Posts

Showing posts from September, 2016

အောင်ဆန်းစုကြည်ကပြောသော ဘွဲ့ရတော့ ဘာလုပ်ရမလဲ

Image
မေး
ဖခင်တစ်ဦးတဲ့။
ကျွန်တော့သားကို စာကြိုးစားဖို့ ပြောတိုင်း ဘွဲ့ရတော့ ဘာလုပ်ရမှာလဲတဲ့။
ပြန်မေးနေပါတယ်။ နောက်ပြီးတော့ အခု ချမ်းသာနေတဲ့ လူတွေဟာ
ဘာဘွဲ့တွေ ရတဲ့ လူတွေ များလဲလို့ မေးပါတယ်တဲ့။ (လက်ခုပ်သံများ)
ကျွန်တော် တော်တော်ခက်နေပါတယ်တဲ့။ ဒေါ်စု ရှင်းလင်းမှ ဖြစ်မယ်ဗျို့တဲ့။
(ရယ်လျှက်)စု
ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတဲ့ အဖြေက အခု အခြေအနေမှာဆိုရင်တော့
ဘာအလုပ်မှ ရမှာမဟုတ်ဘူးလို့ ဖြေရမှာပဲ။ ဒါပေမဲ့ ဒါကြောင့်မို့လို့ စာ မကြိုးစားဘူး
ဆိုတာတော့ မမှန်ပါဘူး။
အခု ဘွဲ့ရတွေအတွက် အလုပ်ကလည်း မရှိဘူး။ ကျွန်မတို့ ရတဲ့ ဘွဲ့တွေကလည်း
တန်ဖိုးမရှိဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ပညာရဲ့ တန်ဖိုးကတော့ အမြဲရှိနေတာပဲ။
ဘွဲ့နဲ့ ပညာနဲ့ မတူပါဘူး။
ဘွဲ့ရတာတော့ ဘွဲ့ရတာပါ။ ပညာရှိတာဟာ ပညာရှိတာပါ။ အဲ့ဒီတော့ စာကြိုးစားပါလို့
ပြောတာဟာ မိဘတွေကလည်း စာကြိုးစားစေချင်တဲ့ အကြောင်းရင်းကို နည်းနည်း
ရှင်းပြဖို့ လိုမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါ ကျွန်မကိုယ်တိုင် ကြားဖူးတာပါ။တချို့ မိဘတွေ ဟာဆိုလို့ရှိရင် သားသမီးတွေကို စာကြိုးစား၊ စာကြိုးစား၊ စာကြိုးစားမှ
အလုပ် ကောင်းကောင်းရမယ်။ အလုပ် ကော်ငးကောင်း ရမှ ပိုက်ဆံ ကောင်းကောင်း ရမယ် ဆိုပြီးတော့ အဲဒီလို …

Mobius Final Fantasy ရဲ့ Multiplayer အကြောင်း

Image
Mobius Final Fantasy က multiplayer လာပြီဆိုတော့ player တိုင်း စိတ်လှုပ်ရှားနေကြတယ် ။ သူ့ multiplayer က သာမာန် mulitplayer နဲ့ မတူဘူး ။ သူက ကိုယ့်လိုမျိုး player တွေနဲ့ ပေါင်းစုပြီး online ဆော့ရမှာလေ ။ အခုက jp version မှာ ထုတ်နေတုန်းဆိုတော့ en version မှာ အကုန် မရနိုင်သေးဘူး ။ တဖြည်းဖြည်းနဲ့ ထပ်ဖြည့်သွားပါလိမ့်မယ် ။ Multi-player map ကိုဝင်ရင် ရွေးချယ်စရာ ၂ ခု ရှိမယ် ။ host လုပ်ပြီး lobby ကိုယ်တိုင်ဖွင့်မှာလား ဒါမှမဟုတ် သူများ lobby ထဲဝင်ပြီး member လုပ်မလား ဆိုတာပါ ။ host လုပ်ရင် ကိုယ်ရွေးချယ်တဲ့ difficulty ပေါ် မူတည်ပြီး stamina ကုန်မယ် ။ ဒါပေမယ့် battle ပြီးလို့ရှိရင် token 2 ခု
ရရှိမှာပါ ။ member လုပ်ရင်တော့ stamina မကုန်ပေမယ့် ပွဲပြီးရင် token ၁ ခုပဲ ရမှာပါ ။ ဒီ token လေးတွေ ဘယ်မှာ သုံးရလဲဆိုတာတော့ အောက်မှာ ပြောပြထားပါတယ် ။ lobby ဖွင့်ပြီးရင် party ID ကို ကိုယ်နဲ့ တူတူဆော့ချင်တဲ့ player တွေကို ပေးပြီး လာ join ခိုင်းရင် ရပါပြီ ။ အထဲရောက်ရင် အချင်းချင်း chat box ကနေ စကားပြောလို့ရတယ် ။ battle ချနေစဉ် player ကို ထောက်ကြည့်လိုက်ရင် ဘယ်သူတွေ ဘယ် card သုံးနေတာ မြင်နိုင်တယ် ။ Battle မှာ role…