။ ဝယ်ရတာ လွယ်ပါတယ် ။

Final Fantasy XIV က လစဉ်ကြေး subscription လိုတယ်ကြားတယ် ။ ဘယ်လို ဝယ်ရလဲ?


Final Fantasy XIV မှာ ကစားဖို့ လစဉ်ကြေး subscription လိုတာ မှန်ပါတယ် ။ subscription ကတော့ ဂိမ်းစဝယ်လိုက်တာနဲ့ ဂိမ်းနဲ့ ၁ လစာ subscription တွဲပါလာတာမို့လို့ ရက် ၃၀ စာ free အလကား ကစားရမှာပါ ။ နောက် ဆက်ကစားချင်ရင်တော့ subscription ကို Mog Station ကနေ ထည့်ရတာ ဖြစ်ပါတယ် ။ ထည့်နည်းကတော့ ၂ မျိုးရှိပါတယ် ။ Visa card နဲ့ ထည့်နည်းနှင့် တဆင့်ခံဖြစ်တဲ့ Crysta သုံးပြီး ထည့်နည်းပါ ။ Visa card နဲ့ ထည့်ရတဲ့ နည်းကတော့ ကိုယ့် Visa card ရဲ့ information တွေ ရိုက်ထည့်ပေးရပြီး payment မှာ Visa card နဲ့ ချိတ်လိုက်တာပဲ ဖြစ်ပါတယ် ။ Visa card နဲ့ လှမ်းချိတ်လိုက်ရင်တော့ subscription တစ်လစာ ကုန်တိုင်း ကိုယ့် Visa card ထဲက အလိုလို ဖြတ်သွားပြီး နောက်တစ်လစာ auto subscription လုပ်ပေးသွားပါတယ် ။ Visa card ထဲ $ ရှိသလောက် သူက auto နှုတ်ယူသွားတယ် ။ ဒါကို recurring လို့ ခေါ်ပါတယ် ။ ဒီလိုနည်းကိုတော့ boss တွေကလွဲလို့ ကျန်တဲ့သူတွေ သိပ်မသုံးကြဘူး ။ Crysta အသုံးပြုထည့်နည်းကတော့ လူသုံးများကြပါတယ် ။ Crysta ကတော့ Final Fantasy XIV မှာ သုံးရလွယ်အောင် ဖန်တီးထားတဲ့ Square Enix ရဲ့ ငွေကြေးလှဲလှယ်ပစ္စည်း တစ်ခုပါ ။ Crysta ကို Visa Card နဲ့ ဝယ်ရပါတယ် ။ Crysta ကို အနည်းဆုံး 5$ ကနေ အများဆုံး $100 အထိ ဝယ်လို့ရတယ် ။ 1$ = 100 Crysta .... 5$ ဆို Crysta 500 ရမယ် ။ အဲ့ဒီ Crysta နဲ့မှ Subscription ဝယ်လို့ရသလို Mog Station မှာ ရောင်းနေတာတွေ ဝယ်လို့ရတယ် ။ Crysta နဲ့ ဝယ်နည်းသုံးရင် Visa card ကို ချိတ်စရာမလိုဘူး ။ ရိုးရိုး အွန်လိုင်းပေါ် ပစ္စည်းတွေ ဝယ်သလို ဂိမ်းဝယ်သလို ဒီအတိုင်း ဝယ်ရုံပါပဲ ။ ဒါပေမယ့် Crysta ပိုနေလို့ ဆိုပြီး သူများကို လွှဲပေးလို့ မရပါဘူး ။ ဒါကြောင့် Crysta ကို ကိုယ်လိုသလောက် ဆော့နိုင်သလောက် ဝယ်ထည့်ပြီး ဆော့တာ အကောင်းဆုံးပါပဲ ။ ကျနော်တော့ crysta ပဲ လိုသလောက် ဝယ်ထည့်ဆော့ပါတယ် ။


Subscription မှာ Entry (12.99$) နှင့် Standard (13.99$) ဆိုပြီး အမျိုးအစား ၂ မျိုး ရှိပါတယ် ။ Entry ကတော့ စျေးနည်းတယ် ။ ရွေးချယ်စရာ ရက် ၃၀ စာ တစ်မျိုးပဲ ရှိတယ် ။ ဒါပေမယ့် Server တစ်ခုမှာ character တစ်ယောက်ပဲ ကစားခွင့်ရှိတယ် ။ server တစ်ခုမှာ character တစ်ယောက်စီနဲ့ ကိုယ် create လုပ်ပြီး ကစားနိုင်မယ့် character အရေအတွက်ကတော့ အများဆုံး ၈ ယောက်ပါ ။ Standard ကျတော့ ရွေးချယ်စရာများပြီး server တစ်ခုမှာ create လုပ် ကစားနိုင်မယ့် character အရေအတွက် ၈ ယောက် ဖြစ်သွားပါတယ် ။ server တစ်ခုမှာ character ၈ ယောက်စီနဲ့ server ၈ ခုမှာ ပြုလုပ်ခွင့်ရမှာ ဖြစ်ပြီး စုစုပေါင်း character အယောက် ၄၀ ဖန်တီး ကစားနိုင်မှာ ဖြစ်ပါတယ် ။ Crysta တွေ Visa card တွေမသုံးပဲ Game time card ဆိုတာ သုံးပြီး Subscription ထည့်နည်းရှိသေးတယ် ။ Game Time card ကတော့ key အမျိုးအစား ဖြစ်ပြီး standard နှုန်းနဲ့ ရက် ၆၀ စာ Subscription နဲ့ လာလေ့ရှိပါတယ် ။ Mog station မှာ key ထည့်လိုက်ရုံပါပဲ ။ Game Time Card ကတော့ online market တော်တော်များများမှာ ရောင်းပါတယ် ။

Steam version ဝယ်ထားသူတွေအနေနဲ့ steam wallet ကို သုံးပြီး Subscription လုပ်လို့ရတယ် ။ ကိုယ့် Mog Station account ထဲ ဝင်လို့ Subscription payment method အကန့်အောက်မှာ ရွေးချယ်စရာ Steam wallet ဆိုတဲ့ option လေး ရှိနေတာ တွေ့ရပါလိမ့်မယ် ။ ဒီနေတဆင့် Subscription လုပ်လို့ရပါတယ် ။



PS4 မှာရော PC မှာပါ account တစ်ခုတည်းနဲ့ပဲ ကစားချင်တယ်။ ဒီလို ကစားလို့ရလား?


ကစားလို့ ရပါတယ် ။ ဒါပေမယ့် ဒီလို ကစားဖို့ဆိုရင် account တစ်ခုတည်းမှာ PS4 version ရော PC version ပါ ဝယ်ထားရမှာ ဖြစ်ပါတယ် ။

Internet data အစား များလား?


ကျနော် တွက်ပြပါမယ် ။ ကျနော်က PC မှာ ကစားပါတယ် ။ ညနေ ၆ နာရီခွဲကနေ ည ၁၂ နာရီခွဲ အထိ မထတမ်း ကစားပါတယ် ။ ဒီလို ကစားတဲ့အချိန်မှာ Dungeon တွေ အဆက်မပြတ် ဝင်တယ် ။ Trial တွေ Raid တွေ ဝင်ကစားတယ် ။ ဂိမ်းထဲက တချက်မှ မထွက်ပဲ ကစားတာတောင် 50MB ကျော်ကျော်ပဲ ကုန်ပါတယ် ။ ဒါ ပုံမှန်ပါ ။ နောက်က ဘာ download ဆွဲ ညာ download ဆွဲတာ ရှိရင်တော့ 100mb ကျော် တက်သွားတတ်တယ် ။ PC ဆိုရင်တော့ သိကြတဲ့အတိုင်းပဲ internet လိုင်းကို ဘယ်အပေါက်က ဆွဲနေကြမှန်းကို မသိဘူး ။ အဲ့ဒါတောင်မှ ဒီလောက်ပဲ ကုန်တာပါ ။ တခြား MOBA ဂိမ်းတွေထက် အတော်ကြီးကို data အဆွဲ နည်းပါတယ် ။

(စာထဲမှာ bro chit ko ရေးထားတဲ့ စာတွေ ညှပ်ထည့်ထားတာမို့ အဲ့ဒါတွေအတွက် bro chit ko ကို credit ပေးပါတယ် ။)

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ Final Fantasy XIV အခုမှ စ ကစားမယ့်သူတွေအတွက် အကူအညီ ဖြစ်လိမ့်မယ် မျှော်လင့်ပါတယ် ။

Useful Links


Final Fantasy 14 မှာ Security Token က ဘာလဲ

Final Fantasy 14 - NPCs that selling DoH/DoL, DoW/DoM gear, tools, weapons and accessories

Final Fantasy ဂိမ်းဝယ်ပြီး ကစားသူတွေ ဂိမ်းထဲမရောက်မီ ပထမဦးဆုံး တွေ့ကြုံရမယ့် အခြေအနေ

Final Fantasy 14 မှာ class ဘယ်လောက်ခု ရှိလဲ? ဒီ guide လေးကတော့ class တွေရဲ ထူးခြားချက်တွေ အသုံးဝင်ပုံတွေကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ် ။

Final Fantasy 14 မှာ Stone Sky Sea က ဘာလဲ?


|Fros|

Post a Comment

0 Comments