Posts

Showing posts from June, 2017

E3 2017 အကျဉ်းချူပ်

Image
E3 ပွဲကတော့ တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိတဲ့ ပွဲတစ်ခုပါ ။ ဒီပွဲမှာ နာမည်ကြီး game company တွေက သူတို့ရဲ့ ဂိမ်းအသစ်တွေ ကြေညာ မိတ်ဆက် ပြသကြသလို ဂိမ်းစက် အသစ်တွေလည်း ပွဲထုတ်ပြကြပါတယ် ။ E3 2017 ကတော့ ဇွန်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အမေရိကန် လော့စ်အိန်ဂျလိစ်မြို့က Los Angeles Convention centre မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ် ။ ဒီနှစ်တော့ ဂိမ်းစက်အသစ်ဆိုလို့ Nintendo Switch အပြင် အခု E3 2017 ပွဲမှာ မိတ်ဆက်လိုက်တဲ့ Xbox One နေရာကို ဆက်ခံမယ့် Xbox One X ပါဆိုရင် ၂ ခုရှိသွားပါပြီ ။

EA က ယခုနှစ် E3 မှာ ဂိမ်းအသစ်ပြတာ တော်တော်များပါတယ် ။ ဒီအထဲမှာမှ လူတော်တော်များများရဲ့ စိတ်ကို ဖမ်းစားသွားတဲ့ ဂိမ်းကတော့ Anthem ပါပဲ ။ BioWare က ဖန်တီးထားတာ ဖြစ်ပြီး ခေတ်လွန် ခေတ်ပျက်ကာလ ဇာတ်လမ်းသွား အမျိုးအစား ဂိမ်းတစ်ခုပါ ။ Star Wars Battlefront 2 ဂိမ်းကိုလည်း gameplay trailer အသစ်နှင့်အတူ နောင်ထွက်ရှိလာမယ့် content တွေ free ပေးတော့မယ် ဆိုတဲ့ သတင်းနဲ့အတူ E3 မှာ ဖော်ပြသွားပါတယ် ။ Sport အမျိုးအစားဂိမ်းဖြစ်တဲ့ FIFA 18 နှင့် Madden NFL 18 တို့ရဲ့ trailers နှင့် gameplay အသစ်တွေ နောက်ပြီး မကြာသေးမီကမှ သတင်းထွက်ထားတဲ့ Need for S…

ဇာတ်လမ်းသွား အမျိုးအစား Blue Reflection ဆိုတဲ့ ဂိမ်းဟာ အနောက်နိုင်ငံတွေအတွက် english version ထွက်ရှိလာတော့မည်

Image
Koei Tecmo က developer Gust ရဲ့ ယခုခေတ်အခြေအနေကို ဇာတ်အိမ်တည်ကာ ရေးဆွဲထားတဲ့ ဇာတ်လမ်းသွား အမျိုးအစား Blue Reflection ဆိုတဲ့ ဂိမ်းဟာ အနောက်နိုင်ငံတွေအတွက် english version ထွက်ရှိလာတော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ် ။ အဆိုပါ ချစ်စရာကောင်းတဲ့ Anime ဂိမ်းတစ်ခုဖြစ်တဲ့ Blue Reflection ဂိမ်းဟာ PC နှင့် PlayStation 4 အတွက် ဒီနှစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် မြောက်အမေရိကတွင် လည်းကောင်း ၊ စက်တင်ဘာ ၂၉ ရက်နေ့တွင် ဥရောပတွင် လည်းကောင်း အသီးသီး ထွက်ရှိလာတော့မှာ ဖြစ်ပါတယ် ။

အကယ်၍ သတ်မှတ်ထားတဲ့ retailer ကနေတဆင့် pre-order မှာခဲ့လျှင် ဂိမ်းထဲမှာ School Swimsuit နှင့် Atelier ဂိမ်းမှ Rorona style costumes အပြင် FreeSpace! ဆိုတဲ့ ဂိမ်းထဲမှာ အသုံးပြုနေတဲ့ mobile app ရဲ့ theme ကို ရရှိမှာ ဖြစ်ပါတယ် ။ PlayStation 4 version ဝယ်ပါက exclusive တစ်ခု ဖြစ်တဲ့ original custom theme ကိုပါ ရရှိမှာ ဖြစ်ပါတယ် ။

ဂိမ်းအကြောင်း

Blue Reflection ဂိမ်းဟာ Hoshinomiya (Girls’ High School) မိန်းကလေး အထက်တန်းကျောင်း ကို နောက်ခံထားပြီး ဇာတ်လမ်းရေးဆွဲထားတာ ဖြစ်ပါတယ် ။ အဆိုပါ ကျောင်းမှာ player ဟာ အထက်တန်းကျောင်းသူလေး Hinako Shirai …

စိတ္တဇဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ first person shooter အမျိုးအစားဂိမ်း Get Even

Image
Get Even ဂိမ်းဟာ ပိုလန်လူမျိုး developer ဖြစ်တဲ့ The Farm 51 က ဖန်တီးထားတဲ့ action အမျိုးအစားပါဝင်တဲ့ First Person Shooter Horror အမျိုးအစား ဇာတ်လမ်းသွားဂိမ်း တစ်ခု ဖြစ်ပါတယ် ။ The Farm 51 ဟာ NecrovisioN franchise နှင့် နောက်ဆုံးထွက် Painkiller စီးရီးတွေ ကြောင့် လူသိများပါတယ် ။

စွန့်ပစ်ထားတဲ စိတ္တဇ ဆေးရုံတစ်ရုံထဲ မေ့မျော့ရာကနေ နိုးထလာတဲ့ Cole Black ဆိုတဲ့ အငှါး သေနတ်သမားတစ်ယောက် နေရာကနေ ဆော့ရမှာ ဖြစ်ပါတယ် ။ Black ဟာ သူ နိုးထလာတဲ့အချိန် သူ့ မှတ်ဥာဏ်ထဲ ဘာမှ မရှိ ။ အမည်ဝှက် Red ဆိုတဲ့သူရဲ့ လမ်းညွှန်မှုနဲ့ လှုပ်ရှားနေရတဲ့ black ဟာ ဗုံးတွေ ချိတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်တင်မယ်ဆိုတာပဲ သူ့ခေါင်းထဲ ရှိပါတယ် ။ Black က သာမာန်လူ မဟုတ် ။ ထူးဆန်းတဲ့ နည်းပညာနဲ့ ပြုလုပ်ထားတဲ့ အရာက သူဦးနှောက်နှင့် ပေါင်းစပ်ထားပါတယ် ။ ဒီအရာက သူ့ကို ဘယ်အချိန်မဆို မှတ်ဥာဏ်ကို ပြန်ခေါ် ပြန်ဖတ်လို့ရအောင် ပြုလုပ်ပေးတယ် ။ ဘာကြောင့် သူ ဒီကို ရောက်နေတာလဲ? မိန်းကလေးကရော ဘယ်သူလဲ? အခုရောက်နေတဲ့ အဖြစ်မှန်ကို သိရဖို့ black ဟာ သူ့အရင်က မှတ်ဥာဏ်ကို ပြန်ဖော်ရပါတော့တယ် ။ cutsense တွေ dialogue တွေ ကြည့်ခြင်း ဖတ်ခြင်းအားဖြင့် ဇာတ်လိ…

မက်ဆေ့ခ်ျပို့ပြီး ကစားရမယ့် Anybody Out There: Dead City

Image
Message တစ်စောင် သင့်ဆီ ရောက်လာ၏ ။ Sam ဆိုသူထံမှ ဖြစ်သည် ။ စာထဲမှာ ရေးထားသည်က "ကျွန်တော့်ကို ကူညီပါ" ဟူ၍ ဖြစ်၏ ။ သင်ဟာ message ကနေ တဆင့် ပြန်မေးရင်း Sam ဟာ လူသေကောင်တွေ ဖုတ်ဝင်ပြီး လိုက်ကိုက်လို့ ကမ္ဘာပျက်မတတ် ဖြစ်ပျက်နေတဲ့ နေရာမှာ ရောက်နေတာ ဖြစ်ကြောင်း သိလိုက်ရတယ် ။ သေရေးရှင်ရေး ပြေးနေရတဲ့ Sam ကို သင်ဘယ်လိုအကြံအဥာဏ်တွေ ပေးမှာလဲ? Sam ရဲ့ အသက်က သင့်ရဲ့ ပြောစကားတွေ သင့်အကြံအဥာဏ်တွေ အပေါ် မူတည်နေပါတယ် ။

အဆိုပါ ဂိမ်းကတော့ Anybody Out There: Dead City ဆိုတဲ့ မိုဘိုင်းဖုန်းဂိမ်း ဖြစ်ပြီး လူအများသုံးနေကြ messenger app လိုမျိုး ကနေတဆင့် ကစားရမှာ ဖြစ်ပါတယ် ။ Sam ရဲ့ ပို့စာတွေ အပေါ် မူတည်ပြီး ရွေးချယ်စရာ ပြန်စာ များစွာထဲက ရွေးချယ်ပြီး ပြန်ပို့ရမှာ ဖြစ်ပါတယ် ။ သေရေးရှင်ရေး ပြေးနေရတဲ့ Sam ကို မှန်ကန်တဲ့ အကြံအဥာဏ်တွေ လမ်းညွှန်မှုတွေ သင် ပေးနေရင်းနဲ့ Sam ရဲ့အကြောင်းတွေ သင်သိလာရမှာ ဖြစ်ပါတယ် ။ အပြင်က အချိန်နဲ့ တစ်ထပ်တည်းကျအောင် လုပ်ထားတဲ့အတွက် တချို့သော သင့်ပြန်စာတွေက သင့်ကို ၁၅ မိနစ် ၊ မိနစ် ၂၀ ကြာအောင် စောင့်ခိုင်းပါလိမ့်မယ် ။ ဒါကြောင့် သင်က မှန်ကန်တဲ့ ပြန်စာကို ရွေးချယ်ရမှာ ဖြစ်ပါတယ် ။

Sam …