Xbox360 Buying Guide For Myanmar

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version
  Xbox360 ဂိမ္းစက္ေတြမွာ Copy ဂိမ္းေဆာ့ခ်င္တဲ့သူေတြ သိထားသင့္တဲ့အခ်က္ေလးေတြ စုေပးထားတာပါ၊ ႏိုင္ငံျခားက original console ဝယ္ျပီး modify လုပ္ဖို႕ျဖစ္ျဖစ္၊ ျပည္တြင္းကပဲ ဝယ္မွာျဖစ္ျဖစ္ ေရြးခ်ယ္လို႕ပိုေကာင္းေအာင္ ဒီ post တင္ေပးထားတာပါ။ ဒါေပမဲ့ original ေခြေတြမွာေတာင္ bug ေတြ error ေတြပါတတ္လို႕ day one patch ေတြ update ေတြအျမဲလုပ္ေပးေနရတဲ့ ေခတ္ဆိုေတာ့ copy ေဆာ့မယ္ဆို အေခြအားလုံး 100% ရဖို႕ကေတာ့ခက္မွာပါ။ 95% ေလာက္ေတာ့ အဆင္ေျပပါလိမ့္မယ္။

Xbox360 Buying Guide

  Xbox360 ရဲ့ အဓိက အားသာခ်က္ကေတာ့ သူ႕ကို modify လုပ္တာက hardware ပိုင္းကို mod လုပ္တာျဖစ္တဲ့အတြက္ PC ႏွင့္ PS3 မွာလို ဂိမ္းေခြတစ္ေခြခ်င္းဆီအတြက္ crack ေတြ patch ေတြပူစရာမလိုဘဲ ေခြအသစ္ထြက္တိုင္းတန္းကစားလို႕ရမွာပါ။ Resident Evil 6 ၊ Halo 4 နဲ႕ Call of Duty Black Ops 2တို႕တုန္းကဆို အေခြမထြက္ခင္ကတည္းကေတာင္ online မွာပ်ံ႕သြားလို႕ ၾကိဳကစားလို႕ ရတတ္ပါတယ္။

   ႏုိင္ငံျခားက Xbox360 original စက္ဝယ္လာျပီး ျမန္မာျပည္မွာ modify လုပ္မယ္ဆိုရင္ hardware service နဲ႕ ၾကိဳတင္တိုင္ပင္ျပီးမွ ဝယ္သင့္ပါတယ္။ Modify မရႏိုင္မည့္ စက္ေတြအရမ္းမ်ားလို႕ပါ။ စက္ေတြက သစ္ေလ mod လုပ္ရခက္ေလပါပဲ။

  အရင္ Xbox360 ဂိမ္းစက္အၾကီးေတြမွာ Red Ring of Death လို႕ေခၚတဲ့ စက္ပ်က္တတ္တဲ့ hardware error ျဖစ္တတ္ေပမဲ့ ခုေစ်းကြက္ထဲက Xbox360 Slim စက္ေတြအားလုံးကေတာ့ RROD မျဖစ္သေလာက္ရွားသြားပါျပီ။

  DVD Drive ျဖစ္တဲ့အတြက္ CD ၊ DVD-5 ႏွင့္ DVD-9 ေတြကိုပဲဖတ္မွာျဖစ္ျပီး Blu Ray Disc အစစ္ ေတြကိုေတာ့ ထည့္ၾကည့္လို႕ရမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ Final Fantasy XIII ဆိုရင္ PS3 မွာ Blu Ray တစ္ခ်ပ္တည္းျဖစ္ျပီး Xbox360 မွာေတာ့ DVD-9 သုံးခ်ပ္နဲ႕ ကစားရမွာပါ။ ဂိမ္းအမ်ားစုကေတာ့ တစ္ခ်ပ္တည္းေတြမ်ားပါတယ္။

  Hardware specs ကိုၾကည့္ရင္ PS3 က Xbox360 ထက္သာပါတယ္။ ဒါေပမဲ့ ဂိမ္းေရးသားရပိုမိုလြယ္ကူတဲ့ PC ႏွင့္ Xbox360 အတြက္ game developer အမ်ားစုက ၾကိဳေရးျပီး PS3 ကိုေနာက္မွ port လုပ္တာမ်ားလို႕ ဂိမ္းစက္ေပါင္းစုံအတြက္ ထုတ္တဲ့ multiplatform ဂိမ္းအမ်ားစုမွာ Xbox360 က Graphics ပိုင္း အနည္းငယ္ပိုေကာင္းေလ့ရွိပါတယ္။ PS3 အတြက္ သီးသန္႕ထုတ္လုပ္ထားတဲ့ Kill Zone 3 တို႕ Uncharted 3 တို႕လို ဂိမ္းေတြလို graphics မ်ိဳးထြက္ဖို႕ကိုေတာ့ Xbox360 ကလိုက္မွီခ်င္မွ မွီမွာပါ။

   ပံုမွန္ DVD drive ေတြကို modify လုပ္ထားျပီး copy ေခြေတြေဆာ့လို႕ရသလို JTAG လို႕ေခၚတဲ့ နည္းနဲ႕ hard disk ထဲကို ဂိမ္းသြင္းျပီးလည္း ကစားလို႕ရပါတယ္။ JTAG service ကပံုမွန္ modify service ထက္ ကုန္က်စရိတ္ပိုမ်ားပါတယ္။

  ေနာက္အခ်က္က ဂိမ္းဆိုင္ေတြအေနနဲ႕ ေနာက္ဆိုကိုယ့္ဆိုင္မွာပဲ လာသြင္းလို႕ service လုပ္လို႕ရေအာင္ Lock ခ်တတ္တာကို သတိထားရပါတယ္။ စက္အခ်ိဳ႕ကို ျပန္ျဖည္လို႕ရႏိုင္ေပမဲ့ တစ္ခ်ိဳ႕စက္ေတြကေတာ့ hardware ပိုင္းျပဳျပင္ရာမွာ system key ေဖ်ာက္ထားရင္ ျဖည္ရခက္တတ္ပါတယ္။ Game Hive ဆိုင္ကေတာ့ ဘယ္သူ႕ console ပဲ လာလာ Lock မလုပ္ဘူးဆိုတာေတာ့ အာမခံႏိုင္ပါတယ္။

  ေနာက္ထပ္သတိထားရမည့္ အခ်က္ကေတာ့ Internet ကပဲျဖစ္ျဖစ္၊ Original ေခြ၊ Copy ေခြကပဲျဖစ္ျဖစ္ System Update လုပ္ခိုင္းရင္ လုံးဝလုံးဝ မလုပ္ဖို႕ပါဘဲ။ Modify ပ်က္သြားႏိုင္ပါတယ္။ Game Hive ကအေခြက System Update ေတာင္းျပီဆိုရင္ customer service ကိုခ်က္ခ်င္း phone ဆက္ျပီး confirmation ယူသင့္ပါတယ္။

  Xbox360 သီးသန္႕ နာမည္ၾကီး ဂိမ္းစီးရီးေတြကေတာ့ Halo, Forza, Gears of War, Fable, Dance Central ႏွင့္ Kinect Sports တို႕လို exclusve ေတြျဖစ္ျပီး Lost Odyssey, Blue Dragon, Infinite Undiscovery ႏွင့္ Spectral Force 3 အစရွိတဲ့ JRPG ဂိမ္းေတြလည္းရွိပါတယ္။

  Xbox360 controller လက္ကိုင္ကေတာ့ Shooter ေတြေဆာ့လို႕ အေကာင္းဆုံး controller ျဖစ္သလို wired controller ေတြကို PC မွာတိုက္႐ိုက္ထိုးေဆာ့လို႕ရပါတယ္။

  Xbox360 ရဲ့ လက္ရွိအခ်ိန္မွာ နာမည္အၾကီးဆုံး accessory ကေတာ့ Kinect Motion Sensor ျဖစ္ပါတယ္။ Sports ၊ Music ႏွင့္ Exercise game ေတြသာကစားလို႕ အဓိကကစားလို႕ေကာင္းပါတယ္။ Shooter ၊ RPG ႏွင့္ Versus fighting game ပရိသတ္အတြက္ကေတာ့ console ႏွင့္ Kinect တစ္ျပိဳင္တည္းမဝယ္ဘဲ စက္ဝယ္ျပီး နည္းနည္းၾကာမွ Kinect ဝယ္လည္း အဆင္ေျပမွာပါ။

  Xbox360 ဂိမ္းစက္ေတြကို NTSC-U ၊ NTSC-J ႏွင့္ PAL ဆိုျပီး region ခြဲထားေပမဲ့ JTAG လုပ္ျပီးသားစက္ေတြက problem မရွိပါဘူး။ Microsoft ကေနႏွင့္ ဂိမ္းေခြေတြကို နယ္ေျမအလိုက္ region lock လုပ္ဖို႕အတြက္ publisher ေတြကို ဆုံးျဖတ္ခိုင္းပါတယ္။ နာမည္ၾကီး ဂိမ္းအားလုံးနီးပါးက region free (RF) ဆိုေတာ့ သိပ္ေတာ့ျပသာနာမရွိပါဘူး။ ဒါေပမဲ့ Catherine ႏွင့္ Dynasty Warriors 7 တို႕လို NTSC-J console မွာအရင္ထြက္တဲ့ဂိမ္း သို႕မဟုတ္ Asia Region မွာမထြက္တဲ့ဂိမ္းေတြက US နဲ႕ Europe မွာ English version ထြက္လာရင္ Region locked ျဖစ္ေနတာေတြ႕ရပါတယ္။ Hard disk ထဲဂိမ္းထည့္ေဆာ့လို႕ရတဲ့ JTAG service လုပ္ျပီးသားသူေတြအတြက္ကေတာ့ ပူစရာ မလိုပါဘူး။ တကယ္လို႕ NTSC-U ႏွင့္ PAL region ကစက္ေတြ copy ဂိမ္းေတြကစားခ်င္တယ္ဆိုရင္လည္း မတူညီတဲ့ regional version ေတြကို အတတ္ႏိုင္ဆုံး ရွာေပးသြားပါ့မယ္။

  အရင္ကေတာ့ modify လုပ္ျပီးသား စက္ေတြကို update အေနႏွင့္ကေတာ့ တစ္ႏွစ္မွ ႏွစ္ႏွစ္ၾကား တစ္ေခါက္ဆီေလာက္ ထက္လုပ္ရပါတယ္။ 2012 June ေလာက္က LT 3.0 upgrade လုပ္တုန္းကေတာ့ 25,000 kyat ယူျပီး အသစ္တင္ေရာင္းတဲ့ စက္ေတြအတြက္ကေတာ့ ေနာက္ဆုံး update လုပ္ျပီးသား စက္ေတြျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ update လုံးဝလုပ္စရာမလိုဘဲ ဂိမ္းအသစ္ေတြကို စိတ္ေအးလက္ေအး ကစားႏိုင္ပါတယ္။

Source - PS3 Buying Guide
Credit to Author - Nay Aung Latt 

================
Unicode


Xbox360 ဂိမ်းစက်တွေမှာ Copy ဂိမ်းဆော့ချင်တဲ့သူတွေ သိထားသင့်တဲ့အချက်လေးတွေ စုပေးထားတာပါ၊ နိုင်ငံခြားက original console ဝယ်ပြီး modify လုပ်ဖို့ဖြစ်ဖြစ်၊ ပြည်တွင်းကပဲ ဝယ်မှာဖြစ်ဖြစ် ရွေးချယ်လို့ပိုကောင်းအောင် ဒီ post တင်ပေးထားတာပါ။ ဒါပေမဲ့ original ခွေတွေမှာတောင် bug တွေ error တွေပါတတ်လို့ day one patch တွေ update တွေအမြဲလုပ်ပေးနေရတဲ့ ခေတ်ဆိုတော့ copy ဆော့မယ်ဆို အခွေအားလုံး 100% ရဖို့ကတော့ခက်မှာပါ။ 95% လောက်တော့ အဆင်ပြေပါလိမ့်မယ်။

Xbox360 Buying Guide

Xbox360 ရဲ့ အဓိက အားသာချက်ကတော့ သူ့ကို modify လုပ်တာက hardware ပိုင်းကို mod လုပ်တာဖြစ်တဲ့အတွက် PC နှင့် PS3 မှာလို ဂိမ်းခွေတစ်ခွေချင်းဆီအတွက် crack တွေ patch တွေပူစရာမလိုဘဲ ခွေအသစ်ထွက်တိုင်းတန်းကစားလို့ရမှာပါ။ Resident Evil 6 ၊ Halo 4 နဲ့ Call of Duty Black Ops 2တို့တုန်းကဆို အခွေမထွက်ခင်ကတည်းကတောင် online မှာပျံ့သွားလို့ ကြိုကစားလို့ ရတတ်ပါတယ်။

နိုင်ငံခြားက Xbox360 original စက်ဝယ်လာပြီး မြန်မာပြည်မှာ modify လုပ်မယ်ဆိုရင် hardware service နဲ့ ကြိုတင်တိုင်ပင်ပြီးမှ ဝယ်သင့်ပါတယ်။ Modify မရနိုင်မည့် စက်တွေအရမ်းများလို့ပါ။ စက်တွေက သစ်လေ mod လုပ်ရခက်လေပါပဲ။

အရင် Xbox360 ဂိမ်းစက်အကြီးတွေမှာ Red Ring of Death လို့ခေါ်တဲ့ စက်ပျက်တတ်တဲ့ hardware error ဖြစ်တတ်ပေမဲ့ ခုစျေးကွက်ထဲက Xbox360 Slim စက်တွေအားလုံးကတော့ RROD မဖြစ်သလောက်ရှားသွားပါပြီ။

DVD Drive ဖြစ်တဲ့အတွက် CD ၊ DVD-5 နှင့် DVD-9 တွေကိုပဲဖတ်မှာဖြစ်ပြီး Blu Ray Disc အစစ် တွေကိုတော့ ထည့်ကြည့်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် Final Fantasy XIII ဆိုရင် PS3 မှာ Blu Ray တစ်ချပ်တည်းဖြစ်ပြီး Xbox360 မှာတော့ DVD-9 သုံးချပ်နဲ့ ကစားရမှာပါ။ ဂိမ်းအများစုကတော့ တစ်ချပ်တည်းတွေများပါတယ်။

Hardware specs ကိုကြည့်ရင် PS3 က Xbox360 ထက်သာပါတယ်။ ဒါပေမဲ့ ဂိမ်းရေးသားရပိုမိုလွယ်ကူတဲ့ PC နှင့် Xbox360 အတွက် game developer အများစုက ကြိုရေးပြီး PS3 ကိုနောက်မှ port လုပ်တာများလို့ ဂိမ်းစက်ပေါင်းစုံအတွက် ထုတ်တဲ့ multiplatform ဂိမ်းအများစုမှာ Xbox360 က Graphics ပိုင်း အနည်းငယ်ပိုကောင်းလေ့ရှိပါတယ်။ PS3 အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Kill Zone 3 တို့ Uncharted 3 တို့လို ဂိမ်းတွေလို graphics မျိုးထွက်ဖို့ကိုတော့ Xbox360 ကလိုက်မှီချင်မှ မှီမှာပါ။

ပုံမှန် DVD drive တွေကို modify လုပ်ထားပြီး copy ခွေတွေဆော့လို့ရသလို JTAG လို့ခေါ်တဲ့ နည်းနဲ့ hard disk ထဲကို ဂိမ်းသွင်းပြီးလည်း ကစားလို့ရပါတယ်။ JTAG service ကပုံမှန် modify service ထက် ကုန်ကျစရိတ်ပိုများပါတယ်။

နောက်အချက်က ဂိမ်းဆိုင်တွေအနေနဲ့ နောက်ဆိုကိုယ့်ဆိုင်မှာပဲ လာသွင်းလို့ service လုပ်လို့ရအောင် Lock ချတတ်တာကို သတိထားရပါတယ်။ စက်အချို့ကို ပြန်ဖြည်လို့ရနိုင်ပေမဲ့ တစ်ချို့စက်တွေကတော့ hardware ပိုင်းပြုပြင်ရာမှာ system key ဖျောက်ထားရင် ဖြည်ရခက်တတ်ပါတယ်။ Game Hive ဆိုင်ကတော့ ဘယ်သူ့ console ပဲ လာလာ Lock မလုပ်ဘူးဆိုတာတော့ အာမခံနိုင်ပါတယ်။

နောက်ထပ်သတိထားရမည့် အချက်ကတော့ Internet ကပဲဖြစ်ဖြစ်၊ Original ခွေ၊ Copy ခွေကပဲဖြစ်ဖြစ် System Update လုပ်ခိုင်းရင် လုံးဝလုံးဝ မလုပ်ဖို့ပါဘဲ။ Modify ပျက်သွားနိုင်ပါတယ်။ Game Hive ကအခွေက System Update တောင်းပြီဆိုရင် customer service ကိုချက်ချင်း phone ဆက်ပြီး confirmation ယူသင့်ပါတယ်။

Xbox360 သီးသန့် နာမည်ကြီး ဂိမ်းစီးရီးတွေကတော့ Halo, Forza, Gears of War, Fable, Dance Central နှင့် Kinect Sports တို့လို exclusve တွေဖြစ်ပြီး Lost Odyssey, Blue Dragon, Infinite Undiscovery နှင့် Spectral Force 3 အစရှိတဲ့ JRPG ဂိမ်းတွေလည်းရှိပါတယ်။

Xbox360 controller လက်ကိုင်ကတော့ Shooter တွေဆော့လို့ အကောင်းဆုံး controller ဖြစ်သလို wired controller တွေကို PC မှာတိုက်ရိုက်ထိုးဆော့လို့ရပါတယ်။

Xbox360 ရဲ့ လက်ရှိအချိန်မှာ နာမည်အကြီးဆုံး accessory ကတော့ Kinect Motion Sensor ဖြစ်ပါတယ်။ Sports ၊ Music နှင့် Exercise game တွေသာကစားလို့ အဓိကကစားလို့ကောင်းပါတယ်။ Shooter ၊ RPG နှင့် Versus fighting game ပရိသတ်အတွက်ကတော့ console နှင့် Kinect တစ်ပြိုင်တည်းမဝယ်ဘဲ စက်ဝယ်ပြီး နည်းနည်းကြာမှ Kinect ဝယ်လည်း အဆင်ပြေမှာပါ။

Xbox360 ဂိမ်းစက်တွေကို NTSC-U ၊ NTSC-J နှင့် PAL ဆိုပြီး region ခွဲထားပေမဲ့ JTAG လုပ်ပြီးသားစက်တွေက problem မရှိပါဘူး။ Microsoft ကနေနှင့် ဂိမ်းခွေတွေကို နယ်မြေအလိုက် region lock လုပ်ဖို့အတွက် publisher တွေကို ဆုံးဖြတ်ခိုင်းပါတယ်။ နာမည်ကြီး ဂိမ်းအားလုံးနီးပါးက region free (RF) ဆိုတော့ သိပ်တော့ပြသာနာမရှိပါဘူး။ ဒါပေမဲ့ Catherine နှင့် Dynasty Warriors 7 တို့လို NTSC-J console မှာအရင်ထွက်တဲ့ဂိမ်း သို့မဟုတ် Asia Region မှာမထွက်တဲ့ဂိမ်းတွေက US နဲ့ Europe မှာ English version ထွက်လာရင် Region locked ဖြစ်နေတာတွေ့ရပါတယ်။ Hard disk ထဲဂိမ်းထည့်ဆော့လို့ရတဲ့ JTAG service လုပ်ပြီးသားသူတွေအတွက်ကတော့ ပူစရာ မလိုပါဘူး။ တကယ်လို့ NTSC-U နှင့် PAL region ကစက်တွေ copy ဂိမ်းတွေကစားချင်တယ်ဆိုရင်လည်း မတူညီတဲ့ regional version တွေကို အတတ်နိုင်ဆုံး ရှာပေးသွားပါ့မယ်။

အရင်ကတော့ modify လုပ်ပြီးသား စက်တွေကို update အနေနှင့်ကတော့ တစ်နှစ်မှ နှစ်နှစ်ကြား တစ်ခေါက်ဆီလောက် ထက်လုပ်ရပါတယ်။ 2012 June လောက်က LT 3.0 upgrade လုပ်တုန်းကတော့ 25,000 kyat ယူပြီး အသစ်တင်ရောင်းတဲ့ စက်တွေအတွက်ကတော့ နောက်ဆုံး update လုပ်ပြီးသား စက်တွေဖြစ်ပါတယ်။ လောလောဆယ်တော့ update လုံးဝလုပ်စရာမလိုဘဲ ဂိမ်းအသစ်တွေကို စိတ်အေးလက်အေး ကစားနိုင်ပါတယ်။

Source - PS3 Buying Guide
Credit to Author - Nay Aung Latt

Post a Comment

1 Comments