Sub ထည့္ၿပီး ေဆာ့ရတဲ့ ဂိမ္းေတြမွာ အခ်ိန္ ဘယ္လို တြက္ၾကလဲ?


Sub ထည့်ပြီး ဆော့ရတဲ့ ဂိမ်းတွေမှာ အချိန် ဘယ်လို တွက်ကြလဲ? Unicode



အခု ျမန္မာျပည္မွာ subscription နဲ႔ ေဆာ့သမား မ်ားလာၿပီဆိုေတာ့ အခ်ိန္ကို ဘယ္လို တြက္မလဲ သိခ်င္ၾကမယ္ ထင္ပါတယ္ ။ ဂိမ္းအမ်ားစုကေတာ့ ကိုယ္စကစားတဲ့ ရက္ကေန စတြက္ေတာ့ ကိုယ္ ကစားသည္ ျဖစ္ေစ မကစားသည္ ျဖစ္ေစ ရက္ကေတာ့ subscription ကေတာ့ တျဖည္းျဖည္းကုန္ေနမွာပဲေလ ။ ေငြေရးေၾကးေရး မပူရတဲ့သူေတြမွာေတာ့ ဘယ္ရက္ကုန္မယ္ ဘယ္အခ်ိန္ကုန္မယ္ဆိုတာေတြက သိပ္ကိစၥမ႐ွိေပမယ့္ budget သမားေတြကေတာ့ subscription ထည့္လိုက္ၿပီ ဆိုတာနဲ႔ကို တရက္လည္း တရက္ဖိုး တနာရီလည္း တနာရီဖိုး တန္ဖိုး႐ွိတာ ။ အခ်ိန္မွားထည့္မိရင္ တရက္ဖိုး အလကားပုပ္သြားေရာ ။ ဟုတ္တယ္မလား?

ေျပာရင္းနဲ႔ ေလ႐ွည္ကုန္ၿပီ ။ က်​ေနာ္​ ေလ့လာမိသေလာက္ ေျပာျပပါမယ္ ။ အခု နာမည္ႀကီးေနတဲ့ World of Warcraft ႏွင့္ Final Fantasy XIV ဂိမ္းအျပင္ တျခား ဂိမ္း ၁ခု ၂ခုေလာက္ ေလ့လာၿပီး ေရးတာဆိုေတာ့ လိုအပ္ခ်က္ေတြ ႐ွိႏိုင္ပါတယ္ ။ ႐ွိရင္လည္း ေထာက္ျပႏိုင္ပါတယ္ ။ 

Subscription ထည့္ေဆာ့ရတဲ့ ဂိမ္းေတြမွာ အမ်ားအားျဖင့္ PDT ကို ယူတြက္ထားၾကတာ ေတြ႔ရပါတယ္ ။ PDT ရဲ႕ အ႐ွည္က pacific daylight time လို႔ေခၚပါတယ္ ။ သူ႔ကို PST (Pacific Standard time) လို႔လည္း ေခၚၾကပါတယ္ ။ English version ထုတ္တဲ့ ဂိမ္း အေတာ္မ်ားမ်ားမွာကို US ႏွင့္ Europe region ေတြမွာဆိုရင္ PDT ကို အဓိကထား သံုးၾကတာ ေတြ႔ရပါတယ္ ။ ဂ်ပန္ဆိုရင္ေတာ့ JST (Japanese Standard time) ကို ယူၾကတယ္ ။ 

PDT time ကို သိခ်င္ရင္ GMT (greenwish mean time) မွာ ၆ နာရီ ႏႈတ္ရပါတယ္ ။ JST ကေတာ့ GMT မွာ ၉ နာရီ ေပါင္းရပါတယ္ ။ GMT ကို သိခ်င္ရင္ ျမန္မာစံေတာ္ခ်ိန္မွာ ၇ နာရီခြဲ ႏႈတ္လိုက္ရင္ အခ်ိန္ ဘယ္ေလာက္လဲ ဆိုတာ သိရပါၿပီ ။ ျမန္မာစံေတာ္ခ်ိန္နဲ႔ PDT ဘယ္ေလာက္ သိခ်င္ရင္ တဆင့္ၿပီး တဆင့္ႏႈတ္လိုက္ ေပါင္းလိုက္နဲ႔ဆိုေတာ့ ႐ႈပ္သြားမွာပဲ ။

က်​ေနာ္​ သံုးေနတဲ့ အလြယ္ဆံုးနည္းေလး ေျပာျပမယ္ ။ ေသခ်ာေျပာရရင္ လူပိန္းနည္းေပါ့ XD 

PDT time ဟာ ျမန္မာျပည္ထက္ တရက္ ေနာက္က်တယ္ ။ ဘယ္အခ်ိန္မွာ ေနာက္ေန႔ကူးလဲ ဆိုရင္ ျမန္မာစံေတာ္ခ်ိန္ ေန႔လည္ ၂ နာရီခြဲ တိတိမွာ ကူးတယ္ ။ ျမန္မာျပည္မွာ ၂၈ ရက္ေန႔ ေန႔လည္ ၂ နာရီခြဲ ဆိုရင္ PDT မွာ ၂၈ ရက္ေန႔ မနက္ 00:00 နာရီ ပဲ ။

  • PDT time ဟာ USA က Las Vegas ၿမိဳ႕ အခ်ိန္နဲ႔ တူတယ္
  • JST time ဟာ Japan က Tokyo ၿမိဳ႕ရဲ႕ အခ်ိန္ပဲ

​ေနာက္​ၿပီး သတိထားရမွာ တစ္​ခု ႐ွိ​ေသးတယ္​ ။ PDT time ဟာ အျမဲ တသတ္​မွတ္​တည္​း မ႐ွိ​ေနဘူး ။ တစ္​ႏွစ္​မွာ ၂ ႀကိမ္​ နာရီ ​ေျပာင္​း​ေလ့႐ွိတယ္​ ။ အဲ့ဒါကို Day Light Saving time (DST) လို႔​ေခၚတယ္​ ။ DST ​ေျပာင္​းရတဲ့ရည္​ရြယ္​ခ်က္​က​ေတာ့ ​ေႏြရာသီကာလကို ​​ေနအလင္​း​ေရာင္​ကို အျပည္​့အဝ အသံုးခ်ႏိုင္​ဖို႔အတြက္​ပါပဲ ။ 

DST ​ေျပာင္​းတာက​ေတာ့ အခ်ိန္​ကို နဂိုထက္​ ၁ နာရီတိတိ ​ေနာက္​ဆုတ္​လိုက္​တာပဲ ျဖစ္​ပါတယ္​ ။ အရင္​က ​ျမန္​မာစံ​ေတာ္​ခ်ိန္​ ​ေန႔လည္​ ၂ နာရီခြဲတိတိမွာ ​ေန႔ကူး​ေပမယ္​့ DST ​​​ေျပာင္​းတဲ့အခ်ိန္​မွာဆိုရင္​ ​​ေန႔ကူးတဲ့အခ်ိန္​က ​ေန႔လည္​ ၁ နာရီခြဲ တိတိ ျဖစ္​သြားတယ္​ ။ ပ်မ္​းမ်ွ​ေျပာရလ်ွင္​ ​DST ကို ႏွစ္​တစ္​ႏွစ္​ရဲ႕ မတ္​လ မွာ စ​ေျပာင္​း​ေလ့႐ွိၿပီး ႏုိဝင္​ဘာလမွာ နဂိုအခ်ိန္​ကို ျပန္​​ေျပာင္​း​ေလ့႐ွိၾကပါတယ္​ ။ အ​ေမရိကတုိက္​က ႏုိင္​ငံ​ေတြမွာ DST အခ်ိန္​ကာလက မတ္​လက​ေန ႏုိဝင္​ဘာလအထိ ျဖစ္​ၿပီး ဥ​ေရာပမွာ​ေတာ့ မတ္​လက​ေန ​ေအာက္​တိုဘာလအထိ ျဖစ္​ပါတယ္​ ။ စ​ေျပာင္​းတဲ့ ရက္​အတိအက်​ေတာ့ တႏုိင္​ငံနဲ႔ တႏိုင္​ငံ မတူညီၾကသလို အဆံုးသတ္​ရက္​​ေတြလည္​း မတူညီၾကပါဘူး ။ 

အခုေခတ္ေတာ့ အဆင့္ျမင့္သြားၿပီ ။ ႏႈတ္စရာ ေပါင္းစရာ မလိုေတာ့ဘူး ။ ဖုန္းတိုင္းလိုလိုမွာ world clock ေတြ ပါလာၿပီကိုး ။ အဲ့ဒါေလးမွာ ေရြးၿပီး ထားထားလိုက္ရင္ ျမန္မာစံေတာ္ခ်ိန္ ဘယ္ေလာက္မွာဆို PDT အခ်ိန္ ဘယ္ေလာက္ ႐ွိေနၿပီဆိုတာ သိရၿပီေလ ။ DST ​ေတြလည္​း ထည္​့တြက္​စရာမလို​ေတာ့ဘူး ။ သူ႔ဘာသာသူ ​ေအာ္​တုိ ​ေျပာင္​း​ေပးသြားလို႔ လြယ္ခ်က္ ... က်​ေနာ္​့ ဖုန္းမွာေတာ့ အဲ့လိုေလး လုပ္ထားတယ္ 😁

အဆင္ေျပၾကမယ္လို႔ ထင္ပါတယ္ ။ ဖတ္ေပးတဲ့အတြက္ ေက်းဇူးပါ ။ 😄




Unicode



အခု မြန်မာပြည်မှာ subscription နဲ့ ဆော့သမား များလာပြီဆိုတော့ အချိန်ကို ဘယ်လို တွက်မလဲ သိချင်ကြမယ် ထင်ပါတယ် ။ ဂိမ်းအများစုကတော့ ကိုယ်စကစားတဲ့ ရက်ကနေ စတွက်တော့ ကိုယ် ကစားသည် ဖြစ်စေ မကစားသည် ဖြစ်စေ ရက်ကတော့ subscription ကတော့ တဖြည်းဖြည်းကုန်နေမှာပဲလေ ။ ငွေရေးကြေးရေး မပူရတဲ့သူတွေမှာတော့ ဘယ်ရက်ကုန်မယ် ဘယ်အချိန်ကုန်မယ်ဆိုတာတွေက သိပ်ကိစ္စမရှိပေမယ့် budget သမားတွေကတော့ subscription ထည့်လိုက်ပြီ ဆိုတာနဲ့ကို တရက်လည်း တရက်ဖိုး တနာရီလည်း တနာရီဖိုး တန်ဖိုးရှိတာ ။ အချိန်မှားထည့်မိရင် တရက်ဖိုး အလကားပုပ်သွားရော ။ ဟုတ်တယ်မလား?

ပြောရင်းနဲ့ လေရှည်ကုန်ပြီ ။ ကျ​နော်​ လေ့လာမိသလောက် ပြောပြပါမယ် ။ အခု နာမည်ကြီးနေတဲ့ World of Warcraft နှင့် Final Fantasy XIV ဂိမ်းအပြင် တခြား ဂိမ်း ၁ခု ၂ခုလောက် လေ့လာပြီး ရေးတာဆိုတော့ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ။ ရှိရင်လည်း ထောက်ပြနိုင်ပါတယ် ။ 

Subscription ထည့်ဆော့ရတဲ့ ဂိမ်းတွေမှာ အများအားဖြင့် PDT ကို ယူတွက်ထားကြတာ တွေ့ရပါတယ် ။ PDT ရဲ့ အရှည်က pacific daylight time လို့ခေါ်ပါတယ် ။ သူ့ကို PST (Pacific Standard time) လို့လည်း ခေါ်ကြပါတယ် ။ English version ထုတ်တဲ့ ဂိမ်း အတော်များများမှာကို US နှင့် Europe region တွေမှာဆိုရင် PDT ကို အဓိကထား သုံးကြတာ တွေ့ရပါတယ် ။ ဂျပန်ဆိုရင်တော့ JST (Japanese Standard time) ကို ယူကြတယ် ။ 

PDT time ကို သိချင်ရင် GMT (green-wish mean time) မှာ ၆ နာရီ နှုတ်ရပါတယ် ။ JST ကတော့ GMT မှာ ၉ နာရီ ပေါင်းရပါတယ် ။ GMT ကို သိချင်ရင် မြန်မာစံတော်ချိန်မှာ ၇ နာရီခွဲ နှုတ်လိုက်ရင် အချိန် ဘယ်လောက်လဲ ဆိုတာ သိရပါပြီ ။ မြန်မာစံတော်ချိန်နဲ့ PDT ဘယ်လောက် သိချင်ရင် တဆင့်ပြီး တဆင့်နှုတ်လိုက် ပေါင်းလိုက်နဲ့ဆိုတော့ ရှုပ်သွားမှာပဲ ။

ကျ​နော်​ သုံးနေတဲ့ အလွယ်ဆုံးနည်းလေး ပြောပြမယ် ။ သေချာပြောရရင် လူပိန်းနည်းပေါ့ XD 

PDT time ဟာ မြန်မာပြည်ထက် တရက် နောက်ကျတယ် ။ ဘယ်အချိန်မှာ နောက်နေ့ကူးလဲ ဆိုရင် မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခွဲ တိတိမှာ ကူးတယ် ။ မြန်မာပြည်မှာ ၂၈ ရက်နေ့ နေ့လည် ၂ နာရီခွဲ ဆိုရင် PDT မှာ ၂၈ ရက်နေ့ မနက် 00:00 နာရီ ပဲ ။

  • PDT time ဟာ USA က Las Vegas မြို့ အချိန်နဲ့ တူတယ်
  • JST time ဟာ Japan က Tokyo မြို့ရဲ့ အချိန်ပဲ

​နောက်​ပြီး သတိထားရမှာ တစ်​ခု ရှိ​သေးတယ်​ ။ PDT time ဟာ အမြဲ တသတ်​မှတ်​တည်​း မရှိ​နေဘူး ။ တစ်​နှစ်​မှာ ၂ ကြိမ်​ နာရီ ​ပြောင်​း​လေ့ရှိတယ်​ ။ အဲ့ဒါကို Day Light Saving time (DST) လို့​ခေါ်တယ်​ ။ DST ​ပြောင်​းရတဲ့ရည်​ရွယ်​ချက်​က​တော့ ​နွေရာသီကာလကို ​​နေအလင်​း​ရောင်​ကို အပြည်​့အဝ အသုံးချနိုင်​ဖို့အတွက်​ပါပဲ ။ 

DST ​ပြောင်​းတာက​တော့ အချိန်​ကို နဂိုထက်​ ၁ နာရီတိတိ ​နောက်​ဆုတ်​လိုက်​တာပဲ ဖြစ်​ပါတယ်​ ။ အရင်​က ​မြန်​မာစံ​တော်​ချိန်​ ​နေ့လည်​ ၂ နာရီခွဲတိတိမှာ ​နေ့ကူး​ပေမယ်​့ DST ​​​ပြောင်​းတဲ့အချိန်​မှာဆိုရင်​ ​​နေ့ကူးတဲ့အချိန်​က ​နေ့လည်​ ၁ နာရီခွဲ တိတိ ဖြစ်​သွားတယ်​ ။ ပျမ်​းမျှ​ပြောရလျှင်​ ​DST ကို နှစ်​တစ်​နှစ်​ရဲ့ မတ်​လ မှာ စ​ပြောင်​း​လေ့ရှိပြီး နိုဝင်​ဘာလမှာ နဂိုအချိန်​ကို ပြန်​​ပြောင်​း​လေ့ရှိကြပါတယ်​ ။ အ​မေရိကတိုက်​က နိုင်​ငံ​တွေမှာ DST အချိန်​ကာလက မတ်​လက​နေ နိုဝင်​ဘာလအထိ ဖြစ်​ပြီး ဥ​ရောပမှာ​တော့ မတ်​လက​နေ ​အောက်​တိုဘာလအထိ ဖြစ်​ပါတယ်​ ။ စ​ပြောင်​းတဲ့ ရက်​အတိအကျ​တော့ တနိုင်​ငံနဲ့ တနိုင်​ငံ မတူညီကြသလို အဆုံးသတ်​ရက်​​တွေလည်​း မတူညီကြပါဘူး ။ 

အခုခေတ်တော့ အဆင့်မြင့်သွားပြီ ။ နှုတ်စရာ ပေါင်းစရာ မလိုတော့ဘူး ။ ဖုန်းတိုင်းလိုလိုမှာ world clock တွေ ပါလာပြီကိုး ။ အဲ့ဒါလေးမှာ ရွေးပြီး ထားထားလိုက်ရင် မြန်မာစံတော်ချိန် ဘယ်လောက်မှာဆို PDT အချိန် ဘယ်လောက် ရှိနေပြီဆိုတာ သိရပြီလေ ။ DST ​တွေလည်​း ထည်​့တွက်​စရာမလို​တော့ဘူး ။ သူ့ဘာသာသူ ​အော်​တို ​ပြောင်​း​ပေးသွားလို့ လွယ်ချက် ... ကျ​နော်​့ ဖုန်းမှာတော့ အဲ့လိုလေး လုပ်ထားတယ် 😁

အဆင်ပြေကြမယ်လို့ ထင်ပါတယ် ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ ။ 😄

Post a Comment

0 Comments