Posts

Showing posts from December, 2016

Warcraft III Frozen Throne ဂိမ်း screen အပြည့် ဖြစ်အောင် ဘယ်လိုလုပ်မလဲ

Image
အရင်တုန်းကတော့ screen resolution တွေ စတုရန်း ကျကျ 4:3 size နဲ့ လာကြတာများတယ် ။ ဒီတုန်းက CRT monitor တွေပဲ ရှိကြတာကိုး ။ Wide screen Monitor ဆို မရှိသလောက်ပါပဲ ။ ထို့အတူ ဂိမ်းတွေလည်း resolution ကို စတုရန်း size နဲ့ ပဲ ထုတ်ကြတယ် ။ အခုကတော့ နည်းပညာ အဆင့်မြင့်လာပြီး wide screen မော်နီတာတွေ ထုတ်လာကြသလို ဂိမ်းတွေလဲ wide screen ratio နဲ့ ပဲ ထုတ်လာကြတယ် ။ အရင်က ဂိမ်းတွေ ဥပမာ Warcraft III Frozen Throne လိုမျိုး ဂိမ်းတွေကို Wide screen monitor မှာ ကစားကြတော့ Full screen အပြည့်မရပဲ resolution က နံဘေးနှစ်ဖက်က မည်းပြီး စတုရန်း ဆိုဒ်ပဲ ပြတော့တယ် ။ သူ့ ဂိမ်း default size က 1274 x 768 ဆိုတော့ wide screen resolution ဖြစ်တဲ့ 1366 x 768 မှာ အပြည့်မဝင်ပဲ ပိုနေတဲ့ နေရာမှာ အမည်းကြီး ဖြစ်နေတာပါ ။ အခု ပြောပြမယ့် နည်းကတော့ wide screen resolution မှာ ဘေး ၂ ဘက် အမည်းပြားကြီး မပေါ်ပဲ အပြည့်ဝင်အောင် လုပ်တဲ့ နည်းလေး ဖြစ်ပါတယ် ။
.
တစ်ခုတော့ ရှိပါတယ် ။  တစ်ခုကိုစတုရန်းပုံ resolution ကို ထောင့်မှန်စတုဂံပုံ resolution ဖြစ်အောင် လုပ်လိုက်ရင် စတုရန်းပုံက ပြဲပြဲကြီး ဖြစ်သွားပါလိမ့်မယ် ။ စာရေးထားတဲ့ သရေပြားကြီးကို ဆွဲဆန်…