Posts

Showing posts from May, 2017

Self/Less movie preview

Image
2015 film
6.5/10·IMDb
19%·Rotten Tomatoes
1.5/4·Roger Ebert
2/5·The Guardian

ဘာကြောင့် rating တွေ ဒီလောက်နည်းနေရလဲ မသိဘူး .... ဒီ movie က ကြည့်ကောင်းရက်သားနဲ့

Deadpools မှာ ပါတဲ့ မင်းသား Ryan Reynolds က အဓိက မင်းသား ။ စလာတော့ နင့်နေအောင် ချမ်းသာနေတဲ့ အဘိုးအို သူဌေးကြီး Ben Kingsley က ကင်ဆာရောဂါနဲ့ သေတော့မယ် ။ အသက် ဆက်ရှင်ချင်တယ် ။ ဒါကြောင့် သူက တခြား ခန္ဓာကိုယ်မှာ သိပ္ပံနည်းပညာသုံးပြီး စိတ်ချင်းလဲပြီး နေလို့ရအောင် လုပ်ပေးတဲ့ အဖွဲ့ရဲ့ လျှို့ဝှက် အစီအစဉ်ကို သူလက်ခံလိုက်တယ် ။ လတ်လတ်ဆတ်ဆတ် သေပြီးသား သူရဲ့ ခန္ဓာကိုယ်မှာ သူ့ဝိညာဉ်နေမယ်ပေါ့ ။ ဒီလိုနေရရင် သူက မသေတော့ဘူးလေ ။ ငွေရေးကြေးရေး ကိစ္စ အကုန်လုံး စီစဉ်ပြီး ခန္ဓာကိုယ်အသစ်နဲ့ တခြားနေရာမှာ စိတ်သစ်လူသစ်နဲ့ နေတုန်း တဖြည်းဖြည်းနဲ့ သူ့ဝိညာဉ် နေနေတဲ့ ခန္ဓာကိုယ်က မှတ်ဥာဏ်တွေ တစွန်းတစ ပေါ်လာတယ် ။ စိတ်ကူး ခိုင်းစေရာ လုပ်ရင်း အဖြေရှာရင်း သူ့ကို ကူညီပေးတဲ့သူတွေက သူ့ကို လိုက်သတ်နေကြပြီ ။ ခန္ဓာကိုယ် ပိုင်ရှင်က ဘယ်သူလဲ? ဘာကြောင့် ဒီလို ရောက်လာခဲ့ရတာလဲ? သူကိုယ်တိုင်ကရော ဘယ်သူလဲ?

စလာကတည်းကကို တော်တော် စိတ်ဝင်စားစရာ ကောင်းတယ် ။ သရဲကားလား အောက်မေ့နေတာ .... မဟုတ်…

Dynasty Warriors 9 အကြောင်း အသေးစိတ် သတင်းထွက်လာ

Image
မနေ့က ဂျပန် Famitsu ဆိုသည့် ဂိမ်း မဂ္ဂဇင်းကနေ Dynasty Warriors 9 အကြောင်း အသေးစိတ် အချက်အလက် ဖော်ပြခဲ့ပါသည် ။ Dynasty Warriors 9 သည် PlayStation 4 အတွက်သာ ကြေညာထားတာ ဖြစ်ပြီး တခြား platform တွင် ထွက်မထွက်တော့ အခုထိ မသိရသေးပါ ။ release date လည်း မသိရသေးပါ ။

Famitsu တွင် ဖော်ပြခဲ့သည့် သတင်းအချက်အလက်မှာ

Dynasty Warriors 8 Empire က character ၈၃ ယောက်လုံး အကုန် ပြန်ပါလာမည် ။ Character တွေရဲ့ weapon တွေသည် Dynasty Warriors 8 Empire က ပုံစံအတိုင်း ဖြစ်မည်ဟု ယူဆရသည် ။ Zhou Cang, Cheng Pu ဆိုတဲ့ character အသစ် ၂ ယောက် ထပ်တိုးထားပါသည် ။

周倉
Zhou Cang ။ Yellow Turbans ခေတ်မှာ Zhang Bao လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သည့် ficitional character ဖြစ်သည် ။ Guan Yu ၊ Guan Ping တို့လိုမျိုး မသေနိုင်တဲ့ စွမ်းအားရှိခဲ့သည်ဟု ပုံဖော်ကြသည် ။
Weapon: Butcher Sword
Seiyuu (JP VA): Chiharu Sawashiro (Miyuki Sawashiro's younger brother, aka. Argon in Show By Rock)

程普 (德謀)
Cheng Pu (Demou) Sun Jian, Sun Ce နှင့် Sun Quan "Sun" မျိုးဆက် ၃ ဆက် လက်အောက်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် Veteran Wu general ဖြ…